တစ်ခါတရံမှာ စိတ်ခံစားချက်တွေကို မျိုသိပ်မထားသင့်ပါဘူး။ လျော့ပါး သက်သာသွားအောင် လုပ်ဖို့လိုပါတယ်။ စိတ်ံခံစားချက်တွေ စုလာတဲ့အခါ စိတ်ဖိစီးမှုတွေ များလာပါတယ်။ စိတ်ဖိစီးမှုတွေက လူမှုဆက်ဆံရေးကို အဆင်မပြေစေပါဘူး။

အဲဒီလို မဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက စကားကို အကျယ်ကြီးပြောပြီး ခံစားချက်တွေကို ဖွင့်ထုတ်တာပါပဲ။ ခံစားချက်တွေ၊ အတွေးတွေကို ဖွင့်ထုတ်ပြလိုက်ခြင်းက မတူညှီတဲ့ ရှုထောင့်တွေကို မြင်ယောင်လာအောင် ကူညီပေးပါတယ်။

စကားများရန်ဖြစ်တဲ့အခါ အလိုအလျောက် ငြိမ်သက်သွားခြင်းက ခံစားချက် အစစ်အမှန်တွေကို ထုတ်မပြရဲတဲ့ လူတွေရဲ့ အပြုအမူဖြစ်ပါတယ်။ ခံစားချက်တွေကို ထုတ်ပြလိုက်မယ်ဆိုရင် မိသားစုဝင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့လူတွေနဲ့ ဆက်ဆံရေးပျက်စီးသွားမှာ စိုးလို့ပါ။ အဲဒါကြောင့် စိတ်တိုဒေါသထွက်ရင် ဆက်မငြင်းတော့ကြပါဘူး။

© 500 Days of Summer / Fox Searchlight Pictures

ဒီအချက်ကို လေ့လာဖို့အတွက် သုတေသနပညာရှင်တွေက အမျိုးသမီး 300 ကျော်ကို လေ့လာခဲ့ပါတယ်။ The North American Menopause Society (NAMS) က လက်ထပ်ပြီးသား အမျိုးသမီးတွေ၊ သွေးဆုံးခါနီးအမျိုးသမီးတွေ၊ သွေးဆုံးပြီးအမျိုသမီး စတဲ့အမျိုးသမီး 304 ယောက်ကို လေ့လာခဲ့ပါတယ်။

ပတ်ဝန်းကျင်ကလူတွေ၊ ဆွေမျိုးတွေနဲ့ ဆက်ဆံရေး ပြတ်တောက်သွားမှာစိုးလို့ စိတ်တိုဒေါသထွက်လာတဲ့ အချိန်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တယ်လို့ ဒီအမျိုးသမီးတွေ ပြောပြပါတယ်။ အဲဒီလို စိတ်ချုပ်တည်းမှုတွေ များလာတဲ့အခါ ဝမ်းချုပ်ခြင်း၊ ကိုလက်စထရော level မြင့်လာခြင်း၊ ဝမ်းနည်းခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ပိုအော်လေ စိတ်ဖိစီးမှုနည်းလေပါပဲ။

© Wonder Woman / DC Movies

သုတေသနပညာရှင်တွေ တွေ့ရှိခဲ့တဲ့အချက်က အမျိုးသမီးတွေ ဒေါသထွက်လာရင် အော်တဲ့အသံကြိမ်နှုန်း ဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒေါသထွက်တဲ့အခါ အသံက သိသိသာသာမြင့်လာပါတယ်။ အော်ကြီးဟစ်ကျယ်ပြောတတ်တဲ့ အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

© Thor / Marvel Studios

စိတ်ခံစားချက်တွေကို ဖုံးကွယ်ခြင်းက ခန္ဓါကိုယ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ အပြင်ပန်းကနေကြည့်ရင် ပျော်ရွှင်နေတယ်၊ စိတ်တည်ငြိမ်နေတယ်လို့ ထင်ရပေမယ့် ဒီစိတ်အခြေအနေတွေက တကယ်မဟုတ်ပါဘူး။ ခံစားချက်တွေကို မျိုသိပ်ထားခြင်းက ကြာလာတဲ့အခါ ဆတ်ဆတ်ထိ မခံတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

