အရွယ်ရောက်ပြီးသူတွေကို တစ်ရက်ကို ၇ နာရီကြာ အိပ်စက်သင့်ပါတယ်။ ဒါပေမယ့် ညဘက် အိပ်မပျော်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Eye mask လေးတစ်ခု ဆောင်ထားရင်တော့ အိပ်မပျော်တဲ့ ပြဿနာကို ပူစရာမလိုတော့ပါဘူး။

၁။ မျက်လုံးအတွက် အကျိုးရှိခြင်း

© depositphotos.com

ညဘက်မှာ eye mask ကို တပ်ပြီး အိပ်ရင် မနက်နိုးလာတဲ့အခါ မျက်ကွင်းညိုတာ၊ မျက်လုံးမို့တာတွေ သက်သာနေတာကို တွေ့ရမှာပါ။ Eye mask ကြောင့် မျက်လုံးတစ်ဝိုက်မှာ အေးမြမှုကိုလည်း ခံစားရမှာပါ။

© shutterstock.com

၂။ မြန်မြန်အိပ်ပျော်စေခြင်း

အိပ်စက်မှု စက်ဝန်းကို ထိန်းချုပ်ဖို့အတွက် ဦးနှောက်က melatonin လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ ဒါပေမယ့် ကိုယ်အိပ်နေတဲ့နေရာတစ်ဝိုက်မှာ အလင်းရောင်ရှိနေရင် တော်တော်နဲ့ အိပ်ပျော်ဖို့ မလွယ်တော့ပါဘူး။ ညအိပ်ရင် eye mask ကို တပ်အိပ်တဲ့အခါ အခန်းက မှောင်သွားပြီး မြန်မြန်ဆန်ဆန် အိပ်ပျော်သွားမှာပါ။

၃။ အိပ်ရေးဝစေခြင်း

Eye mask တပ်ပြီးအိပ်သူတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ညလယ်မှာ တစ်ရေးနိုးတဲ့ အကြိမ်တွေလည်း နည်းသွားပါတယ်။

၄။ အသားအရေကို ကာကွယ်ပေးခြင်း

© shutterstock.com

Eye mask တွေကို ချည်သား၊ ပိုးသားတို့လို နူးညံ့တဲ့ အရာတွေနဲ့ ပြုလုပ်ထားတာကြောင့် ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် အလွန်သင့်တော်ပါတယ်။ Eye mask နဲ့ အိပ်တဲ့အခါ ခေါင်းအုံးနဲ့ဖိမိတဲ့ ဖိရာတွေ မထင်တော့တာကြောင့် အရေးအကြောင်းတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၅။ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း

© depositphotos.com

ခေါင်းကိုက်တတ်သူတွေက မီးအလင်းရောင်တွေနဲ့အိပ်ရင် အဆင်မပြေပါဘူး။ ဒါ့ကြောင့် ခေါင်းကိုက်တတ်သူတွေအတွက် eye mask က အကူအညီ အများကြီးပေးမှာပါ။

၆။ ခရီးသွားသည့်အခါ သင့်တော်ခြင်း

ခရီးသွားတဲ့အခါ အိပ်ချင်ပေမယ့် အလင်းရောင်တွေကြောင့် မအိပ်ဖြစ်ပါဘူး။ Eye mask ကြောင့် ခရီးသွားတဲ့အခါ အိပ်ပျော်လွယ်ပြီး ကောင်းကောင်း အနားယူလို့ရပါတယ်။

၇။ စိတ်ဓါတ်ကျခြင်းကို ကာကွယ်ပေးခြင်း

ညဘက်မှာ အိပ်ခန်းထဲက မီးအလင်းရောင်တွေက စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေကို ဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ Eye mask ကို တပ်ပြီးအိပ်ရင်တော့ မီးအလင်းရောင် မမြင်ရတော့တဲ့အတွက် ဒီပြဿနာအတွက် ပူစရာမလိုတော့ပါဘူး။

Zombie (Lovemedia)

For Zawgyi

ညဘက္ အိပ္မေပ်ာ္သူေတြအတြက္ eye mask တစ္ခုရွိ႐ုံနဲ႔ ရရွိလာမယ့္ အက်ိဳးေက်းဇူး (၇)ခု

အ႐ြယ္ေရာက္ၿပီးသူေတြကို တစ္ရက္ကို ၇ နာရီၾကာ အိပ္စက္သင့္ပါတယ္။ ဒါေပမယ့္ ညဘက္ အိပ္မေပ်ာ္တာက က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ Eye mask ေလးတစ္ခု ေဆာင္ထားရင္ေတာ့ အိပ္မေပ်ာ္တဲ့ ျပႆနာကို ပူစရာမလိုေတာ့ပါဘူး။

