သင်က အိမ်သာထဲကို ဖုန်းယူသွားတတ်သူဆိုရင် ဒီအချက်လေးတွေကို မမေ့သင့်ပါဘူးနော်။ အိမ်သာထဲကို ဖုန်းယူသွားတာက ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။

၁။ အိမ်သာထဲမှာ ဘက်တီးရီးယားတွေ များစွာပျံ့နှံ့နေနိုင်ပါတယ်။

ဖုန်းမျက်နှာပြင်က အိမ်သာထိုင်ခုံထက်ပိုပြီးညစ်ပတ်ကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖုန်းကို အိမ်သာထဲကိုပါ ယူသွားတဲ့အခါ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေဟာ ဖုန်းမှာကပ်ပါလာနိုင်ပါတယ်။

၂။ လိပ်ခေါင်းရောဂါဖြစ်နိုင်ချေ ပိုများလာနိုင်ပါတယ်။

ဖုန်းကို အိမ်သာထဲယူသွားတဲ့အခါ အိမ်သာထဲမှာ ပိုပြီးအချိန်ကြာကြာ ထိုင်မိသွားပါတယ်။ တစ်ရက်နှစ်ရက်နဲ့တော့ မသိသာပေမယ့် နေ့စဉ်ဆိုရင်တော့ သိသာလာတော့မှာပါ။ အဲဒါကြောင့် ဖုန်းကို အိမ်သာထဲယူသွားတာက ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။

၃။ တွေးခေါ်နိုင်စွမ်းတွေကို နည်းစေတယ်။

နေရာတကာကို ဖုန်းယူသွားဖို့ မလိုအပ်ပါဘူး။ တကယ်တော့ ဖုန်းတွေက အတွေးစတွေကိုလည်း ပြတ်တောက်သွားစေနိုင်ပါတယ်။ အိမ်သာထဲကို ဖုန်းမယူသွားတာက စိတ်ကို ခဏတာ အနားပေးလိုက်တာပါပဲ။

၄။ တင်ပဆုံကွင်းကြွက်သားလျော့ရဲလာနိုင်ခြင်း

အိမ်သာထဲမှာ အချိန်ကြာမြင့်စွာထိုင်ခြင်းက တင်ပဆုံကွင်းကြွက်သားတွေကို လျော့ရဲလာစေပါတယ်။ တင်ပဆုံကွင်းကြွက်သားတွေလျော့ရဲနေပြီဆိုရင် နှာချေ ၊ ချောင်းဆိုးရင်တောင် ဆီး၊ ဝမ်း မထိန်းနိုင်တာ အပြင် သားအိမ်ကျတာတွေ ၊ ဗိုက်ပူတာတွေ၊ မွေးလမ်းကြောင်းနဲ့ မိန်းမကိုယ်ကြွက်သားလျော့ရဲလာတာတွေ ဖြစ်စေနိုင်ပါတယ်။ တင်ပဆုံကွင်းကြွက်သားတွေ လျော့ရဲလာပြီဆိုရင် ဒီတိုင်းမနေသင့်ပဲ အိမ်တွင်းလုပ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိစေမယ့် Kegel Exercise လေးလုပ်သင့်ပါတယ်နော်။

၅။ ဖုန်းကို အလွန်စွဲလမ်းလာစေပါတယ်။

တကယ်တော့ ဖုန်းဟာ နေ့စဉ်ဘဝရဲ့အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် အချို့ကတော့ ဖုန်းကို အလွန်စွဲလန်း မှီခိုလာကြပါတယ်။ ဖုန်းကို အလွန်စွဲလမ်းခြင်းက လူမှုပတ်ဝန်းကျင်နဲ့ တဖြည်းဖြည်းဝေးကွာသွားစေပါတယ်။

Zombie (Lovemedia)

For Zawgyi

ဖုန္းကို အိမ္သာထဲယူသြားျခင္းရဲ႕ အႏၲရာယ္

သင္က အိမ္သာထဲကို ဖုန္းယူသြားတတ္သူဆိုရင္ ဒီအခ်က္ေလးေတြကို မေမ့သင့္ပါဘူးေနာ္။ အိမ္သာထဲကို ဖုန္းယူသြားတာက က်န္းမာေရးအတြက္ အႏၲရာယ္ ရွိပါတယ္။

