လူတိုင်းက ချမ်းသာဖို့နည်းလမ်းဖို့ နည်းလမ်းတွေကို ရှာကြပါတယ်။ အောင်မြင်တဲ့လူတွေမှာ လုပ်နေကျအရာလေးတွေ ရှိပါတယ်။ သုတေသီ Tom Corley က ချမ်းသာသူနဲ့ ဆင်းရဲသူကြားက ကွဲပြားခြားနားတဲ့ အလေ့အကျင့်တွေကို လေ့လာခဲ့ပါတယ်။

1. မိတ်ဆွေသစ်တွေနဲ့ တွေ့ပါ။

© depositphotos

အောင်မြင်တဲ့သူတွေက မိတ်ဆွေအသစ်တွေနဲ့ တွေ့ရတာကို နှစ်သက်ပါတယ်။ လူအများနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပါတယ်။ မိတ်ဆွေတွေရဲ့အောင်မြင်မှုကိုလည်း အသိအမှတ်ပြုပေးဖို့ လိုပါတယ်။

2. ကံကြမ္မာကို မယုံကြည်ပါနဲ့။

© depositphotos

မအောင်မြင်တဲ့သူတွေက အင်္ကျီအနီ ဝတ်ရမလား၊ အပြာဝတ်ရမလား ဆိုတဲ့ကိစ္စမှာတောင် အယူသီးတတ်ကြပါတယ်။ ချမ်းသာတဲ့သူတွေက ဘဝလမ်းကြောင်းအတွက် ကိုယ်တိုင် ဆုံးဖြတ်ချက်ချသူတွေပါ။ မချမ်းသာတဲ့သူတွေက ကံကြမ္မာကိုပဲ အပြစ်တင်ပြီး ကိုယ့်ကိုယ်ကို မထိန်းချူပ်နိုင်ကြပါဘူး။

3. အလုပ်ကို မမုန်းပါနဲ့။

© depositphotos

အောင်မြင်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ် ချစ်ကြပါတယ်။ မအောင်မြင်တဲ့ သူတွေက အလုပ်ရဲ့ မကောင်းတဲ့အချက်တွေကိုပဲ မြင်တတ်ကြပါတယ်။

4. ကျန်းမာရေးကို ဂရုစိုက်ပါ။

© depositphotos

ဆရာဝန်ဆီ မှန်မှန်သွားတာ၊ အားကစားလုပ်တာ၊ တစ်ပတ် 4 ကြိမ်လေ့ကျင့်ခန်း လုပ်တာတွေအတွက် အောင်မြင်တဲ့သူတွေက အချိန်ပေးတတ်ကြပါတယ်။ ကျန်းမာရေး မကောင်းရင် ငွေအပိုကုန်ပြီး ဘာအလုပ်မှ လုပ်လို့မရပါဘူး။

5. စွန့်စားပါ။

© depositphotos

ဆင်းရဲတဲ့သူတွေရဲ့ 6% ကသာ စီးပွားရေးမှာ စွန့်စားချင်ကြတာပါ။ ချမ်းသာတဲ့သူ 50% ကျော်ကျော်ဟာ စွန့်စားဖူးတဲ့ အတွေ့အကြုံတွေ ရှိကြပါတယ်။ ဘဝမှာ အနည်းဆုံး တစ်ခါတော့ စွန့်စားရင်းနဲ့ ဆုံးရှုံးတတ်တယ် ဆိုတာကို ချမ်းသာသူတွေ သတိထားမိပါတယ်။ ဆုံးရှုံးမှုက အောင်မြင်မှုရဲ့အစ ပါပဲ။

6. Reality show တွေ မကြည့်သင့်ပါ။

© ТНТ, © National Geographic Channe

ဆင်းရဲတဲ့လူတွေရဲ့ 78% က TV ရှေ့မှာ အချိန်ဖြုန်းရတာကို သဘောကျပါတယ်။ ချမ်းသာတဲ့သူတွေက TV ကို သိပ်မကြည့်ကြပါဘူး။ ကြည့်ရင်လည်း တစ်နာရီထက် မပိုပါဘူး။

7. စာများများ ဖတ်ပါ။

© depositphotos

"စာမဖတ်ရင် မတွေးခေါ်တတ်ဘူး" လို့ Dostoyevsky က ပြောဖူးပါတယ်။ အောင်မြင်တဲ့ သူတွေက စာရေးဆရာတွေကို သဘောကျပြီး ကိုယ့်ကိုယ်ကို တည်ဆောက်မှု၊ သမိုင်း၊ စာပေတွေကို တစ်နေ့ကို အနည်းဆုံးမိနစ် 20 ဖတ်ကြပါတယ်။

