Cheez Goh ဆိုတဲ့အမျိုးသမီးက သူ့ရဲ့ Facebook မှာ ရယ်စရာ video လေးတစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီ video လေးကတော့ ကြွက် ၂ ကောင် လက်ဝှေ့ထိုးနေတဲ့ video လေးပဲ ဖြစ်ပါတယ်။

" အများစုမြင်ဖူးတာကတော့ ကြောင် ၂ ကောင်ရန်ဖြစ်တဲ့ video ပါ။ ဒါပေမယ့် ကြွက်၂ ကောင် ရန်ဖြစ်တဲ့ video ကိုတော့ သိပ်မမြင်ဖူးကြပါဘူး။ ကြောင်က ကြွက် ၂ ကောင် ရန်ဖြစ်တာကို သေချာကြည့်နေတာပါ။ သူတို့ရန်ဖြစ်ပြီးတဲ့နောက် ဘယ်ကြွက်ကို ကြောင်က လိုက်မယ်ထင်ပါသလဲ။ ခန့်မှန်းကြည့်လို့ မှန်တဲ့သူကို ကော်ဖီဝယ်တိုက်မယ် " လို့ Cheez Goh က သူ့ရဲ့ Facebook မှာ ရေးထားပါတယ်။

Image credits: cheez.goh

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ Cheez က သူ့ရဲ့အိမ်ကို ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ပြန်ရောက်လာပါတယ်။ အဲဒီအခါ ကြွက်၂ကောင် ရန်ဖြစ်နေတာကို တွေ့လိုက်ရတာပါ။ Cheez က video ရိုက်ဖို့ ကြိုးစားနေတုန်းမှာ သူတို့ရန်ဖြစ်တာ ရပ်သွားပါတယ်။ သူတို့နောက်တစ်ကြိမ် ရန်ဖြစ်တဲ့အခါမှာ Cheez video ရိုက်ယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကြွက်တစ်ကောင်က ကင်မရာနဲ့ ဝေးရာကို ပြေးသွားပြီး ကြွက်တစ်ကောင်ကတော့ Cheez ရပ်နေတဲ့ ကင်မရာ ရှိတဲ့နေရာကို ရောက်လာခဲ့ပါတယ်။ Cheez ဆီကို ပြေးလာတဲ့ကြွက်က ကင်မရာနဲ့ ရိုက်နေတာကို သတိထားမိပုံ မပေါ်ပါဘူး။ ကြွက်က Cheez ဆီကို ပြေးလာတော့ Cheez လည်း လန့်သွားပါတယ်။

Image credits: cheez.goh

ကြောင်ကို မြင်လိုက်လို့ သူတို့အလန့်တကြား ပြေးလာတာပါ။ ကြွက်ပြေးတာ အရမ်းမြန်လို့ ကြောင်က ဖမ်းလို့မမိလိုက်ပါဘူး။ Cheez ရဲ့ video လေးက လူအများကြားမှာ တော်တော်ပြန့်နှံ့သွားပါတယ်။ သူတို့ရန်ဖြစ်နေတာက တကယ်ကို ချစ်စရာကောင်းသလို ရယ်စရာလည်း ကောင်းပါတယ်။

ရုပ်သံကြည့်ရန်

Zombie (lovemedia)

For Zawgyi

ေရပန္းစားေနတဲ့ ၾကြက္၂ေကာင္ လက္ေ၀ွ႔ထိုးေနတဲ့ ဗီဒီယိုေလး

Cheez Goh ဆိုတဲ့အမ်ိဳးသမီးက သူ႔ရဲ႕ Facebook မွာ ရယ္စရာ video ေလးတစ္ခုကို တင္ခဲ့ပါတယ္။ အဲဒီ video ေလးကေတာ့ ႂကြက္ ၂ ေကာင္ လက္ေ၀ွ႔ထိုးေနတဲ့ video ေလးပဲ ျဖစ္ပါတယ္။

" အမ်ားစုျမင္ဖူးတာကေတာ့ ေၾကာင္ ၂ ေကာင္ရန္ျဖစ္တဲ့ video ပါ။ ဒါေပမယ့္ ႂကြက္၂ ေကာင္ ရန္ျဖစ္တဲ့ video ကိုေတာ့ သိပ္မျမင္ဖူးၾကပါဘူး။ ေၾကာင္က ႂကြက္ ၂ ေကာင္ ရန္ျဖစ္တာကို ေသခ်ာၾကည့္ေနတာပါ။ သူတို႔ရန္ျဖစ္ၿပီးတဲ့ေနာက္ ဘယ္ႂကြက္ကို ေၾကာင္က လိုက္မယ္ထင္ပါသလဲ။ ခန္႔မွန္းၾကည့္လို႔ မွန္တဲ့သူကို ေကာ္ဖီဝယ္တိုက္မယ္ " လို႔ Cheez Goh က သူ႔ရဲ႕ Facebook မွာ ေရးထားပါတယ္။

စင္ကာပူႏိုင္ငံမွာေနထိုင္တဲ့ Cheez က သူ႔ရဲ႕အိမ္ကို ဇူလိုင္လ ၈ ရက္ေန႔ ည ၁၀ နာရီေလာက္မွာ ျပန္ေရာက္လာပါတယ္။ အဲဒီအခါ ႂကြက္၂ေကာင္ ရန္ျဖစ္ေနတာကို ေတြ႕လိုက္ရတာပါ။ Cheez က video ႐ိုက္ဖို႔ ႀကိဳးစားေနတုန္းမွာ သူတို႔ရန္ျဖစ္တာ ရပ္သြားပါတယ္။ သူတို႔ေနာက္တစ္ႀကိမ္ ရန္ျဖစ္တဲ့အခါမွာ Cheez video ႐ိုက္ယူႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ႂကြက္တစ္ေကာင္က ကင္မရာနဲ႔ ေဝးရာကို ေျပးသြားၿပီး ႂကြက္တစ္ေကာင္ကေတာ့ Cheez ရပ္ေနတဲ့ ကင္မရာ ရွိတဲ့ေနရာကို ေရာက္လာခဲ့ပါတယ္။ Cheez ဆီကို ေျပးလာတဲ့ႂကြက္က ကင္မရာနဲ႔ ႐ိုက္ေနတာကို သတိထားမိပုံ မေပၚပါဘူး။ ႂကြက္က Cheez ဆီကို ေျပးလာေတာ့ Cheez လည္း လန္႔သြားပါတယ္။

ေၾကာင္ကို ျမင္လိုက္လို႔ သူတို႔အလန္႔တၾကား ေျပးလာတာပါ။ ႂကြက္ေျပးတာ အရမ္းျမန္လို႔ ေၾကာင္က ဖမ္းလို႔မမိလိုက္ပါဘူး။ Cheez ရဲ႕ video ေလးက လူအမ်ားၾကားမွာ ေတာ္ေတာ္ျပန္႔ႏွံ႔သြားပါတယ္။ သူတို႔ရန္ျဖစ္ေနတာက တကယ္ကို ခ်စ္စရာေကာင္းသလို ရယ္စရာလည္း ေကာင္းပါတယ္။

Zombie (lovemedia)