Park Seo Joon ရဲ့ပုံတွေခြံရံပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ fan အကြီးစားဘွားဘွား

ကိုရီးယားဇာတ်လမ်းတွဲတွေက နိုင်ငံတွေအကြားမှာ အရမ်းကို အောင်မြင်မှုတွေ ရရှိနေပါပြီ။ ကိုရီးယားဇာတ်လမ်းတွေဟာ တစ်ပိုင်းကြည့်ပြီးတာနဲ့ နောက်တစ်ပိုင်း ဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မှု ရှိပါတယ်။ K-Drama ကို အသက်ကြီးငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။

Source: Mel Galarrita Menes

ဖိလစ်ပိုင်နိုင်ငံက အသက် ၇၀ ဘွားဘွားတစ်ယောက်ကတော့ ကိုရီးယားမင်းသား Park Seo Joon ရဲ့ တကယ့် fan အကြီးစားပါပဲ။ဘွားဘွားက သူ့ရဲ့မွေးနေ့ပွဲကို Park Seo Joon ရဲ့ ပုံတွေနဲ့ ခြံရံပြီး ကျင်းပခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက Mel Galarrita Menes က သူမအမေရဲ့အသက် ၇၀ ပြည့်မွေးနေ့ပါတီ ကျင်းပပုံကို အောက်တိုဘာ ၁၅ ရက်နေ့က facebook မှာ တင်ခဲ့ပါတယ်။ အဲဒီ post က လူအများရဲ့စိတ်ဝင်စားမှုကို အလွန်ရရှိခဲ့ပါတယ်။

Source: Mel Galarrita Menes

Source: Mel Galarrita Menes

ဒီနှစ်မှာ ကိုဗစ် 19 ဖြစ်ပွားနေတာကြောင့် Mel တို့က သူမရဲ့ အမေနဲ့အတူ မရှိပေးနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် သူမအမေကြိုက်တဲ့ ကိုရီးယားမင်းသားနဲ့ အမေရဲ့မွေးနေ့ပွဲကို suprise လုပ်ပေးဖို့ စိတ်ကူးရခဲ့ပါတယ်။ မိတ်တွေတွေ၊ မိသားစုဝင်တွေက အဘွား Aurella ရဲ့မွေးနေ့ကို zoom နဲ့ ပြုလုပ်ခဲ့ကြပါတယ်။

Source: Mel Galarrita Menes

Source: Mel Galarrita Menes

အဘွားရဲ့သားဖြစ်သူ Carlo ကတော့ အဘွား Aurella နဲ့အတူရှိနေပြီး အင်တာနက်လိုင်းတွေ ကောင်းအောင် လုပ်ပေးပါတယ်။ ပြီးတော့ အဘွား Aurella ရဲ့အခန်းထဲမှာ Park Seo Joon ရဲ့ပုံတွေနဲ့လည်း အလှဆင်ပေးပါတယ်။ အဘွားရဲ့အခန်းထဲမှာတော့ Park Seo Joon ရဲ့ပုံတွေ အပြည့်ပါပဲ။အဘွားက Q ဝင်နေစဉ်မှာ ကိုရီးယားဘာသာစကားကို သင်ယူခဲ့ပါတယ်။

Source: Mel Galarrita Menes

Source: Mel Galarrita Menes

Park Seo Joon ဟာ သူမနှလုံးသားကို နုပျိုသွားအောင် လုပ်ပေးခဲ့တဲ့အကြောင်းကို Park Seo Joon နဲ့တွေ့တဲ့တစ်နေ့မှာ ပြောမယ်လို့ အဘွား Aurella က ပြောပါတယ်။

Zombie (Lovemedia)

For Zawgyi

Park Seo Joo ရဲ႕ပုံေတြၿခံရံၿပီး ေမြးေန႔ပြဲက်င္းပခဲ့တဲ့ fan အႀကီးစားဘြားဘြား

ကိုရီးယားဇာတ္လမ္းတြဲေတြက ႏိုင္ငံေတြအၾကားမွာ အရမ္းကို ေအာင္ျမင္မႈေတြ ရရွိေနပါၿပီ။ ကိုရီးယားဇာတ္လမ္းေတြဟာ တစ္ပိုင္းၾကည့္ၿပီးတာနဲ႔ ေနာက္တစ္ပိုင္း ဆက္ၾကည့္ခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈ ရွိပါတယ္။ K-Drama ကို အသက္ႀကီးငယ္မေ႐ြး ႀကိဳက္ႏွစ္သက္ၾကပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံက အသက္ ၇၀ ဘြားဘြားတစ္ေယာက္ကေတာ့ ကိုရီးယားမင္းသား Park Seo Joon ရဲ႕ တကယ့္ fan အႀကီးစားပါပဲ။ဘြားဘြားက သူ႔ရဲ႕ေမြးေန႔ပြဲကို Park Seo Joon ရဲ႕ ပုံေတြနဲ႔ ၿခံရံၿပီး က်င္းပခဲ့ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံက Mel Galarrita Menes က သူမအေမရဲ႕အသက္ ၇၀ ျပည့္ေမြးေန႔ပါတီ က်င္းပပုံကို ေအာက္တိုဘာ ၁၅ ရက္ေန႔က facebook မွာ တင္ခဲ့ပါတယ္။ အဲဒီ post က လူအမ်ားရဲ႕စိတ္ဝင္စားမႈကို အလြန္ရရွိခဲ့ပါတယ္။

ဒီႏွစ္မွာ ကိုဗစ္ 19 ျဖစ္ပြားေနတာေၾကာင့္ Mel တို႔က သူမရဲ႕ အေမနဲ႔အတူ မရွိေပးႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ သူမအေမႀကိဳက္တဲ့ ကိုရီးယားမင္းသားနဲ႔ အေမရဲ႕ေမြးေန႔ပြဲကို suprise လုပ္ေပးဖို႔ စိတ္ကူးရခဲ့ပါတယ္။ မိတ္ေတြေတြ၊ မိသားစုဝင္ေတြက အဘြား Aurella ရဲ႕ေမြးေန႔ကို zoom နဲ႔ ျပဳလုပ္ခဲ့ၾကပါတယ္။

အဘြားရဲ႕သားျဖစ္သူ Carlo ကေတာ့ အဘြား Aurella နဲ႔အတူရွိေနၿပီး အင္တာနက္လိုင္းေတြ ေကာင္းေအာင္ လုပ္ေပးပါတယ္။ ၿပီးေတာ့ အဘြား Aurella ရဲ႕အခန္းထဲမွာ Park Seo Joon ရဲ႕ပုံေတြနဲ႔လည္း အလွဆင္ေပးပါတယ္။ အဘြားရဲ႕အခန္းထဲမွာေတာ့ Park Seo Joon ရဲ႕ပုံေတြ အျပည့္ပါပဲ။အဘြားက Q ဝင္ေနစဥ္မွာ ကိုရီးယားဘာသာစကားကို သင္ယူခဲ့ပါတယ္။

Park Seo Joon ဟာ သူမႏွလုံးသားကို ႏုပ်ိဳသြားေအာင္ လုပ္ေပးခဲ့တဲ့အေၾကာင္းကို Park Seo Joon နဲ႔ေတြ႕တဲ့တစ္ေန႔မွာ ေျပာမယ္လို႔ အဘြား Aurella က ေျပာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments