
နေ့စဉ် ခန္ဓာကိုယ်တွင်းက အစိတ်အပိုင်းတွေဟာ ထောင်ပေါင်း များစွာသော အလုပ်တွေကို လုပ်ပါတယ်။ တစ်ခါတရံ အလုပ်တွေ များလာတဲ့ အခါ ခန္ဓါကိုယ်က ပြလာတဲ့ လက္ခဏာတွေကို သတိမထားမိ တော့ပါဘူး။ ကျောက်ကပ်က သေသေချာချာ အလုပ်မလုပ်တော့ဘူး ဆိုရင် ခန္ဓာကိုယ်မှာ လက္ခဏာတွေ ပြလာတတ်ပါတယ်။
၁၀။ အိပ်မပျော်ခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က သေချာ အလုပ် မလုပ်တော့ရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များလာပါတယ်။ အဆိပ်အတောက်တွေ များလာတဲ့အခါ အိပ်မပျော်တော့ပါဘူး။ နာတာရှည် ကျောက်ကပ်ရောဂါရှိသူတွေက အိပ်နေရင်းနဲ့ အသက်ရှူ ရပ်သွားတတ်ပါတယ်။ အသက်ရှူ ရပ်သွားပြီးရင် ဟောက်သံ အကျယ်ကြီး ထွက်လာတတ်ပါတယ်။ ဟောက်သံ အကျယ်ကြီး ဆက်တိုက် ထွက်လာရင်တော့ ဆရာဝန်နဲ့ပြဖို့လိုပါပြီ။
၉။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားကုန်ခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်လို့ အိပ်မပျော်တော့တဲ့ အခါ အားအင်ကုန်လာပြီး ပင်ပန်းနွမ်းနယ်လာပါတယ်။
၈။ အသားအရေခြောက်ပြီး ယားလာခြင်း
ကျန်းမာတဲ့ ကျောက်ကပ်က သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး သွေးနီဥဆဲလ်တွေကို ကူညီပေးပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်ထဲမှာ သတ္ထုဓါတ်တွေ ညီမျှအောင်လည်း လုပ်ဆောင်ပေးပါတယ်။ အသားအရေခြောက်လာပြီး ယားယံလာတာက သတ္ထုဓါတ်နဲ့ အာဟာရဓါတ်တွေ မညီမျှလို့ပါ။ အဲဒီအခါ ရေဓါတ်ပြည့်အောင် နေသင့်ပါတယ်။
၇။ ခံတွင်းအနံ့ဆိုးလာခြင်း
![]() |
© Depositphotos |
သွေးထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ ခံတွင်းအနံ့တွေ ဆိုးလာပါတယ်။ အဲဒါအပြင် အစားစားချင်စိတ်လည်း ပျောက်သွားတတ်ပါတယ်။
၆။ အသက်ရှူမဝခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က သေချာအလုပ် မလုပ်တော့တဲ့အခါ ခန္ဓါကိုယ်ထဲက အရည်ပိုတွေက အဆုတ်ထဲ ရောက်သွားပါတယ်။ ခဏခဏ မောပြီး အသက်ရှူမဝဖြစ်လာရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါပြီ။
၅။ ခြေကျင်းဝတ်၊ ခြေထောက်နဲ့ လက်များရောင်လာခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က သေချာအလုပ်မလုပ်တော့တဲ့ အခါ ခန္ဓါကိုယ်ထဲက အရည်ပိုတွေကို မဖယ်ရှားနိုင်တော့ပါဘူး။ အဲဒီအခါ ဆိုဒီယမ်တွေ များလာပြီး ခြေကျင်းဝတ်၊ ခြေထောက်၊ လက်တွေ ယောင်လာပါတယ်။
၄။ နောက်ကျောနာကျင်ခြင်း
ကျောက်ကပ် မကောင်းတဲ့အခါ နောက်ကျောက ခဏခဏ နာကျင်တတ်ပါတယ်။ တစ်ခါတရံ ပေါင်ခြံနဲ့ တင်ပါးတွေလည်း နာကျင်တတ်ပါတယ်။ ကျောက်ကပ်ပေါ်က အရည်အိတ်တွေ ကြီးလာတာကြောင့် နောက်ကျောနာကျင်ရတာပါ။ ဒါ့အပြင် ကျောက်ကပ် မကောင်းတဲ့အခါ နောက်ကျောနာတာအပြင် ဖျားတာ၊ အန်တာ၊ ကိုယ်အပူချိန်မြင့်တာတွေ ဖြစ်တတ်ပါတယ်။
