ကမ္ဘာ့ပထမဆုံး microwave ကို ၁၉၄၀ ခုနှစ်တွေတုန်းက မထင်မှတ်ဘဲ တီထွင်ဖြစ်သွားခဲ့တာပါ။ အခုခေတ်မှာတော့ microwave ဟာ အိမ်ထောင်စုတိုင်းအတွက် အလွန်အရေးပါတဲ့ပစ္စည်း ဖြစ်နေပါပြီ။ Microwave ဟာ ဟင်းတွေ နွှေးစား၊ ချက်စားဖို့ အလွန်အဆင်ပြေပါတယ်။ Microwave မှာ နွှေးမစားသင့်တဲ့ အစားအစာ (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်ဥပြုတ်

© imd**d / Imgur, © ChillingB / Imgur

ကြက်ဥမှာ ပါးလွှာတဲ့အမြှေးပါးနဲ့ အကာရှိပါတယ်။ ကြက်ဥပြုတ်ကို microwave မှာ ထပ်ပြီး နွှေးတဲ့အခါ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ microwave ထဲမှာတင် ကြက်ဥပြုတ်ပေါက်ကွဲ သွားတတ်ပါတယ်။ ဒါမှမဟုတ် ကြက်ဥပြုတ်ကို နွှေးပြီး ကိုက်လိုက်တဲ့အချိန်မှာလည်း ပေါက်ကွဲသွားနိုင်ပါတယ်။

၂။ မုန်လာဥဝါ

© naama y.m. / FreeImages, © Kenneth Carpina / Pexels, © lbochtler / Youtube

မုန်လာဥဝါကို microwave ထဲမှာ ချက်နိုင်၊ အပူပေးနိုင်ပေမယ့် အခွံတွေ ရှိနေသေးတဲ့ မုန်လာဥဝါကို microwave ထဲမှာ ချက်ရင်တော့ အန္တရာယ်ရှိပါတယ်။ မုန်လာဥဝါကို သေချာရေမဆေးထားဘူး ဆိုရင်၊ အကြွင်းအကျန်တွေကို သေချာမသန့်ရှင်းထားဘူးဆိုရင် မြေကြီးထဲက သတ္ထုဓါတ်များစွာက microwave ထဲမှာ မီးပွားတွေ ပွင့်လာတတ်ပါတယ်။ လျှပ်ကူးကြောင်းက ဆက်တိုက်ဖြစ်နေရင် microwave ပျက်စီးသွားပါတယ်။

၃။ အသင့်စားအသားများ

© Robert Coffey / Twitter, © Skitterphoto / Pexels

အသင့်စားအသားတွေမှာ ဆားတွေ၊ ကြာရှည်ခံဆေးတွေ အများကြီးပါဝင်တာကြောင့် အာဟာရ မပြည့်ဝပါဘူး။ အသင့်စားအသားတွေ၊ စည်သွပ်ဘူးထဲက အစားအစာတွေကို micrwave ထဲ ထည့်နွှေးတဲ့အခါ ကိုလက်စထရောမြင့်လာပြီး အဲဒီကနေ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ အန္တရာယ်အကင်းဆုံးနည်းက ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းကို မီးဖိုမှာကင်စားတာပါ။

၄။ ရေ

© Shutterstock.com

ရေကို microwave ထဲမှာ ထည့်အပူပေးပြီး သောက်တဲ့သူကတော့ တော်တော်ရှားပါလိမ့်မယ်။ Microwave ထဲကို ရေထည့်သောက်ခြင်းကနေ ပေါက်ကွဲမှုတွေ ဖြစ်စေကြောင်း လေ့လာချက်တွေရှိပါတယ်။ Microwave ထဲက လျှပ်စစ်သံလိုက်ဓါတ်က ရေကို အလွန်ပူသွားစေပြီး ရေမော်လီကျူးတွေက မငြိမ်မသက်ဖြစ်လာပါတယ်။ အဲဒီကနေ ရေ အလွန်ဆူပွက်ပြီး ပေါက်ကွဲသွားပါတော့တယ်။

