
လူတွေက တစ်ခါတရံမှာ ကိုယ့်ရဲ့တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ သတိမရဘဲ အခြားသူတွေကိုသာ ချစ်မိနေကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ဖို့ ကြိုးစားပြီးမှသာ အခြားသူတွေကို ချစ်ပေးသင့်ပါတယ်။
၁။ ကျန်းမာရေး လိုက်စားပါ။
မကျန်းမာရင် ကိုယ်လုပ်ချင်သမျှအရာတွေကို ဖန်တီးယူလို့မရနိုင်တော့ပါဘူး။ အဲဒါကြောင့် ကျန်းမာရေးက အဓိကကျပါတယ်။ နေ့စဥ်ကျန်းမာရေးအတွက် နာရီဝက်ခန့် အချိန်ပေးသင့်ပါတယ်။ တစ်နေ့ကို နာရီဝက်အချိန်ပေးလိုက်ခြင်းက နှစ် ၃၀ စာအတွက် များစွာအကျိုးရှိစေမှာပါ။
![]() |
credit photo |
၂။ ဝါသနာပါရာကို ပြုလုပ်ပါ။
တစ်ခါတရံမှာ အခြားသူတွေကို ဦးစားပေးနေရတာကြောင့် ကိုယ်ဝါသနာပါရာတွေကို သတိမရဖြစ်တော့ပါဘူး။ ကိုယ့်ကိုမချစ်တဲ့သူကို အချိန်ပေးနေမယ့်အစား ဝါသနာပါရာကို လုပ်လိုက်တာကပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်။ အပင်စိုက်တာ၊ ချည်ထိုးတာ၊ ဟင်းချက်တာတွေက ညစ်နေတဲ့စိတ်တွေကို အခိုက်အတန့် ပြေပျောက်စေမှာပါ။
![]() |
credit photo |
၃။ လှပအောင်နေပါ။
စိတ်ဓါတ်တွေကျပြီး လမ်းစရှာမရတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် လှပအောင်နေဖို့ မေ့နေတတ်ပါတယ်။ မှန်ကြည့်လိုက်တိုင်း လှပတဲ့မျက်နှာမြင်လိုက်ရတာကလည်း စိတ်အားတက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ဆိုရင် အလှအပအတွက်လည်း အချိန်ပေးသင့်ပါတယ်။
![]() |
credit photo |
၄။ အကျိုးရှိမယ့်အရာ တစ်ခုခုကိုလုပ်ပါ။
အသည်းကွဲနေပြီ ဆိုရင်တောင်မှ အသည်းကွဲရာကနေ ကိုယ့်အတွက် အကျိုးရှိမယ့်အရာ တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်။ ဘာသာစကားအသစ် တစ်ခုခုကိုသင်တာ၊ လုပ်ငန်းတစ်ခုခုကို လေ့လာတာ၊ ခရီးထွက်တာ၊ စီးပွားရေးတစ်ခုကို ချဲ့ထွင်တာစတာတွေကို တစ်ချိန်မှာ ကိုယ့်အတွက် အကျိုးများစွာ ရှိလာနိုင်ပါတယ်။
၅။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
အချို့အတွေးအမြင် အယူအဆတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ တန်ဖိုးထားဖို့ မေ့နေတတ်ကြပါတယ်။ အခြားသူတွေရဲ့အပေါ်ယံထင်မြင်ချက်တွေကို လိုက်ခံစားနေရင် ပျော်ရွှင်မှုဆိုတာ ဝေးနေဦးမှာပါ။ တကယ့်ပျော်ရွှင်မှုဆိုတာ ကိုယ်နဲ့နီးနီးလေးမှာပဲ ရှိပါတယ်။