၃။ မျက်လုံးမို့လာခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က ပရိုတိန်းဓါတ်တွေက ခန္ဓါကိုယ်တစ်ခုလုံးကို မဖြန့်နိုင်ဘဲ ဆီးထဲကို ယိုကျသွားတဲ့အခါ မျက်လုံးတွေ မို့လာပါတယ်။ ကောင်းကောင်းအနားယူပြီး ပရိုတိန်းဓါတ် အလုံအလောက် ရနေပါလျက်နဲ့ မျက်လုံးတွေ မို့နေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၂။ သွေးတိုးခြင်း
![]() |
© Depositphotos |
သွေးလည်ပတ်မှုစနစ်နဲ့ ကျောက်ကပ်က တစ်ခုနဲ့တစ်ခု အမှီပြုနေပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သေးငယ်တဲ့ nephron တွေက သွေးထဲက အရည်ပိုတွေနဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးပါတယ်။ သွေးကြောတွေ ပျက်စီးလာတဲ့အခါ nephrons က သန့်စင်ပေးလိုက်တဲ့သွေးတွေက အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို လုံလုံလောက်လောက် မရတော့ပါဘူး။ အဲဒီအခါ သွေးတိုးလာပါတယ်။
၁။ ဆီးအရောင်ပြောင်းလာခြင်း
![]() |
© Depositphotos |
ကျောက်ကပ်က ဆီးတွေကို စွန့်ထုတ်ပေးပြီး အညစ်အကြေးတွေ ကိုလည်း ရှင်းလင်းပေးပါတယ်။ ဆီးရဲ့ အရောင်တွေ ပြောင်းလာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။
- တစ်နေ့ကို ၄ ကြိမ်ကနေ ၁၀ကြိမ်အထိ ဆီးသွားတာက ပုံမှန်ပါပဲ။
- ကျန်းမာတဲ့ကျောက်ကပ်က သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်က မကောင်းလို့ စစ်မထုတ်နိုင်တော့တဲ့အခါ ဆီးထဲမှာ သွေးရောင်တွေ ပါလာတတ်ပါတယ်။
Zombie (LoveMedia)
For Zawgyi
ေက်ာက္ကပ္က အလုပ္ေသခ်ာမလုပ္ေတာ့ေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္ (၁၀) ခ်က္
ေန႔စဥ္ ခႏၶာကိုယ္တြင္းက အစိတ္အပိုင္းေတြဟာ ေထာင္ေပါင္းမ်ားစြာေသာ အလုပ္ေတြကို လုပ္ပါတယ္။ တစ္ခါတရံ အလုပ္ေတြမ်ားလာတဲ့ အခါ ခႏၶါကိုယ္က ျပလာတဲ့ လကၡဏာေတြကို သတိမထားမိေတာ့ပါဘူး။ ေက်ာက္ကပ္က ေသေသခ်ာခ်ာ အလုပ္မလုပ္ေတာ့ဘူး ဆိုရင္ ခႏၶာကိုယ္မွာ လကၡဏာေတြ ျပလာတတ္ပါတယ္။
၁၀။ အိပ္မေပ်ာ္ျခင္း
ေက်ာက္ကပ္က ေသခ်ာ အလုပ္မလုပ္ေတာ့ရင္ ခႏၶာကိုယ္မွာ အဆိပ္အေတာက္ေတြ မ်ားလာပါတယ္။ အဆိပ္အေတာက္ေတြ မ်ားလာတဲ့အခါ အိပ္မေပ်ာ္ေတာ့ပါဘူး။ နာတာရွည္ ေက်ာက္ကပ္ေရာဂါရွိသူေတြက အိပ္ေနရင္းနဲ႔ အသက္ရႉ ရပ္သြားတတ္ပါတယ္။ အသက္ရႉ ရပ္သြားၿပီးရင္ ေဟာက္သံအက်ယ္ႀကီး ထြက္လာတတ္ပါတယ္။ ေဟာက္သံ အက်ယ္ႀကီး ဆက္တိုက္ ထြက္လာရင္ေတာ့ ဆရာဝန္နဲ႔ျပဖို႔လိုပါၿပီ။
၉။ ေခါင္းကိုက္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ အားကုန္ျခင္း
ေက်ာက္ကပ္က ေကာင္းေကာင္း အလုပ္မလုပ္လို႔ အိပ္မေပ်ာ္ေတာ့တဲ့ အခါ အားအင္ကုန္လာၿပီး ပင္ပန္းႏြမ္းနယ္လာပါတယ္။
