ကြိုတင် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။ ဘယ်ရောဂါအတွက်မဆို ရောဂါလက္ခဏာ မပြခင် ကာကွယ်ထားတာ ကောင်းပါတယ်။ နှလုံးရောဂါရဲ့ အရေးကြီးတဲ့ ရောဂါလက္ခဏာရပ်တွေက တစ်လ ကြိုတင်ပေါ်ပေါက် တတ်ပါတယ်။ အရမ်းကြီးတော့ မလန့်သွားပါနဲ့။ ဒါပေမယ့် ကျန်းမာရေးအတွက် သတိရှိတာက ဘယ်တော့မှ ဆိုးကျိုးမဖြစ်ပါဘူး။

8. ပင်ပန်းနွမ်းလျခြင်း

© depositphotos

ပုံမှန်မဟုတ်တဲ့ ပင်ပန်းနွမ်းလျခြင်းဟာ နှလုံးရောဂါရဲ့ အဓိကလက္ခဏာရပ် တစ်ခုပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ပင်ပန်းနွမ်းလျကြပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ပင်ပန်းနွမ်းလျရတာ မဟုတ်ပါဘူး။ တစ်နေ့တာ ကုန်ဆုံးတော့မယ် ဆိုရင် ပိုပြီး ပင်ပန်းလာတတ်ပါတယ်။ ဒီရောဂါလက္ခဏာက ထင်ရှားတဲ့အတွက် သတိမထားဘဲ မနေသင့်ပါဘူး။ တစ်ခါတရံမှာ သာမန်အလုပ်လေးတွေဖြစ်တဲ့ အိပ်ယာသိမ်းခြင်း၊ ရေချိုးခြင်းတို့မှာ မောပန်းနေတတ်ပါတယ်။

7. ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း

© depositphotos

ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်ဖောင်းပွခြင်း၊ ဗိုက်နာခြင်းစတာတွေက နှလုံးရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပါပဲ။ ဒီလက္ခဏာတွေကို အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်း နာကျင်မှုတွေက နှလုံးရောဂါ မဖြစ်ခင်မှာ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ ပင်ပန်းတဲ့အခါ အစာအိမ်နာတာ ပိုဆိုးလာပါတယ်။

6. အိပ်မပျော်ခြင်း

© depositphotos

အိပ်မပျော်ခြင်းက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ စိုးရိမ်ကြောင့်ကြမှုများတဲ့ အခါ၊ မေ့လျော့တတ်လာတဲ့အခါ အိပ်မပျော်ခြင်းဟာ မကြာခဏ ဖြစ်ပါတယ်။ အိပ်ပျော်ဖို့ခက်ခြင်း၊ မကြာခဏနိုးခြင်းနဲ့ အိပ်ယာ စောစောနိုးခြင်းတို့က နှလုံးရောဂါရဲ့ လက္ခဏာတွေပါပဲ။

5. အသက်ရှူမဝခြင်း

© depositphotos

အသက်ရှူဖို့ ခက်ခဲတဲ့အခါ အသက်ရှူမဝခြင်း ဆိုတဲ့ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရပါတယ်။ နှလုံးရောဂါမဖြစ်ခင် ခြောက်လ အလိုတည်းက ဒီရောဂါလက္ခဏာတွေကို အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရပါတယ်။ ဆေးကုသမှုခံယူဖို့ သတိပေးတဲ့ လက္ခဏာတွေပါ။ လေလုံလောက်စွာ မရခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်းက နှလုံးရောဂါရဲ့ လက္ခဏာပါပဲ။

4. ဆံပင်ကျွတ်ခြင်း

© depositphotos

ဆံပင်ကျွတ်ခြင်းကလည်း သိသာတဲ့ လက္ခဏာရပ်ပါပဲ။ အသက် 50 ကျော်တဲ့ အမျိုးသားတွေမှာ ဆံပင်ကျွတ်တာကို အများဆုံး တွေ့ရပါတယ်။ အချို့အမျိုးသမီးတွေလည်း နှလုံးရောဂါရဲ့ လက္ခဏာအနေနဲ့ ဆံပင်ကျွတ်ပါတယ်။ ကော်တီဇုန်းဟော်မုန်း မြင့်တဲ့အခါ ဆံပင်ကျွတ်ခြင်း ဖြစ်ပါတယ်။ ဆံပင်ကျွတ်တာကလည်း မပေါ့ဆသင့်တဲ့ အရာဖြစ်လို့ ဂရုစိုက်ဖို့ လိုပါတယ်။

