ဦးနှောက်ရဲ့  ၅၀% အတွက် အမြင်အာရုံက အလွန်အရေးပါပါတယ်။ ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရသူတွေက မျက်လုံးကို အနားပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့တာလုံး အလုပ်လုပ်ပြီးတဲ့အခါ ပင်ပန်းနေတဲ့ မျက်လုံးကို အနားရစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးပါမယ်နော်။

၁။ အနီးကြည့်၊ အဝေးကြည့်

- ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် ခန္ဓါကိုယ်ကို မတ်မတ်ထားပါ။

- သင့်ရဲ့လက်မကို မျက်လုံးနဲ့ ၁၀လက်မအကွာမှာထားပြီး ၁၅ စက္ကန့်ကြာအောင် ကြည့်ပါ။

- ပြီးရင်တော့ မျက်စိရှေ့ ၁၀ ပေနဲ့ ပေ ၂၀ အကွာမှာရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို ၁၅ စက္ကန့်ကြာ ကြည့်ပါ။

- ပြီးရင်တော့ အဝေးမှာရှိတဲ့ သစ်ပင်၊ အဆောက်အဦစတာတွေကို ၁၅ စက္ကန့်ကြာကြည့်ပါ။

၂။ မျက်လုံးဘေးကပ်ကြည့်ခြင်း

- ဒီလေ့ကျင့်ခန်း မလုပ်ခင်မှာ ခါးကိုမတ်မတ်ထားပါ။

- ခေါင်းကို မရွေ့ဘဲ ဘယ်ဘက်က အရာဝတ္ထုတွေကို ကြည့်ပါ။ ပြီးရင် ညာဘက်က အရာဝတ္ထုတွေကို ကြည့်ပါ။

- တစ်ဖက်ကို ၅ ခါနဲ့ ၃ ကြိမ် ပြုလုပ်ပါ။

၃။ အပေါ်၊ အောက်ကြည့်ခြင်း

© Depositphotos.com

- ခန္ဓါကိုယ်ကို မတ်မတ်ထားပြီး မျက်လုံးကို အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက် လုပ်ပါ။ ခေါင်းကို မရွေ့ရပါဘူးနော်။

- တစ်ဖက်ကို ၅ ခါနဲ့ ၃ ကြိမ် ပြုလုပ်ပါ။

၄။ ထောင့်ဖြတ်ကြည့်ခြင်း

© Depositphotos.com

- ခန္ဓါကိုယ်ကို မတ်မတ်ထားပါ။

- ခေါင်းကို မရွေ့ဘဲ မျက်လုံးရဲ့အောက်ဘယ်ဖက်က အရာဝတ္ထုတွေကို ကြည့်ပါ။

- ပြီးရင်တော့ မျက်လုံးအောက် ညာဖက်က အရာဝတ္ထုတွေကို ကြည့်ပါ။

- ဒီလေ့ကျင့်ခန်းကိုလည်း တစ်ဖက်ကို ၅ ခါနဲ့ ၃ ကြိမ် ပြုလုပ်ပါ။

၅။ မျက်လုံးလှည့်ခြင်း

© Depositphotos.com

- အရင်ဆုံး ခန္ဓါကိုယ်ကို မတ်မတ်နေပါ။

- မျက်လုံးကို နာရီလက်တံလှည့်တဲ့အတိုင်း ၅ ခါ လှည့်ကြည့်ပါ။

- ပြီးရင် မျက်လုံးကို နာရီလက်တံပြောင်းပြန်အတိုင်း ၅ ခါ လှည့်ကြည်ပါ။

၆။ မျက်တောင်ခတ်ခြင်း

© Depositphotos.com

- တစ်မိနစ်ကို ၁၅ ခါနဲ့ ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပါ။

- ဒီလေ့ကျင့်ခန်းကို ၂မိနစ်ကြာ ပြုလုပ်ရမှာပါ။

၇။ မျက်လုံးကို လက်ဖဝါးဖြင့် အုပ်ခြင်း

© Depositphotos.com

ဒီလေ့ကျင့်ခန်းက မျက်လုံးနာဗ်ကြောလေးတွေအတွက် အကျိုးရှိစေပါတယ်။

- လက်ဖဝါးတွေကို ပူလာတဲ့အထိ ပွတ်ပါ။ ပြီးရင် မျက်လုံးကို လက်ဖဝါးနဲ့အုပ်ထားပါ။

- ပြီးရင် အသက်ဝဝရှူပါ။

- ဒီလေ့ကျင့်ခန်းကို ၅မိနစ်ကြာ ပြုလုပ်ပေးရမှာပါ။

၈။ ၂၀/ ၂၀/ ၂၀ လေ့ကျင့်ခန်း

© Depositphotos.com, © Depositphotos.com

တစ်နေကုန် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ မိနစ် ၂၀ ကို တစ်ခါ မျက်လုံးကို အနားပေးဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာရှေ့မှာ မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း ပေ ၂၀ အကွာက အရာဝတ္ထုကို စက္ကန့် ၂၀ ကြာ ကြည့်ပါ။ အဲဒီအခါ မျက်လုံးက အနားရလာမှာပါ။