© Easy A / Oliver Bridge Entertainment

စိတ်ဖိစီးမှုတွေက အမျိုးသား၊ အမျိုးသမီးမရွေး ကြုံတွေ့ရမယ့် ပြဿနာပါ။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ သွေးတိုးခြင်း၊ သွေးတွင်းသကြားဓါတ်တိုးလာခြင်း၊ နှလုံးရောဂါတွေအထိ ဖြစ်နိုင်ပါတယ်။ ဒေါသထွက်ပြီး အော်လိုက်ခြင်းက စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေတယ်ဆိုပေမယ့်လည်း နေရာတကာ အော်ပြောနေလို့လည်း အဆင်မပြေပါဘူး။

© Eat, Pray, Love / Sony Pictures

ကင်ဆာရောဂါသည်တွေကလည်း သူတို့ရဲ့စိတ်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ပါတယ်။ စိတ်ဆိုးဒေါသထွက်လာတဲ့အခါ အော်ကြီးဟစ်ကျယ် ပြောတတ်တဲ့အမျိုးသမီးမျိုး သင့်ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင်လည်း နားလည်ပေးလိုက်ပါ။ အဲဒီလို အော်ကြီးဟစ်ကျယ် ပြောခြင်းက ခန္ဓါကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကောင်းမွန်စေလို့ပါ။

Zombie (LoveMedia)

For Zawgyi

စကားကို ေအာ္ႀကီးဟစ္က်ယ္ ေျပာတတ္တဲ့ အမ်ိဳးသမီးေတြက က်န္းမာေရးေကာင္းမြန္

တစ္ခါတရံမွာ စိတ္ခံစားခ်က္ေတြကို မ်ိဳသိပ္မထားသင့္ပါဘူး။ ေလ်ာ့ပါး သက္သာသြားေအာင္ လုပ္ဖို႔လိုပါတယ္။ စိတ္ံခံစားခ်က္ေတြ စုလာတဲ့အခါ စိတ္ဖိစီးမႈေတြ မ်ားလာပါတယ္။ စိတ္ဖိစီးမႈေတြက လူမႈဆက္ဆံေရးကို အဆင္မေျပေစပါဘူး။

အဲဒီလို မျဖစ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းက စကားကို အက်ယ္ႀကီးေျပာၿပီး ခံစားခ်က္ေတြကို ဖြင့္ထုတ္တာပါပဲ။ ခံစားခ်က္ေတြ၊ အေတြးေတြကို ဖြင့္ထုတ္ျပလိုက္ျခင္းက မတူညႇီတဲ့ ရႈေထာင့္ေတြကို ျမင္ေယာင္လာေအာင္ ကူညီေပးပါတယ္။

စကားမ်ားရန္ျဖစ္တဲ့အခါ အလိုအေလ်ာက္ ၿငိမ္သက္သြားျခင္းက ခံစားခ်က္ အစစ္အမွန္ေတြကို ထုတ္မျပရဲတဲ့ လူေတြရဲ႕ အျပဳအမူျဖစ္ပါတယ္။ ခံစားခ်က္ေတြကို ထုတ္ျပလိုက္မယ္ဆိုရင္ မိသားစုဝင္၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့လူေတြနဲ႔ ဆက္ဆံေရးပ်က္စီးသြားမွာ စိုးလို႔ပါ။ အဲဒါေၾကာင့္ စိတ္တိုေဒါသထြက္ရင္ ဆက္မျငင္းေတာ့ၾကပါဘူး။

ဒီအခ်က္ကို ေလ့လာဖို႔အတြက္ သုေတသနပညာရွင္ေတြက အမ်ိဳးသမီး 300 ေက်ာ္ကို ေလ့လာခဲ့ပါတယ္။ The North American Menopause Society (NAMS) က လက္ထပ္ၿပီးသား အမ်ိဳးသမီးေတြ၊ ေသြးဆုံးခါနီးအမ်ိဳးသမီးေတြ၊ ေသြးဆုံးၿပီးအမ်ိဳသမီး စတဲ့အမ်ိဳးသမီး 304 ေယာက္ကို ေလ့လာခဲ့ပါတယ္။

