အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အကျိုးပြုပါတယ်။

8. ကြက်ဥအကာဖြင့် ပေါင်းတင်နည်း

© Depositphotos.com

ကြက်ဥအကာနဲ့ပေါင်းတင်ခြင်းက မျက်နှာပေါ်က ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ဖုန်ထူထပ်တဲ့နေရာမှာ နေရပြီး မျက်နှာပေါင်းတင်ဖို့အဆင်မပြေသူတွေအတွက် ဒီနည်းလမ်းက အသုံးဝင်ပါတယ်၊

- ကြက်ဥအကာကို ဖောက်ပြီး ကြက်ဥအနှစ်ကို ဖယ်ထားပါ။

- ကြက်ဥအကာကို ကြက်ဥခလောက်တံနဲ့ မွှေပါ။

- ပုဝါပါးပါးလေးကို ခလောက်ထားတဲ့ ကြက်ဥအကာထဲနှစ်ပြီး မျက်နှာမှာ ကပ်ပါ။

- ပုဝါလေးကို မျက်နှာမှာ ခြောက်သွားတဲ့အထိကပ်ပြီး ဖြည်းဖြည်းလေး ခွာပါ။

ပြီးရင်တော့ မျက်နှာသစ်လို့ရပါပြီ။ တခြားခရင်မ်တွေ လိမ်းချင်ရင်လည်း လိမ်းလို့ရပါတယ်။

7. ပျားရည်၊ ထောပတ်သီးဖြင့် ပေါင်းတင်နည်း

ခန္ဓါကိုယ်က ပင်ပန်းလာတဲ့အခါမှာ အနားယူဖိ့ လိုအပ်လာပါတယ်။ အဲဒီအခါ မျက်နှာအသားအရေကို ဂရုစိုက်ဖို့လည်း လိုလာပါတယ်။

- ထောပတ်သီးတစ်ခြမ်း

- အုတ်ဂျုံမှုန့်တစ်ဇွန်း

- ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- သံပရိုသီးလက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ထောပတ်သီး အနှစ်တွေကို ခွာယူပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်ပါ။ ရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာ မိနစ်20ခန့် ထားပြီး မျက်နှာသစ်လို့ရပါပြီ။

6. ကြက်ဥအနှစ်၊ သံလွင်ဆီတို့ဖြင့် ပေါင်းတင်နည်း

မျက်နှာက အာဟာရဓါတ်လိုနေတယ်လို့ ထင်ရင် ဒီနည်းလေးက အသုံးဝင်မှာပါ။

- ကြက်ဥတစ်လုံးကို ဖောက်ပြီး ကြက်ဥအနှစ်ကို ယူပါ။

- ကြက်ဥအနှစ်ကို သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့မွှေပါ။

- ရနံ့လေးမွှေးချင်တယ်ဆိုရင် လာဗင်ဒါရနံ့ဆီ၊ နှင်းဆီရနံ့ဆီတို့ကို ထည့်လို့ရပါတယ်။

- အဲဒီနောက်မှာတော့ ကြက်ဥအနှစ်နဲ့ သံလွင်ဆီမွှေထားတာကို မျက်နှာပေါ်မှာလိမ်းပြီး မိနစ်20ကြာထားပါ။

- ပြီးရင်တော့ ရေနွေးနဲ့မျက်နှာသစ်ပါ။

5. အာလူး၊ နွားနို့၊ မက်မွန်ဆီတို့ဖြင့် ပေါင်းတင်နည်း

© Depositphotos.com

ဒီနည်းကတော့ ဝက်ခြံတွေကို ပျောက်စေပြီး မျက်နှာကို ပိုပြီး ဝင်းလာစေပါတယ်။

- အာလူးတစ်လုံးကို ပြုတ်ပြီးနောက် အခွံခွာပါ။

- နွားနို့လက်ဖက်ရည်ဇွန်း 2 ဇွန်းနဲ့ မက်မွန်သီးဆီတို့ကို ရောပါ။ နွားနို့မရှိရင် နို့မှုန့်ကို သုံးလို့ရပါတယ်။