၅။ ပန်းငရုတ်

© mildcorneadamage / Imgur

အလွန်စပ်တဲ့ ပန်းငရုတ်မှာ capsaicin တွေ အများကြီးပါဝင်ပါတယ်။ Capsaicin က မီးတောက်လွယ်စေပါတယ်။ Microwave ထဲက လျှပ်စစ်သံလိုက်ဓါတ်နဲ့ capsaicin တို့ ထိတွေ့တဲ့အခါ မီးခိုးတွေ ထွက်လာပြီး အခန့်မသင့်ရင် မီးလောင်စေပါတယ်။ Microwave က ထွက်လာတဲ့ မီးခိုးတွေကြောင့် အရေပြားလောင်တာ၊ ထိခိုက်တာလည်း ဖြစ်စေပါတယ်။

၆။ ကြက်သား

© ready made / Pexels

ကြက်သားကို ကျက်အောင်မချက်တဲ့အခါ အစာအဆိပ်သင့်စေတဲ့ ပိုးတွေ ပွားသွားပါတယ်။ ကြက်သားအစိမ်းကို microwave မှာ ချက်တဲ့အခါ ဘက်တီးရီးယား ပိုးမွှားတွေက ပိုပြီးပွားသွားပါတယ်။ ကြက်သားတင်မကဘဲ အခြားအသားအစိမ်းတွေကို microwave နဲ့ မချက်သင့်ဘဲ ဒယ်အိုး၊ ပေါင်းအိုးတွေနဲ့သာ ချက်သင့်ပါတယ်။

၇။ ခရမ်းချဥ်သီးနှင့် ခရမ်းချဥ်သီးဆော့

© ThisVsThatShow / Youtube

ခရမ်းချဥ်သီးကို microwave ထဲမှာ အချိန်အကြာကြီးထားတဲ့အခါ ခရမ်းချဥ်သီးတွေ ပေါက်ထွက်ကုန်ပါတယ်။ ခရမ်းချဥ်သီးထဲမှာ ပါဝင်တဲ့ရေဓါတ်တွေကို ဖိအားတွေ ပေးလိုက်တဲ့အခါ အရည်တွေ ပေါက်ထွက်သွားပြီး microwave လည်း ညစ်ပတ်သွားမှာပါ။

Zombie (Lovemedia)

For Zawgyi

Microwave ထဲမွာ ထည့္မေႏႊးသင့္တဲ့ အစားအစာ (၇)မ်ိဳး

ကမာၻ႔ပထမဆုံး microwave ကို ၁၉၄၀ ခုႏွစ္ေတြတုန္းက မထင္မွတ္ဘဲ တီထြင္ျဖစ္သြားခဲ့တာပါ။ အခုေခတ္မွာေတာ့ microwave ဟာ အိမ္ေထာင္စုတိုင္းအတြက္ အလြန္အေရးပါတဲ့ပစၥည္း ျဖစ္ေနပါၿပီ။ Microwave ဟာ ဟင္းေတြ ေႏႊးစား၊ ခ်က္စားဖို႔ အလြန္အဆင္ေျပပါတယ္။ Microwave မွာ ေႏႊးမစားသင့္တဲ့ အစားအစာ (၇) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ၾကက္ဥျပဳတ္

ၾကက္ဥမွာ ပါးလႊာတဲ့အေျမႇးပါးနဲ႔ အကာရွိပါတယ္။ ၾကက္ဥျပဳတ္ကို microwave မွာ ထပ္ၿပီး ေႏႊးတဲ့အခါ ဖိအားဒဏ္ကို မခံႏိုင္ေတာ့ဘဲ microwave ထဲမွာတင္ ၾကက္ဥျပဳတ္ေပါက္ကြဲ သြားတတ္ပါတယ္။ ဒါမွမဟုတ္ ၾကက္ဥျပဳတ္ကို ေႏႊးၿပီး ကိုက္လိုက္တဲ့အခ်ိန္မွာလည္း ေပါက္ကြဲသြားႏိုင္ပါတယ္။

၂။ မုန္လာဥဝါ

မုန္လာဥဝါကို microwave ထဲမွာ ခ်က္ႏိုင္၊ အပူေပးႏိုင္ေပမယ့္ အခြံေတြ ရွိေနေသးတဲ့ မုန္လာဥဝါကို microwave ထဲမွာ ခ်က္ရင္ေတာ့ အႏၲရာယ္ရွိပါတယ္။ မုန္လာဥဝါကို ေသခ်ာေရမေဆးထားဘူး ဆိုရင္၊ အႂကြင္းအက်န္ေတြကို ေသခ်ာမသန္႔ရွင္းထားဘူးဆိုရင္ ေျမႀကီးထဲက သတၳဳဓါတ္မ်ားစြာက microwave ထဲမွာ မီးပြားေတြ ပြင့္လာတတ္ပါတယ္။ လွ်ပ္ကူးေၾကာင္းက ဆက္တိုက္ျဖစ္ေနရင္ microwave ပ်က္စီးသြားပါတယ္။

