ကလေး ၄၆% က အသီးအရွက်တွေကို မစားချင်ကြဘူးလို့ UK က သုတေသနအဖွဲ့တစ်ခုက ဖော်ပြထားပါတယ်။ ကလေးတွေ သန်မာပြီး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဗီတာမင်ဓါတ်တွေ များစွာလိုပါတယ်။ သင့်ကလေးက အသီးအရွက်တွေစားဖို့ အမြဲငြင်းဆန်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို သုံးကြည့်ပါနော်။

၁။ ဈေးဝယ်ထွက်တဲ့အခါ ကလေးကို ခေါ်သွားခြင်း

© depositphotos.com, © shutterstock.com

ဈေးဝယ်ထွက်တဲ့အခါ ကလေးကို ခေါ်သွားပြီး အသီးအရွက်တွေကို သူတို့ကိုယ်တိုင် ရွေးချယ်ဖို့ ပြောပါ။ အဲဒီအခါ ကလေးတွေက သူတို့စားချင်တဲ့အသီးအနှံကို ကိုယ်တိုင်ရွေးချယ်ဖြစ်သွားပါတယ်။ ရွေးချယ်ရင်းနဲ့ ကျန်းမာရေးနဲ့ သင့်တော်ကြောင်းကို ကလေးတွေ တဖြည်းဖြည်း သိလာပါတယ်။

၂။ အသီးအရွက်များကို ဆော့စ်အဖြစ် ပြောင်းလဲလိုက်ခြင်း

ဆားတွေ၊ သကြားတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် အသီးအရွက်တွေကို နို့၊ ဒိန်ချဉ်၊ ဆား၊ သကြားတွေနဲ့ရောကြိတ်ပြီး ဆော့စ်ဖြစ်အောင် လုပ်လိုက်တဲ့အခါ ကလေးတွေ ပိုသဘောကျပါတယ်။ ဆော့စ်နဲ့ ကြိုက်ရာမုန့်ကို တို့စားလို့ရလို့ပါ။

၃။ ဟင်းချက်သည့်အခါ သကြားအနည်းငယ် ထည့်ချက်ခြင်း

© ShakinBacon / Reddit

ကလေးတွေက အချိုကြိုက်တာကြောင့် မုန်လာဥဝါကို သကြားအညိုနဲ့ချက်တာကို သဘောကျကြပါတယ်။ ဒါမှမဟုတ် အသီးအရွက်တွေကို ဖျော်ရည်လုပ်လိုက်ပြီး အချိုနည်းနည်း ထည့်ဖျော်ပေးတာက အရသာလည်းပိုရှိစေပါတယ်။ အဲဒီကနေ အသီးအရွက် စားရတာကို သဘောကျလာပါလိမ့်မယ်။

၄။ အသီးအရွက်များနှင့် ပုံဖော်ခြင်း

© dropstop / Reddit

ဒီနည်းလမ်းက ကလေးတွေရဲ့ တီထွင်မှုကိုလည်း တိုးတက်စေပါတယ်။ အသီးအရွက်၊ အသီးအနှံလေးတွေကို ပန်းကန်ပြားပေါ်တင်ပြီး သူတို့စိတ်ကြိုက် ပုံဖော်စေပါ။ သူတို့ပုံဖော်ထားတဲ့ အသီးအရွက်တွေကို နာမည်အဆန်းအပြားတွေ ပေးခိုင်းတဲ့အခါ အသီးအရွက်စားဖို့ ငြင်းတော့မှာမဟုတ်ပါဘူး။

၅။ အစားအစာများကို ခွံ့မမကျွေးခြင်း

© shutterstock.com, © shutterstock.com

ကလေးတွေကို အစားအစာခွံ့မကျွေးဘဲ သူတို့စိတ်ကြိုက် အသီးအနှံတွေကို သူတို့ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်စားဖို့ ပြောပါ။ အစပိုင်းမှာတော့ ကလေးတွေက အသီးအနှံ၊ အသီးအရွက်တွေကို စိတ်ကြိုက်ရွေးချယ်စားတတ်မှာ မဟုတ်သေးပါဘူး။ အသီးအနှံလေးတွေကို ပုံစံလှလှလေးတွေလှီးပြီး ထည့်ထားတဲ့အခါ စားချင်စိတ်ဖြစ်လာမှာပါ။