- ပါဝင်ပစ္စည်းတွေကို ရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပါ၊

- မိနစ်20ကြာထားပြီးရင် ရေနွေးနဲ့ မျက်နှာသစ်လို့ရပါပြီ။

- တစ်ပတ်ကို 3 ကြိမ်ခန့် ပြုလုပ်တဲ့အခါ မျက်နှာက သိသိသာသာဝင်းလက်လာတာကို တွေ့ရမှာပါ။

4. ခရမ်းချဉ်သီးဖြင့် ပေါင်းတင်ခြင်း

ဒီနည်းလမ်းက မျက်နှာပေါ်က အမွေးအမျှင်တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်ရှင်းသွားစေပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေကိုလည်း ဝင်းလက်လာစေပါတယ်။

- ခရမ်းချဉ်သီးရဲ့အခွံကို ခွာပါ။ပြီးရင် ခရမ်းချဉ်သီးကို အစေ့တွေ၊ အသားတွေ မပါအောင် အရည်ညှစ်ပါ။

- ညစ်ထားတဲ့ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဂျယ်လီမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပြီး အပူပေးပါ။

- အပူပေးပြီးတဲ့နောက်မှာ ပျားရည်အနည်းငယ်ထည့်ပြီး မွှေပါ။

- အေးသွားရင် မျက်နှာမှာ လိမ်းလို့ရပါပြီ။

3. အုတ်ဂျုံမှုန်ဖြင့် ပေါင်းတင်နည်း

© Dafina Castro

မျက်နှာကို ရေဓါတ်ဖြည့်ပြီး နူးညံ့စေဖို့အတွက် ဒီနည်းလမ်းက အသုံးဝင်ပါတယ်။

- အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း

- အုတ်ဂျုံမှုန့်တွေကို ညက်သွားအောင်လို့ ကြိတ်စက်ထဲမှာ ကြိတ်ပါ။

- နွားနို့အပူ လက်ဖက်ရည်ဇွန်း 2 ဇွန်းကို ကြိတ်ထားတဲ့ အုတ်ဂျုံမှုန့်နဲ့ရောပါ။

- ပြီးရင်တော့ သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မွှေပါ။

- အဲဒီနောက် မျက်နှာပေါ်အနှံ့ လိမ်းပြီး 15 မိနစ်ကြာထားပါ။

- 15 မိနစ်ကြာထားပြီးရင်တော့ ရေနွေးနဲ့မျက်နှာသစ်လို့ ရပါပြီ။

2. သခွားသီး၊ သံပရိုသီးတို့ဖြင့် ပေါင်းတင်နည်း

© Depositphotos.com

သခွားသီးက မျက်နှာအသားအရေကို နူးညံ့စေပါတယ်။ ချွေးပေါက်ပိတ်နေတာတွေလည်း ပွင့်စေတဲ့အပြင် အမည်းစက်တွေကိုပါ ဖယ်ရှားပေးပါတယ်။

- သခွားသီးကို အကွင်းလေးတွေဖြစ်အောင်လှီးပြီး ကြိတ်စက်နဲ့ ကြိတ်ပါ။

- အဲဒီနောက် သံပရိုသီးအရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည့်ပြီး အပူပေးပါ။

