တနင်္ဂနွေ

သင်၏စီးပွားရေးသည် လုပ်ရကိုင်ရ ခက်သောအချိန် ဖြစ်သည်။ အလုပ်တူ ဧည့်သည်များ မိတ်ဆွေများကို ဧည့်ခံဖြစ်မည်။ အလုပ်ပျက်ခြင်း၊ ခွင့်မကြာခဏ ယူရတတ်ခြင်းများ ရှိမည်။ မလုပ်ဖူးသော အလုပ်ကို စွန့်စား၍မလုပ် သင့်ပါ။ အရှုံးပေါ်မည်။ သင့်အတွေးခေါ်၊ စိတ်ကူး၊ ကြံဆမှုများကို မူတည်ပြီး အနေအထား အပြောင်းအလဲများစွာ ကြုံတွေ့နေရပါလိမ့်မည်။

အခြား သူတို့နှင့် အသွင်မတူသော ရှုထောင့်အမြင်မှ အရာရာကို ပုံဖေါ်ဆောင်ရွက်မှုများ ကြောင့် လွဲချော်မှုအမှားအယွင်းများ ပေါ်ပေါက်တွေ့ကြုံလာ နိုင်ပါသည်။ တပည့်သားသမီးများ၏ အကြံများကို ယုံကြည်အားကိုးရာမှ ရှင်းရခက်သော ပြဿနာများ ပေါ်ပေါက်လာတတ်ပါသည်။ အိမ်ထောင်ရေးတွင် အိမ်ထောင် ဖက် ၏ အခက်အခဲများကို ကူညီဖြေရှင်း ပေးရလိမ့် မည်။ အားငယ်နေ၍ အားပေးဖြစ်မည်။

ပညာရေးတွင် ခေတ် ပညာကို တစ်ခုပြီးတစ်ခု သင်ယူနေဖြစ်မည်။ မိတ်ဆွေ ကောင်း တို့၏ အကူအညီရမည်။ ဆရာများ၏စောင့် ရှောက်မှုကို အပြည့်အဝရရှိမည်။ အချစ်ရေးတွင် ပညာသင်ရင်း ချစ်သူရရှိမည်။ ပျော်ရွှင်ဖွယ်ရာ ချစ်ခရီးပင် ဖြစ်ပါသည်။ ကျန်းမာရေးတွင် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်နေရာမှ ကိုက်ခဲနာ ကျင် တတ်သည်။ အနေအထိုင်မတတ်၍သာ ရောဂါရနိုင်ပါသည်။

အကျိုးပေးဂဏန်း - 5 /0 /1

အထူးဟော - အောင်မြင်နိုင်သော်လည်း အတွေးအခေါ်၊ စိတ်ကူးကောင်းမှ အဆင်ပြေမည်။

ယတြာ - ထောပတ်ထမင်း ဘုရားကပ်လှူပေးပါ။

တနင်္လာ

စီးပွားရေးတွင် ဂုဏ်သိက္ခာရှိသော လုပ်ငန်းများကိုသာ လုပ်ကိုင်ရလိမ့်မည်။ မြေ၊ ယာ၊ အဆောက် အဦး များအတွက် ငွေကြေးကုန်ကျမှုများတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်သမား အခက်အခဲရှိမည်။ ချုပ်ဆိုထားခဲ့သော စာချုပ်များနှင့် ပတ်သက်၍ စရန်ငွေများ ဆုံးရှုံးနိုင်ပါသည်။ ထူးခြားသောအပြောင်းအလဲများ ဖြစ်ပေါ်လာမည်။ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။

ကိုယ်က ကူညီလိုက်၍ အဆင်ပြေသွားသူများ ကပင် ကိုယ့်ကိုပြန်၍ ဒုက္ခပေးတတ်ပါသည်။ နေရာထိုင်ခင်းကိစ္စ အတွက် စကားပြောဆိုရတတ်သည်။ အိမ်ထောင် ရေးမှာ တည်ငြိမ်သော အိမ်ထောင်ရေး ဖြစ်ပါသည်။ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးအတွက် စိတ်ပူပန်နေ ဖြစ် မည်။ ပညာရေးတွင် ရက်တို၊ လတို သင်တန်းများ တတ်ရောက်ဖြစ်မည်။

အချစ်ရေးတွင် အချစ်ဟောင်းတို့ လွင့် မျောသွားပြီး အချစ်သစ်တို့ ပွင့်လန်းထွက်ပေါ်ရာ ကာလဖြစ်သည်။ ကာလရှည်ကြာ ကြိုးစားအားထုတ်မှုများမှ ကောင်းသောအကျိုးဆက်များ ရရှိမည်။ ကျန်းမာရေးတွင် ခရီးသွားရင်း (သို့မဟုတ်) လူနာအမေးသွားရင်းမှ ရောဂါ ကူးစက်တတ်သည်။ ပစ္စည်းပျောက်၊ စာရင်းမှား၍ စိတ်သောကရောက်ရမည်။ စိတ်လေလွင့် မည်။ သည်းခြေ အားနည်း မည်။ ဓါတ်လိုက်ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၁/ ၆ /၉

