အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်စွာ ထားနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ဒီဆောင်းပါးလေးကတော့ အစားအစာတွေအတွက် အသုံးဝင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပါ။
၁၅။ ကြက်ဥတွေကို လတ်ဆတ်နေဖို့ဆိုရင်
© Depositphotos
ကြက်ဥတွေကို လတ်လတ်ဆတ်ဆတ်နဲ့ အချိန်အကြာကြီး ထားဖို့ဆိုရင် ကြက်ဥတွေကို ရေခဲသေတ္တာထဲ မထည့်ခင် ဟင်းသီးဟင်းရွက်ဆီနဲ့ သုတ်လိမ်းလိုက်ပါ။
၁၄။ ကြက်ဥပြုတ်ကို မြန်မြန် အခွံခွာဖို့ဆိုရင်
© Depositphotos
ကြက်ဥပြုတ်ကို မြန်မြန် အခွံခွာဖို့ နည်းလမ်းများစွာ ရှိပါတယ်။ ကြက်ဥအခွံချင်းရိုက်ပြီး ရေအေးထဲမှာ အေးသွားအောင် စိမ်ထားလိုက်ပါ။
၁၃။ သံပရိုသီးကို လေမလွင့်ရအောင်
သံပရိုသီးကို သွားကြားထိုးတံ တစ်ချောင်းနဲ့ ဖောက်လိုက်ပါ။ လိုအပ်သလောက် အရည်ကိုညှစ်ယူပြီး တိပ်နဲ့ကပ်ကာ ရေခဲသေတ္တာထဲ ထည့်လားလို့ရပါတယ်။
၁၂။ အာလူးကြော်တွေ ပျော့သွားရင်
သင့်အာလူးကြော်တွေ ပျော့သွားရင် လွှင့်မပစ်ပါနဲ့။ ပန်းကန်ပြားတစ်ချပ်ထဲမှာ လက်သုတ်ပဝါ တစ်ထည်ကိုတင်ပါ။ လက်သုတ်ပဝါပေါ်မှာ အာလူးကြော်တွေကို ထည့်လိုက်ပါ။ တခြားလက်သုတ်ပဝါ တစ်ထည်နဲ့ အာလူးကြော်တွေကို အုပ်ထားလို့လည်းရပါတယ်။ အဲဒီနောက် ပန်းကန်ပြားကို မိုက်ခရိုဝေ့ထဲမှာ ၃၀ စက္ကန့်လောက်ထားပါ။အာလူးကြော်တွေ ကြွပ်သွားပါလိမ့်မယ်။
၁၁။ ကြက်ဥကြော် လှလှလေးတွေရဖို့ဆိုရင်
© shadyood / reddit, © AOL_ / reddit
ဖန်ပုလင်းအဖုံး တစ်ခုကိုယူပါ။ ဖန်ပုလင်းအဖုံးကို ဒယ်အိုးထဲထည့်လိုက်ပါ။ ဖန်ပုလင်းဖုံးကို ကြက်ဥထဲထည့်ကြော်တဲ့အခါ ကြက်ဥတွေက ဘေးကိုမပြန့်တော့ပါဘူး။ ဖန်ပုလင်းအဖုံးကို ဖယ်လိုက်ဖို့တော့ မမေ့ပါနဲ့နော်။
၁၀။ ပုလင်းလေးတွေ ညီညာဖို့ဆိုရင်
စာအုပ်ညှပ်ကလစ်လေးတွေကို ရေခဲသေတ္တာထဲမှာ ညှပ်တဲ့အခါ ပုလင်းတွေညီညာပြီး မလှိမ့်တော့ပါဘူး။
၉။ ခရမ်းချဉ်သီးကို sandwich ရဲ့ အပေါ်မှာထားပါ။
© unknown / imgur
sandwich လုပ်တဲ့အခါ ဝတ်ပေါင်ခြောက်ကို အချပ်ပါးပါးလေးတွေ လှီးဖို့လိုပါတယ်။ အဲဒါကြောင့် ခရမ်းချဉ်သီးတွေကို ထုပ်ပြီးထည့်ပါ။ sandwich မှာ ခရမ်းချဉ်သီးတွေ ချော်မကျတော့ပါဘူး။
