သင့်ရဲ့ချစ်သူကို နာမည်ပြောင်လေးတွေ ခေါ်ဖူးပါသလား။ မခေါ်ဖူးသေးရင်တော့ ဒီနေ့ကစလို့ ခေါ်လိုက်ပါတော့နော်။ နာမည်ပြောင်လေးတွေ ပေးပြီး ချစ်စနိုးခေါ်ခြင်းက သင်တို့နှစ်ယောက်လုံးအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာပါ။ သင့်ရဲ့ချစ်သူကို အိမ်မွေးတိရစ္ဆာန် နာမည်လေးတွေနဲ့ ခေါ်ခြင်းက ပျော်ရွှင်စရာကောင်းရုံမက သင်တို့နှစ်ယောက်ကို ပိုခိုင်မြဲစေပါတယ်။

© Friends / Warner Bros. Television

နာမည်ပြောင်လေးတွေပေးပြီး ခေါ်ခြင်းက ရှက်စရာ မဟုတ်ပါဘူးနော်။ အဲဒီလိုခေါ်လိုက်ခြင်းက သင်တို့နှစ်ယောက်ရဲ့ရည်းစားဘဝကို အမှတ်တရဖြစ်စေပြီး သင်ထင်ထားတာထက်ကို ပိုပျော်စရာကောင်းမှာပါ။ တစ်ယောက်ကိုတစ်ယောက် နာမည်ပြောင်လေးတွေနဲ့ခေါ်ခြင်းက လွတ်လပ်မှု ပိုရှိစေပါတယ်။ အသက်တွေကြီးလာလို့ လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဖိအားတွေ များလာတယ်လို့ ခံစားလာရစေပါတယ်။

© Grey's Anatomy / ABC Studios

သင့်ရဲ့ချစ်သူကို အိမ်မွေးတိရစ္ဆာန်နာမည်လေးပေးပြီး ခေါ်ခြင်းက စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါတယ်။ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ပြသရာရောက်ပါတယ်။ ချစ်စရာကောင်းတဲ့ နာမည်ပြောင်လေးတွေ အပြန်အလှန်ပေးပြီး ခေါ်ခြင်းက သံယောဇဉ်တွေ ပိုပြီး တွယ်လာစေပါတယ်။ ဒါပေမယ့် အခေါ်ခံရသူဘက်က ကျေနပ်ဖို့တော့ လိုပါတယ်။

© Riverdale / Warner Bros. Television

နာမည်ပြောင်လေးနဲ့ ချစ်စနိုးခေါ်ခြင်းက သင့်ရဲ့အကောင်းမြင်မှုကိုလည်း ပေါ်လွင်စေပါတယ်။ သင်ကိုယ်တိုင်လည်း ပျော်ရွှင်နေရမှာပါ။ အဓိက အကျိုးကျေးဇူးကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သက်တောင့်သက်သာဖြစ်စေပါတယ်။ ပိုပြီးတော့လည်း ရင်းနှီးလာစေပါတယ်။ နှစ်ဦးတည်းနားလည်တဲ့ စကားလုံးလှလှတွေကို ဖန်တီးပြီးခေါ်ခြင်းက မမေ့နိုင်တဲ့ အခိုက်အတန့်လေးတွေ ဖြစ်လာမှာပါ။ သင့်ရဲ့ချစ်သူကို တန်ဖိုးထားကြောင်းသဘောကိုလည်း သက်ရောက်စေမှာပါ။

© Like Crazy / Paramount Vantage

ကလေးတွေကို နို့တိုက်စဉ်ကတည်းကစလို့ တီတီတာတာစကားလေးတွေ ဘေးကနေ ပြောပေးသင့်ကြောင်း အာရုံကြောပညာရှင်ပါမောက္ခ Dean Folj က ယူဆပါတယ်။ မိခင်က ချစ်စရာ စကားလေးတွေ ပြောပေးတဲ့အခါ ကလေးနဲ့မိခင်ကြား ရင်းနှီးမှုတွေ ပိုပြီးနက်ရှိုင်းလာစေပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုလည်း ချစ်စရာ နာမည်လေးတွေနဲ့ ခေါ်ခြင်းကလည်း ဆက်ဆံရေးကို ပိုပြီးတိုးတက်စေမှာပါ။

brightside

ဒါပေမယ့် နာမည်ပြောင်တွေခေါ်နေပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လေးစားမှုထားဖို့တော့ အရေးကြီးပါတယ်။ ကိုယ်ခေါ်လိုက်တဲ့နာမည်က သူ့အတွက် စိတ်ဆိုးစရာမဖြစ်ဖို့လည်း လိုပါသေးတယ်။ တချို့အမျိုးသမီးတွေကျတော့ သူတို့ကို ကလေးလေး၊ ပါးဖောင်းလေး၊ အရုပ်မလေးလို့ ခေါ်တာတောင် မကြိုက်ကြပါဘူး။ အဲဒါကြောင့် သင်ခေါ်လိုက်တဲ့ နာမည်လေးတွေကြောင့် သင့်ချစ်သူပြုံးသွားခြင်းက ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်နေမှာပါ။

Zombie (Lovemedia)