- ပြီးရင်တော့ ဂျယ်လီမှုန့်ထည့်ပြီး တစ်မိနစ်ကြာမွှေပါ။

- အအေးခံပြီးရင်တော့ ဘရက်ရှ်လေးနဲ့ မျက်နှာပေါ်မှာ အသာအယာလေး လိမ်းလို့ရပါပြီ

1. ပျားရည်ဖြင့် ပေါင်းတင်နည်း

© Depositphotos.com

ပျားရည်က မျက်နှာအသားအရည်အတွက် 100% အကျိုးပြုပါတယ်။

- ပျားရည်လက်ဖက်ရည်ဇွန်း 3 ဇွန်း

- သစ်ကြံပိုးခေါက်မှုန့်တစ်ဇွန်း၏သုံးပုံပုံတစ်ပုံခန့်

- ပျားရည်နဲ့ သစ်ကြံပိုးခေါက်ကို ရောပြီးနောက် မျက်မှာကို လိမ်းပါ။

- 10 မိနစ်ခန့်ကြာရင်တော့ မျက်နှာသစ်လို့ ရပါပြီ။

ဒီလမ်းနည်းလေးတွေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက တန်ဖိုးနည်းပြီး မီးဖိုချောင်ထဲမှာ အလွယ်တကူ ရနိုင်ပါတယ်။

Zombie (LoveMedia)

For Zawgyi

တပတ္အတြင္း မ်က္ႏွာကို ဝင္းလက္သြားေစမယ့္ သဘာဝေပါင္းတင္နည္း (8) နည္း

အစာလည္း ေဆး၊ ေဆးလည္း အစာဆိုတဲ့အတိုင္း ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြက က်န္းမာေရးအတြက္သာမက အလွအပအတြက္ပါ အက်ိဳးျပဳပါတယ္။

8. ၾကက္ဥအကာျဖင့္ ေပါင္းတင္နည္း

ၾကက္ဥအကာနဲ႔ေပါင္းတင္ျခင္းက မ်က္ႏွာေပၚက ေခြၽးေပါက္ေတြကို ပြင့္ေစပါတယ္။ ဖုန္ထူထပ္တဲ့ေနရာမွာ ေနရၿပီး မ်က္ႏွာေပါင္းတင္ဖို႔အဆင္မေျပသူေတြအတြက္ ဒီနည္းလမ္းက အသုံးဝင္ပါတယ္၊

- ၾကက္ဥအကာကို ေဖာက္ၿပီး ၾကက္ဥအႏွစ္ကို ဖယ္ထားပါ။

- ၾကက္ဥအကာကို ၾကက္ဥခေလာက္တံနဲ႔ ေမႊပါ။

- ပုဝါပါးပါးေလးကို ခေလာက္ထားတဲ့ ၾကက္ဥအကာထဲႏွစ္ၿပီး မ်က္ႏွာမွာ ကပ္ပါ။

- ပုဝါေလးကို မ်က္ႏွာမွာ ေျခာက္သြားတဲ့အထိကပ္ၿပီး ျဖည္းျဖည္းေလး ခြာပါ။

ၿပီးရင္ေတာ့ မ်က္ႏွာသစ္လို႔ရပါၿပီ။ တျခားခရင္မ္ေတြ လိမ္းခ်င္ရင္လည္း လိမ္းလို႔ရပါတယ္။

7. ပ်ားရည္၊ ေထာပတ္သီးျဖင့္ ေပါင္းတင္နည္း

ခႏၶါကိုယ္က ပင္ပန္းလာတဲ့အခါမွာ အနားယူဖိ့ လိုအပ္လာပါတယ္။ အဲဒီအခါ မ်က္ႏွာအသားအေရကို ဂ႐ုစိုက္ဖို႔လည္း လိုလာပါတယ္။

- ေထာပတ္သီးတစ္ျခမ္း

- အုတ္ဂ်ဳံမႈန႔္တစ္ဇြန္း

- ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္း

- သံပ႐ိုသီးလက္ဖက္ရည္ဇြန္းတစ္ဇြန္း

- ေထာပတ္သီး အႏွစ္ေတြကို ခြာယူၿပီး ပါဝင္ပစၥည္းေတြအားလုံးကို ထည့္ပါ။ ရလာတဲ့အႏွစ္ေတြကို မ်က္ႏွာေပၚမွာ မိနစ္20ခန႔္ ထားၿပီး မ်က္ႏွာသစ္လို႔ရပါၿပီ။

