ထူးခြားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူစွမ်းကောင်းတွေကို ရုပ်ရှင်တွေ၊ ကာတွန်းကားတွေ ထဲမှာပဲ မြင်ဖူးကြပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ကမ္ဘာပေါ်က အပင်မျိုးစိတ် တချို့မှာ ထူးခြားတဲ့အစွမ်းတွေ ရှိကြပါတယ်။ တချို့အပင်တွေမှာ မယုံနိုင်လောက်အောင် ကြီးမားတဲ့ အရွယ်အစားတွေ ရှိကြပါတယ်။ တချို့အပင်တွေက တိရစ္ဆာန်တွေကိုစားပြီး အသက်ရှင်ကြပါတယ်။ ဒီမကောင်းဆိုးဝါးပင်တွေက ကျောချမ်းဖွယ်ကောင်းလောက်တဲ့ အစွမ်းတွေ ရှိကြပါတယ်။
1. လူသေကောင်ပန်း
© cyberoo / Instagram, © ErinStavola / Imgur
လူသေကောင်ပန်းက လူသေပုပ်နံ့ကို လွှတ်တတ်ပါတယ်။ ဒီအပင်က ကမ္ဘာပေါ်မှာ တကယ်ရှိတာပါ။ မြေပြင်ကနေ 9.8 ပေအထိ အမြင့်ရှိပါတယ်။ လူသေကောင်ပန်းကို စူမားတြားကျွန်းနဲ့ မိုးသစ်တောတွေထဲမှာ တွေ့ရပါတယ်။ ရုက္ခဗေဒ ဥယျာဉ်အကြီးစားတွေ မှာလည်း တွေ့နိုင်ပါတယ်။
2. Sandbox tree
© mar_sell_dove_ / Instagram, © yliza43 / Instagram
ဒီအပင်ကတော့ အစေ့တွေပါဝင်တဲ့ အသီးတွေကို ထုတ်လွှတ်ပါတယ်။ အပင်မှာရှိတဲ့ ကတော့ချွန်ပုံစံ စူးချွန်တွေက ကြက်သီးထစရာ ကောင်းပါတယ်။ ကတော့ချွန်ပုံစံ ဆူးချွန်တွေကို အပင်က သူ့ကိုယ်သူ ကာကွယ်ဖို့သုံးပါတယ်။ ဒီအပင်ကို မြောက်အမေရိကနဲ့ တောင်အမေရိကမှာ တွေ့ရပါတယ်။
3. Corpse Lily
© tullio1991 / Instagram, © chienleephotography / Instagram
Corpse lily က တစ်ပွင့်ချင်းစီပဲ ပွင့်ပါတယ်။ ပန်းရဲ့အချင်းက 3.2 ပေ ရှိပါတယ်။ Corpse lily က ကပ်ပါးပင် ဖြစ်ပါတယ်။ ဒီပန်းမှာ အမြစ်တွေ၊ အရွက်တွေ မရှိပါဘူး။ မှီတွယ်တဲ့အပင်ရဲ့ ပင်စည်ကို ကပ်ပြီး ရှင်သန်ပါတယ်။ ရွံစရာကောင်းတဲ့ အနံ့ကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် တချို့က ဒီအပင်ရဲ့အနံံ့ကို အသားပုပ်နံ့နဲ့ တူတယ်လို့ ပြောကြပါတယ်။ ပန်းပွင့်ထဲကို ဝင်ရောက်လာတဲ့ ယင်ကောင်တွေကို ဖမ်းပြီး စားပါတယ်။ Corpse lily ကို အင်ဒိုနီးရှားနိုင်ငံမှာ တွေ့နိုင်ပါတယ်။
4. ထိကရုန်းပင်
© depositphotos
ထိကရုန်းပင်ကို ထိလိုက်ရင် အရွက်လေးတွေက ညှိးသွားပါတယ်။ အရွက်လေးတွေက ဘာ့ကြောင့် ညှိးသွားရလဲဆိုရင် ရိုးတံပေါ်မှာရှိတဲ့ ရေဓာတ်တွေက လျင်လျင်မြန်မြန်ကုန်သွားလို့ ဖြစ်ပါတယ်။ မိနစ်အနည်းငယ် ကြာရင်တော့ အရွက်လေးတွေက ပုံမှန်အတိုင်း ပြန့်ကားသွားပါတယ်။ ထိကရုန်းပင်ကို တောင်အမေရိက၊ အမေရိကတိုက် အလယ်ပိုင်းနဲ့ ကမ္ဘာပေါ်က ပူနွေးတဲ့နေရာတွေမှာ တွေ့ရပါတယ်။
5. လေချွန်ပင်
