Source: newshub and thehill

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က အမျိုးသားတစ်ယောက်က ၄ ရက် အစာအငတ်ခံပြီးနောက်မှာတော့ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ Covid 19 ဖြစ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်နေကောင်းလာစေဖို့အတွက် အစာအငတ်ခံ ဆုတောင်းဖို့ ထိုအမျိုးသားက ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ထိုအမျိုးသား Bussa Krishna ဟာ မိသားစုအိမ်မှာ လက်ဖက်ရည်သောက်နေရင်း လဲကျသွားခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အခါမှာတော့ သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်က ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ကိုဗစ်ကူးစက်ခံရတာကို ကြားပြီးနောက်မှာ Bussa ဟာ အလွန်ကို စိတ်ဓါတ်ကျ စိတ်မကောင်းဖြစ်သွားခဲ့ကြောင်း၊ အစားလည်း ပုံမှန်မစားကြောင်း Bussa ရဲ့အစ်ကို ဝမ်းကွဲက ပြောပါတယ်။ Bussa ကို ဆေးရုံခေါ်သွားပေမယ့် အသက်မမီတော့ပါဘူး။ နှလုံးရပ်ပြီး သေသွားခဲ့ပါတယ်။

Source: thehill

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုဗစ်ကူးစက်ခံရကြောင်း အောက်တိုဘာ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်သမ္မတက Walter Reed အမျိုးသားတပ်မတော် ဆေးကုသစင်တာမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ Bussa က ဒေါ်နယ်ထရမ့်ကို အလွန်လေးစားသူဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို အိပ်မက်မက်ပြီး နောက်ပိုင်းမှာတော့ဒေါ်နယ်ထရမ့်ကို နတ်ဘုရားတစ်ပါးလို ပူဇော်ပသပါတယ်။ ဒေါ်နယ်ထရမ့်ကို ဂုဏ်ယူသောအားဖြင့် ဒေါ်နယ်ထရမ့်ရဲ့ ခြေရာပုံတူ ၆ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ Bussaက သူ့ရဲ့အိမ်ကိုလည်း ဒေါ်နယ်ထရမ့် ဘုရားကျောင်းလိုမျိုး ပြုလုပ်ခဲ့ပါသေးတယ်။

Source: indiatimes

ဒေါ်နယ်ထရမ့်ရဲ့မွေးနေ့မှာ Bussa က သူ့အိမ်ကို ဒေါ်နယ်ထရမ့်ပုံတွေနဲ့ အလှဆင်ခဲ့ပါသေးတယ်။ ဒေါ်နယ်ထရမ့် နေကောင်းလာဖို့ ဆုတောင်းပေးရင်းနဲ့ Bussa တော့ ကွယ်လွန်သွားခဲ့ပါပြီ။

Zombie (Lovemedia)

For Zawgyi

ေဒၚနယ္ထရမ့္ ေနေကာင္းလာဖို႔ အစာအငတ္ခံ ဆုေတာင္းေပးရင္း ေသဆုံးသြားတဲ့အမ်ိဳးသား

အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕က အမ်ိဳးသားတစ္ေယာက္က ၄ ရက္ အစာအငတ္ခံၿပီးေနာက္မွာေတာ့ ႏွလုံးရပ္ၿပီး ေသဆုံးသြားခဲ့ပါတယ္။ Covid 19 ျဖစ္ေနတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ျပန္ေနေကာင္းလာေစဖို႔အတြက္ အစာအငတ္ခံ ဆုေတာင္းဖို႔ ထိုအမ်ိဳးသားက ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ထိုအမ်ိဳးသား Bussa Krishna ဟာ မိသားစုအိမ္မွာ လက္ဖက္ရည္ေသာက္ေနရင္း လဲက်သြားခဲ့ပါတယ္။ ေဆး႐ုံေရာက္တဲ့အခါမွာေတာ့ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ဆရာဝန္က ေျပာလိုက္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တစ္ေယာက္ ကိုဗစ္ကူးစက္ခံရတာကို ၾကားၿပီးေနာက္မွာ Bussa ဟာ အလြန္ကို စိတ္ဓါတ္က် စိတ္မေကာင္းျဖစ္သြားခဲ့ေၾကာင္း၊ အစားလည္း ပုံမွန္မစားေၾကာင္း Bussa ရဲ႕အစ္ကို ဝမ္းကြဲက ေျပာပါတယ္။ Bussa ကို ေဆး႐ုံေခၚသြားေပမယ့္ အသက္မမီေတာ့ပါဘူး။ ႏွလုံးရပ္ၿပီး ေသသြားခဲ့ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ကိုဗစ္ကူးစက္ခံရေၾကာင္း ေအာက္တိုဘာ ၁ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ အေမရိကန္သမၼတက Walter Reed အမ်ိဳးသားတပ္မေတာ္ ေဆးကုသစင္တာမွာ ေဆးကုသမႈ ခံယူခဲ့ပါတယ္။ Bussa က ေဒၚနယ္ထရမ့္ကို အလြန္ေလးစားသူျဖစ္ပါတယ္။

ေဒၚနယ္ထရမ့္ကို အိပ္မက္မက္ၿပီး ေနာက္ပိုင္းမွာေတာ့ေဒၚနယ္ထရမ့္ကို နတ္ဘုရားတစ္ပါးလို ပူေဇာ္ပသပါတယ္။ ေဒၚနယ္ထရမ့္ကို ဂုဏ္ယူေသာအားျဖင့္ ေဒၚနယ္ထရမ့္ရဲ႕ ေျခရာပုံတူ ၆ခုကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။ Bussaက သူ႔ရဲ႕အိမ္ကိုလည္း ေဒၚနယ္ထရမ့္ဘုရားေက်ာင္းလိုမ်ိဳး ျပဳလုပ္ခဲ့ပါေသးတယ္။

ေဒၚနယ္ထရမ့္ရဲ႕ေမြးေန႔မွာ Bussa က သူ႔အိမ္ကို ေဒၚနယ္ထရမ့္ပုံေတြနဲ႔ အလွဆင္ခဲ့ပါေသးတယ္။ ေဒၚနယ္ထရမ့္ ေနေကာင္းလာဖို႔ ဆုေတာင္းေပးရင္းနဲ႔ Bussa ေတာ့ ကြယ္လြန္သြားခဲ့ပါၿပီ။

Zombie (Lovemedia)