ပတ္ဝန္းက်င္ကလူေတြ၊ ေဆြမ်ိဳးေတြနဲ႔ ဆက္ဆံေရး ျပတ္ေတာက္သြားမွာစိုးလို႔ စိတ္တိုေဒါသထြက္လာတဲ့ အခ်ိန္ဆိုရင္ တိတ္တိတ္ဆိတ္ဆိတ္ေနလိုက္တယ္လို႔ ဒီအမ်ိဳးသမီးေတြ ေျပာျပပါတယ္။ အဲဒီလို စိတ္ခ်ဳပ္တည္းမႈေတြ မ်ားလာတဲ့အခါ ဝမ္းခ်ဳပ္ျခင္း၊ ကိုလက္စထေရာ level ျမင့္လာျခင္း၊ ဝမ္းနည္းျခင္းေတြ ျဖစ္ေပၚလာပါတယ္။ ပိုေအာ္ေလ စိတ္ဖိစီးမႈနည္းေလပါပဲ။

သုေတသနပညာရွင္ေတြ ေတြ႕ရွိခဲ့တဲ့အခ်က္က အမ်ိဳးသမီးေတြ ေဒါသထြက္လာရင္ ေအာ္တဲ့အသံႀကိမ္ႏႈန္း ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြက ေဒါသထြက္တဲ့အခါ အသံက သိသိသာသာျမင့္လာပါတယ္။ ေအာ္ႀကီးဟစ္က်ယ္ေျပာတတ္တဲ့ အမ်ိဳးသမီးေတြက စိတ္ပိုင္းဆိုင္ရာေရာဂါေတြကို ကာကြယ္ၿပီးသား ျဖစ္တယ္လို႔ ဆိုပါတယ္။

စိတ္ခံစားခ်က္ေတြကို ဖုံးကြယ္ျခင္းက ခႏၶါကိုယ္က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကိုလည္း ျဖစ္ေပၚေစပါတယ္။ အျပင္ပန္းကေနၾကည့္ရင္ ေပ်ာ္႐ႊင္ေနတယ္၊ စိတ္တည္ၿငိမ္ေနတယ္လို႔ ထင္ရေပမယ့္ ဒီစိတ္အေျခအေနေတြက တကယ္မဟုတ္ပါဘူး။ ခံစားခ်က္ေတြကို မ်ိဳသိပ္ထားျခင္းက ၾကာလာတဲ့အခါ ဆတ္ဆတ္ထိ မခံတဲ့အထိ ျဖစ္သြားတတ္ပါတယ္။

စိတ္ဖိစီးမႈေတြက အမ်ိဳးသား၊ အမ်ိဳးသမီးမေ႐ြး ႀကဳံေတြ႕ရမယ့္ ျပႆနာပါ။ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြအေနနဲ႔ ေသြးတိုးျခင္း၊ ေသြးတြင္းသၾကားဓါတ္တိုးလာျခင္း၊ ႏွလုံးေရာဂါေတြအထိ ျဖစ္ႏိုင္ပါတယ္။ ေဒါသထြက္ၿပီး ေအာ္လိုက္ျခင္းက စိတ္ဖိစီးမႈေတြကေန လြတ္ေျမာက္ေစတယ္ဆိုေပမယ့္လည္း ေနရာတကာ ေအာ္ေျပာေနလို႔လည္း အဆင္မေျပပါဘူး။

ကင္ဆာေရာဂါသည္ေတြကလည္း သူတို႔ရဲ႕စိတ္ကို ပြင့္ပြင့္လင္းလင္း ေဖာ္ျပတတ္ပါတယ္။ စိတ္ဆိုးေဒါသထြက္လာတဲ့အခါ ေအာ္ႀကီးဟစ္က်ယ္ ေျပာတတ္တဲ့အမ်ိဳးသမီးမ်ိဳး သင့္ပတ္ဝန္းက်င္မွာ ရွိတယ္ဆိုရင္လည္း နားလည္ေပးလိုက္ပါ။ အဲဒီလို ေအာ္ႀကီးဟစ္က်ယ္ ေျပာျခင္းက ခႏၶါကိုယ္က်န္းမာေရး၊ စိတ္က်န္းမာေရးကို ေကာင္းမြန္ေစလို႔ပါ။

Zombie (LoveMedia)