8. အိပ်ယာထ နောက်မကျပါနဲ့။

© depositphotos

ဝင်ငွေမြင့်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အလုပ်မသွားခင် အနည်းဆုံး 3 နာရီ စောထတတ်ကြပါတယ်။ အောင်မြင်တဲ့သူတွေက မနက်ခင်းမှာ လုပ်စရာရှိတာတွေ ကြိုစီစဉ်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းအတွက် အလုပ်လုပ်ခြင်း၊ အားကစားလုပ်ခြင်းအတွက် အချိန်ပေးပါတယ်။ အောင်မြင်သူအများစုက တစ်နေ့ကို 10 မိနစ်၊ 15 မိနစ်ခန့် တရားထိုင်တတ်ကြပါတယ်။ 7 နာရီ၊ 8 နာရီခန့်ကြာအောင် အိပ်ပြီး ညဆိုရင် 9 နာရီနဲ့ 10 နာရီကြားမှာ အိပ်ယာဝင်တတ်ပါတယ်။

9. အဆိုးမြင်တတ်သူတွေနဲ့ မပတ်သက်ဘူး။

© depositphotos

အောင်မြင်တဲ့သူတွေက အဆိုးမြင်တဲ့သူတွေနဲ့ မပတ်သက်ပါဘူး။ အဆိုးမြင်တတ်တဲ့သူတွေက အကျိုးမရှိတဲ့ အတင်းအဖျင်းစကားတွေနဲ့ပဲ အချိန်ကုန်တတ်ကြပါတယ်။ သင့်အချိန်တွေကို အတင်းအဖျင်းစကားတွေနဲ့ ကုန်ဆုံးမယ့်အစား တစ်ယောက်တည်း သီးသန့်အချိန်ကုန်လိုက်တာ ပိုကောင်းပါတယ်။

10. အသုံးအဖြုန်းလျှော့ပါ။

© depositphotos

ဆင်းရဲတဲ့သူတွေက ရတဲ့ငွေထက် ပိုသုံးကြပါတယ်။ တန်ဖိုးကြီးတဲ့ကား၊ ဖုန်းနဲ့ တခြားအရာတွေကို မလိုအပ်ရင် မဝယ်တာကောင်းပါတယ်။ ချမ်းသာတဲ့သူတွေက ဝင်ငွေကို အောက်ပါအတိုင်း ခွဲတမ်းချပါတယ်။

20%- ငွေစုရန်

25%- အရစ်ကျပေးသွင်းရန်

15%- အစားအစာ

10%- ဖျော်ဖြေရေး

5%- ကားအသုံးစရိတ်

ကျန်တဲ့ငွေတွေကိုတော့ အဝတ်အစား၊ ဆေးဝါးနဲ့ ပညာရေးအတွက် သုံးပါတယ်။

သင်ဝါသနာပါတဲ့အလုပ်ကို ဘယ်လိုရှာဖွေမလဲ

Tom Corley က အောင်မြင်သူတွေရဲ့ အမူအကျင့်တွေကို လေ့လာပြီးနောက် အချက်တစ်ချက်ကို တွေ့သွားပါတယ်။ အောင်မြင်တဲ့သူတွေက ဝါသနာပါတဲ့ အရာကို စူးစူးစိုက်စိုက်လုပ်ပြီး ဝင်ငွေကောင်းလာတာပါပဲ။

1. သင်ဝါသနာပါတဲ့ အရာတွေကို စာရင်းလုပ်ပါ။

2. ပိုပြီး ဝါသနာပါတဲ့အရာ 10 ခုကို ထပ်ခွဲထုတ်ပါ။

3. ထိုအလုပ် 10 ရဲ့ခန့်မှန်းဝင်ငွေတွေကို တွက်ကြည့်ပါ။

4. ဝင်ငွေအများဆုံး ရနိုင်ပြီး သင်လည်း ဝါသနာပါတဲ့ အလုပ်က သင့်ဘဝအတွက် အောင်မြင်မယ့်အလုပ်ပါပဲ။

Zombie (LoveMedia)

For Zawgyi

ပိုၿပီးေအာင္ျမင္ခ်မ္းသာခ်င္ရင္ လုပ္ကိုလုပ္ရမယ့္အခ်က္ (၁၀) ခ်က္

လူတိုင္းက ခ်မ္းသာဖို႔နည္းလမ္းဖို႔ နည္းလမ္းေတြကို ရွာၾကပါတယ္။ ေအာင္ျမင္တဲ့လူေတြမွာ လုပ္ေနက်အရာေလးေတြ ရွိပါတယ္။ သုေတသီ Tom Corley က ခ်မ္းသာသူနဲ႔ ဆင္းရဲသူၾကားက ကြဲျပားျခားနားတဲ့ အေလ့အက်င့္ေတြကို ေလ့လာခဲ့ပါတယ္။

