ချစ်တယ်ဆိုတာကို တဖွဖွပြောနေမှ အချစ်မဟုတ်ပါဘူးနော်။ ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းပြောပြီး ကွယ်ရာမှာဖောက်ပြန်နေကြတဲ့သူတွေကလည်း တစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ခါတရံမှာ ဂရုစိုက်မှုလေးတစ်ခု၊ အလိုက်သိမှုလေးတစ်ခု၊ အပြုအမူလေးတစ်ခုကနေလည်း လူတစ်ယောက်ရဲ့အချစ်ကို ခံစားလို့ရနိုင်ပါတယ်။ သင့်ချစ်သူက ချစ်တယ်လို့ ခဏခဏမပြောလို့ စိတ်မကောင်းဖြစ်စရာ၊ သံသယဖြစ်စရာမလိုပါဘူးနော်။ ချစ်တဲ့အကြောင်းတွေ ခဏခဏမပြောပေမယ့် ဒီအချက်လေးတွေက သင့်ကိုချစ်ကြောင်းပြသနေတာပါပဲ။

၁။ ရည်မှန်းချက်ထားခြင်း

သင့်ကိုတစ်ဘဝလုံးစာ ရည်ရွယ်ထားသူမှာ ရည်မှန်းချက်တွေ အများကြီးရှိပါတယ်။ အသေးအမွှားကိစ္စနဲ့လည်း သင်တို့နှစ်ယောက်ရဲ့RSကို အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ သင်နဲ့ပတ်သက်ပြီး ရည်မှန်းချက်ထားတာတွေ၊ အလုပ်ကြိုးစားနေတာတွေ၊ အတိအကျစီစဉ်ထားတာတွေကို ပြောပြနေတာဟာ သင့်ကိုတကယ်တန်ဖိုးထားလို့ပါ။

၂။ လေးစားခြင်း

Rs တွေကြားမှာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုထားတာကလည်း အဓိက လိုအပ်ချက်တွေထဲက တစ်ခုပါပဲ။ တစ်ယောက်ကိုတစ်ယောက် မလေးစားရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်ပါဘူး။ သင့်အတွက် သိက္ခါကျစေမယ့်အရာတွေ၊ သိက္ခါကျစေမယ့်စကားတွေ၊ အရှက်ရစေမယ့် အပြုအမူမျိုးကို မလုပ်ပါဘူး။ သင်ဟာ သင်ထင်ထားတာထက်တောင် ပိုလုပ်နိုင်ကြောင်း အမြဲအားပေးနေသူပါ။

၃။ နားထောင်ပေးခြင်း

သင်က ဘာပဲပြောချင်ပြောချင် စိတ်ရှည်လက်ရှည် နားထောင်ပေးသူဟာ တကယ်ချစ်လို့ပါ။ သင်ပြောချင်နေတာတွေကို လျစ်လျူမရှုပစ်ဘဲ ဂရုတစိုက်နားထောင်ပေးတတ်ပါတယ်။ သူက သင့်အတွက် လုံခြုံမှုပေးနိုင်တယ်လို့ ယုံကြည်စေချင်လို့ပါ။

၄။ အချိန်ပေးခြင်း

ကြိုးစားနေသူတစ်ယောက်အတွက် အချိန်က ရှားပါးပါတယ်။ ဒါပေမယ့် မအားလပ်တဲ့ကြားကနေ အချိန်ခဏလေးဖြစ်ဖြစ် ဆက်သွယ်လာတာ၊ ပျော်ရွှင်စေတာက သူ့အချစ်တွေကို ဖော်ပြနည်း တစ်မျိုးပါပဲ။ ဒါပေမယ့် မိန်းကလေးဘက်ကလည်း အလုပ်များလို့ အချိန်မပေးနိုင်တာကို နားလည်ပေးဖို့တော့ လိုအပ်ပါတယ်။

၅။ သင့်ဘဝကို စိတ်ဝင်စားခြင်း

သင့်ကို တကယ်ချစ်လာပြီဆိုရင် သင်ရဲ့ဘဝအကြောင်းကို သိချင်လာမှာပါ။ သူက သင့်ရဲ့ဘဝကို ဒီထက်ကောင်းအောင် လုပ်ပေးဖို့ အမြဲအဆင်သင့်ဖြစ်နေသူပါ။ သင့်ရဲ့ဘဝကို အရှိကိုအရှိအတိုင်း နားလည်လက်ခံပေးသူကို လက်မလွှတ်သင့်ပါဘူး။

၆။ ရိုးသားခြင်း

တကယ်ချစ်ရင် ရိုးသားဖို့တော့ လိုအပ်ပါတယ်။ ရိုးသားမှုမရှိရင် ယုံကြည်ဖို့လည်း ခက်ခဲပါတယ်။ သင့်ကို အဆုံးအရှုံး မခံနိုင်တော့တဲ့အခါ သံသယဖြစ်စေမယ့်ကိစ္စတွေ၊ အထင်လွဲစရာလုပ်ရပ်တွေ၊ မရိုးမသားအရာတွေကို ရှောင်ကြဉ်လာတော့မှာပါ။

Zombie (Lovemedia)

For Zawgyi

ခ်စ္တဲ့အေၾကာင္းေတြ တဖြဖြမေျပာေပမယ့္ သင့္ကိုတကယ္ခ်စ္ေၾကာင္း သိသာေစတဲ့အခ်က္ (၆)ခ်က္