6. ၾကက္ဥအႏွစ္၊ သံလြင္ဆီတို႔ျဖင့္ ေပါင္းတင္နည္း

မ်က္ႏွာက အာဟာရဓါတ္လိုေနတယ္လို႔ ထင္ရင္ ဒီနည္းေလးက အသုံးဝင္မွာပါ။

- ၾကက္ဥတစ္လုံးကို ေဖာက္ၿပီး ၾကက္ဥအႏွစ္ကို ယူပါ။

- ၾကက္ဥအႏွစ္ကို သံလြင္ဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ေမႊပါ။

- ရနံ႔ေလးေမႊးခ်င္တယ္ဆိုရင္ လာဗင္ဒါရနံ႔ဆီ၊ ႏွင္းဆီရနံ႔ဆီတို႔ကို ထည့္လို႔ရပါတယ္။

- အဲဒီေနာက္မွာေတာ့ ၾကက္ဥအႏွစ္နဲ႔ သံလြင္ဆီေမႊထားတာကို မ်က္ႏွာေပၚမွာလိမ္းၿပီး မိနစ္20ၾကာထားပါ။

- ၿပီးရင္ေတာ့ ေရေႏြးနဲ႔မ်က္ႏွာသစ္ပါ။

5. အာလူး၊ ႏြားႏို႔၊ မက္မြန္ဆီတို႔ျဖင့္ ေပါင္းတင္နည္း

ဒီနည္းကေတာ့ ဝက္ၿခံေတြကို ေပ်ာက္ေစၿပီး မ်က္ႏွာကို ပိုၿပီး ဝင္းလာေစပါတယ္။

- အာလူးတစ္လုံးကို ျပဳတ္ၿပီးေနာက္ အခြံခြာပါ။

- ႏြားႏို႔လက္ဖက္ရည္ဇြန္း 2 ဇြန္းနဲ႔ မက္မြန္သီးဆီတို႔ကို ေရာပါ။ ႏြားႏို႔မရွိရင္ ႏို႔မႈန႔္ကို သုံးလို႔ရပါတယ္။

- ပါဝင္ပစၥည္းေတြကို ေရာလိုက္ၿပီး မ်က္ႏွာေပၚမွာ လိမ္းပါ၊

- မိနစ္20ၾကာထားၿပီးရင္ ေရေႏြးနဲ႔ မ်က္ႏွာသစ္လို႔ရပါၿပီ။

- တစ္ပတ္ကို 3 ႀကိမ္ခန႔္ ျပဳလုပ္တဲ့အခါ မ်က္ႏွာက သိသိသာသာဝင္းလက္လာတာကို ေတြ႕ရမွာပါ။

4. ခရမ္းခ်ဥ္သီးျဖင့္ ေပါင္းတင္ျခင္း

ဒီနည္းလမ္းက မ်က္ႏွာေပၚက အေမြးအမွ်င္ေတြကို ဖယ္ရွားေပးၿပီး ေခြၽးေပါက္ေတြကိုလည္း သန႔္ရွင္းသြားေစပါတယ္။ ဒါ့အျပင္ မ်က္ႏွာအသားအေရကိုလည္း ဝင္းလက္လာေစပါတယ္။

- ခရမ္းခ်ဥ္သီးရဲ႕အခြံကို ခြာပါ။ၿပီးရင္ ခရမ္းခ်ဥ္သီးကို အေစ့ေတြ၊ အသားေတြ မပါေအာင္ အရည္ညႇစ္ပါ။

- ညစ္ထားတဲ့ခရမ္းခ်ဥ္သီးရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ဂ်ယ္လီမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာေမႊၿပီး အပူေပးပါ။

