Victoria Beckham က ကျောက်စိမ်း face roller ကို နေ့စဥ် အသုံးပြုတယ်လို့ ဆိုပါတယ်။ အခုဆိုရင် face roller က ကျန်းမာရေးကို အထောက်အကူပြုတဲ့ပစ္စည်း ဖြစ်လာရုံမက အနာအဆာကင်းတဲ့ အသားအရေဖြစ်လာစေမယ့် လျှို့ဝှက်ချက်လေးလည်း ဖြစ်လာပါတယ်။

၁။ အသားအရေကို ပိုမိုတောက်ပစေခြင်း

© IMP FEATURES/East News, © Mary Evans/Allstar/Graham Whitby Boot/East News

Face roller ကို သုံးတဲ့အခါ မျက်နှာက သွေးလည်ပတ်မှုတွေ တိုးတက်လာပြီး အသားအရေ တောက်ပလာပါတယ်။ မျက်နှာပေါ်ကို face roller နဲ့ ၅ မိနစ်ခန့် နေ့စဥ်လှိမ့်ပေးရုံနဲ့ ဒီလို အကျိုးကျေးဇူးကို ရရှိလာမှာပါ။

၂။ မျက်နှာရောင်ရမ်းမှုကို သက်သာစေခြင်း

© hereforagoodishtime / Reddit

မျက်နှာကြီး ရောင်ရမ်းပြီး ဖောနေတာက ကြည့်လို့ မလှတော့ပါဘူး။ ဒါပေမယ့် face roller က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ Face roller က မျက်ရည်အိတ်ဖောင်းတာ၊ မျက်နှာဖောရောင်တာကို သက်သာစေပါတယ်။

၃။ အသားအရေကို အေးမြစေခြင်း

© Shutterstock.com, © Shutterstock.com

ကျောက်စိမ်းက အသားအရေကို အေးမြစေတဲ့ တစ်ခုတည်းသော တွင်းထွက်ပစ္စည်းပါ။ Face roller အသုံးပြုပြီးတဲ့အခါ မျက်နှာက ခါတိုင်းနဲ့မတူဘဲ အေးမြနေမှာပါ။

၄။ နှာခေါင်းပြွန်ထဲကို သန့်ရှင်းစေခြင်း

© Depositphotos.com, © Shutterstock.com

နှာခေါင်းပြွန် ရောင်ရမ်းတဲ့အခါ နှာခေါင်းထဲမှာ အရည်တွေဖြစ်ပြီး နာကျင်လာပါတယ်။ မျက်နှာတစ်ဝိုက်ကို face roller နဲ့ ပွတ်တိုက်ပေးတဲ့အခါ နှာခေါင်းပြွန်ရောင်ရမ်းတာ သက်သာသွားမှာပါ။

၅။ Skincare product များကို ပိုမိုပျံ့နှံ့စေခြင်း

© Audrey Victoria / YouTube

မျက်နှာမှာ skin care တွေ သုံးပြီးတဲ့အခါ face roller နဲ့ပွတ်ပေးဖို့ skin care ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။ Face roller က မျက်နှာကို နှိပ်နယ်ပေးသလို ဖြစ်တာကြောင် အရေးအကြောင်းတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးမှာပါ။

၆။ မျက်နှာကို ပိုမိုပေါ်လွင်လာစေခြင်း

© DayWithPhae / YouTube

Face rollerက မျက်နှာကို ပိုမို ပုံကျလှပလာစေပါတယ်။ မျက်နှာကနေ နားရွက်ဆီကို face roller နဲ့ပွတ်တိုက်ပေးတဲ့အခါ မျက်နှာတစ်ဝိုက်က အဆီတွေ နည်းပြီး v- shape ဖြစ်လာမှာပါ။ မျက်နှာအသားအရေကလည်း ပိုပြီး တင်းရင်းလာပါတယ်။

Zombie (Lovemedia)