1. မိတ္ေဆြသစ္ေတြနဲ႔ ေတြ႔ပါ။

ေအာင္ျမင္တဲ့သူေတြက မိတ္ေဆြအသစ္ေတြနဲ႔ ေတြ႕ရတာကို ႏွစ္သက္ပါတယ္။ လူအမ်ားနဲ႔ ဆက္ဆံတဲ့အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိလာပါတယ္။ မိတ္ေဆြေတြရဲ႕ေအာင္ျမင္မႈကိုလည္း အသိအမွတ္ျပဳေပးဖို႔ လိုပါတယ္။

2. ကံၾကမၼာကို မယုံၾကည္ပါနဲ႔။

မေအာင္ျမင္တဲ့သူေတြက အက်ႌအနီ ဝတ္ရမလား၊ အျပာဝတ္ရမလား ဆိုတဲ့ကိစၥမွာေတာင္ အယူသီးတတ္ၾကပါတယ္။ ခ်မ္းသာတဲ့သူေတြက ဘဝလမ္းေၾကာင္းအတြက္ ကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်သူေတြပါ။ မခ်မ္းသာတဲ့သူေတြက ကံၾကမၼာကိုပဲ အျပစ္တင္ၿပီး ကိုယ့္ကိုယ္ကို မထိန္းခ်ဴပ္ႏိုင္ၾကပါဘူး။

3. အလုပ္ကို မမုန္းပါနဲ႔။

ေအာင္ျမင္တဲ့သူေတြက ကိုယ့္အလုပ္ကိုယ္ ခ်စ္ၾကပါတယ္။ မေအာင္ျမင္တဲ့ သူေတြက အလုပ္ရဲ႕ မေကာင္းတဲ့အခ်က္ေတြကိုပဲ ျမင္တတ္ၾကပါတယ္။

4. က်န္းမာေရးကို ဂ႐ုစိုက္ပါ။

ဆရာဝန္ဆီ မွန္မွန္သြားတာ၊ အားကစားလုပ္တာ၊ တစ္ပတ္ 4 ႀကိမ္ေလ့က်င့္ခန္း လုပ္တာေတြအတြက္ ေအာင္ျမင္တဲ့သူေတြက အခ်ိန္ေပးတတ္ၾကပါတယ္။ က်န္းမာေရး မေကာင္းရင္ ေငြအပိုကုန္ၿပီး ဘာအလုပ္မွ လုပ္လို႔မရပါဘူး။

5. စြန႔္စားပါ။

ဆင္းရဲတဲ့သူေတြရဲ႕ 6% ကသာ စီးပြားေရးမွာ စြန႔္စားခ်င္ၾကတာပါ။ ခ်မ္းသာတဲ့သူ 50% ေက်ာ္ေက်ာ္ဟာ စြန႔္စားဖူးတဲ့ အေတြ႕အႀကဳံေတြ ရွိၾကပါတယ္။ ဘဝမွာ အနည္းဆုံး တစ္ခါေတာ့ စြန႔္စားရင္းနဲ႔ ဆုံးရႈံးတတ္တယ္ ဆိုတာကို ခ်မ္းသာသူေတြ သတိထားမိပါတယ္။ ဆုံးရႈံးမႈက ေအာင္ျမင္မႈရဲ႕အစ ပါပဲ။

6. Reality show ေတြ မၾကည့္သင့္ပါ။

ဆင္းရဲတဲ့လူေတြရဲ႕ 78% က TV ေရွ႕မွာ အခ်ိန္ျဖဳန္းရတာကို သေဘာက်ပါတယ္။ ခ်မ္းသာတဲ့သူေတြက TV ကို သိပ္မၾကည့္ၾကပါဘူး။ ၾကည့္ရင္လည္း တစ္နာရီထက္ မပိုပါဘူး။

7. စာမ်ားမ်ား ဖတ္ပါ။

"စာမဖတ္ရင္ မေတြးေခၚတတ္ဘူး" လို႔ Dostoyevsky က ေျပာဖူးပါတယ္။ ေအာင္ျမင္တဲ့ သူေတြက စာေရးဆရာေတြကို သေဘာက်ၿပီး ကိုယ့္ကိုယ္ကို တည္ေဆာက္မႈ၊ သမိုင္း၊ စာေပေတြကို တစ္ေန႔ကို အနည္းဆုံးမိနစ္ 20 ဖတ္ၾကပါတယ္။

