လူတွေက ခြင်တွေကို မုန်းကြပါတယ်။ ခြင်တွေက လူတွေရဲ့ခန္ဓာကိုယ်ပေါ်ကို အဖုအပိမ့်တွေ ဖြစ်အောင် လုပ်ရုံတင်မကပါဘူး။ တစ်ခါတရံမှာ သေလောက်တဲ့ ရောဂါပိုးမျိုးတွေကိုလည်း သယ်ဆောင်လာတတ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ 1 ရက်နေ့တုန်းက ပြင်သစ်ရေဒီယိုနဲ့ ရုပ်သံဌာနက သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ Aymeric Caron က ခြင်တွေကို ကိုက်ခွင့်ပေးသင့်ကြောင်း video တစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ခြင်တွေမှာလည်း လူတွေလိုပဲ အသက်ရှင်ဖို့ အခွင့်အရေးရှိကြောင်း၊ ခြင်တွေကို သွေးစုပ်ဖို့ မပိတ်ပင်သင့်ကြောင်း Aymeric Caron က ပြောပြပါတယ်။ ခြင်တွေကို သွေးလှူသင့်ကြောင်း၊ ခြင်အမတွေကို သွေးစုပ်ဖို့ ခွင့်ပြုသင့်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ ခြင်အမတွေက ဥဥဖို့အတွက် လူတွေဆီက ပရိုတိန်းဓာတ်နဲ့ သံဓာတ်တွေကို လိုအပ်ကြောင်း Aymeric က ထောက်ခံပြီး ပြောသွားခဲ့ပါတယ်။

Aymeric ရဲ့အမြင်က ခြင်မတွေကလည်း အနာဂတ်ခြင်လေးတွေရဲ့ အမေဖြစ်နေလို့ပါ။ အာဖရိကတိုက်က လူတွေကတော့ ခြင်ကိုက်မခံသင့်ကြောင်း ပြောပါတယ်။အာဖရိကတိုက်မှာ ငှက်ဖျားရောဂါ အဖြစ်များလို့ပါ။ တခြားလူတွေကတော့ ခြင်တွေကို ကိုက်ဖို့ခွင့်ပြုသင့်ကြောင်း Aymeric က အကြံပြုပါတယ်။ Aymeric က ဘာသာရေးကို စူးစမ်းလေ့လာသူ Albert Schweitzer ကို ဥပမာပေးပြီး ပြောပြခဲ့ပါတယ်။

© Shutterstock.com

Albert Schweritzer က အာဖရိကက ခြင်တွေကို သတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်က ခြင်တွေကိုတော့ သူ့သွေးကို စုပ်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ Aymeric က လူမှုရေး၊ နိုင်ငံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လူအများရဲ့ တုံ့ပြန်မှုတွေကို ရခဲ့ပါတယ်။ အဲဒီကတည်းက လူတွေက Aymeric ကို အဓိပ္ပါယ်မရှိတဲ့၊ အခြေအမြစ်မရှိတဲ့ စကားတွေပြောတယ်လို့ ယူဆလာကြပါတယ်။

ဗြိတိန်တိရစ္ဆာန် ထိန်းသိမ်းရေး ဝန်ထမ်းတွေကတော့ ခြင်တွေကို သွေးလှုဖို့၊ မသတ်ဖို့ဟာ မဖြစ်နိုင်သလို ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ဘူးလို့ ပြောပါတယ်။

Zombie (LoveMedia)

For Zawgyi

ျခင္ေတြကို မသတ္ဘဲ ေသြးလႉသင့္ေၾကာင္း ျပင္သစ္သတင္းစာဆရာေျပာ

လူေတြက ျခင္ေတြကို မုန္းၾကပါတယ္။ ျခင္ေတြက လူေတြရဲ႕ခႏၶာကိုယ္ေပၚကို အဖုအပိမ့္ေတြ ျဖစ္ေအာင္ လုပ္႐ုံတင္မကပါဘူး။ တစ္ခါတရံမွာ ေသေလာက္တဲ့ ေရာဂါပိုးမ်ိဳးေတြကိုလည္း သယ္ေဆာင္လာတတ္ပါတယ္။ ဒါေပမယ့္ ဩဂုတ္လ 1 ရက္ေန႔တုန္းက ျပင္သစ္ေရဒီယိုနဲ႔ ႐ုပ္သံဌာနက သတင္းစာဆရာ တစ္ဦးျဖစ္တဲ့ Aymeric Caron က ျခင္ေတြကို ကိုက္ခြင့္ေပးသင့္ေၾကာင္း video တစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ျခင္ေတြမွာလည္း လူေတြလိုပဲ အသက္ရွင္ဖို႔ အခြင့္အေရးရွိေၾကာင္း၊ ျခင္ေတြကို ေသြးစုပ္ဖို႔ မပိတ္ပင္သင့္ေၾကာင္း Aymeric Caron က ေျပာျပပါတယ္။ ျခင္ေတြကို ေသြးလႉသင့္ေၾကာင္း၊ ျခင္အမေတြကို ေသြးစုပ္ဖို႔ ခြင့္ျပဳသင့္ေၾကာင္း၊ ဘာ့ေၾကာင့္လဲဆိုေတာ့ ျခင္အမေတြက ဥဥဖို႔အတြက္ လူေတြဆီက ပ႐ိုတိန္းဓာတ္နဲ႔ သံဓာတ္ေတြကို လိုအပ္ေၾကာင္း Aymeric က ေထာက္ခံၿပီး ေျပာသြားခဲ့ပါတယ္။

Aymeric ရဲ႕အျမင္က ျခင္မေတြကလည္း အနာဂတ္ျခင္ေလးေတြရဲ႕ အေမျဖစ္ေနလို႔ပါ။ အာဖရိကတိုက္က လူေတြကေတာ့ ျခင္ကိုက္မခံသင့္ေၾကာင္း ေျပာပါတယ္။အာဖရိကတိုက္မွာ ငွက္ဖ်ားေရာဂါ အျဖစ္မ်ားလို႔ပါ။ တျခားလူေတြကေတာ့ ျခင္ေတြကို ကိုက္ဖို႔ခြင့္ျပဳသင့္ေၾကာင္း Aymeric က အႀကံျပဳပါတယ္။ Aymeric က ဘာသာေရးကို စူးစမ္းေလ့လာသူ Albert Schweitzer ကို ဥပမာေပးၿပီး ေျပာျပခဲ့ပါတယ္။

Albert Schweritzer က အာဖရိကက ျခင္ေတြကို သတ္ခဲ့ပါတယ္။ ဒါေပမယ့္ ျပင္သစ္က ျခင္ေတြကိုေတာ့ သူ႔ေသြးကို စုပ္ယူဖို႔ ခြင့္ျပဳခဲ့ပါတယ္။ Aymeric က လူမႈေရး၊ ႏိုင္ငံေရး ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး လူအမ်ားရဲ႕ တုံ႔ျပန္မႈေတြကို ရခဲ့ပါတယ္။ အဲဒီကတည္းက လူေတြက Aymeric ကို အဓိပၸါယ္မရွိတဲ့၊ အေျခအျမစ္မရွိတဲ့ စကားေတြေျပာတယ္လို႔ ယူဆလာၾကပါတယ္။

ၿဗိတိန္တိရစာၦန္ ထိန္းသိမ္းေရး ဝန္ထမ္းေတြကေတာ့ ျခင္ေတြကို ေသြးလႈဖို႔၊ မသတ္ဖို႔ဟာ မျဖစ္ႏိုင္သလို ဘယ္ေတာ့မွလည္း ရွိလာမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

Zombie (LoveMedia)