ကမ္ဘာမြေကြီးရဲ့ ဆွဲအား နိယာမတွေကို Sir Isaac Newton က တွေ့ရှိခဲ့ ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က အချို့နေရာတွေမှာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ မရှိပါဘူး။

1. ပြောင်းပြန် စီးဆင်းနေတဲ့ ရေတံခွန်

© Rod Kirkpatrick / youtube

အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ပြောင်းပြန် စီးဆင်းတဲ့ ရေတံခွန်က Hayfield ရွာနဲ့ သိပ်မဝေးပါဘူး။ အဲဒီ ရေတံခွန်က ရေတွေက အောက်ကို မစီးဆင်းဘဲ ရေပန်းလိုမျိုး အပေါ်ကို ရေတွေ ဖြာတက်နေ ပါတယ်။ ရေတံခွန်နားမှ လေက ပြင်းပြင်းထန်ထန် တိုက်ခတ်ပါတယ်။ တိုက်လိုက်တဲ့ လေတွေကြောင့် ရေက အောက်ကို ပြန်ကျလာ ပါတယ်။ ရေတံခွန်ရဲ့ အမြင့်က 78 ပေ မြင့်ပါတယ်။

2. အမေရိကန်နိုင်ငံ၊ Oregon ပြည်နယ်က စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့အိမ်

ဒီအိမ်က Oregon ပြည်နယ်က တောနက်ကြီးထဲမှာ ရှိပါတယ်။ အဲဒီဒေသကို လူတွေ မသွားရောက်ဖို့ တားမြစ်ထား ပါတယ်။ အိမ်ရဲ့တစ်ဝက်က မြေကြီးထဲ ရောက်နေပါတယ်။ အဲဒီအိမ်မှာ သာမန်အတိုင်း လမ်းလျှောက်ဖို့ မဖြစ်နိုင်ပါဘူး။ လမ်းလျှောက်မယ် ဆိုရင် နံရံတွေကို ကိုင်ပြီး လမ်းလျှောက်ရမှာပါ။ အဲဒီအိမ်ထဲမှာ ရှိတဲ့ တံမြက်စည်း တစ်ချောင်းက လေထဲက လဲမသွားဘဲ အထောင်လိုက်ဖြစ်နေပါတယ်။ တခြားပစ္စည်းတွေကို ထားရင်လည်း လဲမသွားဘဲ အထောင်လိုက် ဖြစ်နေတတ်ပါတယ်။

3. အာမေးနီးယားနိုင်ငံက Aragat တောင်ခြေလမ်း

© True Time / youtube

တူရကီနိုင်ငံနဲ့ အာမေးနီးယား နိုင်ငံနယ်စပ်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ တောင်တစ်လုံး ရှိပါတယ်။ အဲဒီတောင်က ကမ္ဘာမြေဆွဲအား မရှိတဲ့ ဖြစ်စဉ်ကို ကြည့်ဖို့ ခရီးသွားတွေက နှစ်စဉ် ရောက်လာကြပါတယ်။ တောင်ခြေမှာ ကားကို စက်မနှိုးဘဲ ရပ်ထားရင် ကားက သူ့အလိုလို တောင်ပေါ်ကို တက်သွားပါလိမ့်မယ်။ တောင်ခြေကို ရောက်ဖူးသူတွေက တောင်ဆင်းရတာထက် တောင်တက်ရတာ ပိုလွယ်တယ်လို့ ပြောပါတယ်။

4. အမေရိကန်နိုင်ငံ၊ Nevada ပြည်နယ်က Hoover ဆည်

© Mark Angear / youtube

Hoover ဆည်က 726.4 ပေ မြင့်ပါတယ်။ ဆည်ရဲ့ အပေါ်ကနေ ရေလောင်းချရင် ရေက အောက်ကို ကျမသွားဘဲ လေထဲမှာပဲ ရှိနေ ပါတယ်။ တခြား ပေါ့ပါးတဲ့အရာတွေကို ပစ်ချရင်လည်း အောက်ကိ မကျသွားပါဘူး။ လေရဲ့အရှိန်နဲ့ တခြားနေရာကို ရောက်သွားပါတယ်။

