© shutterstock.com

ဆံပင်ဟာ ၃.၅ အောင်စရှိတဲ့ ဝန်ကို တောင့်ခံနိုင်ပြီး ဆံပင်စိုနေတဲ့အခါ ၃၀% ပိုဆန့်နိုင်ပါတယ်။ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကသာ ဒီလိုစွမ်းရည်တွေ ရှိတာပါ။ ပျက်ဆီးနေတဲ့ဆံပင်က လွယ်လွယ်နဲ့ ကျိုးပြတ်တတ်ပါတယ်။ ဆံပင်က ကျန်းမာသန်စွမ်းရဲ့ဆိုတာကို လွယ်ကူရိုးရှင်းစွာ စစ်ဆေးလို့ရပါတယ်။

၁။ မွေးညင်းပေါက်

© depositphotos.com

သင့်ရဲ့ဆံပင်က ဘယ်လိုအခြေအနေရှိလဲ ဆိုတာကိုသိဖို့ ဆံပင်အမြစ်ကို အရင်ဆုံးကြည့်ဖို့ လိုပါတယ်။

- ဆံပင်ကို အမြစ်ပါ ပါလာအောင် ဆွဲနှုတ်လိုက်ပါ။

- ဆံပင်အမြစ်ကို ကြည့်လိုက်တဲ့အခါ ဆံပင်အမြစ်က မီးသီးလို ဝိုင်းဝိုင်းလေးဖြစ်နေရင် ဆံပင်ကျန်းမာရေး ကောင်းပါတယ်။ ဆံပင်အမြစ်က သေးရှည်ရှည်လေးဖြစ်နေရင် အားနည်းနေတာကြောင့် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

- မြေထဲပင်လယ်အစားအသောက်တွေက ဆံပင်ကျွတ်တာလျော့နည်းစေပါတယ်။

- ပိုနီတေးလ် ဆံပင်စည်းနည်းတွေကလည်း ဆံပင်ကျွတ်စေပါတယ်။ အထူးသဖြင့် အိပ်တဲ့အခါ ဆံပင်စည်းပြီး မအိပ်သင့်ပါဘူး။

၂။ ဆံပင်ကိုရေထဲ နှစ်ပြီးစမ်းသပ်ခြင်း

© depositphotos.com

ပျက်စီးနေတဲ့ဆံပင်က ရေကို မြန်မြန်စုပ်ယူနိုင်ပါတယ်။

- ဆံပင်ကို ဦးခေါင်းရဲ့ထိပ်၊ နောက်၊ ဘေးဘက်တွေကနေ တစ်ပင်ဆီနှုတ်ယူပါ။

- ဆံပင်တွေကို ရေထဲနှစ်လိုက်ပါ။ လုံးဝကျန်းမာသန်စွမ်းတဲ့ ဆံပင်က ပေါလောပေါ်နေပြီး ပုံမှန်ကျန်းမာတဲ့ ဆံပင်က ရေထဲမှာ နည်းနည်းမြုပ်နေပါတယ်။ ပျက်စီးနေတဲ့ ဆံပင်ကတော့ လုံးဝကို ရေထဲမှာ နစ်သွားပါတယ်။

ဒီလိုရေထဲမှာ နစ်သွားတဲ့ ဆံပင်တွေအတွက်

- ထောပတ်စားပေးသင့်ပါတယ်။

- ပန်းသီးရှာလကာရည်နဲ့ ရှားစောင်းလက်ပတ်က ဆံပင်ရဲ့ pH level ကို ညှိပေးပါတယ်။

၃။ ဆံပင်ကို ဆွဲပြီးစမ်းသပ်ခြင်း

© shutterstock.com

ဒီနည်းကတော့ ဆံပင်ရဲ့ ဆန့်ကျုံ့သတ္တိကို သိရှိစေဖို့ပါ။

- ဆံပင်ကို ယူလိုက်ပြီး အစွန်းနှစ်ဖက်ကနေ ညင်ညင်သာသာဆွဲပါ။

- ဆံပင်ကို လွှတ်လိုက်တဲ့အခါ ပြန်ကန်ထွက်ရင် ဆံပင်ရဲ့ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဆံပင်က လွယ်လွယ်နဲ့ ကျိုးသွားရင် အားနည်းနေလို့ပါ။