အထူးဟော - ငွေကြေးဆုံးရှုံးမှုတွေဖြစ်ရတတ်ပါတယ်။

ယတြာ - ရဟန်းတစ်ပါးကိုသော့လှူလိုက်ပါ။

အင်္ဂါ

သင်၏စီးပွားရေးသည် လက်ရှိအလုပ်ကိုသာ မှေးလုပ်နေဖြစ်မည်။ ရပ်ထားသော အလုပ်များကို ပြန်လည် လုပ်ဖြစ်ရန် ကြိုးစားနေဖြစ်မည်။ မိတ်ဆွေကောင်းများ၊ ဆရာကောင်းများ၏ ကူညီမှုကို ရရှိမည်။ အိမ်၊ ခြံမြေ ငှားရမ်းမှုများ၊ ရောင်းချမှုများ ပြုလုပ်ဖြစ်မည်။ နိုင်ငံရပ်ခြား သွားရောက်လိုသူများ အခက်အခဲကြုံပြီးမှ သွား ဖြစ်မည်။

အလွဲလွဲ၊ အချော်ချော် နှင့် မှန်းထားသည်ကတစ်မျိုး၊ လက်တွေ့က တစ်မျိုးဖြစ်မည်။ အကုန်အကျများမည်။ အပျောက်အရှများမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် အကြီးအကျယ် စကားများပြီး အိမ်ပေါ်မှဆင်း သွားတတ်သည်။ မကြာခင်ပဲ စိတ်ပြေ၍ ပြန်လည်ရောက်ရှိလာလိမ့်မည်။ ထိုနောက် နားလည်ခွင့်လွှတ်တတ်လာ မည်။

ပညာရေးတွင် အိုင်တီနည်းပညာရပ်များ ၊လက်တွေ့အသုံးချ ပညာရပ်များကို သင်ကြားဖြစ်မည်။ သင်လွယ်၊ တတ်လွယ်သော အချိန်ဖြစ်သည်။ သို့သော် ပညာရေး အထောက်အကူပြု စက်ပစ္စည်း၊ ကွန်ပျူတာ၊ စသည်တို့ အတွက် စိတ်သောကရှိမည်။ အချစ်ရေးတွင် ချစ်သူ ဝိုင်းဝိုင်းလည်နေသော အချိန်ဖြစ်သည်။ နှစ်ယောက်ပြိုင်တူ ချစ်မိမည်။ ကျန်းမာရေးတွင် အိပ်ရေးပျက်မည်။ ခြေချော် လဲကျတတ်သည်။ တောထဲတောင်ထဲ သွားသူများ ငှက်ဖျားရောဂါနှင့် တိရစ္ဆာန်တို့၏ ကိုက်ခဲမှုများ ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၂ /၇ /၀

အထူးဟော - ရန်အတိုက်အခိုက်နှင့်ယှဉ်၍ လုပ်ကိုင်ရတတ်သည်။

ယတြာ - ငါးသေတ္တာတစ်ဗူး မိတ်ဆွေတစ်ဦးကို လှူလိုက်ပါ။

ဗုဒ္ဓဟူး/ ရာဟု

ဒီကာလအတွင်း အလုပ်တွင် ငွေကြေးနှင့် စာရင်းများကို ယုံကြည်စွာ လွှဲအပ်ခြင်းခံရမည်။ ဆက်သွယ်ရေး၊ ဆက်ဆံရေး ကောင်းမွန်သဖြင့် အကျိုးအမြတ်များ ရရှိနေမည်။ အလုပ်သမား ဝန်ထမ်းများ၏ ဦးစီခေါင်းဆောင် ဖြစ်လာမည်။ အများအကျိုးကို သယ်ပိုးရွက်ဆောင် ဖြစ်မည်။ စက်ပစ္စည်း၊ မြေယာ၊ အဆောက်အဦးမှ လွဲ၍ အခြားအလုပ်များ အောင်မြင်မည်။ အပြိုင်အဆိုင်၊ အတိုက်အခံမှန်သမျှကို ကျော်လွှား၍ အလိုဆန္ဒပြည့်စုံမည်။

ထိပ်တိုက်ရင်ဆိုင်မှု မှန်သမျှအပေါ် အနိုင်ယူနိုင်မည်။ လုပ်ငန်းမရှိသူများ လုပ်ငန်းရမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ အထောက်အပံ့များရမည်။ ငွေကြေး၊ ပညာ၊ ဂုဏ်သိက္ခာ အစစ မြင့်မားနေမည်။ တင့်တယ် သာယာသော အိမ်တွင်းရေး ဖြစ်သည်။ ပညာရေးတွင် အများအကျိုးပြုသော ပညာရပ်များကို သင်ယူဖြစ်မည်။ လူမျိုးခြားတို့၏ ကူညီမှုကို ရရှိမည်။

အချစ်ရေးတွင် ကိုယ့်အောက်ငယ်သော အလုပ်သမားဝန်ထမ်းများ၏ ချစ်မြတ်နိုးမှု ခံရတတ်သည်။ ငယ်ရွယ်သူများ လူမျိုးခြားတို့နှင့် ချစ်ကြိုးသွယ်မည်။ ရှောင်လွှဲမရသော အချစ်များ တွေ့ကြုံရမည်။ အချစ်၏ ကြင်နာယုယမှု အပြည့်အဝရရှိမည်။ ကျန်းမာရေးကောင်းနေ၍ စားကောင်းခြင်း၊ အိပ်ကောင်းခြင်း ရှိမည်။ သွေလေးပြီး ထိုင်းမှိုင်းလေးလံရုံမျှသာ ဖြစ်မည်။