၁။ မ်က္လုံးအတြက္ အက်ိဳးရွိျခင္း

ညဘက္မွာ eye mask ကို တပ္ၿပီး အိပ္ရင္ မနက္ႏိုးလာတဲ့အခါ မ်က္ကြင္းညိဳတာ၊ မ်က္လုံးမို႔တာေတြ သက္သာေနတာကို ေတြ႕ရမွာပါ။ Eye mask ေၾကာင့္ မ်က္လုံးတစ္ဝိုက္မွာ ေအးျမမႈကိုလည္း ခံစားရမွာပါ။

၂။ ျမန္ျမန္အိပ္ေပ်ာ္ေစျခင္း

အိပ္စက္မႈ စက္ဝန္းကို ထိန္းခ်ဳပ္ဖို႔အတြက္ ဦးေႏွာက္က melatonin လို႔ေခၚတဲ့ ေဟာ္မုန္းကို ထုတ္လႊတ္ပါတယ္။ ဒါေပမယ့္ ကိုယ္အိပ္ေနတဲ့ေနရာတစ္ဝိုက္မွာ အလင္းေရာင္ရွိေနရင္ ေတာ္ေတာ္နဲ႔ အိပ္ေပ်ာ္ဖို႔ မလြယ္ေတာ့ပါဘူး။ ညအိပ္ရင္ eye mask ကို တပ္အိပ္တဲ့အခါ အခန္းက ေမွာင္သြားၿပီး ျမန္ျမန္ဆန္ဆန္ အိပ္ေပ်ာ္သြားမွာပါ။

၃။ အိပ္ေရးဝေစျခင္း

Eye mask တပ္ၿပီးအိပ္သူေတြက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ၿပီး ညလယ္မွာ တစ္ေရးႏိုးတဲ့ အႀကိမ္ေတြလည္း နည္းသြားပါတယ္။

၄။ အသားအေရကို ကာကြယ္ေပးျခင္း

Eye mask ေတြကို ခ်ည္သား၊ ပိုးသားတို႔လို ႏူးညံ့တဲ့ အရာေတြနဲ႔ ျပဳလုပ္ထားတာေၾကာင့္ ထိခိုက္လြယ္တဲ့ အသားအေရေတြအတြက္ အလြန္သင့္ေတာ္ပါတယ္။ Eye mask နဲ႔ အိပ္တဲ့အခါ ေခါင္းအုံးနဲ႔ဖိမိတဲ့ ဖိရာေတြ မထင္ေတာ့တာေၾကာင့္ အေရးအေၾကာင္းေတြကိုလည္း ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

၅။ ေခါင္းကိုက္ျခင္းကို ကာကြယ္ေပးျခင္း

ေခါင္းကိုက္တတ္သူေတြက မီးအလင္းေရာင္ေတြနဲ႔အိပ္ရင္ အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ ေခါင္းကိုက္တတ္သူေတြအတြက္ eye mask က အကူအညီ အမ်ားႀကီးေပးမွာပါ။

၆။ ခရီးသြားသည့္အခါ သင့္ေတာ္ျခင္း

ခရီးသြားတဲ့အခါ အိပ္ခ်င္ေပမယ့္ အလင္းေရာင္ေတြေၾကာင့္ မအိပ္ျဖစ္ပါဘူး။ Eye mask ေၾကာင့္ ခရီးသြားတဲ့အခါ အိပ္ေပ်ာ္လြယ္ၿပီး ေကာင္းေကာင္း အနားယူလို႔ရပါတယ္။

၇။ စိတ္ဓါတ္က်ျခင္းကို ကာကြယ္ေပးျခင္း

ညဘက္မွာ အိပ္ခန္းထဲက မီးအလင္းေရာင္ေတြက စိတ္ဓါတ္က်ျခင္းရဲ႕ လကၡဏာေတြကို ျဖစ္ေစတယ္လို႔ ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ Eye mask ကို တပ္ၿပီးအိပ္ရင္ေတာ့ မီးအလင္းေရာင္ မျမင္ရေတာ့တဲ့အတြက္ ဒီျပႆနာအတြက္ ပူစရာမလိုေတာ့ပါဘူး။

Zombie (Lovemedia)