အားကစားလုပ်ရင်းနဲ့ ထိခိုက်မိတာ ဒါမှာမဟုတ် အဆစ်ရောင်နာကြောင့် အဆစ်အမြစ်တွေ နာတတ်ပါတယ်။ အဆစ်တွေ နာတာက နေ့စဥ်ဘဝကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အချို့အစားအစာတွေက အဆစ်အမြစ်နာနေတာကို သက်သာဖို့ ကူညီပေးမှာပါ။

၁။ အသီးအနှံ

© depositphotos.com

အောက်မှာဖော်ပြထားတဲ့ အသီးအနှံတွေက ဗီတာမင်ကြွယ်ဝပြီးတော့ ကိုယ်ခံအားစနစ်လည်း ကောင်းစေပါတယ်။

စပျစ်သီး

အရသာရှိတဲ့စပျစ်သီးမှာ proanthocyanidin ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းက အဆစ်ရောင်တာ၊ နာကျင်တာကို သက်သာစေပါတယ်။

အချဥ်ဓါတ်ပါသော အသီးအနှံများ

အချဥ်ဓါတ်ပါတဲ့ အသီးအနှံတွေက ခန္ဓါကိုယ်ကို ဗီတာမင်စီဖြည့်ပေးပါတယ်။ လိမ္မော်သီး၊ ရှောက်ခါးသီးစတဲ့ အသီးတွေမှာ ဗီတာမင်စီ ပြည့်ပြည့်ဝဝ ပါဝင်တာကြောင့် အဆစ်ရောင်တာတွေကို ကာကွယ်ပေးမှာပါ။

ချယ်ရီသီး

ချယ်ရီသီးက မချိုပေမယ့် ကျန်းမာရေးကိုတော့ အကျိုးပြုပါတယ်။ ချယ်ရီသီးဖျော်ရည်ကို သုံးပတ်ဆက်တိုက်သောက်တဲ့အခါ အဆစ်ရောင်တာတွေ သိသိသာသာလျော့ပါးလာတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

၂။ အသီးအရွက်

© depositphotos.com

အသီးအရွက်ဆိုတာ စားရတယ်လို့ မိဘတွေက တစ်ချိန်လုံး ပြောနေခဲ့ကြတာပါ။

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်က အရသာရှိရုံတင် မကပါဘူး။ အင်တီအောက်ဆီးဒင့်လည်း မြင့်ပါတယ်။ အရိုးအဆစ် ရောင်ရမ်းနာသူတွေကို ဟင်းနုနွယ်ရွက်စားပေးဖို့ ဆရာဝန်တွေက ညွှန်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက အဆစ်ရောင်တဲ့အခါ ပြလာတဲ့ လက္ခဏာတွေကိုပါ သက်သာစေတာပါ။ အရိုးအဆစ်ရောင်သူတွေက ပန်းဂေါ်ဖီစိမ်းကို မကြာခဏ စားပေးသင့်ပါတယ်။

ပဲပုပ်

ပဲပုပ်မှာ အဆီပါဝင်မှုနည်းပြီး ပရိုတိန်းပါဝင်မှု များပါတယ်။ အမျှင်ဓါတ်၊ အိုမီဂါ 3 တို့လည်း ပါတာကြောင့် အဆစ်ရောင်ရမ်းနာတွေကို သက်သာစေပါတယ်။ ဒါပေမယ့် ပဲပုပ်ကနေ ထုတ်လုပ်တဲ့ စားသောက်ကုန်တွေမှာတော့ သကြားနဲ့ဆား ပါဝင်တာများပါတယ်။

ပဲနီ

ပဲနီမှာ အမျှင်ဓါတ်တွေ တော်တော်ရှိပါတယ်။ ပရိုတိန်း၊ ဖောလစ်အက်ဆစ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေလည်း ပါတာကြောင့် ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါသေးတယ်။

၃။ ဟင်းခတ်အမွှေးအကြိုင်

© depositphotos.com

ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အဆစ်အမြစ်ရောင်ရမ်းနာတွေကို သက်သာစေပါသေးတယ်။