8. အိပ္ယာထ ေနာက္မက်ပါနဲ႔။

ဝင္ေငြျမင့္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြက အလုပ္မသြားခင္ အနည္းဆုံး 3 နာရီ ေစာထတတ္ၾကပါတယ္။ ေအာင္ျမင္တဲ့သူေတြက မနက္ခင္းမွာ လုပ္စရာရွိတာေတြ ႀကိဳစီစဥ္ျခင္း၊ ကိုယ္ပိုင္လုပ္ငန္းအတြက္ အလုပ္လုပ္ျခင္း၊ အားကစားလုပ္ျခင္းအတြက္ အခ်ိန္ေပးပါတယ္။ ေအာင္ျမင္သူအမ်ားစုက တစ္ေန႔ကို 10 မိနစ္၊ 15 မိနစ္ခန႔္ တရားထိုင္တတ္ၾကပါတယ္။ 7 နာရီ၊ 8 နာရီခန႔္ၾကာေအာင္ အိပ္ၿပီး ညဆိုရင္ 9 နာရီနဲ႔ 10 နာရီၾကားမွာ အိပ္ယာဝင္တတ္ပါတယ္။

9. အဆိုးျမင္တတ္သူေတြနဲ႔ မပတ္သက္ဘူး။

ေအာင္ျမင္တဲ့သူေတြက အဆိုးျမင္တဲ့သူေတြနဲ႔ မပတ္သက္ပါဘူး။ အဆိုးျမင္တတ္တဲ့သူေတြက အက်ိဳးမရွိတဲ့ အတင္းအဖ်င္းစကားေတြနဲ႔ပဲ အခ်ိန္ကုန္တတ္ၾကပါတယ္။ သင့္အခ်ိန္ေတြကို အတင္းအဖ်င္းစကားေတြနဲ႔ ကုန္ဆုံးမယ့္အစား တစ္ေယာက္တည္း သီးသန႔္အခ်ိန္ကုန္လိုက္တာ ပိုေကာင္းပါတယ္။

10. အသုံးအျဖဳန္းေလွ်ာ့ပါ။

ဆင္းရဲတဲ့သူေတြက ရတဲ့ေငြထက္ ပိုသုံးၾကပါတယ္။ တန္ဖိုးႀကီးတဲ့ကား၊ ဖုန္းနဲ႔ တျခားအရာေတြကို မလိုအပ္ရင္ မဝယ္တာေကာင္းပါတယ္။ ခ်မ္းသာတဲ့သူေတြက ဝင္ေငြကို ေအာက္ပါအတိုင္း ခြဲတမ္းခ်ပါတယ္။

20%- ေငြစုရန္

25%- အရစ္က်ေပးသြင္းရန္

15%- အစားအစာ

10%- ေဖ်ာ္ေျဖေရး

5%- ကားအသုံးစရိတ္

က်န္တဲ့ေငြေတြကိုေတာ့ အဝတ္အစား၊ ေဆးဝါးနဲ႔ ပညာေရးအတြက္ သုံးပါတယ္။

သင္ဝါသနာပါတဲ့အလုပ္ကို ဘယ္လိုရွာေဖြမလဲ

Tom Corley က ေအာင္ျမင္သူေတြရဲ႕ အမူအက်င့္ေတြကို ေလ့လာၿပီးေနာက္ အခ်က္တစ္ခ်က္ကို ေတြ႕သြားပါတယ္။ ေအာင္ျမင္တဲ့သူေတြက ဝါသနာပါတဲ့ အရာကို စူးစူးစိုက္စိုက္လုပ္ၿပီး ဝင္ေငြေကာင္းလာတာပါပဲ။

1. သင္ဝါသနာပါတဲ့ အရာေတြကို စာရင္းလုပ္ပါ။

2. ပိုၿပီး ဝါသနာပါတဲ့အရာ 10 ခုကို ထပ္ခြဲထုတ္ပါ။

3. ထိုအလုပ္ 10 ရဲ႕ခန႔္မွန္းဝင္ေငြေတြကို တြက္ၾကည့္ပါ။

4. ဝင္ေငြအမ်ားဆုံး ရႏိုင္ၿပီး သင္လည္း ဝါသနာပါတဲ့ အလုပ္က သင့္ဘဝအတြက္ ေအာင္ျမင္မယ့္အလုပ္ပါပဲ။

Zombie (LoveMedia)