အမြဲတမ်း နှာခေါင်းပိတ်နေတဲ့သူတွေက နေရထိုင်ရခက်လို့ နှာခေါင်းပိတ်တာကို မြန်မြန်ပျောက်ချင်ကြပါတယ်။

6. မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်ပေးပါ။

© depositphotos

မျက်ခုံးနှစ်ခုကြားကို ညင်ညင်သာသာ နှိပ်နယ်ပေးရင် ဦးခေါင်းခွံနဲ့ နှာခေါင်းပေါက် ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း ရောင်ရမ်းတာကို ကာကွယ်ပြီးဖြစ်စေပါတယ်။

5. နှာခေါင်းတစ်လျှောက် နှိပ်နယ်ပေးပါ။

© depositphotos

နှာခေါင်းတစ်လျှောက်ကို တစ်မိနစ်၊ နှစ်မိနစ် ကြာအောင် ညင်ညင်သာသာ နှိပ်နယ်ပေးရင် နှာခေါင်းအတွင်းက လေလမ်းကြောင်းပွင့်သွားပြီး အသက်ရှူရတာ ကောင်းလာမှာပါ။

4. နှာခေါင်းနဲ့ နှုတ်ခမ်း ကြားကနေရာကို နှိပ်နယ်ပေးပါ။

© depositphotos

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားကို နှစ်မိနစ်ကြာ နှိပ်နယ်ပေးရင် နှာခေါင်းအတွင်းက ရောင်ရမ်းတာတွေ မဖြစ်တော့ပါဘူး။

3. လေစိုထိုင်းမှုထိန်းစက်ကို အသုံးပြုပါ။

© depositphotos

လေစိုထိုင်းမှုက 40% ထက် နည်းတဲ့အခါ နှာခေါင်းထဲက နှာရည်တွေက ခြောက်သွားပြီး အသက်ရှူရတာ အဆင်ပြေသွားမှာပါ။ နှာရည်တွေကများပြီး လေစိုထိုင်းဆက နည်းနေမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ဘက်တီးရီးယားတွေ ရှင်သန်နိုင်မှာပါ။ အသင့်တော်ဆုံး စိုထိုင်းဓာတ်က 40 ရာခိုင်နှုန်းကနေ 60 ရာခိုင်နှုန်းအထိပဲ ဖြစ်ပါတယ်။

2. နှာခေါင်းကို နွေးနွေးထွေးထွေးထားပါ။

© depositphotos

အနွေးဓာတ်ပေးထားတဲ့ လက်ကိုင်ပဝါနဲ့ပဲ ဖြစ်ဖြစ်၊ ရေနွေးထဲ ထည့်စိမ်ထားတဲ့ လက်ကိုင်ပဝါနဲ့ပဲဖြစ်ဖြစ် အနွေးဓာတ်ပါတဲ့ လက်ကိုင်ပဝါနဲ့သာ နှာချေပါ။ တော်သင့်ရုံနွေးတဲ့ ရေနွေးလောက်ဆိုရင် အဆင်ပြေပါပြီ။ နှာခေါင်းကို နွေးနွေးထွေးထွေးထားရင် နှာခေါင်းပိတ်တာ သက်သာသွားမှာပါ။

1. လေ့ကျင့်ခန်းလုပ်ပါ။

© depositphotos

နှလုံးခုန်နှုန်းက ပုံမှန်ပဲဆိုရင်၊ ခန္ဓာကိုယ်ကလည်း နွေးနေတယ်ဆိုရင် နှာခေါင်းပိတ်နေတာ မြန်မြန်သက်သာသွားမှာပါ။ 15 မိနစ်ကြာအောင် လေ့ကျင့်ခန်း လုပ်ပေးလိုက်ရင် သွေးပူလာပြီး နှာခေါင်းပိတ်နေတာ အဆင်ပြေသွားမှာပါ။

Zombie (LoveMedia)

For Zawgyi

နှာခေါင်းပိတ်ခြင်းကို ၁၅ မိနစ်ထဲနဲ့ သက်သာစေမယ့် နည်းလမ်းများ












1. လေ့ကျင့်ခန်းလုပ်ပါ။


Zombie (LoveMedia)