နနွင်း

နနွင်းက အဆစ်အမြစ် ရောင်ရမ်းတာတင်မကပဲ အခြားသော ရောင်ရမ်းနာတွေကိုပါ သက်သာစေတာပါ။ နနွင်းကို မြန်မာနိုင်ငံမှာတော့ ဟင်းချက်တဲ့နေရာမှာ ထည့်သုံးတာများပါတယ်။အချို့ကလည်း နွားနို့နဲ့ နနွင်းကို ရောသောက်တတ်ကြပါတယ်။

ဂျင်း

ဒူးနာတတ်သူတွေအတွက် ဂျင်းက အကျိုးထိရောက်မှုရှိကြောင်း လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သွေးဖိအားကို နည်းစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါသေးတယ်။ အလွန်ပြင်းထန်တဲ့ အဆစ်အမြစ် ရောင်ရမ်းနာတွေအတွက် ကြက်သွန်ဖြူက အထောက်အကူ ဖြစ်ပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းက ခန္ဓါကိုယ်ရဲ့ဇီဝကမ္မဖြစ်စဥ်တွေကို မြှင့်တင်ပေးပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့ polyphenolic က ရောင်ရမ်းနာကျင်တာတွေကို သက်သာစေတာကြောင့် လက်ဖက်စိမ်းကလည်း ဆေးကောင်းတစ်ဖုံပါပဲ။

၄။ အခြားအစားအစာများ

© depositphotos.com

ငါးနှင့်ငါးကြီးဆီ

အဆီများတဲ့ ဆော်လမွန်၊ တူနာ၊ ထရောက်ငါးတို့မှာ အိုမီဂါ 3 ပါတာကြောင့် ရောင်ရမ်းနာကျင်တာတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဗီတာမင်Dလည်း ပါသေးတာကြောင့် အရိုးအဆစ်ရောင်ရမ်းနာတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

ဂျုံနှင့်ပြုလုပ်သော အစားအစာများ

ပါစတာ၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ စတဲ့အစားအစာတွေက သွေးထဲက C-creative လို့ခေါ်တဲ့ ပရိုတိန်းကို လျော့နည်းစေပါတယ်။ အဲဒီ C-creative က အဆစ်အမြစ်ရောင် ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

အဆီနည်းသော နို့ထွက်အစားအစာများ

ဒိန်ချဥ်၊ နွားနို့၊ ချိစ်တို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေ ပါဝင်ပါတယ်။ သူတို့က အရိုးတွေကို သန်မာစေပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေပါတယ်။ အဲဒါကြောင့် အရိုးအဆစ် ရောင်ရမ်းသူတွေအတွက် သင့်တင့်မျှတတဲ့ အစားအစာပါပဲ။

သစ်ကြားသီး

အခွံမာသီးတွေ အားလုံးက အာဟာရဖြစ်စေပါတယ်။ ဒါပေမယ့် သစ်ကြားသီးကတော့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ပရိုတိန်းတွေ မြင့်မြင့်မားမား ပါရှိတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ အထူးသဖြင့် သစ်ကြားသီးမှာပါဝင်တဲ့ အိုမီဂါ 3 က အဆစ်အမြစ် ရောင်ရမ်းနာတွေအတွက် အထူးသင့်တော်ပါတယ်။

Zombie (Lovemedia)

For Zawgyi

အဆစ္အျမစ္ေရာင္ရမ္းတာကို သက္သာေစတဲ့ သဘာဝအစားအစာမ်ား

အားကစားလုပ္ရင္းနဲ႔ ထိခိုက္မိတာ ဒါမွာမဟုတ္ အဆစ္ေရာင္နာေၾကာင့္ အဆစ္အျမစ္ေတြ နာတတ္ပါတယ္။ အဆစ္ေတြ နာတာက ေန႔စဥ္ဘဝကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အခ်ိဳ႕အစားအစာေတြက အဆစ္အျမစ္နာေနတာကို သက္သာဖို႔ ကူညီေပးမွာပါ။

၁။ အသီးအႏွံ

ေအာက္မွာေဖာ္ျပထားတဲ့ အသီးအႏွံေတြက ဗီတာမင္ႂကြယ္ဝၿပီးေတာ့ ကိုယ္ခံအားစနစ္လည္း ေကာင္းေစပါတယ္။

စပ်စ္သီး

အရသာရွိတဲ့စပ်စ္သီးမွာ proanthocyanidin ဆိုတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္ပါတယ္။ အဲဒီျဒပ္ေပါင္းက အဆစ္ေရာင္တာ၊ နာက်င္တာကို သက္သာေစပါတယ္။