- အပူေပးၿပီးတဲ့ေနာက္မွာ ပ်ားရည္အနည္းငယ္ထည့္ၿပီး ေမႊပါ။

- ေအးသြားရင္ မ်က္ႏွာမွာ လိမ္းလို႔ရပါၿပီ။

3. အုတ္ဂ်ဳံမႈန္ျဖင့္ ေပါင္းတင္နည္း

မ်က္ႏွာကို ေရဓါတ္ျဖည့္ၿပီး ႏူးညံ့ေစဖို႔အတြက္ ဒီနည္းလမ္းက အသုံးဝင္ပါတယ္။

- အုတ္ဂ်ဳံမႈန႔္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္း

- အုတ္ဂ်ဳံမႈန႔္ေတြကို ညက္သြားေအာင္လို႔ ႀကိတ္စက္ထဲမွာ ႀကိတ္ပါ။

- ႏြားႏို႔အပူ လက္ဖက္ရည္ဇြန္း 2 ဇြန္းကို ႀကိတ္ထားတဲ့ အုတ္ဂ်ဳံမႈန႔္နဲ႔ေရာပါ။

- ၿပီးရင္ေတာ့ သံလြင္ဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္ၿပီး ေမႊပါ။

- အဲဒီေနာက္ မ်က္ႏွာေပၚအႏွံ႔ လိမ္းၿပီး 15 မိနစ္ၾကာထားပါ။

- 15 မိနစ္ၾကာထားၿပီးရင္ေတာ့ ေရေႏြးနဲ႔မ်က္ႏွာသစ္လို႔ ရပါၿပီ။

2. သခြားသီး၊ သံပ႐ိုသီးတို႔ျဖင့္ ေပါင္းတင္နည္း

သခြားသီးက မ်က္ႏွာအသားအေရကို ႏူးညံ့ေစပါတယ္။ ေခြၽးေပါက္ပိတ္ေနတာေတြလည္း ပြင့္ေစတဲ့အျပင္ အမည္းစက္ေတြကိုပါ ဖယ္ရွားေပးပါတယ္။

- သခြားသီးကို အကြင္းေလးေတြျဖစ္ေအာင္လွီးၿပီး ႀကိတ္စက္နဲ႔ ႀကိတ္ပါ။

- အဲဒီေနာက္ သံပ႐ိုသီးအရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းထည့္ၿပီး အပူေပးပါ။

- ၿပီးရင္ေတာ့ ဂ်ယ္လီမႈန႔္ထည့္ၿပီး တစ္မိနစ္ၾကာေမႊပါ။

- အေအးခံၿပီးရင္ေတာ့ ဘရက္ရွ္ေလးနဲ႔ မ်က္ႏွာေပၚမွာ အသာအယာေလး လိမ္းလို႔ရပါၿပီ

1. ပ်ားရည္ျဖင့္ ေပါင္းတင္နည္း

ပ်ားရည္က မ်က္ႏွာအသားအရည္အတြက္ 100% အက်ိဳးျပဳပါတယ္။

- ပ်ားရည္လက္ဖက္ရည္ဇြန္း 3 ဇြန္း

- သစ္ႀကံပိုးေခါက္မႈန႔္တစ္ဇြန္း၏သုံးပုံပုံတစ္ပုံခန႔္

- ပ်ားရည္နဲ႔ သစ္ႀကံပိုးေခါက္ကို ေရာၿပီးေနာက္ မ်က္မွာကို လိမ္းပါ။

- 10 မိနစ္ခန႔္ၾကာရင္ေတာ့ မ်က္ႏွာသစ္လို႔ ရပါၿပီ။

ဒီလမ္းနည္းေလးေတြမွာ ပါဝင္တဲ့ ပါဝင္ပစၥည္းေတြက တန္ဖိုးနည္းၿပီး မီးဖိုေခ်ာင္ထဲမွာ အလြယ္တကူ ရႏိုင္ပါတယ္။

Zombie (LoveMedia)