3. နှလုံးခုန်နှုန်း မမှန်ခြင်း

© depositphotos

ရုတ်တရက် ထိန်းမရသိမ်းမရအောင် ကြောက်စိတ်ဝင်တဲ့အခါ၊ စိုးရိမ်ပူပန်မှုများတဲ့အခါ နှလုံးခုန်နှုန်း မမှန်တော့ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေက နှလုံးခုန်နှုန်း ပိုမမှန်တတ်ပါဘူး။ နှလုံးခုန်နှုန်းမမှန်ခြင်းက မမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန်နှုန်း မမှန်ခြင်းနဲ့ နှလုံးခုန်နှုန်း များခြင်းတို့က ကွဲပြားပါတယ်။ ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေ လုပ်ခြင်းက နှလုံးခုန်နှုန်းများခြင်းကို ပိုအားပေးပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာပါပဲ။

2. ချွေးထွက်လွန်ခြင်း

© depositphotos

ပုံမှန်မဟုတ်တဲ့ ချွေးထွက်လွန်ခြင်းက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာရပ်ပါပဲ။ ချွေးထွက်လွန်ခြင်းက နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာကို အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ချွေးထွက်လွန်ခြင်းက သွေးဆုံးကိုင်ချိန် ညဖက်ချွေးထွက်ခြင်းနဲ့ မှားတတ်ပါတယ်။ ဒီလက္ခဏာက တုပ်ကွေးရဲ့လက္ခဏာနဲ့လည်း ဆင်တူပါတယ်။ အပူချိန်များတဲ့အခါ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများတဲ့ အခါ အသားအရေမှာ ချွေးတွေနဲ့ စိုထိုင်းထိုင်းဖြစ်လေ့ရှိပါတယ်။ ညဘက်မှာ ချွေးပိုထွက်တယ်လို့ ထင်ရပြီး မနက်ရောက်ရင် အိပ်ယာခင်းတွေ စိုထိုင်းနေတတ်ပါတယ်။

1. ရင်ဘတ်အောင့်ခြင်း

© depositphotos

ရင်ဘတ်အောင့်ခြင်း အမျိုးမျိုးကို အမျိုးသားရော အမျိုးသမီးမှာပါ ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ အမျိုးသားတွေမှာ ရင်ဘတ်အောင့်ခြင်းက နှလုံးရောဂါဖြစ်နိုင်တဲ့ အရေးကြီးဆုံးလက္ခဏာရပ်ဖြစ်ပြီး အမှတ်တမဲ့မနေသင့်ပါဘူး။ အမျိုးသမီးတွေရဲ့ 30 ရာခိုင်နှုန်းလောက်ပဲ ရင်ဘတ်အောင့်တာကို ခံစားရပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ လက်မောင်းတစ်ဖက်၊ သို့မဟုတ် လက်မောင်းနှစ်ဖက် (အထူးသဖြင့် ဘယ်ဘက်)၊ အောက်မေးရိုး၊ လည်ပင်း၊ ပုခုံးနဲ့ အစာအိမ်အထိ မသက်မသာဖြစ်စေပါတယ်။ ရင်ဘတ်အောင်ခြင်းက အမြဲတမ်းလည်း ဖြစ်နိုင်သလို ယာယီလည်း ဖြစ်နိုင်ပါတယ်။

ရုပ်သံကြည့်ရန်

အဝလွန်ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါ အဖြစ်များပါတယ်။ ဒီအချက်လေးတွေကတော့ သင့်ကျန်းမာရေးကို သတိပြုမိနိုင်ပြီး နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

Zombie (LoveMedia)

For Zawgyi

ႏွလုံးေရာဂါမျဖစ္ခင္ တစ္လအလိုမွာ သင့္ခႏၶာကိုယ္က သတိေပးမယ့္ အခ်က္ (၈) ခ်က္

ႀကိဳတင္ ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုေကာင္းပါတယ္။ ဘယ္ေရာဂါအတြက္မဆို ေရာဂါလကၡဏာ မျပခင္ ကာကြယ္ထားတာ ေကာင္းပါတယ္။ ႏွလုံးေရာဂါရဲ႕ အေရးႀကီးတဲ့ ေရာဂါလကၡဏာရပ္ေတြက တစ္လ ႀကိဳတင္ေပၚေပါက္ တတ္ပါတယ္။ အရမ္းႀကီးေတာ့ မလန႔္သြားပါနဲ႔။ ဒါေပမယ့္ က်န္းမာေရးအတြက္ သတိရွိတာက ဘယ္ေတာ့မွ ဆိုးက်ိဳးမျဖစ္ပါဘူး။

