သင့်ချစ်သူက သင့်ကို လွမ်းနေတာမျိုး လိုချင်ပါသလား။ သူ သင့်ကို လွမ်းလာဖို့ ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။ သင့်တန်ဖိုးတွေကို သူနားလည်လာအောင် လုပ်ရမယ့် နည်းလမ်းတွေကို ရှာကြည့်ပြီးပါပြီလား။ Lovemedia ရဲ့ ဒီဆောင်းပါးလေးကတော့ ဘဝမှာ ကိုယ်ချစ်ရတဲ့သူ နားလည်လာစေဖို့ အရေးကြီးတဲ့ အကြောင်းတွေကို ဖော်ပြပေးသွားမှာပါ။

သင့်ချစ်သူက သင့်တန်ဖိုးကို နားလည်လာစေဖို့ဆိုရင် သူ့ကို အနိုင်ကျင့်နေတာတွေ ရပ်လိုက်ပါ။ သူ့ကို ထပ်ခါထပ်ခါ အနိုင်ကျင့် ဗိုလ်ကျပြီး ဆိုးနေမယ်ဆိုရင် သူ့ဘက်က မှန်တယ်လို့ မှတ်ယူသွားပါလိမ့်မယ်။ သင့်ဘက်က အဆုံးထိ မပြောင်းလဲဘူးလို့လည်း ထင်နေမှာပါ။ အဲဒါကြောင့် သင်ဟာ အရေးပါသူအဖြစ် သင့်ချစ်သူက လွမ်းနေရအောင် လုပ်ဖို့လိုပါတယ်။

1. အဆက်အသွယ်ဖြတ်ပါ။

© shutterstock.com

သင့်ရဲ့အရေးပါမှုကို သိဖို့ဆိုရင် အဆက်အသွယ်အားလုံး ဖြတ်ဖို့လိုပါတယ်။ သူ့ကို ရက်အနည်းငယ်လောက် ပစ်ထားပြီး မသိချင်ယောင်ဆောင်နေလိုက်ပါ။ သင့်ချစ်သူကို အထီးကျန်သလို ခံစားရအောင် လုပ်ဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် တစ်စုံတစ်ယောက်ရဲ့ ဥပေက္ခာပြုမှုက နာကျင်ခံစားရပါလား ဆိုတာ သင့်ချစ်သူ နားလည်လာပါလိမ့်မယ်။

2. သူ့ဘက်က ဖုန်းခေါ်လာရင် မကိုင်ပါနဲ့၊ message လည်း ပြန်မပို့ပါနဲ့။

ImgSrc – collegegloss

ဒုတိယအချက်အနေနဲ့ လုပ်ရမှာက သူ့ဘက်က ဖုန်းခေါ်လာရင် မကိုင်မိအောင်၊ message ပို့လာရင် ပြန်မပို့မိအောင် ကြိုးစားရပါမယ်။ တစ်ခါတရံမှာ တစ်စုံတစ်ယောက်ရဲ့ ဂရုမစိုက်တာတွေ၊ မဆိုင်သလို နေလိုက်တာတွေက သိသာတယ်ဆိုတဲ့ အကြောင်း သူသိဖို့ လိုပါတယ်။ သင့်ဘက်က ဖုန်းမကိုင်တဲ့အခါ၊ message ပြန်မပို့တဲ့အခါ သင့်ချစ်သူက သူ့ဘက်က မှန်တယ်လို့ မယူဆတော့ပါဘူး။

3. Social media သုံးတာ နားလိုက်ပါ။

© shutterstock.com

သူများတွေ social media ကို အသည်းအသန် သုံးနေတဲ့အချိန်မှာ သင်က လက်ရှိသုံးနေတဲ့ social media ကို ကန့်သတ်လိုက်ပါ။ ဒီနည်းဖြင့်လည်း သင့်ချစ်သူက သင့်ကို သတိရလာပါလိမ့်မယ်။ သူ့ဘေးမှာ သင်မရှိတာဟာ ဘယ်လောက်တောင် ဆိုးဝါးလဲ ဆိုတာ သူ မသိလာမချင်း ဒီနည်းတွေကို ဆက်သုံးပါ။ အဲဒီနည်းနဲ့ သင့်ချစ်သူက သင့်ကို လွမ်းပြီးရင်း လွမ်းလာပါလိမ့်မယ်။

Zombie (LoveMedia)

For Zawgyi

သင့်ချစ်သူက သင့်ကိုလွမ်းလာအောင် ဘယ်လိုလုပ်ရမလဲ



1. အဆက်အသွယ်ဖြတ်ပါ။






Zombie (LoveMedia)