အကျိုးပေးဂဏန်း - ၁ /၃/ ၈

အထူးဟော - မိမိနဲ့မွေးနံတူသူတစ်ဦးနှင့်စပ်တူထီထိုးပါ။

ယတြာ - ဩဇာသီးမှည့် ၃လုံးဘုရားကပ်လှူပေးပါ

credit photo

ကြာသပတေး

သင်၏စီးပွားရေးတွင် ဖခင်၊ ဆရာ၊ မိတ်ဆွေများ၏ အကူအညီကြောင့် လုပ်ငန်းတိုးတတ်အောင်မြင်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်၍ အထူးအောင်မြင်မည်။ ဝန်ထမ်းအချို့ နေရာပြောင်းရွှေ့ဖြစ်မည်။ အလွန်ထူးချွန်သောသူများ အလုပ်မှာဋ္ဌာနပြောင်းရတတ်သည် သို့မဟုတ် ရာထူးတတ်မည်။ စပ်တူလုပ်ငန်းများမှ အရှုံးပြနေမည်။ အကျိုးဆောင်နှင့် ဝန်ဆောင်လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေမည်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ ဆွေမျိုးများအား စောင့်ရှောက်ပေးဖြစ်မည်။ အဆောက်အဦးနှင့် ပတ်သက်၍ လင်မယား စကားများရတတ်သည်။ အစားအသောက် လက်ဆုံမစားဖြစ်တတ်ပါ။ မိသားစုနှင့် ခပ်စိမ်းစိမ်း ဖြစ်နေမည်။ ပညာရေးတွင် အနုပညာ၊ ဓာတ်ပုံ၊ဗီဒီယိုတည်းဖြတ် ပညာရပ်များ သင်ယူဖြစ်မည်။ လွယ်ကူစွာ တတ်မြောက် နိုင်ပါ သည်။ စိတ်ကြည်နူးဖွယ်ရာ ပညာရပ်များ ဖြစ်မည်။ အဝေးသွားရောက်၍ ပညာသင်လျှင် ခက်ခဲသော အချိန်ဖြစ်ပါ သည်။

အချစ်ရေးတွင် ငယ်ကျွမ်းဆွေများ၏ သတင်းများကို ကြားနေရမည်။ နှလုံးသားမှာ အချစ်ပန်းများ ပွင့်လာ သော်လည်း ပိုင်ရှင်မဲ့နှလုံးသား ဖြစ်နေမည်။ မြားနတ်မောင် အိပ်မောကျနေသော အချိန် ဖြစ်ပါသည်။ ကျန်းမာရေး တွင် စိတ်အားငယ်နေမည်။ အဝေးရောက်၊ ဆွေမျိုး၊ မိဘတို့ကို လွမ်းနေမည်။ ဆီပူ၊ မီးပူလောင် ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၂ /၄/ ၅

အထူးဟော - အဆင်ပြေ တိုးတတ်နိုင်ပါတယ်။

ယတြာ - ၂၄ ပစ္စည်းကို ဒီတစ်ပတ်လုံး နေ့စဉ်ရွတ်ပွားပါ။

သောကြာ

သင်၏စီးပွားရေးတွင် ဟိုစပ်စပ် ဒီစပ်စပ်နှင့် ပွစိတတ်နေသော လုပ်ငန်းများမှ အသီးသီး ငွေဝင်နေမည်။ အလုပ်တစ်ခုတည်းကို အပိုင်လုပ်ကိုင်၍မရ၊ နေရာတကာ လူဝင်ဆံ့နေမည်။ ဆရာများနှင့် မိတ်ဆွေများ၏ အလုပ် များကို လုပ်ကိုင်ခွင့်များ ရနေမည်။ အပြောကောင်းလျှင် ကောင်းသလောက် ငွေဝင်နေသော ကာလ ဖြစ်သည်။ မင်း အစိုး ရနှင့်ဆိုင်သော လုပ်ငန်းများ သတိထားပြုလုပ်သင့်သည်။ အမှားအယွင်း ကြုံနိုင်သည်။

စီးပွားရေးလုပ်ငန်းများ တွင် အောက်လက်ငယ်သားကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပါသည်။ လူမှုရေး အကြောင်းကိစ္စများကြောင့် နစ်နာ မှုများ အထူးသတိပြုပါ။ အိမ်ထောင်ရေးသည် အေးစက်တည်ငြိမ်နေသော အသွင်သဏ္ဍာန်ရှိသည်။ ဆွေမျိုးများနှင့် ပတ်သက်၍ စိတ်သောက ရောက်ခဲ့ရသော် လည်း ဆက်လက်အကူအညီ ပေးနေဖြစ်မည်။ ပညာရေးတွင် ဘာသာရေး နှင့် လက်တွေ့အသုံးချရသော ပညာရပ်များ ကို သင်ယူဖြစ်မည်။ ဆရာ၊ မိဘတို့၏ ကူညီမှု အပြည့်အဝရရှိမည်။