8. ပင္ပန္းႏြမ္းလ်ျခင္း

ပုံမွန္မဟုတ္တဲ့ ပင္ပန္းႏြမ္းလ်ျခင္းဟာ ႏွလုံးေရာဂါရဲ႕ အဓိကလကၡဏာရပ္ တစ္ခုပါပဲ။ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုၿပီး ပင္ပန္းႏြမ္းလ်ၾကပါတယ္။ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြေၾကာင့္ ပင္ပန္းႏြမ္းလ်ရတာ မဟုတ္ပါဘူး။ တစ္ေန႔တာ ကုန္ဆုံးေတာ့မယ္ ဆိုရင္ ပိုၿပီး ပင္ပန္းလာတတ္ပါတယ္။ ဒီေရာဂါလကၡဏာက ထင္ရွားတဲ့အတြက္ သတိမထားဘဲ မေနသင့္ပါဘူး။ တစ္ခါတရံမွာ သာမန္အလုပ္ေလးေတြျဖစ္တဲ့ အိပ္ယာသိမ္းျခင္း၊ ေရခ်ိဳးျခင္းတို႔မွာ ေမာပန္းေနတတ္ပါတယ္။

7. ဝမ္းဗိုက္ပိုင္း နာက်င္ျခင္း

ဝမ္းဗိုက္ပိုင္း နာက်င္ျခင္း၊ ဗိုက္မအီမသာျဖစ္ျခင္း၊ ဗိုက္ေဖာင္းပြျခင္း၊ ဗိုက္နာျခင္းစတာေတြက ႏွလုံးေရာဂါရဲ႕ အျဖစ္မ်ားတဲ့ လကၡဏာေတြပါပဲ။ ဒီလကၡဏာေတြကို အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ေတြ႕ရတတ္ပါတယ္။ ဝမ္းဗိုက္ပိုင္း နာက်င္မႈေတြက ႏွလုံးေရာဂါ မျဖစ္ခင္မွာ မၾကာခဏ ျဖစ္ေပၚတတ္ပါတယ္။ ခႏၶာကိုယ္မွာ ပင္ပန္းတဲ့အခါ အစာအိမ္နာတာ ပိုဆိုးလာပါတယ္။

6. အိပ္မေပ်ာ္ျခင္း

အိပ္မေပ်ာ္ျခင္းက ႏွလုံးေရာဂါနဲ႔ ေလျဖတ္ႏိုင္ေျခ ပိုမ်ားပါတယ္။ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားပါတယ္။ စိုးရိမ္ေၾကာင့္ၾကမႈမ်ားတဲ့ အခါ၊ ေမ့ေလ်ာ့တတ္လာတဲ့အခါ အိပ္မေပ်ာ္ျခင္းဟာ မၾကာခဏ ျဖစ္ပါတယ္။ အိပ္ေပ်ာ္ဖို႔ခက္ျခင္း၊ မၾကာခဏႏိုးျခင္းနဲ႔ အိပ္ယာ ေစာေစာႏိုးျခင္းတို႔က ႏွလုံးေရာဂါရဲ႕ လကၡဏာေတြပါပဲ။

5. အသက္ရႉမဝျခင္း

အသက္ရႉဖို႔ ခက္ခဲတဲ့အခါ အသက္ရႉမဝျခင္း ဆိုတဲ့ ျပင္းထန္တဲ့ ေဝဒနာကို ခံစားရပါတယ္။ ႏွလုံးေရာဂါမျဖစ္ခင္ ေျခာက္လ အလိုတည္းက ဒီေရာဂါလကၡဏာေတြကို အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ေတြ႕ရပါတယ္။ ေဆးကုသမႈခံယူဖို႔ သတိေပးတဲ့ လကၡဏာေတြပါ။ ေလလုံေလာက္စြာ မရျခင္း၊ မူးေဝျခင္း၊ အသက္ရႉမဝျခင္းက ႏွလုံးေရာဂါရဲ႕ လကၡဏာပါပဲ။

4. ဆံပင္ကြၽတ္ျခင္း

ဆံပင္ကြၽတ္ျခင္းကလည္း သိသာတဲ့ လကၡဏာရပ္ပါပဲ။ အသက္ 50 ေက်ာ္တဲ့ အမ်ိဳးသားေတြမွာ ဆံပင္ကြၽတ္တာကို အမ်ားဆုံး ေတြ႕ရပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးေတြလည္း ႏွလုံးေရာဂါရဲ႕ လကၡဏာအေနနဲ႔ ဆံပင္ကြၽတ္ပါတယ္။ ေကာ္တီဇုန္းေဟာ္မုန္း ျမင့္တဲ့အခါ ဆံပင္ကြၽတ္ျခင္း ျဖစ္ပါတယ္။ ဆံပင္ကြၽတ္တာကလည္း မေပါ့ဆသင့္တဲ့ အရာျဖစ္လို႔ ဂ႐ုစိုက္ဖို႔ လိုပါတယ္။