၈။ အသားအေရေျခာက္ၿပီး ယားလာျခင္း
က်န္းမာတဲ့ေက်ာက္ကပ္က ေသြးထဲက အညစ္အေၾကးေတြကို ဖယ္ရွားေပးၿပီး ေသြးနီဥဆဲလ္ေတြကို ကူညီေပးပါတယ္။ ဒါ့အျပင္ ခႏၶါကိုယ္ထဲမွာ သတၳဳဓါတ္ေတြ ညီမွ်ေအာင္လည္း လုပ္ေဆာင္ေပးပါတယ္။ အသားအေရေျခာက္လာၿပီး ယားယံလာတာက သတၳဳဓါတ္နဲ႔ အာဟာရဓါတ္ေတြ မညီမွ်လို႔ပါ။ အဲဒီအခါ ေရဓါတ္ျပည့္ေအာင္ ေနသင့္ပါတယ္။
၇။ ခံတြင္းအနံ႔ဆိုးလာျခင္း
ေသြးထဲမွာ အဆိပ္အေတာက္ေတြ မ်ားလာတဲ့အခါ ခံတြင္းအနံ႔ေတြ ဆိုးလာပါတယ္။ အဲဒါအျပင္ အစားစားခ်င္စိတ္လည္း ေပ်ာက္သြားတတ္ပါတယ္။
၆။ အသက္ရႉမဝျခင္း
ေက်ာက္ကပ္က ေသခ်ာအလုပ္ မလုပ္ေတာ့တဲ့အခါ ခႏၶါကိုယ္ထဲက အရည္ပိုေတြက အဆုတ္ထဲ ေရာက္သြားပါတယ္။ ခဏခဏ ေမာၿပီး အသက္ရႉမဝျဖစ္လာရင္ ဆရာဝန္နဲ႔ ေဆြးေႏြးသင့္ပါၿပီ။
၅။ ေျခက်င္းဝတ္၊ ေျခေထာက္နဲ႔ လက္မ်ားေရာင္လာျခင္း
ေက်ာက္ကပ္က ေသခ်ာအလုပ္မလုပ္ေတာ့တဲ့ အခါ ခႏၶါကိုယ္ထဲက အရည္ပိုေတြကို မဖယ္ရွားႏိုင္ေတာ့ပါဘူး။ အဲဒီအခါ ဆိုဒီယမ္ေတြ မ်ားလာၿပီး ေျခက်င္းဝတ္၊ ေျခေထာက္၊ လက္ေတြ ေယာင္လာပါတယ္။
၄။ ေနာက္ေက်ာနာက်င္ျခင္း
ေက်ာက္ကပ္ မေကာင္းတဲ့အခါ ေနာက္ေက်ာက ခဏခဏ နာက်င္တတ္ပါတယ္။ တစ္ခါတရံ ေပါင္ၿခံနဲ႔ တင္ပါးေတြလည္း နာက်င္တတ္ပါတယ္။ ေက်ာက္ကပ္ေပၚက အရည္အိတ္ေတြ ႀကီးလာတာေၾကာင့္ ေနာက္ေက်ာနာက်င္ရတာပါ။ ဒါ့အျပင္ ေက်ာက္ကပ္ မေကာင္းတဲ့အခါ ေနာက္ေက်ာနာတာအျပင္ ဖ်ားတာ၊ အန္တာ၊ ကိုယ္အပူခ်ိန္ျမင့္တာေတြ ျဖစ္တတ္ပါတယ္။
၃။ မ်က္လုံးမို႔လာျခင္း
ေက်ာက္ကပ္က ပ႐ိုတိန္းဓါတ္ေတြက ခႏၶါကိုယ္တစ္ခုလုံးကို မျဖန႔္ႏိုင္ဘဲ ဆီးထဲကို ယိုက်သြားတဲ့အခါ မ်က္လုံးေတြ မို႔လာပါတယ္။ ေကာင္းေကာင္းအနားယူၿပီး ပ႐ိုတိန္းဓါတ္ အလုံအေလာက္ ရေနပါလ်က္နဲ႔ မ်က္လုံးေတြ မို႔ေနရင္ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
၂။ ေသြးတိုးျခင္း
ေသြးလည္ပတ္မႈစနစ္နဲ႔ ေက်ာက္ကပ္က တစ္ခုနဲ႔တစ္ခု အမွီျပဳေနပါတယ္။ ေက်ာက္ကပ္မွာရွိတဲ့ ေသးငယ္တဲ့ nephron ေတြက ေသြးထဲက အရည္ပိုေတြနဲ႔ အညစ္အေၾကးေတြကို စစ္ထုတ္ေပးပါတယ္။ ေသြးေၾကာေတြ ပ်က္စီးလာတဲ့အခါ nephrons က သန႔္စင္ေပးလိုက္တဲ့ေသြးေတြက ေအာက္ဆီဂ်င္နဲ႔ အာဟာရဓါတ္ေတြကို လုံလုံေလာက္ေလာက္ မရေတာ့ပါဘူး။ အဲဒီအခါ ေသြးတိုးလာပါတယ္။
၁။ ဆီးအေရာင္ေျပာင္းလာျခင္း
ေက်ာက္ကပ္က ဆီးေတြကို စြန႔္ထုတ္ေပးၿပီး အညစ္အေၾကးေတြ ကိုလည္း ရွင္းလင္းေပးပါတယ္။ ဆီးရဲ႕ အေရာင္ေတြ ေျပာင္းလာၿပီဆိုရင္ မေပါ့ဆသင့္ပါဘူး။
- တစ္ေန႔ကို ၄ ႀကိမ္ကေန ၁၀ႀကိမ္အထိ ဆီးသြားတာက ပုံမွန္ပါပဲ။
- က်န္းမာတဲ့ေက်ာက္ကပ္က ေသြးထဲက အညစ္အေၾကးေတြကို စစ္ထုတ္ေပးပါတယ္။ ဒါေပမယ့္ ေက်ာက္ကပ္က မေကာင္းလို႔ စစ္မထုတ္ႏိုင္ေတာ့တဲ့အခါ ဆီးထဲမွာ ေသြးေရာင္ေတြ ပါလာတတ္ပါတယ္။
Zombie (LoveMedia)
0 Comments