For Zawgyi

Face roller တစ္ခုရွိ႐ုံနဲ႔ ရရွိလာမယ့္ အသားအေရအတြက္ အက်ိဳးေက်းဇူးမ်ား

Victoria Beckham က ေက်ာက္စိမ္း face roller ကို ေန႔စဥ္ အသုံးျပဳတယ္လို႔ ဆိုပါတယ္။ အခုဆိုရင္ face roller က က်န္းမာေရးကို အေထာက္အကူျပဳတဲ့ပစၥည္း ျဖစ္လာ႐ုံမက အနာအဆာကင္းတဲ့ အသားအေရျဖစ္လာေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ေလးလည္း ျဖစ္လာပါတယ္။

၁။ အသားအေရကို ပိုမိုေတာက္ပေစျခင္း

Face roller ကို သုံးတဲ့အခါ မ်က္ႏွာက ေသြးလည္ပတ္မႈေတြ တိုးတက္လာၿပီး အသားအေရ ေတာက္ပလာပါတယ္။ မ်က္ႏွာေပၚကို face roller နဲ႔ ၅ မိနစ္ခန္႔ ေန႔စဥ္လွိမ့္ေပး႐ုံနဲ႔ ဒီလို အက်ိဳးေက်းဇူးကို ရရွိလာမွာပါ။

၂။ မ်က္ႏွာေရာင္ရမ္းမႈကို သက္သာေစျခင္း

မ်က္ႏွာႀကီး ေရာင္ရမ္းၿပီး ေဖာေနတာက ၾကည့္လို႔ မလွေတာ့ပါဘူး။ ဒါေပမယ့္ face roller က ဒီျပႆနာကို ေျဖရွင္းေပးႏိုင္ပါတယ္။ Face roller က မ်က္ရည္အိတ္ေဖာင္းတာ၊ မ်က္ႏွာေဖာေရာင္တာကို သက္သာေစပါတယ္။

၃။ အသားအေရကို ေအးျမေစျခင္း

ေက်ာက္စိမ္းက အသားအေရကို ေအးျမေစတဲ့ တစ္ခုတည္းေသာ တြင္းထြက္ပစၥည္းပါ။ Face roller အသုံးျပဳၿပီးတဲ့အခါ မ်က္ႏွာက ခါတိုင္းနဲ႔မတူဘဲ ေအးျမေနမွာပါ။

၄။ ႏွာေခါင္းႁပြန္ထဲကို သန္႔ရွင္းေစျခင္း

ႏွာေခါင္းႁပြန္ ေရာင္ရမ္းတဲ့အခါ ႏွာေခါင္းထဲမွာ အရည္ေတြျဖစ္ၿပီး နာက်င္လာပါတယ္။ မ်က္ႏွာတစ္ဝိုက္ကို face roller နဲ႔ ပြတ္တိုက္ေပးတဲ့အခါ ႏွာေခါင္းႁပြန္ေရာင္ရမ္းတာ သက္သာသြားမွာပါ။

၅။ Skincare product မ်ားကို ပိုမိုပ်ံ႕ႏွံ႔ေစျခင္း

မ်က္ႏွာမွာ skin care ေတြ သုံးၿပီးတဲ့အခါ face roller နဲ႔ပြတ္ေပးဖို႔ skin care ကြၽမ္းက်င္သူေတြက အႀကံေပးပါတယ္။ Face roller က မ်က္ႏွာကို ႏွိပ္နယ္ေပးသလို ျဖစ္တာေၾကာင္ အေရးအေၾကာင္းေတြ ျဖစ္မလာေအာင္လည္း ကာကြယ္ေပးမွာပါ။

၆။ မ်က္ႏွာကို ပိုမိုေပၚလြင္လာေစျခင္း

Face rollerက မ်က္ႏွာကို ပိုမို ပုံက်လွပလာေစပါတယ္။ မ်က္ႏွာကေန နား႐ြက္ဆီကို face roller နဲ႔ပြတ္တိုက္ေပးတဲ့အခါ မ်က္ႏွာတစ္ဝိုက္က အဆီေတြ နည္းၿပီး v- shape ျဖစ္လာမွာပါ။ မ်က္ႏွာအသားအေရကလည္း ပိုၿပီး တင္းရင္းလာပါတယ္။

Zombie (Lovemedia)