3. ႏွလုံးခုန္ႏႈန္း မမွန္ျခင္း

႐ုတ္တရက္ ထိန္းမရသိမ္းမရေအာင္ ေၾကာက္စိတ္ဝင္တဲ့အခါ၊ စိုးရိမ္ပူပန္မႈမ်ားတဲ့အခါ ႏွလုံးခုန္ႏႈန္း မမွန္ေတာ့ပါဘူး။ အထူးသျဖင့္ အမ်ိဳးသမီးေတြက ႏွလုံးခုန္ႏႈန္း ပိုမမွန္တတ္ပါဘူး။ ႏွလုံးခုန္ႏႈန္းမမွန္ျခင္းက မေမွ်ာ္လင့္ဘဲ ျဖစ္ေပၚတတ္ပါတယ္။ ႏွလုံးခုန္ႏႈန္း မမွန္ျခင္းနဲ႔ ႏွလုံးခုန္ႏႈန္း မ်ားျခင္းတို႔က ကြဲျပားပါတယ္။ ခႏၶာကိုယ္ ေလ့က်င့္ခန္းေတြ လုပ္ျခင္းက ႏွလုံးခုန္ႏႈန္းမ်ားျခင္းကို ပိုအားေပးပါတယ္။ အထူးသျဖင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရဲ႕ လကၡဏာပါပဲ။

2. ေခြၽးထြက္လြန္ျခင္း

ပုံမွန္မဟုတ္တဲ့ ေခြၽးထြက္လြန္ျခင္းက ႏွလုံးေရာဂါရဲ႕ ေရွ႕ေျပးလကၡဏာရပ္ပါပဲ။ ေခြၽးထြက္လြန္ျခင္းက ေန႔ျဖစ္ျဖစ္ ညျဖစ္ျဖစ္ ျဖစ္ႏိုင္ပါတယ္။ ဒီလကၡဏာကို အမ်ိဳးသမီးေတြမွာ ပိုေတြ႕ရတတ္ပါတယ္။ ေခြၽးထြက္လြန္ျခင္းက ေသြးဆုံးကိုင္ခ်ိန္ ညဖက္ေခြၽးထြက္ျခင္းနဲ႔ မွားတတ္ပါတယ္။ ဒီလကၡဏာက တုပ္ေကြးရဲ႕လကၡဏာနဲ႔လည္း ဆင္တူပါတယ္။ အပူခ်ိန္မ်ားတဲ့အခါ၊ ခႏၶာကိုယ္လႈပ္ရွားမႈမ်ားတဲ့ အခါ အသားအေရမွာ ေခြၽးေတြနဲ႔ စိုထိုင္းထိုင္းျဖစ္ေလ့ရွိပါတယ္။ ညဘက္မွာ ေခြၽးပိုထြက္တယ္လို႔ ထင္ရၿပီး မနက္ေရာက္ရင္ အိပ္ယာခင္းေတြ စိုထိုင္းေနတတ္ပါတယ္။

1. ရင္ဘတ္ေအာင့္ျခင္း

ရင္ဘတ္ေအာင့္ျခင္း အမ်ိဳးမ်ိဳးကို အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ျပင္းျပင္းထန္ထန္ ခံစားရပါတယ္။ အမ်ိဳးသားေတြမွာ ရင္ဘတ္ေအာင့္ျခင္းက ႏွလုံးေရာဂါျဖစ္ႏိုင္တဲ့ အေရးႀကီးဆုံးလကၡဏာရပ္ျဖစ္ၿပီး အမွတ္တမဲ့မေနသင့္ပါဘူး။ အမ်ိဳးသမီးေတြရဲ႕ 30 ရာခိုင္ႏႈန္းေလာက္ပဲ ရင္ဘတ္ေအာင့္တာကို ခံစားရပါတယ္။ ရင္ဘတ္ေအာင့္ျခင္းဟာ လက္ေမာင္းတစ္ဖက္၊ သို႔မဟုတ္ လက္ေမာင္းႏွစ္ဖက္ (အထူးသျဖင့္ ဘယ္ဘက္)၊ ေအာက္ေမး႐ိုး၊ လည္ပင္း၊ ပုခုံးနဲ႔ အစာအိမ္အထိ မသက္မသာျဖစ္ေစပါတယ္။ ရင္ဘတ္ေအာင္ျခင္းက အၿမဲတမ္းလည္း ျဖစ္ႏိုင္သလို ယာယီလည္း ျဖစ္ႏိုင္ပါတယ္။

အဝလြန္ျခင္း၊ ခႏၶာကိုယ္လႈပ္ရွားမႈ မရွိျခင္း၊ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ႏွလုံးေရာဂါ အျဖစ္မ်ားပါတယ္။ ဒီအခ်က္ေလးေတြကေတာ့ သင့္က်န္းမာေရးကို သတိျပဳမိႏိုင္ၿပီး ႏွလုံးေရာဂါကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ ျဖစ္ပါတယ္။

Zombie (LoveMedia)