Zombie (Lovemedia)
For Zawgyi
ကိုယ့္ကိုယ္ကိုယ္ခ်စ္ဖို႔ နည္းလမ္း(၅)သြယ္
လူေတြက တစ္ခါတရံမွာ ကိုယ့္ရဲ႕တန္ဖိုးကို ေမ့ေနတတ္ၾကပါတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ဖို႔ သတိမရဘဲ အျခားသူေတြကိုသာ ခ်စ္မိေနၾကပါတယ္။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္အရင္ခ်စ္ဖို႔ ႀကိဳးစားၿပီးမွသာ အျခားသူေတြကို ခ်စ္ေပးသင့္ပါတယ္။
၁။ က်န္းမာေရး လိုက္စားပါ။
မက်န္းမာရင္ ကိုယ္လုပ္ခ်င္သမွ်အရာေတြကို ဖန္တီးယူလို႔မရႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ က်န္းမာေရးက အဓိကက်ပါတယ္။ ေန႔စဥ္က်န္းမာေရးအတြက္ နာရီဝက္ခန္႔ အခ်ိန္ေပးသင့္ပါတယ္။ တစ္ေန႔ကို နာရီဝက္အခ်ိန္ေပးလိုက္ျခင္းက ႏွစ္ ၃၀ စာအတြက္ မ်ားစြာအက်ိဳးရွိေစမွာပါ။
၂။ ဝါသနာပါရာကို ျပဳလုပ္ပါ။
တစ္ခါတရံမွာ အျခားသူေတြကို ဦးစားေပးေနရတာေၾကာင့္ ကိုယ္ဝါသနာပါရာေတြကို သတိမရျဖစ္ေတာ့ပါဘူး။ ကိုယ့္ကိုမခ်စ္တဲ့သူကို အခ်ိန္ေပးေနမယ့္အစား ဝါသနာပါရာကို လုပ္လိုက္တာကပိုၿပီး ေပ်ာ္႐ႊင္စရာေကာင္းပါတယ္။ အပင္စိုက္တာ၊ ခ်ည္ထိုးတာ၊ ဟင္းခ်က္တာေတြက ညစ္ေနတဲ့စိတ္ေတြကို အခိုက္အတန္႔ ေျပေပ်ာက္ေစမွာပါ။
၃။ လွပေအာင္ေနပါ။
စိတ္ဓါတ္ေတြက်ၿပီး လမ္းစရွာမရတဲ့ အခ်ိန္ေတြမွာ ကိုယ့္ကိုယ္ကိုယ္ လွပေအာင္ေနဖို႔ ေမ့ေနတတ္ပါတယ္။ မွန္ၾကည့္လိုက္တိုင္း လွပတဲ့မ်က္ႏွာျမင္လိုက္ရတာကလည္း စိတ္အားတက္ေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ဖို႔ဆိုရင္ အလွအပအတြက္လည္း အခ်ိန္ေပးသင့္ပါတယ္။
၄။ အက်ိဳးရွိမယ့္အရာ တစ္ခုခုကိုလုပ္ပါ။
အသည္းကြဲေနၿပီ ဆိုရင္ေတာင္မွ အသည္းကြဲရာကေန ကိုယ့္အတြက္ အက်ိဳးရွိမယ့္အရာ တစ္ခုခုလုပ္ဖို႔ လိုအပ္ပါတယ္။ ဘာသာစကားအသစ္ တစ္ခုခုကိုသင္တာ၊ လုပ္ငန္းတစ္ခုခုကို ေလ့လာတာ၊ ခရီးထြက္တာ၊ စီးပြားေရးတစ္ခုကို ခ်ဲ႕ထြင္တာစတာေတြကို တစ္ခ်ိန္မွာ ကိုယ့္အတြက္ အက်ိဳးမ်ားစြာ ရွိလာႏိုင္ပါတယ္။
၅။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းပါ။
အခ်ိဳ႕အေတြးအျမင္ အယူအဆေတြေၾကာင့္လည္း ကိုယ့္ကိုယ္ကိုယ္ခ်စ္ဖို႔၊ တန္ဖိုးထားဖို႔ ေမ့ေနတတ္ၾကပါတယ္။ အျခားသူေတြရဲ႕အေပၚယံထင္ျမင္ခ်က္ေတြကို လိုက္ခံစားေနရင္ ေပ်ာ္႐ႊင္မႈဆိုတာ ေဝးေနဦးမွာပါ။ တကယ့္ေပ်ာ္႐ႊင္မႈဆိုတာ ကိုယ္နဲ႔နီးနီးေလးမွာပဲ ရွိပါတယ္။
Zombie (Lovemedia)
0 Comments