၆။ ဟင်းချက်သည့်အခါ လုပ်ကူစေခြင်း

ကလေးတွေက တီထွင်ဖန်တီးရတာကို သဘောကျပါတယ်။ ဟင်းအတူတူ ချက်ကြမယ်ဆိုပြီးတော့ အသီးအရွက်တွေရဲ့အကျိုးအာနိသင်အကြောင်းရှင်းပြပါ။ ဟင်းချက်ရာမှာ အတူတူ လုပ်ကူရင်းကနေ အသီးအရွက် စားရတာ သဘောကျလာမှာပါ။

၇။ အသီးအရွက်များကို မြင်သာအောင်ထားခြင်း

© shutterstock.com

သင့်ကလေးက အသီးအရွက်တွေကို မစားဘူးဆိုရင်တောင် အသီးအရွက်တွေကို သူအမြဲ မြင်နိုင်အောင်ထားပါ။ အဲဒီအခါ ကလေးတွေရဲ့စိတ်ထဲမှာ အသီးအရွက်ဟာ မစားမဖြစ်စားရမယ့် အစားအစာလို့ မှတ်ယူသွားပါတယ်။ တဖြည်းဖြည်းနဲ့ အသီးအရွက်တွေကို စားချင်လာပါတယ်။

၈။ မိသားစုစတိုင်ချက်ခြင်း

ဟင်းချက်တဲ့အခါ လူကြီးအတွက်၊ ကလေးအတွက်ဆိုပြီး ခွဲချက်တာထက် တစ်မိသားစုလုံး စားနိုင်တဲ့ ဟင်းမျိုးကိုသာ ရွေးချယ်ချက်သင့်ပါတယ်။ အဲဒီအခါ ကလေးတွေကလည်း သူတို့စိတ်ကြိုက် ရွေးစားလို့ရသွားပါပြီ။

Zombie (Lovemedia)

For Zawgyi

အသီးအ႐ြက္မစားတဲ့ ကေလးေတြအတြက္ နည္းလမ္းေကာင္း (၈)ခု

ကေလး ၄၆% က အသီးအ႐ြက္ေတြကို မစားခ်င္ၾကဘူးလို႔ UK က သုေတသနအဖြဲ႕တစ္ခုက ေဖာ္ျပထားပါတယ္။ ကေလးေတြ သန္မာၿပီး က်န္းက်န္းမာမာ ႀကီးျပင္းလာဖို႔အတြက္ ဗီတာမင္ဓါတ္ေတြ မ်ားစြာလိုပါတယ္။ သင့္ကေလးက အသီးအ႐ြက္ေတြစားဖို႔ အၿမဲျငင္းဆန္ေနတယ္ဆိုရင္ ဒီနည္းလမ္းေလးေတြကို သုံးၾကည့္ပါေနာ္။

၁။ ေဈးဝယ္ထြက္တဲ့အခါ ကေလးကို ေခၚသြားျခင္း

ေဈးဝယ္ထြက္တဲ့အခါ ကေလးကို ေခၚသြားၿပီး အသီးအ႐ြက္ေတြကို သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ဖို႔ ေျပာပါ။ အဲဒီအခါ ကေလးေတြက သူတို႔စားခ်င္တဲ့အသီးအႏွံကို ကိုယ္တိုင္ေ႐ြးခ်ယ္ျဖစ္သြားပါတယ္။ ေ႐ြးခ်ယ္ရင္းနဲ႔ က်န္းမာေရးနဲ႔ သင့္ေတာ္ေၾကာင္းကို ကေလးေတြ တျဖည္းျဖည္း သိလာပါတယ္။

၂။ အသီးအ႐ြက္မ်ားကို ေဆာ့စ္အျဖစ္ ေျပာင္းလဲလိုက္ျခင္း

ဆားေတြ၊ သၾကားေတြက က်န္းမာေရးနဲ႔မညီၫြတ္ဘူးလို႔ သင္ထင္ေကာင္း ထင္ပါလိမ့္မယ္။ ဒါေပမယ့္ အသီးအ႐ြက္ေတြကို ႏို႔၊ ဒိန္ခ်ဥ္၊ ဆား၊ သၾကားေတြနဲ႔ေရာႀကိတ္ၿပီး ေဆာ့စ္ျဖစ္ေအာင္ လုပ္လိုက္တဲ့အခါ ကေလးေတြ ပိုသေဘာက်ပါတယ္။ ေဆာ့စ္နဲ႔ ႀကိဳက္ရာမုန႔္ကို တို႔စားလို႔ရလို႔ပါ။

