အမေရိကန်နိုင်ငံမှာ လူတစ်ယောက်ဟာ တစ်နေ့ကို အလုပ်လုပ်ချိန် 8.06 နာရီ ရှိပါတယ်။ ပိတ်ရက်တွေမှာ 5.53 နာရီ အလုပ်လုပ်ပါတယ်။ကျန်တဲ့အချိန်တွေကို သွားတာ၊ လာတာ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ကုန်ကြပါတယ်။ အဲဒါကြောင့် gym သွားဖို့ ဆိုတာက အိပ်မက်တစ်ခုလိုပါပဲ။ ဒါပေမယ့် gym မသွားနိုင်ရင် တစ်ရက်ကို 15 မိနစ် ပုံမှန်အချိန်ပေးရုံနဲ့ အံ့ဩစရာ ရလဒ်တွေကို ရလဒ်တွေကို ရလာမှာပါ။

1. နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်က အဆီတွေကျဖို့ လိုအပ်ပါတယ်။

© depositphotos.com

အဲဒါကြောင့် ဓာတ်လှေကားနဲ့ တက်မယ့်အစား ရိုးရိုးလှေကားကိုပဲ သုံးပါ။ မကြာခင်မှာ ခန္ဓာကိုယ်က ပေါ့ပါးလာပါတယ်။ တစ်နေ့ကို 15 မိနစ်ခန့် လှေကားအတက်အဆင်း ပြုလုပ်တဲ့အခါ လတွေကြာလာတဲ့အခါ ဗိုက်ချပ်လာတာကို တွေ့ရမှာပါ။

2. ဒီလေ့ကျင့်ခန်းကို ရုံးမှာလည်း လုပ်လို့ရပါတယ်။

© shutterstock.com

- ထိုင်ခုံပေါ်မှာထိုင်ပြီး ခြေထောက်ကို မ ထားပါ။ ပြီးတော့ ဒူးကို ရင်ဘတ်နားထိရောက်အောင် ကွေးလိုက်၊ ခြေထောက်ကို ပြန်ဆန့်တန်းလိုက်နဲ့ 15 မိနစ်ကြာ ပြုလုပ်ပါ။

3. ထိုင်ခုံပေါ်မှာ ဘေးစောင်းလှဲချလိုက်ပြီး လက်တစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားပါ။

© shutterstock.com

- ပြီးရင် ခြေထောက်နှစ်ဖက်လုံးကို မြောက်လိုက်ချလိုက်လုပ်ပါ။

- ညာဘက်ပြီးရင် ဘယ်ဘက်ပြောင်း လုပ်ပါ။ ကြာလာတဲ့အခါ ဝမ်းဗိုက်မှာ ကြွက်သားတွေ ထွက်လာတာကို မြင်ရမှာပါ။

4. ဒီလေ့ကျင့်ခန်းက အတော်ထိရောက်မှု ရှိပါတယ်။ အိမ်မှာ TV ကြည့်ရင်းနဲ့လည်း လုပ်လို့ရပါတယ်။

© depositphotos.com

- ညီညာတဲ့ကြမ်းပြင်ပေါ်ကို လဲလျောင်းလိုက်ပါ။

- ခြေထောက်နှစ်ချောင်းကို ခေါင်းနဲ့တန်းတန်း အနေအထားရောက်တဲ့အထိ မြောက်လိုက်ပါ။ ချက်ချင်းကြီး မြောက်လို့မရသေးရင် ခြေထောက်ကို ရသလောက်ပဲ မြောက်ပါ။ ပြီးရင် ခြေထောက်ကို ကြမ်းပြင်ပေါ် ပြန်ချပါ။

- တစ်ကြိမ်ကို အခါ 20 နဲ့ 3 ကြိမ် ပြုလုပ်ပါ။

5. ဒီလေ့ကျင့်ခန်းက ခက်ခဲချင်ခက်ခဲ နေပါလိမ့်မယ်။ ဒါပေမယ့် gym သွားသလိုပဲ အတော်ကို ထိရောက်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို 45 ဒီဂရီဖြစ်အောင် ထိုင်လိုက်ပါ။