အချစ်ရေးတွင် တစ်ဖက်သက် အချစ်ခံ ရတတ်သည်။ အားနာစွာဖြင့် ပြန်ချစ်တတ်သည်။ အရိပ်သဖွယ်ကပ်ပါ နေ သော ချစ်တတ်သူကို တွေ့ကြုံရမည်။ ကျန်းမာရေးတွင် ခြေဆစ်၊ လက်ဆစ်များ နာကျင်ကိုက်ခဲမည်။ အစား အသောက်မှားသဖြင့် ဝမ်းပျက်၊ အစာမကြေ ရောဂါများ ရနိုင်သည်။ များသောအားဖြင့် ကျန်းမာရေး ကောင်း နေမည်။

အကျိုးပေးဂဏန်း - ၆/ ၃ /၅

အထူးဟော - ကံအညံ့အဆိုးလေးတွေ ရောပါနေတတ်ပါတယ်။

ယတြာ - ပေါက်ဆီ ၃ လုံး ဘုရားကပ်လှူပေးပါ။

စနေ

စီးပွားရေးတွင် လုပ်ငန်းနည်းဗျူဟာများ ပြောင်းလဲလုပ်ကိုင်ဖြစ်မည်။ နယ်ခြား၊ ခရီးဝေး၊ နယ်လုပ်ငန်းများ ကို ဆက်သွယ်လုပ်ကိုင်ဖြစ်မည်။ နည်းပညာကောင်းများ ရှိနေသော်လည်း ငွေအရင်းနည်းနေမည်။ အရောင်းအဝယ် ကောင်းမည်။ အဟောင်းပစ္စည်းများ နှစ်ရှည်ကြာစွာ စုထားသောပစ္စည်းများမှ အမြတ်ရမည်။ ဆောက်လုပ်ရေး လုပ်ငန်းများမှ အမြတ်ရမည်။ ပေါ်ပေါက်လာသော အခြေအနေ၊ အခွင့်အရေးတို့ကို အလောတကြီး အသုံးချမိ၍ တိုးတတ်ဖြစ်ထွန်းမှုများ လျော့ပါးတတ်သည်။

အိမ်ထောင်ရေးသည် သာယာသော အိမ်ထောင်ရေး ဖြစ်သည်။ အိမ်ထောင်ဖက်၏ အလုပ်များအောင်မြင်မည်။ အိမ်ဖေါ်များကြောင့် ပြဿနာတတ်ရတတ်သည်။ အိမ်နီးနားချင်းနှင့် အဆင်မပြေ ဖြစ်ရတတ်သည်။ အတင်းအဖျင်းပြောခံရမည်။ ပညာရေးတွင် နှောင့်နှေးကြန့်ကြာမည်။ ဆရာ ရွေးချယ် ရခက်နေ မည်။ ဆွေမျိုးအသိ မိတ်ဆွေများထဲမှ ဆရာကောင်းရရှိမည်။

အားကစားပညာရပ်များ ထူးချွန်မည်။ အချစ် ရေး တွင် သနားစဖွယ် ချစ်ရသူတစ်ဦးကို တွေ့မည်။ ချစ်လိုသော်လည်း မဝံ့မရဲ ဖြစ်နေမည်။ ချစ်ဦးသူကို တမ်းတ သတိရနေ မည်။ မိမိကို ချစ်နေသူ ပေါ်လာသော်လည်း အချစ်ဦးကို သစ္စာရှိနေမည်။ ကျန်းမာရေးတွင် ခြင်၊ ပုရွက် ဆိတ်၊ ပိုးမွှားများကြောင့် ရောဂါရလိမ့်မည်။ ဒူး၊ခါးနာမည်။ ပုံမှန်ထက်ပို၍ ကျန်းမာရေး ကောင်းနေမည်။

အကျိုးပေးဂဏန်း - ၄/ ၆/ ၈

အထူးဟော - အကောင်းအဆိုးတွေ ဒွန်တွဲနေတတ်ပါတယ်။

ယတြာ - လက်ဖက်ရည်ထုပ်လေးများ နွမ်းပါးသူများကိုပေးကမ်းလှူဒါန်းပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

0977 5555 695

For Zawgyi

8.10.2020 မွ 14.10.2020 အထိ ၇ ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း

တနဂၤေႏြ

သင္၏စီးပြားေရးသည္ လုပ္ရကိုင္ရ ခက္ေသာအခ်ိန္ ျဖစ္သည္။ အလုပ္တူ ဧည့္သည္မ်ား မိတ္ေဆြမ်ားကို ဧည့္ခံျဖစ္မည္။ အလုပ္ပ်က္ျခင္း၊ ခြင့္မၾကာခဏ ယူရတတ္ျခင္းမ်ား ရွိမည္။ မလုပ္ဖူးေသာ အလုပ္ကို စြန႔္စား၍မလုပ္ သင့္ပါ။ အရႈံးေပၚမည္။ သင့္အေတြးေခၚ၊ စိတ္ကူး၊ ႀကံဆမႈမ်ားကို မူတည္ၿပီး အေနအထား အေျပာင္းအလဲမ်ားစြာ ႀကဳံေတြ႕ေနရပါလိမ့္မည္။

အျခား သူတို႔ႏွင့္ အသြင္မတူေသာ ရႈေထာင့္အျမင္မွ အရာရာကို ပုံေဖၚေဆာင္႐ြက္မႈမ်ား ေၾကာင့္ လြဲေခ်ာ္မႈအမွားအယြင္းမ်ား ေပၚေပါက္ေတြ႕ႀကဳံလာ ႏိုင္ပါသည္။ တပည့္သားသမီးမ်ား၏ အႀကံမ်ားကို ယုံၾကည္အားကိုးရာမွ ရွင္းရခက္ေသာ ျပႆနာမ်ား ေပၚေပါက္လာတတ္ပါသည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ ဖက္ ၏ အခက္အခဲမ်ားကို ကူညီေျဖရွင္း ေပးရလိမ့္ မည္။ အားငယ္ေန၍ အားေပးျဖစ္မည္။