credit photo
လေချွန်တတ်ပြီး ဆူးတံလေးတွေရှိတဲ့အပင်က လေချွန်သံနဲ့ တိရစ္ဆာန်တွေကို မောင်းထုတ်ပါတယ်။ ဆူးချွန်တွေပါတဲ့ အသီးလုံးလုံးကနေ လေချွန်သံတွေ ထုတ်လွှတ်ပါတယ်။ ဒီအပင်ရဲ့ ထူးခြားချက်ကတော့ ပုရွက်ဆိတ်နဲ့ ရင်းနှီးတာပါပဲ။ လေချွန်ပင်နဲ့ ပုရွက်ဆိတ်တွေက အပြန်အလှန် သဟဇီဝ အကျိုးရှိကြပါတယ်။ ပုရွက်ဆိတ်တွေက လေချွန်သီးထဲမှာ နေကြပြီး အသီးထဲမှာပဲ အပေါက်သေးသေးလေးတွေ ဖြစ်အောင် လုပ်ပါတယ်။ အဲဒီအပေါက်သေးသေးလေးတွေကပဲ လေချွန်သံတွေထွက်ပြီး အပင်ကိုင်းနဲ့ အရွက်ပေါ်ရောက်လာတဲ့ တိရစ္ဆာန်တွေကို မောင်းထုတ်ပါတယ်။ လေချွန်ပင်ကို အာဖရိကတိုက်မှာ တွေ့ရပါတယ်။
6. ဝိတိုရိယဘုရင်မကြာပန်း
© proteabcn / Instagram, © thao2m / Instagram
ဝိတိုရိယဘုရင်မကြာပန်းရဲ့ ထူးခြားတဲ့ အချက်က အလေးချိန် 99 ပေါင်ကို ခံနိုင်ရည်ရှိခြင်းပါ။ စက်ဝိုင်းပုံစံအရွက်က မယုံနိုင်လောက်အောင် ခိုင်ခန့်ပြီး အချင်း 8.2 ပေရှိပါတယ်။ ဒီကြာရွက်က အလေးချိန် အများကြီးကို ခံနိုင်ရည်ရှိပါတယ်။ ရာသီတစ်ခုထဲမှာပဲ ဝိတိုရိယဘုရင်မကြာပန်းက ကြာရွက် 40 ကနေ 50 လောက် ရေပြင်ဖုံးလွှမ်းသွားအောင် ပွင့်ပါတယ်။ ဒီကြာပန်းပွင့်ရင် တခြးအပင်တွေ မရှင်သန်နိုင်တော့ပါဘူး။ ဝိတိုရိယဘုရင်မကြာပန်းက ဘိုလီဗီးယားနိုင်ငံမှာ ပေါက်ရောက်ပါတယ်။ ရုက္ခဗေဒဥယျာဉ်တွေမှာလည်း တွေ့နိုင်ပါတယ်။
7. အပူပိုင်းဒေသရေကရား
© ed_siana / Instagram
ရေကရားပုံစံရှိတဲ့ အရွက်တွေက ငြိမ်သက်နေတဲ့ ထောင်ချောက်ပါပဲ။ အရွက်ရဲ့အရိုးပေါ်က ဝတ်ရည်က အင်းစက်ပိုးတွေနဲ့ အပင်ထဲကျလာတဲ့ သားကောင်တွေကို စားပါတယ်။ လွတ်မြောက်ဖို့ လမ်းမရှိပါဘူး။ အင်းစက်ပိုးနဲ့ သားကောင်တွေက နောက်ဆုံးမှာတော့ အပင်ရဲ့အင်ဇိုင်းတွေ အစာချေဖျက်တာကို ခံလိုက်ရပါတယ်။ ဒီအပင်ကို Madagascar အရှေ့တောင်အာရှနဲ့ ဩစတေးလျတိုက်မှာ တွေ့ရပါတယ်။
8. ယူကလစ်ပင်
© racquetballlover / Instagram, © carodavo / Instagram
ဒီအပင်ရဲ့အရွက်တွေက မီးလောင်နိုင်တဲ့ ဆီနဲ့ စွမ်းအင်တွေ ထုတ်ပေးပါတယ်။ ယူကလစ်က သူ့ကိုယ်သူတော့ မီးဘေးကနေ ခုခံနိုင်ပါတယ်။ လောင်စာတွေနဲ့ ပြည့်ဝနေတဲ့ ပင်စည်က အပင်ကို မဆွေးမြေ့သွားစေပါဘူး။ ယူကလစ်ပင်ကို ဩစတေးလျတိုက်မှာ တွေ့ရများပြီး အမေကန်နိုင်ငံမှာလည်း တွေ့ရပါတယ်။
Zombie (LoveMedia)
For Zawgyi
ထူးခြားတဲ့အစွမ်းတွေ ရှိနေတဲ့ အပင် (၈) ပင်
1. လူသေကောင်ပန်း
2. Sandbox tree
3. Corpse Lily
4. ထိကရုန်းပင်
5. လေချွန်ပင်
7. အပူပိုင်းဒေသရေကရား
8. ယူကလစ်ပင်
Zombie (LoveMedia)