မျက်မှောက်ကာလမှာ လူတွေဟာ social media မှာပဲ အချိန်ကုန်တာ များလာပါတယ်။ အဲဒါကြောင့် ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ အချိန်နည်းလာကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀% ဟာ တစ်သက်မှာ တစ်ခါတော့ ခါးနာဝေဒနာကို ခံစားဖူးတယ်လို့ American Chiropractic Association က ဖော်ပြထားပါတယ်။ ခါးနာခြင်းကို ပျောက်ကင်းသွားအောင် လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ ခန္ဓါကိုယ်ကို ဆန့်ပြီးအနားယူခြင်း

© pixabay

ခန္ဓါကိုယ်ကိုဆန့်ပြီး အနားယူခြင်းက အင်ဒိုဖင်းဆိုတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်လာစေပါတယ်။ အဲဒီဟော်မုန်းက ခန္ဓါကိုယ်က တင်းမာမှုတွေကို လျော့ကျစေပြီး ကြွက်သားတွေကို သန်မာစေပါတယ်။

၂။ ခြေထောက်ကို နွေးနွေးထွေးထွေးနေခြင်း

ဝမ်းဗိုက်ရောင်ရမ်းရင်လည်း ခါးနာလာနိုင်ပါတယ်။ ဝမ်းဗိုက်ရောင်ရမ်းတာကို ကာကွယ်ဖို့ဆိုရင် ခြေထောက်ကို နွေးနွေးထွေးထွေး ထားဖို့ လိုပါတယ်။

၃။ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲအိတ်ကပ်ခြင်း

ခါးနာတဲ့အခါ ၂၄ နာရီကနေ ၄၈ နာရီအတွင်း ရေခဲအိတ်ကပ်ပေးတာ အကောင်းဆုံးပါ။ ၄၈ နာရီ ပြီးရင်တော့ သက်တောင့်သက်သာဖြစ်ချင်ရင် ရေနွေးအိတ်ကပ်ပေးလို့ ရပါတယ်။ ရေခဲအိတ်၊ ရေနွေးအိတ်ကို ခါးပေါ်မှာ ပိတ်စတစ်ခုတင်ပြီးမှ ကပ်ပေးသင့်ပါတယ်။

၄။ အိပ်စက်မှုပုံစံပြောင်းလဲခြင်း

© pixabay

မကောင်းတဲ့ မွေ့ရာတွေကလည်း ခါးနာစေပါတယ်။ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံး ထားအိပ်ခြင်းက ဒူးနဲ့ကျောက တင်းမာမှုတွေကို ပြေလျော့စေပါတယ်။

၅။ ယောဂ

© pixabay

ခါးနာတတ်သူတွေက ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။ ယောဂက ခန္ဓါကိုယ်က ကြွက်သားတွေကို ဖြေလျော့ပေးတဲ့အပြင် စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။

၆။ တံကောက်ကြောကို ဆန့်ခြင်း

© pixabay

တံကောက်ကြောတွေ တင်းနေရင်လည်း ခါးနာတတ်ပါတယ်။ အဲဒါကြောင့် တံကောက်ကြောကို တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဆန့်ထုတ်ပေးခြင်းက ခါးနာခြင်းကို သက်သာစေပါတယ်။

၇။ ဆေးလိပ်ဖြတ်ခြင်း

© pixabay

ဆေးလိပ်သောက်ခြက်းက အဆုတ်ရောဂါတွေနဲ့ ကင်ဆာတွေကို ဖြစ်ပွားစေရုံမက သွေးကြောတွေကိုပါ ကျဉ်းလာစေပါတယ်။ နူးညံ့တဲ့ တစ်ရှူးတွေကို သွေးစီးတဲ့အခါ အခက်အခဲတွေ ဖြစ်လာစေမှာပါ။

၈။ အပ်စိုက်ခြင်း

နာဗ်ကြောတွေကို လှုံ့ဆော်ဖို့အတွက် အပ်စိုက်ခြင်းကလည်း ထိရောက်ပါတယ်။

၉။ ကျောရိုးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

© pixabay

ကျောနဲ့ဝမ်းဗိုက်မှာ ကြွက်သားတွေ အများကြီးရှိပါတယ်။ ကျောနဲ့ဝမ်းဗိုက်က ကြွက်သားတွေ မသန်မာတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖိအားတွေ များလာပါတယ်။ အဲဒီဖိအားတွေက ခါးနာစေပါတယ်။ ဗိုက်နဲ့ကျောရိုးတွေကို သန်မာအောင် လေ့ကျင့်ခြင်းက ခါးနာဝေဒနာကိုလည်း ပျောက်ကင်းစေပါတယ်။