ပညာေရးတြင္ ေခတ္ ပညာကို တစ္ခုၿပီးတစ္ခု သင္ယူေနျဖစ္မည္။ မိတ္ေဆြ ေကာင္း တို႔၏ အကူအညီရမည္။ ဆရာမ်ား၏ေစာင့္ ေရွာက္မႈကို အျပည့္အဝရရွိမည္။ အခ်စ္ေရးတြင္ ပညာသင္ရင္း ခ်စ္သူရရွိမည္။ ေပ်ာ္႐ႊင္ဖြယ္ရာ ခ်စ္ခရီးပင္ ျဖစ္ပါသည္။ က်န္းမာေရးတြင္ ဆီးခ်ဳပ္၊ ဝမ္းခ်ဳပ္ ျဖစ္ေနရာမွ ကိုက္ခဲနာ က်င္ တတ္သည္။ အေနအထိုင္မတတ္၍သာ ေရာဂါရႏိုင္ပါသည္။

အက်ိဳးေပးဂဏန္း - 5 /0 /1

အထူးေဟာ - ေအာင္ျမင္ႏိုင္ေသာ္လည္း အေတြးအေခၚ၊ စိတ္ကူးေကာင္းမွ အဆင္ေျပမည္။

ယၾတာ - ေထာပတ္ထမင္း ဘုရားကပ္လႉေပးပါ။

တနလၤာ

စီးပြားေရးတြင္ ဂုဏ္သိကၡာရွိေသာ လုပ္ငန္းမ်ားကိုသာ လုပ္ကိုင္ရလိမ့္မည္။ ေျမ၊ ယာ၊ အေဆာက္ အဦး မ်ားအတြက္ ေငြေၾကးကုန္က်မႈမ်ားတတ္သည္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အလုပ္သမား အခက္အခဲရွိမည္။ ခ်ဳပ္ဆိုထားခဲ့ေသာ စာခ်ဳပ္မ်ားႏွင့္ ပတ္သက္၍ စရန္ေငြမ်ား ဆုံးရႈံးႏိုင္ပါသည္။ ထူးျခားေသာအေျပာင္းအလဲမ်ား ျဖစ္ေပၚလာမည္။ အေရးပါေသာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရမည္။

ကိုယ္က ကူညီလိုက္၍ အဆင္ေျပသြားသူမ်ား ကပင္ ကိုယ့္ကိုျပန္၍ ဒုကၡေပးတတ္ပါသည္။ ေနရာထိုင္ခင္းကိစၥ အတြက္ စကားေျပာဆိုရတတ္သည္။ အိမ္ေထာင္ ေရးမွာ တည္ၿငိမ္ေသာ အိမ္ေထာင္ေရး ျဖစ္ပါသည္။ သားသမီးမ်ား၏ က်န္းမာေရး၊ ပညာေရးအတြက္ စိတ္ပူပန္ေန ျဖစ္ မည္။ ပညာေရးတြင္ ရက္တို၊ လတို သင္တန္းမ်ား တတ္ေရာက္ျဖစ္မည္။

အခ်စ္ေရးတြင္ အခ်စ္ေဟာင္းတို႔ လြင့္ ေမ်ာသြားၿပီး အခ်စ္သစ္တို႔ ပြင့္လန္းထြက္ေပၚရာ ကာလျဖစ္သည္။ ကာလရွည္ၾကာ ႀကိဳးစားအားထုတ္မႈမ်ားမွ ေကာင္းေသာအက်ိဳးဆက္မ်ား ရရွိမည္။ က်န္းမာေရးတြင္ ခရီးသြားရင္း (သို႔မဟုတ္) လူနာအေမးသြားရင္းမွ ေရာဂါ ကူးစက္တတ္သည္။ ပစၥည္းေပ်ာက္၊ စာရင္းမွား၍ စိတ္ေသာကေရာက္ရမည္။ စိတ္ေလလြင့္ မည္။ သည္းေျခ အားနည္း မည္။ ဓါတ္လိုက္ခံရတတ္သည္။

အက်ိဳးေပးဂဏန္း - ၁/ ၆ /၉

အထူးေဟာ - ေငြေၾကးဆုံးရႈံးမႈေတြျဖစ္ရတတ္ပါတယ္။

ယၾတာ - ရဟန္းတစ္ပါးကိုေသာ့လႉလိုက္ပါ။

အဂၤါ

သင္၏စီးပြားေရးသည္ လက္ရွိအလုပ္ကိုသာ ေမွးလုပ္ေနျဖစ္မည္။ ရပ္ထားေသာ အလုပ္မ်ားကို ျပန္လည္ လုပ္ျဖစ္ရန္ ႀကိဳးစားေနျဖစ္မည္။ မိတ္ေဆြေကာင္းမ်ား၊ ဆရာေကာင္းမ်ား၏ ကူညီမႈကို ရရွိမည္။ အိမ္၊ ၿခံေျမ ငွားရမ္းမႈမ်ား၊ ေရာင္းခ်မႈမ်ား ျပဳလုပ္ျဖစ္မည္။ ႏိုင္ငံရပ္ျခား သြားေရာက္လိုသူမ်ား အခက္အခဲႀကဳံၿပီးမွ သြား ျဖစ္မည္။

