လူတစ်ယောက်ကို သဘောကျမိပြီ ဆိုရင် ဖုံးကွယ်ထားဖို့ ခက်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို တိတ်တခိုး စိတ်ဝင်စားတယ် ဆိုတာကတော့ ဖုံးကွယ်လို့မရပါဘူး။ ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လူတစ်ယောက်ကို crush ပြီဆိုရင် သူတို့ခံစားချက်ကို ကွယ်ဝှက် မထားနိုင်တော့ပါဘူး။ တစ်ခါက ဘယ်သူက ဘယ်သူ့ကို crush နေလဲဆိုတာ အဖြေရှာဖို့ လွယ်လွယ်လေးပါ။
1. သင့်ကို ခဏခဏ ပြုံးပြတယ်။
ကောင်လေးတစ်ယောက်က သင့်ကို crush နေပြီဆိုရင် သင်နဲ့ဆုံတဲ့အခါ အကြောင်းပြချက် မရှိဘဲ ပြုံးနေတာကို တွေ့ရမှာပါ။ သင့်ကိုတွေ့ရင် သူ့မှာ မပြုံးပြဘဲ မနေနိုင်ရှာပါဘူး။
2. သင့်ဆံပင်ကို ခဏခဏကိုင်တယ်။
ကောင်လေးတစ်ယောက်က ကောင်မလေး တစ်ယောက်ကို စိတ်ဝင်စားပြီဆိုရင် သူ့ကိုယ်သူ ဘာဖြစ်နေလဲဆိုတာတောင် တစ်ခါတလေ မေ့နေတတ်ပါတယ်။ သူခဏခဏ လုပ်တတ်တာကတော့ သူ့ဆံပင်ကို ပုံမှန်ထက် ပိုကိုင်တာပါ။ ဒီအချက်ကတော့ သူ သင့်ကို သဘောကျနေပြီဆိုတဲ့ လက္ခဏာပါပဲ။
3. မျက်လုံးချင်း စကားပြောတယ်။
နောက်တစ်ခု သူဟာ သင့်ကို စ crush ကတည်းက သူ့အကြည့်တွေက သိသာနေတာပါ။ သင်တို့နှစ်ယောက် အကြည့်ချင်းဆုံရင် မျက်လုံးချင်းစကားပြောပါတယ်။ မျက်လုံးတွေကနေတဆင့် စကားပြောတာလည်း သင့်ကို crush နေတဲ့ လက္ခဏာပါပဲ။
4. သင်နဲ့ အဆက်အသယ်ရဖို့ ကြိုးစားမယ်။
လူတစ်ယောက်ကို သင်စိတ်ဝင်စားတယ် ဆိုရင် သူနဲ့ခင်ခွင့်ရဖို့ မကြာခဏကြိုးစားမှာပါ။ ဒီလိုခင်မင်ဖို့ ကြိုးစားတယ် ဆိုကတည်းက သင့်ကို crush နေတာပါ။
5. သင်ပြောတာကို နားထောင်ပေးတယ်။
သင့်ကို crush နေတဲ့သူက သင်ပြောသမျှ စကားလုံးတိုင်းကို အကောင်းဆုံး နားထောင်ပေးမှာပါ။ သင့်အတွက် သူ့ရဲ့အချိန်တွေပေးဖို့ ဝန်မလေးပါဘူး။
Zombie (LoveMedia)
For Zawgyi
သင့်ကို Crush နေကြောင်း သိရှိနိုင်တဲ့ အချက် ၅ ချက်
Zombie (LoveMedia)