5. အမေရိကန်နိုင်ငံ Wyoming ပြည်နယ်က Devils Tower

© jovannig / depositphotos

Devils Towerက Black Hills တောင်တန်းမှာ ရှိပါတယ်။ Devils Towerကို တောင်တက်သမားတွေက သဘောကျကြ ပါတယ်။ တောက်တက်သမားတွေက ဧဝရတ်တောင်ထိပ်ကို တက်နိူင်ပေမယ့် Devils Towerရဲ့ ထိပ်ကိုတော့ မတက်နိုင်ပါဘူး။ Devils Towerရဲ့အမြင့်က 1267 ပေ ရှိပါတယ်။ တောင်နံရံတွေက မတ်စောက်လို့ ပြန်ဆင်းဖို့ မလွယ်သလို တောင်ထိပ်ရောက် ဖို့လည်း မလွယ်ပါဘူး။

6. တောင်ကိုရီးယားနိုင်ငံက ထူးဆန်းတဲ့လမ်း

© karenhazzzel / instagram

တောင်ကိုရီးယားနိုင်ငံ၊ Jujuကျွန်းက လမ်းလေးတစ်ခုမှာ ဘူးခွံလေးတွေကို ပစ်ချလိုက်ရင် လှိမ့်မသွားဘဲ ကုန်းမြင့်ပိုင်းကို တက်သွားပါတယ်။ ခရီးသွားတွေက ဘူးခွံတွေ အများကြီးနဲ့ စမ်းသပ်ကြ ပါတယ်။ ဒီလမ်းလေးက ခရီးသွားတွေကို တော်တော် ဆွဲဆောင်နိုင်ပါတယ်။ တချို့ဆိုရင် ကျောက်ပြားတွေနဲ့ စမ်းသပ်ကြ ပါတယ်။

7. ကျိုက်ထီးရိုးဘုရား

© efesenko / depositphotos

ကျိုက်ထီးရိုးဘုရားကို တည်ထားတာ နှစ်ပေါင်း 2500 ရှိပါပြီ။ ကျောက်တုံးကြီး ထဲမှာ ဗုဒ္ဓဘုရားရဲ့ ဆံတော်ကို ဌာပနာထားတယ်လို့ ပြောကြပါတယ်။ ကျောက်ထီးရိုး ဘုရားက ကျောက်စွန်မှာ ရှိနေပေမယ့် အောက်ကို ပြုတ်ကျ မသွားပါဘူး။ အမျိုးသမီးတွေ ကိုတော့ ကျိုက်ထီးရိုးဘုရားကို ထိခွင့်မပြုထားပါဘူး။

8. အာဂျင်တီးနားနိုင်ငံက Davasko ကျောက်တုံး

© esascosas

Davasko ကျောက်တုံးကြီးက ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး တည်ရှိနေတာ ဖြစ်ပါတယ်။ ကျောက်တုံးရဲ့အလေးချိန်က တန် 300 ထက် ပိုပါတယ်။ ကြီးမားတဲ့ ကျောက်ဆောင်ကြီးရဲ့ အစွန်မှ တည်ရှိတာ ဖြစ်ပြီး သက်တမ်းက နှစ်ပေါင်းထောင်ချီပြီး ကြာမြင့်နေပါပြီ။ 1912 ခုနှစ်၊ ဖေဖော်ဝါရီ 29 ရက်မှာ Davasko ကျောက်တုံးကြီး ပြုတ်ကျသွား ခဲ့ပါတယ် ။ နှစ်ပေါင်း 95 နှစ် ကြာတဲ့အခါ ကျောက်တုံးရဲ့ ပုံစံတူကို ပြုလုပ်ပြီး Davasko ကျောက်တုံးရှိခဲ့တဲ့ နေရာမှာ ထားခဲ့ ပါတယ်။ အခု လက်ရှိ ပုံစံတူ ကျောက်တုံးက 9 တန် ရှိပြီး ကျောက်ဆောင်ကြီးရဲ့ အစွန်မှာပဲ ရှိပါတယ်။

ရုပ်သံကြည့်ရန်

Zombie (LoveMedia)

For Zawgyi

ကမာၻေျမဆြဲအားမရွိတဲ့ ေနရာ (၈) ခု

ကမာၻေျမႀကီးရဲ႕ ဆြဲအား နိယာမေတြကို Sir Isaac Newton က ေတြ႕ရွိခဲ့ ပါတယ္။ ဒါေပမယ့္ ကမာၻေပၚက အခ်ိဳ႕ေနရာေတြမွာ ကမာၻေျမႀကီးရဲ႕ ဆြဲအားေတြ မရွိပါဘူး။