အလြဲလြဲ၊ အေခ်ာ္ေခ်ာ္ ႏွင့္ မွန္းထားသည္ကတစ္မ်ိဳး၊ လက္ေတြ႕က တစ္မ်ိဳးျဖစ္မည္။ အကုန္အက်မ်ားမည္။ အေပ်ာက္အရွမ်ားမည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္ႏွင့္ အႀကီးအက်ယ္ စကားမ်ားၿပီး အိမ္ေပၚမွဆင္း သြားတတ္သည္။ မၾကာခင္ပဲ စိတ္ေျပ၍ ျပန္လည္ေရာက္ရွိလာလိမ့္မည္။ ထိုေနာက္ နားလည္ခြင့္လႊတ္တတ္လာ မည္။

ပညာေရးတြင္ အိုင္တီနည္းပညာရပ္မ်ား ၊လက္ေတြ႕အသုံးခ် ပညာရပ္မ်ားကို သင္ၾကားျဖစ္မည္။ သင္လြယ္၊ တတ္လြယ္ေသာ အခ်ိန္ျဖစ္သည္။ သို႔ေသာ္ ပညာေရး အေထာက္အကူျပဳ စက္ပစၥည္း၊ ကြန္ပ်ဴတာ၊ စသည္တို႔ အတြက္ စိတ္ေသာကရွိမည္။ အခ်စ္ေရးတြင္ ခ်စ္သူ ဝိုင္းဝိုင္းလည္ေနေသာ အခ်ိန္ျဖစ္သည္။ ႏွစ္ေယာက္ၿပိဳင္တူ ခ်စ္မိမည္။ က်န္းမာေရးတြင္ အိပ္ေရးပ်က္မည္။ ေျခေခ်ာ္ လဲက်တတ္သည္။ ေတာထဲေတာင္ထဲ သြားသူမ်ား ငွက္ဖ်ားေရာဂါႏွင့္ တိရစာၦန္တို႔၏ ကိုက္ခဲမႈမ်ား ခံရတတ္သည္။

အက်ိဳးေပးဂဏန္း - ၂ /၇ /၀

အထူးေဟာ - ရန္အတိုက္အခိုက္ႏွင့္ယွဥ္၍ လုပ္ကိုင္ရတတ္သည္။

ယၾတာ - ငါးေသတၱာတစ္ဗူး မိတ္ေဆြတစ္ဦးကို လႉလိုက္ပါ။

ဗုဒၶဟူး/ ရာဟု

ဒီကာလအတြင္း အလုပ္တြင္ ေငြေၾကးႏွင့္ စာရင္းမ်ားကို ယုံၾကည္စြာ လႊဲအပ္ျခင္းခံရမည္။ ဆက္သြယ္ေရး၊ ဆက္ဆံေရး ေကာင္းမြန္သျဖင့္ အက်ိဳးအျမတ္မ်ား ရရွိေနမည္။ အလုပ္သမား ဝန္ထမ္းမ်ား၏ ဦးစီေခါင္းေဆာင္ ျဖစ္လာမည္။ အမ်ားအက်ိဳးကို သယ္ပိုး႐ြက္ေဆာင္ ျဖစ္မည္။ စက္ပစၥည္း၊ ေျမယာ၊ အေဆာက္အဦးမွ လြဲ၍ အျခားအလုပ္မ်ား ေအာင္ျမင္မည္။ အၿပိဳင္အဆိုင္၊ အတိုက္အခံမွန္သမွ်ကို ေက်ာ္လႊား၍ အလိုဆႏၵျပည့္စုံမည္။

ထိပ္တိုက္ရင္ဆိုင္မႈ မွန္သမွ်အေပၚ အႏိုင္ယူႏိုင္မည္။ လုပ္ငန္းမရွိသူမ်ား လုပ္ငန္းရမည္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္၏ အေထာက္အပံ့မ်ားရမည္။ ေငြေၾကး၊ ပညာ၊ ဂုဏ္သိကၡာ အစစ ျမင့္မားေနမည္။ တင့္တယ္ သာယာေသာ အိမ္တြင္းေရး ျဖစ္သည္။ ပညာေရးတြင္ အမ်ားအက်ိဳးျပဳေသာ ပညာရပ္မ်ားကို သင္ယူျဖစ္မည္။ လူမ်ိဳးျခားတို႔၏ ကူညီမႈကို ရရွိမည္။

အခ်စ္ေရးတြင္ ကိုယ့္ေအာက္ငယ္ေသာ အလုပ္သမားဝန္ထမ္းမ်ား၏ ခ်စ္ျမတ္ႏိုးမႈ ခံရတတ္သည္။ ငယ္႐ြယ္သူမ်ား လူမ်ိဳးျခားတို႔ႏွင့္ ခ်စ္ႀကိဳးသြယ္မည္။ ေရွာင္လႊဲမရေသာ အခ်စ္မ်ား ေတြ႕ႀကဳံရမည္။ အခ်စ္၏ ၾကင္နာယုယမႈ အျပည့္အဝရရွိမည္။ က်န္းမာေရးေကာင္းေန၍ စားေကာင္းျခင္း၊ အိပ္ေကာင္းျခင္း ရွိမည္။ ေသြေလးၿပီး ထိုင္းမႈိင္းေလးလံ႐ုံမွ်သာ ျဖစ္မည္။