ခ်စ္တယ္ဆိုတာကို တဖြဖြေျပာေနမွ အခ်စ္မဟုတ္ပါဘူးေနာ္။ ခ်စ္တယ္ဆိုတဲ့စကားကို ေန႔တိုင္းေျပာၿပီး ကြယ္ရာမွာေဖာက္ျပန္ေနၾကတဲ့သူေတြကလည္း တစ္ပုံတစ္ပင္ႀကီးပါပဲ။ တစ္ခါတရံမွာ ဂ႐ုစိုက္မႈေလးတစ္ခု၊ အလိုက္သိမႈေလးတစ္ခု၊ အျပဳအမူေလးတစ္ခုကေနလည္း လူတစ္ေယာက္ရဲ႕အခ်စ္ကို ခံစားလို႔ရႏိုင္ပါတယ္။ သင့္ခ်စ္သူက ခ်စ္တယ္လို႔ ခဏခဏမေျပာလို႔ စိတ္မေကာင္းျဖစ္စရာ၊ သံသယျဖစ္စရာမလိုပါဘူးေနာ္။ ခ်စ္တဲ့အေၾကာင္းေတြ ခဏခဏမေျပာေပမယ့္ ဒီအခ်က္ေလးေတြက သင့္ကိုခ်စ္ေၾကာင္းျပသေနတာပါပဲ။

၁။ ရည္မွန္းခ်က္ထားျခင္း

သင့္ကိုတစ္ဘဝလုံးစာ ရည္႐ြယ္ထားသူမွာ ရည္မွန္းခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အေသးအမႊားကိစၥနဲ႔လည္း သင္တို႔ႏွစ္ေယာက္ရဲ႕RSကို အထိအခိုက္ခံမွာ မဟုတ္ပါဘူး။ သင္နဲ႔ပတ္သက္ၿပီး ရည္မွန္းခ်က္ထားတာေတြ၊ အလုပ္ႀကိဳးစားေနတာေတြ၊ အတိအက်စီစဥ္ထားတာေတြကို ေျပာျပေနတာဟာ သင့္ကိုတကယ္တန္ဖိုးထားလို႔ပါ။

၂။ ေလးစားျခင္း

Rs ေတြၾကားမွာ တစ္ေယာက္ကိုတစ္ေယာက္ ေလးစားမႈထားတာကလည္း အဓိက လိုအပ္ခ်က္ေတြထဲက တစ္ခုပါပဲ။ တစ္ေယာက္ကိုတစ္ေယာက္ မေလးစားရင္ ေရွ႕ဆက္ဖို႔ အဆင္မေျပႏိုင္ပါဘူး။ သင့္အတြက္ သိကၡါက်ေစမယ့္အရာေတြ၊ သိကၡါက်ေစမယ့္စကားေတြ၊ အရွက္ရေစမယ့္ အျပဳအမူမ်ိဳးကို မလုပ္ပါဘူး။ သင္ဟာ သင္ထင္ထားတာထက္ေတာင္ ပိုလုပ္ႏိုင္ေၾကာင္း အၿမဲအားေပးေနသူပါ။

၃။ နားေထာင္ေပးျခင္း

သင္က ဘာပဲေျပာခ်င္ေျပာခ်င္ စိတ္ရွည္လက္ရွည္ နားေထာင္ေပးသူဟာ တကယ္ခ်စ္လို႔ပါ။ သင္ေျပာခ်င္ေနတာေတြကို လ်စ္လ်ဴမရႈပစ္ဘဲ ဂ႐ုတစိုက္နားေထာင္ေပးတတ္ပါတယ္။ သူက သင့္အတြက္ လုံၿခဳံမႈေပးႏိုင္တယ္လို႔ ယုံၾကည္ေစခ်င္လို႔ပါ။

၄။ အခ်ိန္ေပးျခင္း

ႀကိဳးစားေနသူတစ္ေယာက္အတြက္ အခ်ိန္က ရွားပါးပါတယ္။ ဒါေပမယ့္ မအားလပ္တဲ့ၾကားကေန အခ်ိန္ခဏေလးျဖစ္ျဖစ္ ဆက္သြယ္လာတာ၊ ေပ်ာ္႐ႊင္ေစတာက သူ႔အခ်စ္ေတြကို ေဖာ္ျပနည္း တစ္မ်ိဳးပါပဲ။ ဒါေပမယ့္ မိန္းကေလးဘက္ကလည္း အလုပ္မ်ားလို႔ အခ်ိန္မေပးႏိုင္တာကို နားလည္ေပးဖို႔ေတာ့ လိုအပ္ပါတယ္။

၅။ သင့္ဘဝကို စိတ္ဝင္စားျခင္း

သင့္ကို တကယ္ခ်စ္လာၿပီဆိုရင္ သင္ရဲ႕ဘဝအေၾကာင္းကို သိခ်င္လာမွာပါ။ သူက သင့္ရဲ႕ဘဝကို ဒီထက္ေကာင္းေအာင္ လုပ္ေပးဖို႔ အၿမဲအဆင္သင့္ျဖစ္ေနသူပါ။ သင့္ရဲ႕ဘဝကို အရွိကိုအရွိအတိုင္း နားလည္လက္ခံေပးသူကို လက္မလႊတ္သင့္ပါဘူး။

၆။ ႐ိုးသားျခင္း

တကယ္ခ်စ္ရင္ ႐ိုးသားဖို႔ေတာ့ လိုအပ္ပါတယ္။ ႐ိုးသားမႈမရွိရင္ ယုံၾကည္ဖို႔လည္း ခက္ခဲပါတယ္။ သင့္ကို အဆုံးအရႈံး မခံႏိုင္ေတာ့တဲ့အခါ သံသယျဖစ္ေစမယ့္ကိစၥေတြ၊ အထင္လြဲစရာလုပ္ရပ္ေတြ၊ မ႐ိုးမသားအရာေတြကို ေရွာင္ၾကဥ္လာေတာ့မွာပါ။

Zombie (Lovemedia)