1. ေျပာင္းျပန္ စီးဆင္းေနတဲ့ ေရတံခြန္

အဂၤလန္ႏိုင္ငံမွာ ရွိတဲ့ ေျပာင္းျပန္ စီးဆင္းတဲ့ ေရတံခြန္က Hayfield ႐ြာနဲ႔ သိပ္မေဝးပါဘူး။ အဲဒီ ေရတံခြန္က ေရေတြက ေအာက္ကို မစီးဆင္းဘဲ ေရပန္းလိုမ်ိဳး အေပၚကို ေရေတြ ျဖာတက္ေန ပါတယ္။ ေရတံခြန္နားမွ ေလက ျပင္းျပင္းထန္ထန္ တိုက္ခတ္ပါတယ္။ တိုက္လိုက္တဲ့ ေလေတြေၾကာင့္ ေရက ေအာက္ကို ျပန္က်လာ ပါတယ္။ ေရတံခြန္ရဲ႕ အျမင့္က 78 ေပ ျမင့္ပါတယ္။

2. အေမရိကန္ႏိုင္ငံ၊ Oregon ျပည္နယ္က စိတ္ဝင္စားစရာေတြ ျပည့္ေနတဲ့အိမ္

ဒီအိမ္က Oregon ျပည္နယ္က ေတာနက္ႀကီးထဲမွာ ရွိပါတယ္။ အဲဒီေဒသကို လူေတြ မသြားေရာက္ဖို႔ တားျမစ္ထား ပါတယ္။ အိမ္ရဲ႕တစ္ဝက္က ေျမႀကီးထဲ ေရာက္ေနပါတယ္။ အဲဒီအိမ္မွာ သာမန္အတိုင္း လမ္းေလွ်ာက္ဖို႔ မျဖစ္ႏိုင္ပါဘူး။ လမ္းေလွ်ာက္မယ္ ဆိုရင္ နံရံေတြကို ကိုင္ၿပီး လမ္းေလွ်ာက္ရမွာပါ။ အဲဒီအိမ္ထဲမွာ ရွိတဲ့ တံျမက္စည္း တစ္ေခ်ာင္းက ေလထဲက လဲမသြားဘဲ အေထာင္လိုက္ျဖစ္ေနပါတယ္။ တျခားပစၥည္းေတြကို ထားရင္လည္း လဲမသြားဘဲ အေထာင္လိုက္ ျဖစ္ေနတတ္ပါတယ္။

3. အာေမးနီးယားႏိုင္ငံက Aragat ေတာင္ေျခလမ္း

တူရကီႏိုင္ငံနဲ႔ အာေမးနီးယား ႏိုင္ငံနယ္စပ္မွာ စိတ္ဝင္စားစရာ ေကာင္းတဲ့ ေတာင္တစ္လုံး ရွိပါတယ္။ အဲဒီေတာင္က ကမာၻေျမဆြဲအား မရွိတဲ့ ျဖစ္စဥ္ကို ၾကည့္ဖို႔ ခရီးသြားေတြက ႏွစ္စဥ္ ေရာက္လာၾကပါတယ္။ ေတာင္ေျခမွာ ကားကို စက္မႏႈိးဘဲ ရပ္ထားရင္ ကားက သူ႔အလိုလို ေတာင္ေပၚကို တက္သြားပါလိမ့္မယ္။ ေတာင္ေျခကို ေရာက္ဖူးသူေတြက ေတာင္ဆင္းရတာထက္ ေတာင္တက္ရတာ ပိုလြယ္တယ္လို႔ ေျပာပါတယ္။

4. အေမရိကန္ႏိုင္ငံ၊ Nevada ျပည္နယ္က Hoover ဆည္

Hoover ဆည္က 726.4 ေပ ျမင့္ပါတယ္။ ဆည္ရဲ႕ အေပၚကေန ေရေလာင္းခ်ရင္ ေရက ေအာက္ကို က်မသြားဘဲ ေလထဲမွာပဲ ရွိေန ပါတယ္။ တျခား ေပါ့ပါးတဲ့အရာေတြကို ပစ္ခ်ရင္လည္း ေအာက္ကိ မက်သြားပါဘူး။ ေလရဲ႕အရွိန္နဲ႔ တျခားေနရာကို ေရာက္သြားပါတယ္။