၁၀။ ဦးနှောက်ကို အနားပေးခြင်း

© pixabay

စိတ်ပညာမှာ ခါးနာခြင်းနဲ့ စိတ်ဓါတ်ကျခြခင်း၊ ပူပင်သောကရောက်ခြင်းတို့က တစ်ခါတရံ ဆက်စပ်နေတယ်လို့ ဖော်ပြပါတယ်။ အဲဒါကြောင့် ခန္ဓါကိုယ်လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့အခါ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်း ရှူထုတ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

၁၁။ ကျွမ်းကျင်သူနဲ့ ပြသခြင်း

ခါးနာတာကို ဆက်လက်ခံစားနေရရင် ကျောရိုးနဲ့ အဆစ်အမြစ် အနေအထားပြင် ကျွမ်းကျင်သူနဲ့ ပြသသင့်ပါတယ်။ ခါးနာခြင်းကင်းဝေးအောင်

- ဒေါက်မမြင့်တဲ့ ဖိနပ်တွေကိုပဲ စီးပါ။

- ကားစီးတဲ့အခါ၊ ထိုင်ခုံမှာ ထိုင်တဲ့အခါ ခါးအောက်မှာ ခေါင်းအုံးအသေးတစ်လုံး ထားပြီး ထိုင်ပါ။

- ခါးမတ်မတ်နေပါ။

© pixabay

- အချိန်ကြာကြာ ထိုင်ရသူဆိုရင် ထိုင်တဲ့ပုံစံကို မကြာခဏပြောင်းပါ၊

- မနက်ခင်းစောစောမှာရတဲ့ နေရောင်ခြည်မှာ vitamin D အလုံအလောက် ပါဝင်ပြီး အရိုးတွေကို သန်မာစေပါတယ်။

Zombie (LoveMedia)

For Zawgyi

ခါးနာျခင္းကို ႏႈတ္ဆက္သြားေစမယ့္ နည္းလမ္း (၁၁) ခု

မ်က္ေမွာက္ကာလမွာ လူေတြဟာ social media မွာပဲ အခ်ိန္ကုန္တာ မ်ားလာပါတယ္။ အဲဒါေၾကာင့္ က်န္းမာေရးအတြက္ ဂ႐ုစိုက္ဖို႔ အခ်ိန္နည္းလာၾကပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ၈၀% ဟာ တစ္သက္မွာ တစ္ခါေတာ့ ခါးနာေဝဒနာကို ခံစားဖူးတယ္လို႔ American Chiropractic Association က ေဖာ္ျပထားပါတယ္။ ခါးနာျခင္းကို ေပ်ာက္ကင္းသြားေအာင္ လြယ္လြယ္ကူကူ ျပဳလုပ္လို႔ရတဲ့ နည္းလမ္းေတြ ရွိပါတယ္။

၁။ ခႏၶါကိုယ္ကို ဆန႔္ၿပီးအနားယူျခင္း

ခႏၶါကိုယ္ကိုဆန႔္ၿပီး အနားယူျခင္းက အင္ဒိုဖင္းဆိုတဲ့ ေပ်ာ္႐ႊင္ေစတဲ့ ေဟာ္မုန္းထြက္လာေစပါတယ္။ အဲဒီေဟာ္မုန္းက ခႏၶါကိုယ္က တင္းမာမႈေတြကို ေလ်ာ့က်ေစၿပီး ႂကြက္သားေတြကို သန္မာေစပါတယ္။

၂။ ေျခေထာက္ကို ေႏြးေႏြးေထြးေထြးေနျခင္း

ဝမ္းဗိုက္ေရာင္ရမ္းရင္လည္း ခါးနာလာႏိုင္ပါတယ္။ ဝမ္းဗိုက္ေရာင္ရမ္းတာကို ကာကြယ္ဖို႔ဆိုရင္ ေျခေထာက္ကို ေႏြးေႏြးေထြးေထြး ထားဖို႔ လိုပါတယ္။

၃။ ေရေႏြးအိတ္ကပ္ျခင္း၊ ေရခဲအိတ္ကပ္ျခင္း

ခါးနာတဲ့အခါ ၂၄ နာရီကေန ၄၈ နာရီအတြင္း ေရခဲအိတ္ကပ္ေပးတာ အေကာင္းဆုံးပါ။ ၄၈ နာရီ ၿပီးရင္ေတာ့ သက္ေတာင့္သက္သာျဖစ္ခ်င္ရင္ ေရေႏြးအိတ္ကပ္ေပးလို႔ ရပါတယ္။ ေရခဲအိတ္၊ ေရေႏြးအိတ္ကို ခါးေပၚမွာ ပိတ္စတစ္ခုတင္ၿပီးမွ ကပ္ေပးသင့္ပါတယ္။

၄။ အိပ္စက္မႈပုံစံေျပာင္းလဲျခင္း

မေကာင္းတဲ့ ေမြ႕ရာေတြကလည္း ခါးနာေစပါတယ္။ ဒူးေအာက္မွာ ေခါင္းအုံးတစ္လုံး ထားအိပ္ျခင္းက ဒူးနဲ႔ေက်ာက တင္းမာမႈေတြကို ေျပေလ်ာ့ေစပါတယ္။