© depositphotos.com

- ခြေထောက်ကို မလိုက်ပြီး ခြေထောက်နဲ့ လက်ကို တစ်ပြေးညီ ဆန့်တန်းလိုက်ပါ။

- ပြီးရင် လက်ချောင်းတွေနဲ့ ခြေချောင်းတွေကို ထိပါ။

- မူလအနေအထားအတိုင်း ပြန်နေပါ။ဒီလေ့ကျင့်ခန်းကို တစ်နေ့ 15 မိနစ် လုပ်တဲ့အခါ တစ်လအတွင်း ထူးခြားလာမှာပါ။

6. ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်းက အဆီတွေကို လျင်လျင်မြန်မြန် ကျစေမှာပါ။

© depositphotos.com

-ကြမ်းပြင်ပေါ်မှာ ခန္ဓာကိုယ်ကို 45 ဒီဂရီဖြစ်အောင် ထိုင်ပါ။

- ခြေထောက်ကို မ လိုက်ပြီး ခြေထောက်နဲ့ လက်ကို တစ်ပြေးညီတည်းဖြစ်အောင် ဆန့်တန်းလိုက်ပါ။

- စုထားတဲ့လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ကို လွှဲလိုက်၊ ညာဘက်ကို လွှဲလိုက် လုပ်ပါ။

Zombie (LoveMedia)

For Zawgyi

Gym သြားဖို႔ အခ်ိန္မရသူေတြအတြက္ ဝမ္းဗိုက္ အဆီေတြက်ေစမယ့္ 15 မိနစ္စာ ေလ့က်င့္ခန္းမ်ား

အေမရိကန္ႏိုင္ငံမွာ လူတစ္ေယာက္ဟာ တစ္ေန႔ကို အလုပ္လုပ္ခ်ိန္ 8.06 နာရီ ရွိပါတယ္။ ပိတ္ရက္ေတြမွာ 5.53 နာရီ အလုပ္လုပ္ပါတယ္။က်န္တဲ့အခ်ိန္ေတြကို သြားတာ၊ လာတာ၊ သူငယ္ခ်င္း၊ မိသားစုေတြနဲ႔ အခ်ိန္ကုန္ၾကပါတယ္။ အဲဒါေၾကာင့္ gym သြားဖို႔ ဆိုတာက အိပ္မက္တစ္ခုလိုပါပဲ။ ဒါေပမယ့္ gym မသြားႏိုင္ရင္ တစ္ရက္ကို 15 မိနစ္ ပုံမွန္အခ်ိန္ေပး႐ုံနဲ႔ အံ့ဩစရာ ရလဒ္ေတြကို ရလဒ္ေတြကို ရလာမွာပါ။

1. ႏွလုံးက်န္းမာေရးအတြက္ ခႏၶာကိုယ္က အဆီေတြက်ဖို႔ လိုအပ္ပါတယ္။

အဲဒါေၾကာင့္ ဓာတ္ေလွကားနဲ႔ တက္မယ့္အစား ႐ိုး႐ိုးေလွကားကိုပဲ သုံးပါ။ မၾကာခင္မွာ ခႏၶာကိုယ္က ေပါ့ပါးလာပါတယ္။ တစ္ေန႔ကို 15 မိနစ္ခန႔္ ေလွကားအတက္အဆင္း ျပဳလုပ္တဲ့အခါ လေတြၾကာလာတဲ့အခါ ဗိုက္ခ်ပ္လာတာကို ေတြ႕ရမွာပါ။

2. ဒီေလ့က်င့္ခန္းကို ႐ုံးမွာလည္း လုပ္လို႔ရပါတယ္။

- ထိုင္ခုံေပၚမွာထိုင္ၿပီး ေျခေထာက္ကို မ ထားပါ။ ၿပီးေတာ့ ဒူးကို ရင္ဘတ္နားထိေရာက္ေအာင္ ေကြးလိုက္၊ ေျခေထာက္ကို ျပန္ဆန႔္တန္းလိုက္နဲ႔ 15 မိနစ္ၾကာ ျပဳလုပ္ပါ။