၃။ အသင့္စားအသားမ်ား

အသင့္စားအသားေတြမွာ ဆားေတြ၊ ၾကာရွည္ခံေဆးေတြ အမ်ားႀကီးပါဝင္တာေၾကာင့္ အာဟာရ မျပည့္ဝပါဘူး။ အသင့္စားအသားေတြ၊ စည္သြပ္ဘူးထဲက အစားအစာေတြကို micrwave ထဲ ထည့္ေႏႊးတဲ့အခါ ကိုလက္စထေရာျမင့္လာၿပီး အဲဒီကေန ႏွလုံးနဲ႔ပတ္သက္တဲ့ ျပႆနာေတြ ျဖစ္လာေစပါတယ္။ အႏၲရာယ္အကင္းဆုံးနည္းက ဝက္ေပါင္ေျခာက္နဲ႔ ဝက္အူေခ်ာင္းကို မီးဖိုမွာကင္စားတာပါ။

၄။ ေရ

ေရကို microwave ထဲမွာ ထည့္အပူေပးၿပီး ေသာက္တဲ့သူကေတာ့ ေတာ္ေတာ္ရွားပါလိမ့္မယ္။ Microwave ထဲကို ေရထည့္ေသာက္ျခင္းကေန ေပါက္ကြဲမႈေတြ ျဖစ္ေစေၾကာင္း ေလ့လာခ်က္ေတြရွိပါတယ္။ Microwave ထဲက လွ်ပ္စစ္သံလိုက္ဓါတ္က ေရကို အလြန္ပူသြားေစၿပီး ေရေမာ္လီက်ဴးေတြက မၿငိမ္မသက္ျဖစ္လာပါတယ္။ အဲဒီကေန ေရ အလြန္ဆူပြက္ၿပီး ေပါက္ကြဲသြားပါေတာ့တယ္။

၅။ ပန္းင႐ုတ္

အလြန္စပ္တဲ့ ပန္းင႐ုတ္မွာ capsaicin ေတြ အမ်ားႀကီးပါဝင္ပါတယ္။ Capsaicin က မီးေတာက္လြယ္ေစပါတယ္။ Microwave ထဲက လွ်ပ္စစ္သံလိုက္ဓါတ္နဲ႔ capsaicin တို႔ ထိေတြ႕တဲ့အခါ မီးခိုးေတြ ထြက္လာၿပီး အခန္႔မသင့္ရင္ မီးေလာင္ေစပါတယ္။ Microwave က ထြက္လာတဲ့ မီးခိုးေတြေၾကာင့္ အေရျပားေလာင္တာ၊ ထိခိုက္တာလည္း ျဖစ္ေစပါတယ္။

၆။ ၾကက္သား

ၾကက္သားကို က်က္ေအာင္မခ်က္တဲ့အခါ အစာအဆိပ္သင့္ေစတဲ့ ပိုးေတြ ပြားသြားပါတယ္။ ၾကက္သားအစိမ္းကို microwave မွာ ခ်က္တဲ့အခါ ဘက္တီးရီးယား ပိုးမႊားေတြက ပိုၿပီးပြားသြားပါတယ္။ ၾကက္သားတင္မကဘဲ အျခားအသားအစိမ္းေတြကို microwave နဲ႔ မခ်က္သင့္ဘဲ ဒယ္အိုး၊ ေပါင္းအိုးေတြနဲ႔သာ ခ်က္သင့္ပါတယ္။

၇။ ခရမ္းခ်ဥ္သီးႏွင့္ ခရမ္းခ်ဥ္သီးေဆာ့

ခရမ္းခ်ဥ္သီးကို microwave ထဲမွာ အခ်ိန္အၾကာႀကီးထားတဲ့အခါ ခရမ္းခ်ဥ္သီးေတြ ေပါက္ထြက္ကုန္ပါတယ္။ ခရမ္းခ်ဥ္သီးထဲမွာ ပါဝင္တဲ့ေရဓါတ္ေတြကို ဖိအားေတြ ေပးလိုက္တဲ့အခါ အရည္ေတြ ေပါက္ထြက္သြားၿပီး microwave လည္း ညစ္ပတ္သြားမွာပါ။

Zombie (Lovemedia)