လေ့ကျင့်ခန်းတွေကလည်း မျက်လုံးကို အနားရစေပါတယ်။ မျက်လုံးကို ဒီထက်ပိုပြီး အားကောင်းဖို့အတွက်

© Depositphotos.com, © Depositphotos.com, © Depositphotos.com

- နုပ်နုပ်စင်းထားတဲ့ မုန်လာဥနီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- ကြက်ဥအကာတစ်လုံး

- ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ ရောမွှေပါ။

- ပြီးရင်တော့ မျက်လုံးတစ်ဝိုက်နဲ့ မျက်လုံးအောက်ဖက်မှာ လိမ်းပေးပါ။

- မိနစ် ၃၀ ခန့် ကြာပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

© Depositphotos.com

ဒီနည်းလေးကတော့ ပင်ပန်းနေတဲ့ မျက်လုံးကို အနားရစေပြီး အေးမြနေမှာပါ။ ဒီလေ့ကျင့်ခန်းတွေနဲ့ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်နော်။

zombie (lovemedia)

For Zawgyi

မ်က္လုံးေညာင္းညာတတ္သူေတြအတြက္ ထိေရာက္တဲ့ေလ့က်င့္ခန္း (၈)ခု

ဦးေႏွာက္ရဲ႕ ၅၀% အတြက္ အျမင္အာ႐ုံက အလြန္အေရးပါပါတယ္။ ကြန္ပ်ဴတာေရွ႕မွာ နာရီေပါင္းမ်ားစြာ အလုပ္လုပ္ရသူေတြက မ်က္လုံးကို အနားေပးဖို႔ လိုအပ္ပါတယ္။ တစ္ေန႔တာလုံး အလုပ္လုပ္ၿပီးတဲ့အခါ ပင္ပန္းေနတဲ့ မ်က္လုံးကို အနားရေစမယ့္ ေလ့က်င့္ခန္းေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ အနီးၾကည့္၊ အေဝးၾကည့္

- ဒီေလ့က်င့္ခန္းကို လုပ္ဖို႔အတြက္ ခႏၶါကိုယ္ကို မတ္မတ္ထားပါ။

- သင့္ရဲ႕လက္မကို မ်က္လုံးနဲ႔ ၁၀လက္မအကြာမွာထားၿပီး ၁၅ စကၠန္႔ၾကာေအာင္ ၾကည့္ပါ။

- ၿပီးရင္ေတာ့ မ်က္စိေရွ႕ ၁၀ေပနဲ႔ ေပ၂၀အကြာမွာရွိေနတဲ့ အရာဝတၳဳတစ္ခုခုကို ၁၅စကၠန္႔ၾကာ ၾကည့္ပါ။

- ၿပီးရင္ေတာ့ အေဝးမွာရွိတဲ့ သစ္ပင္၊ အေဆာက္အဦစတာေတြကို ၁၅စကၠန္႔ၾကာၾကည့္ပါ။

၂။ မ်က္လုံးေဘးကပ္ၾကည့္ျခင္း

- ဒီေလ့က်င့္ခန္း မလုပ္ခင္မွာ ခါးကိုမတ္မတ္ထားပါ။

- ေခါင္းကို မေ႐ြ႕ဘဲ ဘယ္ဘက္က အရာဝတၳဳေတြကို ၾကည့္ပါ။ ၿပီးရင္ ညာဘက္က အရာဝတၳဳေတြကို ၾကည့္ပါ။

- တစ္ဖက္ကို ၅ ခါနဲ႔ ၃ႀကိမ္ ျပဳလုပ္ပါ။

၃။ အေပၚ၊ ေအာက္ၾကည့္ျခင္း

- ခႏၶါကိုယ္ကို မတ္မတ္ထားၿပီး မ်က္လုံးကို အေပၚၾကည့္လိုက္၊ ေအာက္ၾကည့္လိုက္ လုပ္ပါ။ ေခါင္းကို မေ႐ြ႕ရပါဘူးေနာ္။