3. ထိုင္ခုံေပၚမွာ ေဘးေစာင္းလွဲခ်လိုက္ၿပီး လက္တစ္ဖက္ကို ၾကမ္းျပင္ေပၚမွာ ေထာက္ထားပါ။

- ၿပီးရင္ ေျခေထာက္ႏွစ္ဖက္လုံးကို ေျမာက္လိုက္ခ်လိုက္လုပ္ပါ။

- ညာဘက္ၿပီးရင္ ဘယ္ဘက္ေျပာင္း လုပ္ပါ။ ၾကာလာတဲ့အခါ ဝမ္းဗိုက္မွာ ႂကြက္သားေတြ ထြက္လာတာကို ျမင္ရမွာပါ။

4. ဒီေလ့က်င့္ခန္းက အေတာ္ထိေရာက္မႈ ရွိပါတယ္။ အိမ္မွာ TV ၾကည့္ရင္းနဲ႔လည္း လုပ္လို႔ရပါတယ္။

- ညီညာတဲ့ၾကမ္းျပင္ေပၚကို လဲေလ်ာင္းလိုက္ပါ။

- ေျခေထာက္ႏွစ္ေခ်ာင္းကို ေခါင္းနဲ႔တန္းတန္း အေနအထားေရာက္တဲ့အထိ ေျမာက္လိုက္ပါ။ ခ်က္ခ်င္းႀကီး ေျမာက္လို႔မရေသးရင္ ေျခေထာက္ကို ရသေလာက္ပဲ ေျမာက္ပါ။ ၿပီးရင္ ေျခေထာက္ကို ၾကမ္းျပင္ေပၚ ျပန္ခ်ပါ။

- တစ္ႀကိမ္ကို အခါ 20 နဲ႔ 3 ႀကိမ္ ျပဳလုပ္ပါ။

5. ဒီေလ့က်င့္ခန္းက ခက္ခဲခ်င္ခက္ခဲ ေနပါလိမ့္မယ္။ ဒါေပမယ့္ gym သြားသလိုပဲ အေတာ္ကို ထိေရာက္ပါတယ္။ ခႏၶာကိုယ္အေပၚပိုင္းကို 45 ဒီဂရီျဖစ္ေအာင္ ထိုင္လိုက္ပါ။

- ေျခေထာက္ကို မလိုက္ၿပီး ေျခေထာက္နဲ႔ လက္ကို တစ္ေျပးညီ ဆန႔္တန္းလိုက္ပါ။

- ၿပီးရင္ လက္ေခ်ာင္းေတြနဲ႔ ေျခေခ်ာင္းေတြကို ထိပါ။

- မူလအေနအထားအတိုင္း ျပန္ေနပါ။ဒီေလ့က်င့္ခန္းကို တစ္ေန႔ 15 မိနစ္ လုပ္တဲ့အခါ တစ္လအတြင္း ထူးျခားလာမွာပါ။

6. ဒီေလ့က်င့္ခန္းက ခႏၶာကိုယ္အေပၚပိုင္းက အဆီေတြကို လ်င္လ်င္ျမန္ျမန္ က်ေစမွာပါ။

-ၾကမ္းျပင္ေပၚမွာ ခႏၶာကိုယ္ကို 45 ဒီဂရီျဖစ္ေအာင္ ထိုင္ပါ။

- ေျခေထာက္ကို မ လိုက္ၿပီး ေျခေထာက္နဲ႔ လက္ကို တစ္ေျပးညီတည္းျဖစ္ေအာင္ ဆန႔္တန္းလိုက္ပါ။

- စုထားတဲ့လက္ႏွစ္ဖက္ကို ခႏၶာကိုယ္ရဲ႕ ဘယ္ဘက္ကို လႊဲလိုက္၊ ညာဘက္ကို လႊဲလိုက္ လုပ္ပါ။

Zombie (LoveMedia)