- ဆံပင်မှုတ်စက်နဲ့ အခြောက်ခံတာက ဆံပင်ကို ပျက်စီးစေပါတယ်။

- ဆံပင်ကို Jojoba ဆီလိမ်းပေးပြီး ဦးခေါင်းကို နှိပ်နယ်ပေးပါ။

- ပျားရည်ကလည်း ဆံပင်ကို ရေဓါတ်ဖြည့်ပေးတာကြောင့် ပျားရည်ကို ဆံပင်မှာ လိမ်းပေးလို့လည်း ရပါတယ်။

၄။ စိမ့်ဝင်နိုင်မှုကို စမ်းသပ်ခြင်း

© shutterstock.com

ဒီနည်းကတော့ ဆံပင်ပျက်စီးနေလား၊ မပျက်စီးဘူးလားလို့ သိနိုင်ဖို့ပါ။

- ဆံပင်တစ်ပင်ကို နှုတ်ပြီး အဖျားကနေ အရင်းအထိ လက်ချောင်းနဲ့ ကူးချည်သန်းချည် ပွတ်တိုက်ပေးပါ။ ဆံပင်က ကြမ်းတယ်လို့ ခံစားရရင် ဆံပင်ပျက်စီးနေလို့ပါ။ ချောမွေ့တယ်လို့ ခံစားရရင် ဆံပင်ရဲ့ ကျန်းမာရေး ကောင်းပါတယ်။

- ဆံပင်က ကြမ်းတယ်လို့ခံစားရရင် ဆေးဆိုးတာ၊ ကောက်တာ၊ လေမှုတ်တာတွေကို လျှော့သင့်ပါတယ်။

- ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာက ဆံပင်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။

Zombie (lovemedia)

For Zawgyi

သင့္ဆံပင္ရဲ႕က်န္းမာေရးကို စမ္းသပ္ဖို႔ နည္းလမ္း (၄) ခု

ဆံပင္ဟာ ၃.၅ ေအာင္စရွိတဲ့ ဝန္ကို ေတာင့္ခံႏိုင္ၿပီး ဆံပင္စိုေနတဲ့အခါ ၃၀% ပိုဆန္႔ႏိုင္ပါတယ္။ဒါေပမယ့္ က်န္းမာသန္စြမ္းတဲ့ ဆံပင္ကသာ ဒီလိုစြမ္းရည္ေတြ ရွိတာပါ။ ပ်က္ဆီးေနတဲ့ဆံပင္က လြယ္လြယ္နဲ႔ က်ိဳးျပတ္တတ္ပါတယ္။ ဆံပင္က က်န္းမာသန္စြမ္းရဲ႕ဆိုတာကို လြယ္ကူ႐ိုးရွင္းစြာ စစ္ေဆးလို႔ရပါတယ္။

၁။ ေမြးညင္းေပါက္

သင့္ရဲ႕ဆံပင္က ဘယ္လိုအေျခအေနရွိလဲ ဆိုတာကိုသိဖို႔ ဆံပင္အျမစ္ကို အရင္ဆုံးၾကည့္ဖို႔ လိုပါတယ္။

- ဆံပင္ကို အျမစ္ပါ ပါလာေအာင္ ဆြဲႏႈတ္လိုက္ပါ။

- ဆံပင္အျမစ္ကို ၾကည့္လိုက္တဲ့အခါ ဆံပင္အျမစ္က မီးသီးလို ဝိုင္းဝိုင္းေလးျဖစ္ေနရင္ ဆံပင္က်န္းမာေရး ေကာင္းပါတယ္။ ဆံပင္အျမစ္က ေသးရွည္ရွည္ေလးျဖစ္ေနရင္ အားနည္းေနတာေၾကာင့္ ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

- ေျမထဲပင္လယ္အစားအေသာက္ေတြက ဆံပင္ကြၽတ္တာေလ်ာ့နည္းေစပါတယ္။

- ပိုနီေတးလ္ ဆံပင္စည္းနည္းေတြကလည္း ဆံပင္ကြၽတ္ေစပါတယ္။ အထူးသျဖင့္ အိပ္တဲ့အခါ ဆံပင္စည္းၿပီး မအိပ္သင့္ပါဘူး။