၅။ ေယာဂ

ခါးနာတတ္သူေတြက ေယာဂေလ့က်င့္ခန္းေတြ ျပဳလုပ္ေပးသင့္ပါတယ္။ ေယာဂက ခႏၶါကိုယ္က ႂကြက္သားေတြကို ေျဖေလ်ာ့ေပးတဲ့အျပင္ စိတ္ကိုလည္း တည္ၿငိမ္ေစပါတယ္။

၆။တံေကာက္ေၾကာကို ဆန႔္ျခင္း

တံေကာက္ေၾကာေတြ တင္းေနရင္လည္း ခါးနာတတ္ပါတယ္။ အဲဒါေၾကာင့္ တံေကာက္ေၾကာကို တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ ဆန႔္ထုတ္ေပးျခင္းက ခါးနာျခင္းကို သက္သာေစပါတယ္။

၇။ ေဆးလိပ္ျဖတ္ျခင္း

ေဆးလိပ္ေသာက္ျခက္းက အဆုတ္ေရာဂါေတြနဲ႔ ကင္ဆာေတြကို ျဖစ္ပြားေစ႐ုံမက ေသြးေၾကာေတြကိုပါ က်ဥ္းလာေစပါတယ္။ ႏူးညံ့တဲ့ တစ္ရႉးေတြကို ေသြးစီးတဲ့အခါ အခက္အခဲေတြ ျဖစ္လာေစမွာပါ။

၈။ အပ္စိုက္ျခင္း

နာဗ္ေၾကာေတြကို လႈံ႕ေဆာ္ဖို႔အတြက္ အပ္စိုက္ျခင္းကလည္း ထိေရာက္ပါတယ္။

၉။ ေက်ာ႐ိုးေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္း

ေက်ာနဲ႔ဝမ္းဗိုက္မွာ ႂကြက္သားေတြ အမ်ားႀကီးရွိပါတယ္။ ေက်ာနဲ႔ဝမ္းဗိုက္က ႂကြက္သားေတြ မသန္မာတဲ့အခါ တျခားခႏၶါကိုယ္အစိတ္အပိုင္းေတြမွာ ဖိအားေတြ မ်ားလာပါတယ္။ အဲဒီဖိအားေတြက ခါးနာေစပါတယ္။ ဗိုက္နဲ႔ေက်ာ႐ိုးေတြကို သန္မာေအာင္ ေလ့က်င့္ျခင္းက ခါးနာေဝဒနာကိုလည္း ေပ်ာက္ကင္းေစပါတယ္။

၁၀။ ဦးေႏွာက္ကို အနားေပးျခင္း

စိတ္ပညာမွာ ခါးနာျခင္းနဲ႔ စိတ္ဓါတ္က်ျခခင္း၊ ပူပင္ေသာကေရာက္ျခင္းတို႔က တစ္ခါတရံ ဆက္စပ္ေနတယ္လို႔ ေဖာ္ျပပါတယ္။ အဲဒါေၾကာင့္ ခႏၶါကိုယ္ေလ့က်င့္ခန္းေတြ ျပဳလုပ္ၿပီးတဲ့အခါ တရားထိုင္ျခင္း၊ အသက္ျပင္းျပင္း ရႉထုတ္ျခင္းတို႔ကို ျပဳလုပ္ေပးသင့္ပါတယ္။

၁၁။ ကြၽမ္းက်င္သူနဲ႔ ျပသျခင္း

ခါးနာတာကို ဆက္လက္ခံစားေနရရင္ ေက်ာ႐ိုးနဲ႔ အဆစ္အျမစ္ အေနအထားျပင္ ကြၽမ္းက်င္သူနဲ႔ ျပသသင့္ပါတယ္။ ခါးနာျခင္းကင္းေဝးေအာင္

- ေဒါက္မျမင့္တဲ့ ဖိနပ္ေတြကိုပဲ စီးပါ။

- ကားစီးတဲ့အခါ၊ ထိုင္ခုံမွာ ထိုင္တဲ့အခါ ခါးေအာက္မွာ ေခါင္းအုံးအေသးတစ္လုံး ထားၿပီး ထိုင္ပါ။

- ခါးမတ္မတ္ေနပါ။

- အခ်ိန္ၾကာၾကာ ထိုင္ရသူဆိုရင္ ထိုင္တဲ့ပုံစံကို မၾကာခဏေျပာင္းပါ၊

- မနက္ခင္းေစာေစာမွာရတဲ့ ေနေရာင္ျခည္မွာ vitamin D အလုံအေလာက္ ပါဝင္ၿပီး အ႐ိုးေတြကို သန္မာေစပါတယ္။

Zombie (LoveMedia)