အက်ိဳးေပးဂဏန္း - ၁ /၃/ ၈

အထူးေဟာ - မိမိနဲ႔ေမြးနံတူသူတစ္ဦးႏွင့္စပ္တူထီထိုးပါ။

ယၾတာ - ဩဇာသီးမွည့္ ၃လုံးဘုရားကပ္လႉေပးပါ

ၾကာသပေတး

သင္၏စီးပြားေရးတြင္ ဖခင္၊ ဆရာ၊ မိတ္ေဆြမ်ား၏ အကူအညီေၾကာင့္ လုပ္ငန္းတိုးတတ္ေအာင္ျမင္မည္။ ေရလုပ္ငန္း၊ ေရထြက္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ အထူးေအာင္ျမင္မည္။ ဝန္ထမ္းအခ်ိဳ႕ ေနရာေျပာင္းေ႐ႊ႕ျဖစ္မည္။ အလြန္ထူးခြၽန္ေသာသူမ်ား အလုပ္မွာ႒ာနေျပာင္းရတတ္သည္ သို႔မဟုတ္ ရာထူးတတ္မည္။ စပ္တူလုပ္ငန္းမ်ားမွ အရႈံးျပေနမည္။ အက်ိဳးေဆာင္ႏွင့္ ဝန္ေဆာင္လုပ္ငန္းမ်ား ပုံမွန္အတိုင္းလည္ပတ္ေနမည္။

အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္၏ ေဆြမ်ိဳးမ်ားအား ေစာင့္ေရွာက္ေပးျဖစ္မည္။ အေဆာက္အဦးႏွင့္ ပတ္သက္၍ လင္မယား စကားမ်ားရတတ္သည္။ အစားအေသာက္ လက္ဆုံမစားျဖစ္တတ္ပါ။ မိသားစုႏွင့္ ခပ္စိမ္းစိမ္း ျဖစ္ေနမည္။ ပညာေရးတြင္ အႏုပညာ၊ ဓာတ္ပုံ၊ဗီဒီယိုတည္းျဖတ္ ပညာရပ္မ်ား သင္ယူျဖစ္မည္။ လြယ္ကူစြာ တတ္ေျမာက္ ႏိုင္ပါ သည္။ စိတ္ၾကည္ႏူးဖြယ္ရာ ပညာရပ္မ်ား ျဖစ္မည္။ အေဝးသြားေရာက္၍ ပညာသင္လွ်င္ ခက္ခဲေသာ အခ်ိန္ျဖစ္ပါ သည္။

အခ်စ္ေရးတြင္ ငယ္ကြၽမ္းေဆြမ်ား၏ သတင္းမ်ားကို ၾကားေနရမည္။ ႏွလုံးသားမွာ အခ်စ္ပန္းမ်ား ပြင့္လာ ေသာ္လည္း ပိုင္ရွင္မဲ့ႏွလုံးသား ျဖစ္ေနမည္။ ျမားနတ္ေမာင္ အိပ္ေမာက်ေနေသာ အခ်ိန္ ျဖစ္ပါသည္။ က်န္းမာေရး တြင္ စိတ္အားငယ္ေနမည္။ အေဝးေရာက္၊ ေဆြမ်ိဳး၊ မိဘတို႔ကို လြမ္းေနမည္။ ဆီပူ၊ မီးပူေလာင္ ခံရတတ္သည္။

အက်ိဳးေပးဂဏန္း - ၂ /၄/ ၅

အထူးေဟာ - အဆင္ေျပ တိုးတတ္ႏိုင္ပါတယ္။

ယၾတာ - ၂၄ ပစၥည္းကို ဒီတစ္ပတ္လုံး ေန႔စဥ္႐ြတ္ပြားပါ။

ေသာၾကာ

သင္၏စီးပြားေရးတြင္ ဟိုစပ္စပ္ ဒီစပ္စပ္ႏွင့္ ပြစိတတ္ေနေသာ လုပ္ငန္းမ်ားမွ အသီးသီး ေငြဝင္ေနမည္။ အလုပ္တစ္ခုတည္းကို အပိုင္လုပ္ကိုင္၍မရ၊ ေနရာတကာ လူဝင္ဆံ့ေနမည္။ ဆရာမ်ားႏွင့္ မိတ္ေဆြမ်ား၏ အလုပ္ မ်ားကို လုပ္ကိုင္ခြင့္မ်ား ရေနမည္။ အေျပာေကာင္းလွ်င္ ေကာင္းသေလာက္ ေငြဝင္ေနေသာ ကာလ ျဖစ္သည္။ မင္း အစိုး ရႏွင့္ဆိုင္ေသာ လုပ္ငန္းမ်ား သတိထားျပဳလုပ္သင့္သည္။ အမွားအယြင္း ႀကဳံႏိုင္သည္။

