" ကပေကရေ အဝတ်အစားတွေကို ဝတ်တဲ့အခါ လူတွေက အဝတ်အစားတွေကို သတိထားမိပါလိမ့်မယ်။ ကြော့ကြော့မော့မော့ ဝတ်တဲ့အခါ လူတွေက သင့်ကို သတိထားမိလိမ့်မယ်" လို့ Coco Chanel က ပြောပါတယ်။ အဝတ်အစားကလည်း လူတစ်ယောက်ရဲ့ ပုံရိပ်အတွက် အလွန်အရေးကြီးပါတယ်။ တစ်ယောက်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့မယ်ဆိုရင် ပိုလို့တောင် အရေးကြီးပါသေးတယ်။

1. ကုတ်ရဲ့ အလယ်ကြယ်သီးတွေကို အမြဲတပ်ထားသင့်ပါတယ်။ အပေါ်ကြယ်သီးကိုတော့ မတပ်ချင်ရင်လည်း ရပါတယ်။ အောက်ကြယ်သီးကိုတော့ ဘယ်တော့မှ မတပ်ထားသင့်ပါဘူး။

2. ရှပ်ကို ဝတ်တာပဲဖြစ်ဖြစ်၊ ဘလောက်စ်ကို ဝတ်တာပဲဖြစ်ဖြစ် ကြယ်သီးနှစ်လုံးထက်ပိုပြီး မဖြုတ်သင့်ပါဘူး။

3. နားကပ်ကို လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်တို့နဲ့ ဆင်တူဝတ်တာက သိပ်ကြည့်မလှပါဘူး။ 4 မျိုးဝတ်ရင် 3 မျိုးလောက် ဆင်တူတာက ကြည့်ကောင်းပါတယ်။

4. နက်တိုင်ရဲ့ အစွန်းက ခါးပေါ်မှာ အနည်းငယ် ရှိနေသင့်ပါတယ်။

5. Miniskirt ဒါမှမဟုတ် ရင်ဟိုက်တဲ့ဝတ်စုံကို ရွေးဝတ်ပါ။ skirt က တိုပြီး ရင်ဟိုက်နေတဲ့အခါ အမြင်ရိုင်းစေပါတယ်။

6. ရှပ်အပေါ်မှာ ကုတ်ထပ်မဝတ်တော့ဘူးဆိုရင် နက်တိုင်စည်းစရာ မလိုတော့ပါဘူး။

7. ရုံးမှာဝတ်တဲ့ရှပ်က လည်ပင်းညှပ်ရိုးရဲ့အောက် 4 လက်မထက်ပိုပြီး မဟိုက်သင့်ပါဘူး။

8. ရှပ်ဝတ်တဲ့အခါ ခါးပတ်ပတ်သင့်ပါတယ်။

9. ရင်ကွဲသိုးမွှေးအကျ်ီ နဲ့ ဂျင်းဘောင်းဘီကြားမှာ အသားကို မဖော်ထားသင့်ပါဘူး။

10. ခါးပတ်ကို ဖိနပ်နဲ့အရောင်တူတာကို ရွေးပါ။

11. အကျ်ီပေါ်က တံဆိပ်တွေအားလုံးကို ခွာပြီးမှ ဝတ်ပါ။

12. အပွင့်တွေအများကြီးပါတာက ကြည့်မလှပါဘူး။ အပွင့်တွေ အများကြီးပါတာကို ဝတ်ချင်ရင် အရောင်သိပ်မကွဲတာကို ရွေးသင့်ပါတယ်။

13. ထိုင်နေတဲ့အခါ ခြေထောက်အသားကို မမြင်ရအောင်အထိ ခြေအိတ်ကို ရှည်ရှည်ဝတ်သင့်ပါတယ်။

14. ရုံးတက်တဲ့အခါ ပုခုံးဖုံးတဲ့ အကျ်ီကိုသာ ဝတ်သင့်ပါတယ်။ အကျ်ီလက်လည်းမပါ၊ ပုခုံးလည်းမြင်နေရတဲ့ အကျ်ီက အပြင်ထွက်လည်တဲ့အခါ အဆင်ပြေပါတယ်။

Zombie (LoveMedia)

Illustrated by Natalia Breeva for Bright Side

For Zawgyi

အဝတ်အစားနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက် (14) ချက်










9. ရင်ကွဲသိုးမွှေးအက်ျီ နဲ့ ဂျင်းဘောင်းဘီကြားမှာ အသားကို မဖော်ထားသင့်ပါဘူး။


11. အက်ျီပေါ်က တံဆိပ်တွေအားလုံးကို ခွာပြီးမှ ဝတ်ပါ။



14. ရုံးတက်တဲ့အခါ ပုခုံးဖုံးတဲ့ အက်ျီကိုသာ ဝတ်သင့်ပါတယ်။ အက်ျီလက်လည်းမပါ၊ ပုခုံးလည်းမြင်နေရတဲ့ အက်ျီက အပြင်ထွက်လည်တဲ့အခါ အဆင်ပြေပါတယ်။

Zombie (LoveMedia)