အခ်ဥ္ဓါတ္ပါေသာ အသီးအႏွံမ်ား

အခ်ဥ္ဓါတ္ပါတဲ့ အသီးအႏွံေတြက ခႏၶါကိုယ္ကို ဗီတာမင္စီျဖည့္ေပးပါတယ္။ လိေမၼာ္သီး၊ ေရွာက္ခါးသီးစတဲ့ အသီးေတြမွာ ဗီတာမင္စီ ျပည့္ျပည့္ဝဝ ပါဝင္တာေၾကာင့္ အဆစ္ေရာင္တာေတြကို ကာကြယ္ေပးမွာပါ။

ခ်ယ္ရီသီး

ခ်ယ္ရီသီးက မခ်ိဳေပမယ့္ က်န္းမာေရးကိုေတာ့ အက်ိဳးျပဳပါတယ္။ ခ်ယ္ရီသီးေဖ်ာ္ရည္ကို သုံးပတ္ဆက္တိုက္ေသာက္တဲ့အခါ အဆစ္ေရာင္တာေတြ သိသိသာသာေလ်ာ့ပါးလာတယ္လို႔ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။

၂။ အသီးအ႐ြက္

အသီးအ႐ြက္ဆိုတာ စားရတယ္လို႔ မိဘေတြက တစ္ခ်ိန္လုံး ေျပာေနခဲ့ၾကတာပါ။

ဟင္းႏုႏြယ္႐ြက္

ဟင္းႏုႏြယ္႐ြက္က အရသာရွိ႐ုံတင္ မကပါဘူး။ အင္တီေအာက္ဆီးဒင့္လည္း ျမင့္ပါတယ္။ အ႐ိုးအဆစ္ ေရာင္ရမ္းနာသူေတြကို ဟင္းႏုႏြယ္႐ြက္စားေပးဖို႔ ဆရာဝန္ေတြက ၫႊန္ပါတယ္။

ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းက အဆစ္ေရာင္တဲ့အခါ ျပလာတဲ့ လကၡဏာေတြကိုပါ သက္သာေစတာပါ။ အ႐ိုးအဆစ္ေရာင္သူေတြက ပန္းေဂၚဖီစိမ္းကို မၾကာခဏ စားေပးသင့္ပါတယ္။

ပဲပုပ္

ပဲပုပ္မွာ အဆီပါဝင္မႈနည္းၿပီး ပ႐ိုတိန္းပါဝင္မႈ မ်ားပါတယ္။ အမွ်င္ဓါတ္၊ အိုမီဂါ 3 တို႔လည္း ပါတာေၾကာင့္ အဆစ္ေရာင္ရမ္းနာေတြကို သက္သာေစပါတယ္။ ဒါေပမယ့္ ပဲပုပ္ကေန ထုတ္လုပ္တဲ့ စားေသာက္ကုန္ေတြမွာေတာ့ သၾကားနဲ႔ဆား ပါဝင္တာမ်ားပါတယ္။

ပဲနီ

ပဲနီမွာ အမွ်င္ဓါတ္ေတြ ေတာ္ေတာ္ရွိပါတယ္။ ပ႐ိုတိန္း၊ ေဖာလစ္အက္ဆစ္၊ သံဓါတ္၊ မဂၢနီဆီယမ္နဲ႔ ပိုတက္ဆီယမ္ေတြလည္း ပါတာေၾကာင့္ ကိုယ္ခံအားစနစ္ကိုလည္း တိုးတက္ေစပါေသးတယ္။

၃။ ဟင္းခတ္အေမႊးအႀကိဳင္

ဟင္းခတ္အေမႊးအႀကိဳင္ေတြကလည္း အဆစ္အျမစ္ေရာင္ရမ္းနာေတြကို သက္သာေစပါေသးတယ္။

နႏြင္း

နႏြင္းက အဆစ္အျမစ္ ေရာင္ရမ္းတာတင္မကပဲ အျခားေသာ ေရာင္ရမ္းနာေတြကိုပါ သက္သာေစတာပါ။ နႏြင္းကို ျမန္မာႏိုင္ငံမွာေတာ့ ဟင္းခ်က္တဲ့ေနရာမွာ ထည့္သုံးတာမ်ားပါတယ္။အခ်ိဳ႕ကလည္း ႏြားႏို႔နဲ႔ နႏြင္းကို ေရာေသာက္တတ္ၾကပါတယ္။

