Gamer တွေအတွက် Keyboard, mouse, ဖုန်း screen ဆိုတာ အသက်တွေပါပဲ။ တချို့ဂိမ်းတွေက နှစ်ယောက်အတူတူ ကစားမှ အဆင်ပြေပါတယ်။ တချို့ gamer တွေဆိုရင် ဂိမ်းထဲမှာ နာရီပေါင်းများစွာ နစ်မျောပြီး လက်ရှိ ပြင်ပလောကကို မေ့သွားကြပါတယ်။
Gamer အများစုက ခေါင်းကိုက်တာတွေ၊ အိပ်ချိန်နည်းတာတွေ ကြုံရပြီး ကံမကောင်းတဲ့ gamer တွေက ဆေးရုံ တက်ရပါတယ်။ အဲဒီထက်ပို ကံမကောင်းရင်တော့ သေတောင် သေသွားကြပါတယ်။
![]() |
Source: Wikimediaand Techgup |
မကြာသေးခင်ကပဲ Madhya Pradesh ပြည်နယ်က Furkhan Qureshi ဆိုတဲ့ ကောင်လေးဟာ ခြောက်နာရီကြာ မရပ်မနား PUBG ကစားတာကြောင့် နှလုံးရပ်ပြီး သေသွားပါတယ်။ အသက် 16 နှစ်သာရှိသေးတဲ့ Furkhan က ဆေးရုံကိုရောက်တော့ နှလုံးမခုန်တော့ပါဘူး။ ဆရာဝန်တွေက နှလုံးပြန်ခုန်လာအောင် ကြိုးစားပေမယ့် သေဆုံးသွားခဲ့ပါတယ်။
![]() |
Source: Techgup |
နောက်ထပ် အဖြစ်အပျက် တစ်ခုကတော့ Hyderabad မြို့က ဆယ်ကျော်သက် တစ်ယောက်ဟာ PHBG ကစားတာကို မိဘတွေက ဆူလို့ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတယ်။ သူရဲ့အမေက သားဖြစ်သူ PUBG ဂိမ်းကို အချိန်အကြာကြီး ကစားနေတာကို သတိထားမိပြီး အခန်းတံခါးကို ဖျက်ပြီး ဝင်ကြည့်တဲ့အခါ ကြိုးဆွဲချ သေဆုံးနေတာကို မြင်ခဲ့ရတာပါ။
![]() |
Source: Study Breaks |
Video game တွေကို အလွန်အမင်း စွဲလမ်းသူတွေရဲ့လက္ခဏာက စိတ်ကစဉ့်ကလျားရောဂါနဲ့ တူတယ်လို့ အမေရိကန် စိတ်ပညာရှင်အသင်းက ပြောပါတယ်။ ဂိမ်းကို အလွန်အမင်းစွဲလမ်းခြင်းက သေစေနိုင်လောက်တဲ့ကိစ္စ ဖြစ်လာကြောင်း ဆေးပညာရှင်တွေက သတိပြုမိလာကြပါပြီ။
![]() |
Source: Wikimedia |
Zombie (LoveMedia)
Ref - worldofbuzz
For Zawgyi
၆ နာရီၾကာ မရပ္မနား PUBG ပစ္ပီး ႏွလုံးရပ္သြားတဲ့ေကာင္ေလး
Gamer ေတြအတြက္ Keyboard, mouse, ဖုန္း screen ဆိုတာ အသက္ေတြပါပဲ။ တခ်ိဳ႕ဂိမ္းေတြက ႏွစ္ေယာက္အတူတူ ကစားမွ အဆင္ေျပပါတယ္။ တခ်ိဳ႕ gamer ေတြဆိုရင္ ဂိမ္းထဲမွာ နာရီေပါင္းမ်ားစြာ နစ္ေမ်ာၿပီး လက္ရွိ ျပင္ပေလာကကို ေမ့သြားၾကပါတယ္။ Gamer အမ်ားစုက ေခါင္းကိုက္တာေတြ၊ အိပ္ခ်ိန္နည္းတာေတြ ႀကဳံရၿပီး ကံမေကာင္းတဲ့ gamer ေတြက ေဆး႐ုံ တက္ရပါတယ္။ အဲဒီထက္ပို ကံမေကာင္းရင္ေတာ့ ေသေတာင္ ေသသြားၾကပါတယ္။
မၾကာေသးခင္ကပဲ Madhya Pradesh ျပည္နယ္က Furkhan Qureshi ဆိုတဲ့ ေကာင္ေလးဟာ ေျခာက္နာရီၾကာ မရပ္မနား PUBG ကစားတာေၾကာင့္ ႏွလုံးရပ္ၿပီး ေသသြားပါတယ္။ အသက္ 16 ႏွစ္သာရွိေသးတဲ့ Furkhan က ေဆး႐ုံကိုေရာက္ေတာ့ ႏွလုံးမခုန္ေတာ့ပါဘူး။ ဆရာဝန္ေတြက ႏွလုံးျပန္ခုန္လာေအာင္ ႀကိဳးစားေပမယ့္ ေသဆုံးသြားခဲ့ပါတယ္။
ေနာက္ထပ္ အျဖစ္အပ်က္ တစ္ခုကေတာ့ Hyderabad ၿမိဳ႕က ဆယ္ေက်ာ္သက္ တစ္ေယာက္ဟာ PHBG ကစားတာကို မိဘေတြက ဆူလို႔ဆိုၿပီး ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားပါတယ္။ သူရဲ႕အေမက သားျဖစ္သူ PUBG ဂိမ္းကို အခ်ိန္အၾကာႀကီး ကစားေနတာကို သတိထားမိၿပီး အခန္းတံခါးကို ဖ်က္ၿပီး ဝင္ၾကည့္တဲ့အခါ ႀကိဳးဆြဲခ် ေသဆုံးေနတာကို ျမင္ခဲ့ရတာပါ။
Video game ေတြကို အလြန္အမင္း စြဲလမ္းသူေတြရဲ႕လကၡဏာက စိတ္ကစဥ့္ကလ်ားေရာဂါနဲ႔ တူတယ္လို႔ အေမရိကန္ စိတ္ပညာရွင္အသင္းက ေျပာပါတယ္။ ဂိမ္းကို အလြန္အမင္းစြဲလမ္းျခင္းက ေသေစႏိုင္ေလာက္တဲ့ကိစၥ ျဖစ္လာေၾကာင္း ေဆးပညာရွင္ေတြက သတိျပဳမိလာၾကပါၿပီ။
Zombie (LoveMedia)
Ref - worldofbuzz
0 Comments