၂။ ဆံပင္ကိုေရထဲ ႏွစ္ၿပီးစမ္းသပ္ျခင္း

ပ်က္စီးေနတဲ့ဆံပင္က ေရကို ျမန္ျမန္စုပ္ယူႏိုင္ပါတယ္။

- ဆံပင္ကို ဦးေခါင္းရဲ႕ထိပ္၊ ေနာက္၊ ေဘးဘက္ေတြကေန တစ္ပင္ဆီႏႈတ္ယူပါ။

- ဆံပင္ေတြကို ေရထဲႏွစ္လိုက္ပါ။ လုံးဝက်န္းမာသန္စြမ္းတဲ့ ဆံပင္က ေပါေလာေပၚေနၿပီး ပုံမွန္က်န္းမာတဲ့ ဆံပင္က ေရထဲမွာ နည္းနည္းျမဳပ္ေနပါတယ္။ ပ်က္စီးေနတဲ့ ဆံပင္ကေတာ့ လုံးဝကို ေရထဲမွာ နစ္သြားပါတယ္။

ဒီလိုေရထဲမွာ နစ္သြားတဲ့ ဆံပင္ေတြအတြက္

- ေထာပတ္စားေပးသင့္ပါတယ္။

- ပန္းသီးရွာလကာရည္နဲ႔ ရွားေစာင္းလက္ပတ္က ဆံပင္ရဲ႕ pH level ကို ညႇိေပးပါတယ္။

၃။ ဆံပင္ကို ဆြဲၿပီးစမ္းသပ္ျခင္း

ဒီနည္းကေတာ့ ဆံပင္ရဲ႕ ဆန္႔က်ဳံ႕သတၱိကို သိရွိေစဖို႔ပါ။

- ဆံပင္ကို ယူလိုက္ၿပီး အစြန္းႏွစ္ဖက္ကေန ညင္ညင္သာသာဆြဲပါ။

- ဆံပင္ကို လႊတ္လိုက္တဲ့အခါ ျပန္ကန္ထြက္ရင္ ဆံပင္ရဲ႕က်န္းမာေရး ေကာင္းမြန္ပါတယ္။ ဆံပင္က လြယ္လြယ္နဲ႔ က်ိဳးသြားရင္ အားနည္းေနလို႔ပါ။

- ဆံပင္မႈတ္စက္နဲ႔ အေျခာက္ခံတာက ဆံပင္ကို ပ်က္စီးေစပါတယ္။

- ဆံပင္ကို Jojoba ဆီလိမ္းေပးၿပီး ဦးေခါင္းကို ႏွိပ္နယ္ေပးပါ။

- ပ်ားရည္ကလည္း ဆံပင္ကို ေရဓါတ္ျဖည့္ေပးတာေၾကာင့္ ပ်ားရည္ကို ဆံပင္မွာ လိမ္းေပးလို႔လည္း ရပါတယ္။

၄။ စိမ့္ဝင္ႏိုင္မႈကို စမ္းသပ္ျခင္း

ဒီနည္းကေတာ့ ဆံပင္ပ်က္စီးေနလား၊ မပ်က္စီးဘူးလားလို႔ သိႏိုင္ဖို႔ပါ။

- ဆံပင္တစ္ပင္ကို ႏႈတ္ၿပီး အဖ်ားကေန အရင္းအထိ လက္ေခ်ာင္းနဲ႔ ကူးခ်ည္သန္းခ်ည္ ပြတ္တိုက္ေပးပါ။ ဆံပင္က ၾကမ္းတယ္လို႔ ခံစားရရင္ ဆံပင္ပ်က္စီးေနလို႔ပါ။ ေခ်ာေမြ႕တယ္လို႔ ခံစားရရင္ ဆံပင္ရဲ႕ က်န္းမာေရး ေကာင္းပါတယ္။

- ဆံပင္က ၾကမ္းတယ္လို႔ခံစားရရင္ ေဆးဆိုးတာ၊ ေကာက္တာ၊ ေလမႈတ္တာေတြကို ေလွ်ာ့သင့္ပါတယ္။

- ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္တာက ဆံပင္ပ်က္စီးတာကို ကာကြယ္ေပးပါတယ္။

Zombie (lovemedia)