နှလုံးက ခန္ဓါကိုယ်ကနေ အဆက်အသွယ် ပြတ်တောက်သွားရင်တောင် ခုန်နိုင်ပါသေးတယ်။ အဲဒါကြောင့် ခန္ဓါကိုယ်ကျန်းမာဖို့ နှလုံးကျန်းမာရေးကလည်း လိုအပ်ပါသေးတယ်။ နှလုံးကျန်းမာရေးကို စစ်ဆေးဖို့အတွက် အချိန်စက္ကန့် ၃၀ ပဲ လိုအပ်ပါတယ်။
အဆင့် ၁
လက်ထည့်လို့ရလောက်တဲ့ ဇလုံထဲကို ရေအေးတွေ လောင်းထည့်ပါ။ ရေခဲတုံးတွေ ထပ်ထည့်လို့လည်း ရပါတယ်။
အဆင့် ၂
ရေခဲရေတွေ ထည့်ထားတဲ့ ဇလုံထဲကို လက်ကို ၃၀ စက္ကန့်ကြာ စိမ်ထားပါ။ ပြီးရင်တော့ လက်ကို ပြန်ထုတ်လို့ ရပါပြီ။ လက်က ရေအေးနဲ့ ထိတဲ့အခါ သွေးတွေက ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာ တွေ့ရမှာပါ။ ရလဒ်က ၂ မျိုး ရှိလာနိုင်ပါတယ်။
လက်ချောင်းများ နီရဲလာခြင်း
သင့်ရဲ့ လက်ချောင်းလေးတွေက နီသွားရင်တော့ ဝမ်းသာစရာပါပဲ။ သွေးထဲမှာ အောက်ဆီဂျင်လုံလုံလောက်လောက်ရရှိပြီး နှလုံးနဲ့သွေးလည်ပတ်မှု ကောင်းမွန်တဲ့အဓိပ္ပါယ်ပါ။
လက်ချောင်းများ ဖျော့တော့သွားခြင်း သို့မဟုတ် ပြာသွားခြင်း
ရေအေးထဲကို လက်ထည့်စိမ်ပြီးတဲ့အခါ လက်ချောင်းလေးတွေက ဖြူဖျော့သွားရင် ဒါမှမဟုတ် ပြာသွားရင် သွေးလည်ပတ်မှုမှာ ပြဿနာရှိနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေထဲမှာ အောက်ဆီဂျင်နည်းပါးနေလို့ပါ။ လက်ချောင်းလေးတွေက ပြာသွားရင် သို့မဟုတ် ဖြူသွားရငွ လက်ကို အရင်ဆုံး နွေးအောင် ထားပါ။ ဆရာဝန်ဆီ မြန်မြန်သွားပြတာ ပိုကောင်းပါတယ်။
- အသက်ရှူမဝခြင်း
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချွေးထွက်ခြင်း
- လက်မောင်း၊ လက်၊ ခြေထောက်၊ ခြေချောင်းများ နာကျင်ခြင်း
- မူးဝေခြင်းတို့ကြောင့်လည်း လက်ချောင်းတွေ ပြာလာတတ်ပါတယ်။
Bonus
နှလုံးကျန်းမာရေးကို တိုးတက်စေတဲ့ အစားအစာများ
- ကြက်သွန်ဖြူက သွေးပေါင်ချိန် ကျစေပါတယ်။
- အနက်ရောင်ချောကလက်က သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။
- သစ်ကြံပိုးမှုန့်က နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။
- ထောပတ်သီးက သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။
Zombie (LoveMedia)
For Zawgyi
သင့်ရဲ့နှလုံးကျန်းမာရေးကို စစ်ဆေးဖို့အတွက် စက္ကန့် ၃၀ ပဲ လိုအပ်ပါတယ်
အဆင့် ၁
အဆင့် ၂
- အသက်ရှူမဝခြင်း
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချွေးထွက်ခြင်း
Bonus
Zombie (LoveMedia)
0 Comments