5. အေမရိကန္ႏိုင္ငံ Wyoming ျပည္နယ္က Devils Tower

Devils Towerက Black Hills ေတာင္တန္းမွာ ရွိပါတယ္။ Devils Towerကို ေတာင္တက္သမားေတြက သေဘာက်ၾက ပါတယ္။ ေတာက္တက္သမားေတြက ဧဝရတ္ေတာင္ထိပ္ကို တက္ႏိူင္ေပမယ့္ Devils Towerရဲ႕ ထိပ္ကိုေတာ့ မတက္ႏိုင္ပါဘူး။ Devils Towerရဲ႕အျမင့္က 1267 ေပ ရွိပါတယ္။ ေတာင္နံရံေတြက မတ္ေစာက္လို႔ ျပန္ဆင္းဖို႔ မလြယ္သလို ေတာင္ထိပ္ေရာက္ ဖို႔လည္း မလြယ္ပါဘူး။

6. ေတာင္ကိုရီးယားႏိုင္ငံက ထူးဆန္းတဲ့လမ္း

ေတာင္ကိုရီးယားႏိုင္ငံ၊ Jujuကြၽန္းက လမ္းေလးတစ္ခုမွာ ဘူးခြံေလးေတြကို ပစ္ခ်လိုက္ရင္ လွိမ့္မသြားဘဲ ကုန္းျမင့္ပိုင္းကို တက္သြားပါတယ္။ ခရီးသြားေတြက ဘူးခြံေတြ အမ်ားႀကီးနဲ႔ စမ္းသပ္ၾက ပါတယ္။ ဒီလမ္းေလးက ခရီးသြားေတြကို ေတာ္ေတာ္ ဆြဲေဆာင္ႏိုင္ပါတယ္။ တခ်ိဳ႕ဆိုရင္ ေက်ာက္ျပားေတြနဲ႔ စမ္းသပ္ၾက ပါတယ္။

7. က်ိဳက္ထီး႐ိုးဘုရား

က်ိဳက္ထီး႐ိုးဘုရားကို တည္ထားတာ ႏွစ္ေပါင္း 2500 ရွိပါၿပီ။ ေက်ာက္တုံးႀကီး ထဲမွာ ဗုဒၶဘုရားရဲ႕ ဆံေတာ္ကို ဌာပနာထားတယ္လို႔ ေျပာၾကပါတယ္။ ေက်ာက္ထီး႐ိုး ဘုရားက ေက်ာက္စြန္မွာ ရွိေနေပမယ့္ ေအာက္ကို ျပဳတ္က် မသြားပါဘူး။ အမ်ိဳးသမီးေတြ ကိုေတာ့ က်ိဳက္ထီး႐ိုးဘုရားကို ထိခြင့္မျပဳထားပါဘူး။

8. အာဂ်င္တီးနားႏိုင္ငံက Davasko ေက်ာက္တုံး

Davasko ေက်ာက္တုံးႀကီးက ကမာၻေျမႀကီးရဲ႕ ဆြဲအားကို ဆန႔္က်င္ၿပီး တည္ရွိေနတာ ျဖစ္ပါတယ္။ ေက်ာက္တုံးရဲ႕အေလးခ်ိန္က တန္ 300 ထက္ ပိုပါတယ္။ ႀကီးမားတဲ့ ေက်ာက္ေဆာင္ႀကီးရဲ႕ အစြန္မွ တည္ရွိတာ ျဖစ္ၿပီး သက္တမ္းက ႏွစ္ေပါင္းေထာင္ခ်ီၿပီး ၾကာျမင့္ေနပါၿပီ။ 1912 ခုႏွစ္၊ ေဖေဖာ္ဝါရီ 29 ရက္မွာ Davasko ေက်ာက္တုံးႀကီး ျပဳတ္က်သြား ခဲ့ပါတယ္ ။ ႏွစ္ေပါင္း 95 ႏွစ္ ၾကာတဲ့အခါ ေက်ာက္တုံးရဲ႕ ပုံစံတူကို ျပဳလုပ္ၿပီး Davasko ေက်ာက္တုံးရွိခဲ့တဲ့ ေနရာမွာ ထားခဲ့ ပါတယ္။ အခု လက္ရွိ ပုံစံတူ ေက်ာက္တုံးက 9 တန္ ရွိၿပီး ေက်ာက္ေဆာင္ႀကီးရဲ႕ အစြန္မွာပဲ ရွိပါတယ္။

Zombie (LoveMedia)