၈။ အရသာရှိတဲ့ ငါးကင်ကိုရဖို့ဆိုရင်
© AOL_ / reddit
ငါးကင်တဲ့အခါ ငါးအောက်မှာ သံပရိုသီးကွင်းလေးတွေထားလိုက်ပါ။ အဲဒီအခါ ငါးလည်းမကပ်တော့ပါဘူး။ ငါးကင်က သံပရိုသီးနံ့လေးနဲ့ မွေုးပျံ့နေပါလိမ့်မယ်။
၇။ ပလက်စတစ်အိတ်လေးတွေကို လွယ်လွယ်ကူကူ ခွာဖို့ဆိုရင်
အစားအစာတွေကို ပလက်စတစ်အိတ်နဲ့ ဖုံးတဲ့အခါ တွန့်သွားတာတို့ ကပ်သွားတာတို့ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့ ပလက်စတစ်အလိပ်လေးကို ရေခဲသေတ္တာထဲ ထည့်ထားတာက ပိုအဆင်ပြေစေပါတယ်။
၆။ ဟင်းခတ်အမွှေးအကြိုင်တွေ သိမ်းဖို့ဆိုရင်
ဟင်းခတ်အမွှေးအကြိုင်တွေ သိမ်းဖို့ဆိုရင် သကြားလုံး ဘူးခွံလေးတွေကို သုံးပါ။ သကြားလုံး ဘူးခွံလေးတွေက ဖွင့်ရပိတ်ရလွယ်ပြီး အဆင်ပြေစေပါတယ်။
၅။ ဝက်ဆားနယ်ခြောက်တွေပိုနေတဲ့အခါ
© NeuroMom / reddit
ဝက်ဆားနယ်ခြောက်တွေ ပိုပြီးနေရင် အလကားမဖြစ်အောင်လို့ အေးခဲထားလိုက်ပါ။ ဝက်ဆားနယ်ခြောက်တွေကို ပါးပါးလှီးပြီး ရေခဲသေတ္တာခဲ ထည့်ထားလိုက်ပါ။
၄။ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်စေဖို့ဆိုရင်
ဟင်းသီးဟင်းရွက်တွေကို ရေဆေးပြီးအခြောက်ခံပါ။ ပြီးတော့ ပလတ်စတစ်အိတ်ထဲမှာ လေကျန်အောင် ထားပြီးပိတ်လိုက်ပါ။ ဒီနည်းက ဟင်းသီးဟင်းရွက်တွေကို မူလအစိမ်းရောင်အတိုင်းကျန်စေပြီး လတ်ဆတ်စေပါတယ်။
၃။ ဓားထက်ထက်ဖြစ်ဖို့ဆိုရင်
ဓားသွေးတဲ့ပစ္စည်းမရှိရင် သာမန်မြေထည့်ခွက် တစ်ခွက်နဲ့ ဓားသွေးလို့ရပါတယ်။ ဓားသွေးတဲ့ပစ္စည်း မရှိရင် လွယ်ကူအဆင်ပြေတဲ့ နည်းပါပဲ။
၂။ စဉ့်တီတုံး ချော်မကျစေချင်ရင်
စဉ့်တီတုံး ချော်မကျစေချင်ရင် စဉ့်တီတုံးအောက်မှာ လက်သုတ်ပဝါ အစိုတစ်ထည်ကို ထားလိုက်ပါ။
၁။ မိုက်ခရိုဝေ့မှာ အစားအစာတွေ အကျက်ညီစေဖို့
© randomusefulbits / reddit
မိုက်ခရိုဝေ့မှာ အစားအစာတွေ အကျက်ညီစေဖို့ ဆိုရင် ပန်းကန်ပြားရဲ့ပတ်လည်မှာပဲ အစားအစာတွေ ထားပြီး အလယ်မှာ အလွတ်ထားလိုက်ပါ။
Zombie(LoveMedia)
For Zawgyi
အိမ်ရှင်မတိုင်းသိထားရမယ့် မီးဖိုချောင်ပစ္စည်းတွေရဲ့ အသုံးဝင်တဲ့နည်းလမ်း (၁၅) မျိုး