Essential oil ကို အလှအပပစ္စည်းတွေကနေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသတဲ့အထိ အသုံးပြုကြပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း essential oil ကို ခဏခဏ အသုံးပြုရင် ရလာမယ့် ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အဆိပ်သင့်ခြင်း
![]() |
© depositphotos.com |
နှစ်စဉ် essential oil ကို သောက်မိလို့ အဆိပ်သင့်ရတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ အများစုကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။ Essential oil အနည်းငယ်ကို သောက်မိရင်တောင် အန်တာ၊ အဆုတ်ထိခိုက်တာ၊ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ရနံ့ဆီတွေထဲကမှ ယူကလစ်ဆီကို သောက်မိရင် ပိုဆိုးတတ်ပါတယ်။ Essential oil ကို အများစုက ချောင်းဆိုးပျောက်ဆေးရည်နဲ့ မှားသောက်ကြတာဖြစ်ပါတယ်။
၂၊ အမျိုးသားများ ရင်သားဖွံ့ဖြိုးလာခြင်း
![]() |
© shutterstock.com, © depositphotos.com |
Essential oil ကြောင့် အမျိုးသားတွေမှာ ရင်သားကြီးထွားလာတာတွေ ဖြစ်ဖူးပါတယ်။ တကယ်တော့ essential oil က အမျိုးသားဟော်မုန်းကိုရော အမျိုးသမီး ဟော်မုန်းကိုပါ ကမောက်ကမ ဖြစ်စေတာပါ။
၃။ နေရောင်အထိမခံနိုင်ခြင်း
![]() |
© shutterstock.com, © depositphotos.com |
ရနံ့ဆီတွေမှာ citric ဆီနဲ့ bergamot ဆီ ပါဝင်ပါတယ်။ Cirtic ဆီကြောင့် နေရောင်နဲ့ ထိတွေ့တဲ့အခါ အသားအရေ လောင်သွားပါတယ်။ ရနံ့ဆီကို သုံးပြီး နေရောင်ထဲထွက်တဲ့အခါ အချို့လူတွေမှာ ရေကြည်ဖုတွေ ပေါက်လာပါတယ်။
၄။ အရေပြား ဓါတ်မတည့်ခြင်း
![]() |
© depositphotos.com |
ရနံ့ဆီကို ခဏခဏ အသုံးပြုတဲ့အခါ အရေပြားယားယံခြင်း၊ အဖုအပိမ့်ပေါက်ခြင်း၊ အသားပူစပ်လာခြင်းတွေ ဖြစ်လာပါတယ်။ တကယ်တော့ ထိခိုက်ဒဏ်ရာ ရထားတဲ့ အရေပြားပေါ်မှာ essential oil ကို ပိုလို့တောင် မသုံးသင့်ပါဘူး။
၅။ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်နိုင်ခြင်း
![]() |
© shutterstock.com, © depositphotos.com |
Essential oil မှာပါဝင်တဲ့ စွဲစေတတ်တဲ့ အရာတွေက ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အန္တရာယ်ရှိပါတယ်။ တစ်ခါတရံမှာ သူ့ရဲ့အနံ့က မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ မူးနောက်တာဖြစ်စေပါတယ်။ အချို့မိခင်တွေက essential oil ကို အချင်းအထိ စိမ့်ဝင်အောင် ဗိုက်ပေါ်လိမ်းကြပါတယ်။ အဲဒီလိုလိမ်းခြင်းကနေ အဆိုးဆုံးအခြေအနေကတော့ ကလေးပျက်ကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်၊
၆။ ဓါတ်မတည့်ခြင်း
![]() |
© depositphotos.com |
ရနံ့ဆီက အသားအရေ ဓါတ်မတည့်ရုံတင် မကပါဘူး။ မျက်လုံးနဲ့ အသက်ရှူစနစ်ကိုပါ ဓါတ်မတည့်တာဖြစ်စေပါတယ်။ မွှေးလွန်းတဲ့ရနံ့ဆီကြောင့် နှာချေတာ၊ နှာရည်ကျတာ၊ အသက်ရှူကျပ်တာတွေကို တစ်ခါတရံ ကြုံရနိုင်ပါတယ်။
Bonus
![]() |
© depositphotos.com |
ရနံ့ဆီတိုင်းလိုလိုက အန္တရာယ်ရှိတာတော့ မဟုတ်ပါဘူး။ အချို့သော ရနံ့ဆီတွေကို သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်တာကြောင့် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။
Essential oil ကို သုံးတော့မယ်ဆိုရင်
![]() |
© shutterstock.com, © depositphotos.com |
- ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
- Essential oil သုံးပြီးတဲ့နောက် ခန္ဓါကိုယ်မှာ ဘယ်လိုပြောင်းလဲလာလဲ ဆိုတာကို စောင့်ကြည့်ပါ။
- Essentail oil ကို လက်မှာအနည်းငယ် စမ်းသုံးကြည့်ပါ။
- အလွန်အကျွံ မသုံးသင့်ပါဘူး။
Zombie (Lovemedia)
For Zawgyi
Essential oils ကို မၾကာခဏအသုံးျပဳတဲ့အခါ ရလာမယ့္ဆိုးက်ိဳး (၆)မ်ိဳး
Essential oil ကို အလွအပပစၥည္းေတြကေန စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကို ကုသတဲ့အထိ အသုံးျပဳၾကပါတယ္။ တန္ေဆးလြန္ေဘးဆိုတဲ့စကားပုံအတိုင္း essential oil ကို ခဏခဏ အသုံးျပဳရင္ ရလာမယ့္ ဆိုးက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ အဆိပ္သင့္ျခင္း
ႏွစ္စဥ္ essential oil ကို ေသာက္မိလို႔ အဆိပ္သင့္ရတဲ့ ျဖစ္ရပ္ေတြ ရွိေနပါတယ္။ အမ်ားစုကေတာ့ ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ Essential oil အနည္းငယ္ကို ေသာက္မိရင္ေတာင္ အန္တာ၊ အဆုတ္ထိခိုက္တာ၊ ဗဟိုအာ႐ုံေၾကာစနစ္ကို ထိခိုက္တာေတြ ျဖစ္တတ္ပါတယ္။ ရနံ႔ဆီေတြထဲကမွ ယူကလစ္ဆီကို ေသာက္မိရင္ ပိုဆိုးတတ္ပါတယ္။ Essential oil ကို အမ်ားစုက ေခ်ာင္းဆိုးေပ်ာက္ေဆးရည္နဲ႔ မွားေသာက္ၾကတာျဖစ္ပါတယ္။
၂၊ အမ်ိဳးသားမ်ား ရင္သားဖြံ႕ၿဖိဳးလာျခင္း
Essential oil ေၾကာင့္ အမ်ိဳးသားေတြမွာ ရင္သားႀကီးထြားလာတာေတြ ျဖစ္ဖူးပါတယ္။ တကယ္ေတာ့ essential oil က အမ်ိဳးသားေဟာ္မုန္းကိုေရာ အမ်ိဳးသမီး ေဟာ္မုန္းကိုပါ ကေမာက္ကမ ျဖစ္ေစတာပါ။
၃။ ေနေရာင္အထိမခံႏိုင္ျခင္း
ရနံ႔ဆီေတြမွာ citric ဆီနဲ႔ bergamot ဆီ ပါဝင္ပါတယ္။ Cirtic ဆီေၾကာင့္ ေနေရာင္နဲ႔ ထိေတြ႕တဲ့အခါ အသားအေရ ေလာင္သြားပါတယ္။ ရနံ႔ဆီကို သုံးၿပီး ေနေရာင္ထဲထြက္တဲ့အခါ အခ်ိဳ႕လူေတြမွာ ေရၾကည္ဖုေတြ ေပါက္လာပါတယ္။
၄။ အေရျပား ဓါတ္မတည့္ျခင္း
ရနံ႔ဆီကို ခဏခဏ အသုံးျပဳတဲ့အခါ အေရျပားယားယံျခင္း၊ အဖုအပိမ့္ေပါက္ျခင္း၊ အသားပူစပ္လာျခင္းေတြ ျဖစ္လာပါတယ္။ တကယ္ေတာ့ ထိခိုက္ဒဏ္ရာ ရထားတဲ့ အေရျပားေပၚမွာ essential oil ကို ပိုလို႔ေတာင္ မသုံးသင့္ပါဘူး။
၅။ ကိုယ္ဝန္ေဆာင္မိခင္ကို ထိခိုက္ႏိုင္ျခင္း
Essential oil မွာပါဝင္တဲ့ စြဲေစတတ္တဲ့ အရာေတြက ကိုယ္ဝန္ေဆာင္ မိခင္ေတြအတြက္ အႏၲရာယ္ရွိပါတယ္။ တစ္ခါတရံမွာ သူ႔ရဲ႕အနံ႔က မအီမသာျဖစ္တာ၊ ေခါင္းကိုက္တာ၊ အန္တာ၊ မူးေနာက္တာျဖစ္ေစပါတယ္။ အခ်ိဳ႕မိခင္ေတြက essential oil ကို အခ်င္းအထိ စိမ့္ဝင္ေအာင္ ဗိုက္ေပၚလိမ္းၾကပါတယ္။ အဲဒီလိုလိမ္းျခင္းကေန အဆိုးဆုံးအေျခအေနကေတာ့ ကေလးပ်က္က်တဲ့အထိ ျဖစ္ေစႏိုင္ပါတယ္၊
၆။ ဓါတ္မတည့္ျခင္း
ရနံ႔ဆီက အသားအေရ ဓါတ္မတည့္႐ုံတင္ မကပါဘူး။ မ်က္လုံးနဲ႔ အသက္ရႉစနစ္ကိုပါ ဓါတ္မတည့္တာျဖစ္ေစပါတယ္။ ေမႊးလြန္းတဲ့ရနံ႔ဆီေၾကာင့္ ႏွာေခ်တာ၊ ႏွာရည္က်တာ၊ အသက္ရႉက်ပ္တာေတြကို တစ္ခါတရံ ႀကဳံရႏိုင္ပါတယ္။
Bonus
ရနံ႔ဆီတိုင္းလိုလိုက အႏၲရာယ္ရွိတာေတာ့ မဟုတ္ပါဘူး။ အခ်ိဳ႕ေသာ ရနံ႔ဆီေတြကို သဘာဝပစၥည္းေတြနဲ႔ ျပဳလုပ္တာေၾကာင့္ အႏၲရာယ္မျဖစ္ေစႏိုင္ပါဘူး။
Essential oil ကို သုံးေတာ့မယ္ဆိုရင္
- ဆရာဝန္နဲ႔ အရင္တိုင္ပင္ပါ။
- Essential oil သုံးၿပီးတဲ့ေနာက္ ခႏၶါကိုယ္မွာ ဘယ္လိုေျပာင္းလဲလာလဲ ဆိုတာကို ေစာင့္ၾကည့္ပါ။
- Essentail oil ကို လက္မွာအနည္းငယ္ စမ္းသုံးၾကည့္ပါ။
- အလြန္အကြၽံ မသုံးသင့္ပါဘူး။
Zombie (Lovemedia)
0 Comments