- တစ္ဖက္ကို ၅ ခါနဲ႔ ၃ ႀကိမ္ ျပဳလုပ္ပါ။

၄။ ေထာင့္ျဖတ္ၾကည့္ျခင္း

- ခႏၶါကိုယ္ကို မတ္မတ္ထားပါ။

- ေခါင္းကို မေ႐ြ႕ဘဲ မ်က္လုံးရဲ႕ေအာက္ဘယ္ဖက္က အရာဝတၳဳေတြကို ၾကည့္ပါ။

- ၿပီးရင္ေတာ့ မ်က္လုံးေအာက္ ညာဖက္က အရာဝတၳဳေတြကို ၾကည့္ပါ။

- ဒီေလ့က်င့္ခန္းကိုလည္း တစ္ဖက္ကို ၅ ခါနဲ႔ ၃ ႀကိမ္ ျပဳလုပ္ပါ။

၅။ မ်က္လုံးလွည့္ျခင္း

- အရင္ဆုံး ခႏၶါကိုယ္ကို မတ္မတ္ေနပါ။

- မ်က္လုံးကို နာရီလက္တံလွည့္တဲ့အတိုင္း ၅ ခါ လွည့္ၾကည့္ပါ။

- ၿပီးရင္ မ်က္လုံးကို နာရီလက္တံေျပာင္းျပန္အတိုင္း ၅ ခါ လွည့္ၾကည္ပါ။

၆။ မ်က္ေတာင္ခတ္ျခင္း

- တစ္မိနစ္ကို ၁၅ ခါနဲ႔ ျဖည္းျဖည္းခ်င္း မ်က္ေတာင္ခတ္ပါ။

- ဒီေလ့က်င့္ခန္းကို ၂မိနစ္ၾကာ ျပဳလုပ္ရမွာပါ။

၇။ မ်က္လုံးကို လက္ဖဝါးျဖင့္ အုပ္ျခင္း

ဒီေလ့က်င့္ခန္းက မ်က္လုံးနာဗ္ေၾကာေလးေတြအတြက္ အက်ိဳးရွိေစပါတယ္။

- လက္ဖဝါးေတြကို ပူလာတဲ့အထိ ပြတ္ပါ။ ၿပီးရင္ မ်က္လုံးကို လက္ဖဝါးနဲ႔အုပ္ထားပါ။

- ၿပီးရင္ အသက္ဝဝရႉပါ။

- ဒီေလ့က်င့္ခန္းကို ၅မိနစ္ၾကာ ျပဳလုပ္ေပးရမွာပါ။

၈။ ၂၀/ ၂၀/ ၂၀ ေလ့က်င့္ခန္း

တစ္ေနကုန္ ကြန္ပ်ဴတာေရွ႕မွာ အလုပ္လုပ္တဲ့အခါ မိနစ္ ၂၀ ကို တစ္ခါ မ်က္လုံးကို အနားေပးဖို႔ လိုအပ္ပါတယ္။ ကြန္ပ်ဴတာေရွ႕မွာ မိနစ္ ၂၀ အလုပ္လုပ္ၿပီးတိုင္း ေပ ၂၀ အကြာက အရာဝတၳဳကို စကၠန္႔ ၂၀ ၾကာ ၾကည့္ပါ။ အဲဒီအခါ မ်က္လုံးက အနားရလာမွာပါ။

ေလ့က်င့္ခန္းေတြကလည္း မ်က္လုံးကို အနားရေစပါတယ္။ မ်က္လုံးကို ဒီထက္ပိုၿပီး အားေကာင္းဖို႔အတြက္

- ႏုပ္ႏုပ္စင္းထားတဲ့ မုန္လာဥနီ လက္ဖက္ရည္ဇြန္းတစ္ဇြန္း

- ၾကက္ဥအကာတစ္လုံး

- ရွားေစာင္းလက္ပတ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ ေရာေမႊပါ။

- ၿပီးရင္ေတာ့ မ်က္လုံးတစ္ဝိုက္နဲ႔ မ်က္လုံးေအာက္ဖက္မွာ လိမ္းေပးပါ။

- မိနစ္ ၃၀ ခန္႔ ၾကာၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။

ဒီနည္းေလးကေတာ့ ပင္ပန္းေနတဲ့ မ်က္လုံးကို အနားရေစၿပီး ေအးျမေနမွာပါ။ ဒီေလ့က်င့္ခန္းေတြနဲ႔ မသက္သာရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္ေနာ္။

zombie (lovemedia)