ဂ်င္း

ဒူးနာတတ္သူေတြအတြက္ ဂ်င္းက အက်ိဳးထိေရာက္မႈရွိေၾကာင္း ေလ့လာမႈတစ္ခုက ဆိုထားပါတယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက ေသြးဖိအားကို နည္းေစၿပီး ႏွလုံးေရာဂါကိုလည္း ကာကြယ္ေပးပါေသးတယ္။ အလြန္ျပင္းထန္တဲ့ အဆစ္အျမစ္ ေရာင္ရမ္းနာေတြအတြက္ ၾကက္သြန္ျဖဴက အေထာက္အကူ ျဖစ္ပါတယ္။

လက္ဖက္စိမ္း

လက္ဖက္စိမ္းက ခႏၶါကိုယ္ရဲ႕ဇီဝကမၼျဖစ္စဥ္ေတြကို ျမႇင့္တင္ေပးပါတယ္။ လက္ဖက္စိမ္းမွာပါဝင္တဲ့ polyphenolic က ေရာင္ရမ္းနာက်င္တာေတြကို သက္သာေစတာေၾကာင့္ လက္ဖက္စိမ္းကလည္း ေဆးေကာင္းတစ္ဖုံပါပဲ။

၄။ အျခားအစားအစာမ်ား

ငါးႏွင့္ငါးႀကီးဆီ

အဆီမ်ားတဲ့ ေဆာ္လမြန္၊ တူနာ၊ ထေရာက္ငါးတို႔မွာ အိုမီဂါ 3 ပါတာေၾကာင့္ ေရာင္ရမ္းနာက်င္တာေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ ဗီတာမင္Dလည္း ပါေသးတာေၾကာင့္ အ႐ိုးအဆစ္ေရာင္ရမ္းနာတဲ့အခါ ျဖစ္တတ္တဲ့လကၡဏာေတြကိုလည္း သက္သာေစပါတယ္။

ဂ်ဳံႏွင့္ျပဳလုပ္ေသာ အစားအစာမ်ား

ပါစတာ၊ အုတ္ဂ်ဳံ၊ ဆန္လုံးညိဳ၊ စတဲ့အစားအစာေတြက ေသြးထဲက C-creative လို႔ေခၚတဲ့ ပ႐ိုတိန္းကို ေလ်ာ့နည္းေစပါတယ္။ အဲဒီ C-creative က အဆစ္အျမစ္ေရာင္ ေရာဂါေတြနဲ႔ ဆက္စပ္ေနပါတယ္။

အဆီနည္းေသာ ႏို႔ထြက္အစားအစာမ်ား

ဒိန္ခ်ဥ္၊ ႏြားႏို႔၊ ခ်ိစ္တို႔မွာ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ D ေတြ ပါဝင္ပါတယ္။ သူတို႔က အ႐ိုးေတြကို သန္မာေစၿပီး ကိုယ္ခံအားစနစ္ကိုလည္း တိုးတက္ေစပါတယ္။ အဲဒါေၾကာင့္ အ႐ိုးအဆစ္ ေရာင္ရမ္းသူေတြအတြက္ သင့္တင့္မွ်တတဲ့ အစားအစာပါပဲ။

သစ္ၾကားသီး

အခြံမာသီးေတြ အားလုံးက အာဟာရျဖစ္ေစပါတယ္။ ဒါေပမယ့္ သစ္ၾကားသီးကေတာ့ ကယ္လ္ဆီယမ္၊ မဂၢနီဆီယမ္၊ ဗီတာမင္ E၊ ပ႐ိုတိန္းေတြ ျမင့္ျမင့္မားမား ပါရွိတာေၾကာင့္ ကိုယ္ခံအားစနစ္ကို တိုးတက္ေစပါတယ္။ အထူးသျဖင့္ သစ္ၾကားသီးမွာပါဝင္တဲ့ အိုမီဂါ 3 က အဆစ္အျမစ္ ေရာင္ရမ္းနာေတြအတြက္ အထူးသင့္ေတာ္ပါတယ္။

Zombie (Lovemedia)