၁။ အိမ္သာထဲမွာ ဘက္တီးရီးယားေတြ မ်ားစြာပ်ံ႕ႏွံ႔ေနႏိုင္ပါတယ္။

ဖုန္းမ်က္ႏွာျပင္က အိမ္သာထိုင္ခုံထက္ပိုၿပီးညစ္ပတ္ေၾကာင္း ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဖုန္းကို အိမ္သာထဲကိုပါ ယူသြားတဲ့အခါ မျမင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးေတြဟာ ဖုန္းမွာကပ္ပါလာႏိုင္ပါတယ္။

၂။ လိပ္ေခါင္းေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားလာႏိုင္ပါတယ္။

ဖုန္းကို အိမ္သာထဲယူသြားတဲ့အခါ အိမ္သာထဲမွာ ပိုၿပီးအခ်ိန္ၾကာၾကာ ထိုင္မိသြားပါတယ္။ တစ္ရက္ႏွစ္ရက္နဲ႔ေတာ့ မသိသာေပမယ့္ ေန႔စဥ္ဆိုရင္ေတာ့ သိသာလာေတာ့မွာပါ။ အဲဒါေၾကာင့္ ဖုန္းကို အိမ္သာထဲယူသြားတာက က်န္းမာေရးအတြက္ အႏၲရာယ္မ်ားပါတယ္။

၃။ ေတြးေခၚႏိုင္စြမ္းေတြကို နည္းေစတယ္။

ေနရာတကာကို ဖုန္းယူသြားဖို႔ မလိုအပ္ပါဘူး။ တကယ္ေတာ့ ဖုန္းေတြက အေတြးစေတြကိုလည္း ျပတ္ေတာက္သြားေစႏိုင္ပါတယ္။ အိမ္သာထဲကို ဖုန္းမယူသြားတာက စိတ္ကို ခဏတာ အနားေပးလိုက္တာပါပဲ။

၄။ တင္ပဆုံကြင္းႂကြက္သားေလ်ာ့ရဲလာႏိုင္ျခင္း

အိမ္သာထဲမွာ အခ်ိန္ၾကာျမင့္စြာထိုင္ျခင္းက တင္ပဆုံကြင္းႂကြက္သားေတြကို ေလ်ာ့ရဲလာေစပါတယ္။ တင္ပဆုံကြင္းႂကြက္သားေတြေလ်ာ့ရဲေနၿပီဆိုရင္ ႏွာေခ် ၊ ေခ်ာင္းဆိုးရင္ေတာင္ ဆီး၊ ဝမ္း မထိန္းႏိုင္တာ အျပင္ သားအိမ္က်တာေတြ ၊ ဗိုက္ပူတာေတြ၊ ေမြးလမ္းေၾကာင္းနဲ႔ မိန္းမကိုယ္ႂကြက္သားေလ်ာ့ရဲလာတာေတြ ျဖစ္ေစႏိုင္ပါတယ္။ တင္ပဆုံကြင္းႂကြက္သားေတြ ေလ်ာ့ရဲလာၿပီဆိုရင္ ဒီတိုင္းမေနသင့္ပဲ အိမ္တြင္းလုပ္လို႔ရတဲ့ ေပါ့ေပါ့ပါးပါးနဲ႔ အက်ိဳးရွိေစမယ့္ Kegel Exercise ေလးလုပ္သင့္ပါတယ္ေနာ္။

၅။ ဖုန္းကို အလြန္စြဲလမ္းလာေစပါတယ္။

တကယ္ေတာ့ ဖုန္းဟာ ေန႔စဥ္ဘဝရဲ႕အစိတ္အပိုင္း တစ္ခုပါပဲ။ ဒါေပမယ့္ အခ်ိဳ႕ကေတာ့ ဖုန္းကို အလြန္စြဲလန္း မွီခိုလာၾကပါတယ္။ ဖုန္းကို အလြန္စြဲလမ္းျခင္းက လူမႈပတ္ဝန္းက်င္နဲ႔ တျဖည္းျဖည္းေဝးကြာသြားေစပါတယ္။

Zombie (Lovemedia)