စီးပြားေရးလုပ္ငန္းမ်ား တြင္ ေအာက္လက္ငယ္သားေၾကာင့္ ဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ရႏိုင္ပါသည္။ လူမႈေရး အေၾကာင္းကိစၥမ်ားေၾကာင့္ နစ္နာ မႈမ်ား အထူးသတိျပဳပါ။ အိမ္ေထာင္ေရးသည္ ေအးစက္တည္ၿငိမ္ေနေသာ အသြင္သ႑ာန္ရွိသည္။ ေဆြမ်ိဳးမ်ားႏွင့္ ပတ္သက္၍ စိတ္ေသာက ေရာက္ခဲ့ရေသာ္ လည္း ဆက္လက္အကူအညီ ေပးေနျဖစ္မည္။ ပညာေရးတြင္ ဘာသာေရး ႏွင့္ လက္ေတြ႕အသုံးခ်ရေသာ ပညာရပ္မ်ား ကို သင္ယူျဖစ္မည္။ ဆရာ၊ မိဘတို႔၏ ကူညီမႈ အျပည့္အဝရရွိမည္။

အခ်စ္ေရးတြင္ တစ္ဖက္သက္ အခ်စ္ခံ ရတတ္သည္။ အားနာစြာျဖင့္ ျပန္ခ်စ္တတ္သည္။ အရိပ္သဖြယ္ကပ္ပါ ေန ေသာ ခ်စ္တတ္သူကို ေတြ႕ႀကဳံရမည္။ က်န္းမာေရးတြင္ ေျခဆစ္၊ လက္ဆစ္မ်ား နာက်င္ကိုက္ခဲမည္။ အစား အေသာက္မွားသျဖင့္ ဝမ္းပ်က္၊ အစာမေၾက ေရာဂါမ်ား ရႏိုင္သည္။ မ်ားေသာအားျဖင့္ က်န္းမာေရး ေကာင္း ေနမည္။

အက်ိဳးေပးဂဏန္း - ၆/ ၃ /၅

အထူးေဟာ - ကံအညံ့အဆိုးေလးေတြ ေရာပါေနတတ္ပါတယ္။

ယၾတာ - ေပါက္ဆီ ၃ လုံး ဘုရားကပ္လႉေပးပါ။

စေန

စီးပြားေရးတြင္ လုပ္ငန္းနည္းဗ်ဴဟာမ်ား ေျပာင္းလဲလုပ္ကိုင္ျဖစ္မည္။ နယ္ျခား၊ ခရီးေဝး၊ နယ္လုပ္ငန္းမ်ား ကို ဆက္သြယ္လုပ္ကိုင္ျဖစ္မည္။ နည္းပညာေကာင္းမ်ား ရွိေနေသာ္လည္း ေငြအရင္းနည္းေနမည္။ အေရာင္းအဝယ္ ေကာင္းမည္။ အေဟာင္းပစၥည္းမ်ား ႏွစ္ရွည္ၾကာစြာ စုထားေသာပစၥည္းမ်ားမွ အျမတ္ရမည္။ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားမွ အျမတ္ရမည္။ ေပၚေပါက္လာေသာ အေျခအေန၊ အခြင့္အေရးတို႔ကို အေလာတႀကီး အသုံးခ်မိ၍ တိုးတတ္ျဖစ္ထြန္းမႈမ်ား ေလ်ာ့ပါးတတ္သည္။

အိမ္ေထာင္ေရးသည္ သာယာေသာ အိမ္ေထာင္ေရး ျဖစ္သည္။ အိမ္ေထာင္ဖက္၏ အလုပ္မ်ားေအာင္ျမင္မည္။ အိမ္ေဖၚမ်ားေၾကာင့္ ျပႆနာတတ္ရတတ္သည္။ အိမ္နီးနားခ်င္းႏွင့္ အဆင္မေျပ ျဖစ္ရတတ္သည္။ အတင္းအဖ်င္းေျပာခံရမည္။ ပညာေရးတြင္ ေႏွာင့္ေႏွးၾကန႔္ၾကာမည္။ ဆရာ ေ႐ြးခ်ယ္ ရခက္ေန မည္။ ေဆြမ်ိဳးအသိ မိတ္ေဆြမ်ားထဲမွ ဆရာေကာင္းရရွိမည္။

အားကစားပညာရပ္မ်ား ထူးခြၽန္မည္။ အခ်စ္ ေရး တြင္ သနားစဖြယ္ ခ်စ္ရသူတစ္ဦးကို ေတြ႕မည္။ ခ်စ္လိုေသာ္လည္း မဝံ့မရဲ ျဖစ္ေနမည္။ ခ်စ္ဦးသူကို တမ္းတ သတိရေန မည္။ မိမိကို ခ်စ္ေနသူ ေပၚလာေသာ္လည္း အခ်စ္ဦးကို သစၥာရွိေနမည္။ က်န္းမာေရးတြင္ ျခင္၊ ပု႐ြက္ ဆိတ္၊ ပိုးမႊားမ်ားေၾကာင့္ ေရာဂါရလိမ့္မည္။ ဒူး၊ခါးနာမည္။ ပုံမွန္ထက္ပို၍ က်န္းမာေရး ေကာင္းေနမည္။

အက်ိဳးေပးဂဏန္း - ၄/ ၆/ ၈

အထူးေဟာ - အေကာင္းအဆိုးေတြ ဒြန္တြဲေနတတ္ပါတယ္။

ယၾတာ - လက္ဖက္ရည္ထုပ္ေလးမ်ား ႏြမ္းပါးသူမ်ားကိုေပးကမ္းလႉဒါန္းပါ။

၇ ရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြ ျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

0977 5555 695