၃။ ဟင္းခ်က္သည့္အခါ သၾကားအနည္းငယ္ ထည့္ခ်က္ျခင္း

ကေလးေတြက အခ်ိဳႀကိဳက္တာေၾကာင့္ မုန္လာဥဝါကို သၾကားအညိဳနဲ႔ခ်က္တာကို သေဘာက်ၾကပါတယ္။ ဒါမွမဟုတ္ အသီးအ႐ြက္ေတြကို ေဖ်ာ္ရည္လုပ္လိုက္ၿပီး အခ်ိဳနည္းနည္း ထည့္ေဖ်ာ္ေပးတာက အရသာလည္းပိုရွိေစပါတယ္။ အဲဒီကေန အသီးအ႐ြက္ စားရတာကို သေဘာက်လာပါလိမ့္မယ္။

၄။ အသီးအ႐ြက္မ်ားႏွင့္ ပုံေဖာ္ျခင္း

ဒီနည္းလမ္းက ကေလးေတြရဲ႕ တီထြင္မႈကိုလည္း တိုးတက္ေစပါတယ္။ အသီးအ႐ြက္၊ အသီးအႏွံေလးေတြကို ပန္းကန္ျပားေပၚတင္ၿပီး သူတို႔စိတ္ႀကိဳက္ ပုံေဖာ္ေစပါ။ သူတို႔ပုံေဖာ္ထားတဲ့ အသီးအ႐ြက္ေတြကို နာမည္အဆန္းအျပားေတြ ေပးခိုင္းတဲ့အခါ အသီးအ႐ြက္စားဖို႔ ျငင္းေတာ့မွာမဟုတ္ပါဘူး။

၅။ အစားအစာမ်ားကို ခြံ႕မမေကြၽးျခင္း

ကေလးေတြကို အစားအစာခြံ႕မေကြၽးဘဲ သူတို႔စိတ္ႀကိဳက္ အသီးအႏွံေတြကို သူတို႔ကိုယ္တိုင္စိတ္ႀကိဳက္ေ႐ြးခ်ယ္စားဖို႔ ေျပာပါ။ အစပိုင္းမွာေတာ့ ကေလးေတြက အသီးအႏွံ၊ အသီးအ႐ြက္ေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္စားတတ္မွာ မဟုတ္ေသးပါဘူး။ အသီးအႏွံေလးေတြကို ပုံစံလွလွေလးေတြလွီးၿပီး ထည့္ထားတဲ့အခါ စားခ်င္စိတ္ျဖစ္လာမွာပါ။

၆။ ဟင္းခ်က္သည့္အခါ လုပ္ကူေစျခင္း

ကေလးေတြက တီထြင္ဖန္တီးရတာကို သေဘာက်ပါတယ္။ ဟင္းအတူတူခ်က္ၾကမယ္ဆိုၿပီးေတာ့ အသီးအ႐ြက္ေတြရဲ႕အက်ိဳးအာနိသင္အေၾကာင္းရွင္းျပပါ။ ဟင္းခ်က္ရာမွာ အတူတူလုပ္ကူရင္းကေန အသီးအ႐ြက္ စားရတာ သေဘာက်လာမွာပါ။

၇။ အသီးအ႐ြက္မ်ားကို ျမင္သာေအာင္ထားျခင္း

သင့္ကေလးက အသီးအ႐ြက္ေတြကို မစားဘူးဆိုရင္ေတာင္ အသီးအ႐ြက္ေတြကို သူအၿမဲ ျမင္ႏိုင္ေအာင္ထားပါ။ အဲဒီအခါ ကေလးေတြရဲ႕စိတ္ထဲမွာ အသီးအ႐ြက္ဟာ မစားမျဖစ္စားရမယ့္ အစားအစာလို႔ မွတ္ယူသြားပါတယ္။ တျဖည္းျဖည္းနဲ႔ အသီးအ႐ြက္ေတြကို စားခ်င္လာပါတယ္။

၈။ မိသားစုစတိုင္ခ်က္ျခင္း

ဟင္းခ်က္တဲ့အခါ လူႀကီးအတြက္၊ ကေလးအတြက္ဆိုၿပီး ခြဲခ်က္တာထက္ တစ္မိသားစုလုံး စားႏိုင္တဲ့ ဟင္းမ်ိဳးကိုသာ ေ႐ြးခ်ယ္ခ်က္သင့္ပါတယ္။ အဲဒီအခါ ကေလးေတြကလည္း သူတို႔စိတ္ႀကိဳက္ ေ႐ြးစားလို႔ရသြားပါၿပီ။

Zombie (Lovemedia)