For Zawgyi

ခ်စ္သူကို တိရစာၦန္နာမည္နဲ႔ ေခၚျခင္းက အခ်စ္ေရး ပိုမိုခိုင္ၿမဲႏိုင္

သင့္ရဲ႕ခ်စ္သူကို နာမည္ေျပာင္ေလးေတြ ေခၚဖူးပါသလား။ မေခၚဖူးေသးရင္ေတာ့ ဒီေန႔ကစလို႔ ေခၚလိုက္ပါေတာ့ေနာ္။ နာမည္ေျပာင္ေလးေတြ ေပးၿပီး ခ်စ္စႏိုးေခၚျခင္းက သင္တို႔ႏွစ္ေယာက္လုံးအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရရွိေစမွာပါ။ သင့္ရဲ႕ခ်စ္သူကို အိမ္ေမြးတိရစာၦန္ နာမည္ေလးေတြနဲ႔ ေခၚျခင္းက ေပ်ာ္႐ႊင္စရာေကာင္း႐ုံမက သင္တို႔ႏွစ္ေယာက္ကို ပိုခိုင္ၿမဲေစပါတယ္။

နာမည္ေျပာင္ေလးေတြေပးၿပီး ေခၚျခင္းက ရွက္စရာ မဟုတ္ပါဘူးေနာ္။ အဲဒီလိုေခၚလိုက္ျခင္းက သင္တို႔ႏွစ္ေယာက္ရဲ႕ရည္းစားဘဝကို အမွတ္တရျဖစ္ေစၿပီး သင္ထင္ထားတာထက္ကို ပိုေပ်ာ္စရာေကာင္းမွာပါ။ တစ္ေယာက္ကိုတစ္ေယာက္ နာမည္ေျပာင္ေလးေတြနဲ႔ေခၚျခင္းက လြတ္လပ္မႈ ပိုရွိေစပါတယ္။ အသက္ေတြႀကီးလာလို႔ လူေတြနဲ႔ ထိေတြ႕ဆက္ဆံတဲ့အခါ ဖိအားေတြ မ်ားလာတယ္လို႔ ခံစားလာရေစပါတယ္။

သင့္ရဲ႕ခ်စ္သူကို အိမ္ေမြးတိရစာၦန္နာမည္ေလးေပးၿပီး ေခၚျခင္းက စိတ္ဖိစီးမႈေတြကိုလည္း ေျပေလ်ာ့ေစပါတယ္။ ကိုယ့္ရဲ႕ခ်စ္ျခင္းေမတၱာေတြကိုလည္း ျပသရာေရာက္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ နာမည္ေျပာင္ေလးေတြ အျပန္အလွန္ေပးၿပီး ေခၚျခင္းက သံေယာဇဥ္ေတြ ပိုၿပီး တြယ္လာေစပါတယ္။ ဒါေပမယ့္ အေခၚခံရသူဘက္က ေက်နပ္ဖို႔ေတာ့ လိုပါတယ္။

နာမည္ေျပာင္ေလးနဲ႔ ခ်စ္စႏိုးေခၚျခင္းက သင့္ရဲ႕အေကာင္းျမင္မႈကိုလည္း ေပၚလြင္ေစပါတယ္။ သင္ကိုယ္တိုင္လည္း ေပ်ာ္႐ႊင္ေနရမွာပါ။ အဓိက အက်ိဳးေက်းဇူးကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ သက္ေတာင့္သက္သာျဖစ္ေစပါတယ္။ ပိုၿပီးေတာ့လည္း ရင္းႏွီးလာေစပါတယ္။ ႏွစ္ဦးတည္းနားလည္တဲ့ စကားလုံးလွလွေတြကို ဖန္တီးၿပီးေခၚျခင္းက မေမ့ႏိုင္တဲ့ အခိုက္အတန႔္ေလးေတြ ျဖစ္လာမွာပါ။ သင့္ရဲ႕ခ်စ္သူကို တန္ဖိုးထားေၾကာင္းသေဘာကိုလည္း သက္ေရာက္ေစမွာပါ။

ကေလးေတြကို ႏို႔တိုက္စဥ္ကတည္းကစလို႔ တီတီတာတာစကားေလးေတြ ေဘးကေန ေျပာေပးသင့္ေၾကာင္း အာ႐ုံေၾကာပညာရွင္ပါေမာကၡ Dean Folj က ယူဆပါတယ္။ မိခင္က ခ်စ္စရာ စကားေလးေတြ ေျပာေပးတဲ့အခါ ကေလးနဲ႔မိခင္ၾကား ရင္းႏွီးမႈေတြ ပိုၿပီးနက္ရႈိင္းလာေစပါတယ္။ အ႐ြယ္ေရာက္ၿပီးသူေတြကိုလည္း ခ်စ္စရာ နာမည္ေလးေတြနဲ႔ ေခၚျခင္းကလည္း ဆက္ဆံေရးကို ပိုၿပီးတိုးတက္ေစမွာပါ။

ဒါေပမယ့္ နာမည္ေျပာင္ေတြေခၚေနေပမယ့္လည္း တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ေလးစားမႈထားဖို႔ေတာ့ အေရးႀကီးပါတယ္။ ကိုယ္ေခၚလိုက္တဲ့နာမည္က သူ႔အတြက္ စိတ္ဆိုးစရာမျဖစ္ဖို႔လည္း လိုပါေသးတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့ သူတို႔ကို ကေလးေလး၊ ပါးေဖာင္းေလး၊ အ႐ုပ္မေလးလို႔ ေခၚတာေတာင္ မႀကိဳက္ၾကပါဘူး။ အဲဒါေၾကာင့္ သင္ေခၚလိုက္တဲ့ နာမည္ေလးေတြေၾကာင့္ သင့္ခ်စ္သူၿပဳံးသြားျခင္းက ဘယ္ေတာ့မွမေမ့ႏိုင္တဲ့ အမွတ္တရေလးေတြ ျဖစ္ေနမွာပါ။

Zombie (Lovemedia)