ရော်နယ်ဒိုဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

ရော်နယ်ဒိုမှာ ရောဂါလက္ခဏာတွေ ပြနေပါပြီ။ ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီဘောလုံးအသင်းဟာ Nations League ဖလားအုပ်စုပွဲ အတွက် ဆွီဒင် အသင်းနဲ့ ကန်ရဖို့ ရှိပါတယ်။ ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့မှာ ဆွီဒင်နဲ့မကစားနိုင်တော့ကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ website မှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့မနက်ပိုင်း စမ်းသပ်ချက်မှာတော့ အခြားပေါ်တူဂီ ဘောလုံးကစားသမားတွေမှာ ရောဂါပိုး negative ဖြစ်ပါတယ်။ ရော်နယ်ဒို က ပေါ်တူဂီ ဘောလုံးအသင်းအတွက် ဂိုးပေါင်း ၁၀၁ ဂိုးကို သွင်းထားပေးခဲ့ပါတယ်။ ရော်နယ်ဒို မပါဝင်နိုင်တော့တာကြောင့် ဆွီဒင်နဲ့ကန်တဲ့အခါ အကြီးအကျယ် လစ်လပ်မှုကြီး ဖြစ်နေမှာပါ။ ရော်နယ်ဒို ရောဂါကူးစက်ခံရတာက Juventus အသင်းအတွက် တကယ့်အနှောင့်အယှက်ကြီးပါပဲ။ ရော်နယ်ဒိုက ၁၀ ရက်ကြာ သီးသန့်နေရမှာဖြစ်ကာ ရောဂါပိုးပျောက်ပြီး ပြန်ကစားနိုင်တဲ့အထိ ဆေးကုသမှု ခံယူရမှာပါ။

အဲဒါကြောင့် ရော်နယ်ဒိုဟာ စနေနေ့ Crotone မှာ ကစားမယ့် Juve ရဲ့ Serie A ပွဲကိုလည်း လွတ်သွားပြီး Dynamo Kiev မှာ ကစားမယ့် Italian champions' opening Champions League ပွဲကိုလည်း လွတ်သွားပါတယ်။

October 28 မှာ ကစားမယ့် Barcelona ပွဲမှာ ရော်နယ်ဒိုဟာ သူ့ရဲ့ ပြိုင်ဘက်ဟောင်း Lionel Messi နဲ့ ကစားရမှာပါ။ အသင်းဝန်ထမ်း ၂ယောက်မှာ ရောဂါပိုးတွေ့ပြီးနောက် ရော်နယ်ဒို နဲ့ Juventus က အခြားကစားသမားတွေကို သီးခြားခွဲထားလိုက်တာ ဖြစ်ပါတယ်။ ရောဂါပိုးက လူတစ်သန်းကျော်ကို သေဆုံးစေခဲ့ပါပြီ။

Neymar၊ Paris Saint-Germain က ကစားဖော်ကစားဖက် Kylian Mbappe၊ AC Milan အသင်းက Zlatan Ibrahimovic တို့ကိုလည်း လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ရောဂါပိုးစစ်တဲ့အခါ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ Premier League champion Liverpool အသင်းက Sadio Mane နဲ့ စပိန်ကွင်းလယ်ကစားသမား Thiago Alcantara တို့ကိုလည်း အရင် သီတင်းပတ်က ပိုးတွေ့ရှိခဲ့တာကြောင့် သီးခြားခွဲထားခဲ့ပါတယ်။

အရင်အပတ်က ရော်နယ်ဒိုရဲ့ အသင်းဖော်ဖြစ်တဲ့ ဂိုးသမား Anthony Lopes နဲ့ ခံစစ်ကစားသမား Jose Fonte မှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးက အခုဆိုရင် တကယ့်ကစားသမားကြီးတွေကိုတောင် ကူးစက်နေပါပြီ။ အသက် ၄၅ နှစ်အရွယ် ယူကရိန်းအသင်းက လက်ထောက်နည်းပြ Oleksandr Shovkovsky မှာလည်း အရင်ပတ်က ပိုးတွေ့ရှိခဲ့ပါတယ်။

ယူကရိန်းအသင်းမှာ ရောဂါပိုး ၁၄ ယောက်တွေ့ရှိတာကြောင့် စနေနေ့မှာ ဂျာမနီအသင်းနဲ့ မကစားခဲ့ရပါဘူး။ လူပေါင်း ၃၇ သန်းဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လူတစ်သန်းကျော် သေဆုံးသွားပါပြီ။ ကိုဗစ် ပထမလှိုင်းတုန်းက ဘောလုံးအသင်းတွေက ကြံ့ကြံ့ခိုင်နိုင်ခဲ့ပြီး အခုရောဂါပိုး ဒုတိယလှိုင်းမှာတော့ ကူးစက်ခံနေရပါပြီ။

Zombie (Lovemedia)

source - CNA

For Zawgyi

ကိုဗစ္ ကူးစက္ခံထားရတဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ခံေနရေၾကာင္း ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္က ေအာက္တိုဘာ ၁၃ ရက္ေန႔က ေၾကညာခဲ့ပါတယ္။

ေရာ္နယ္ဒိုမွာ ေရာဂါလကၡဏာေတြ ျပေနပါၿပီ။ ဗုဒၶဟူးေန႔မွာ ေပၚတူဂီေဘာလုံးအသင္းဟာ Nations League ဖလားအုပ္စုပြဲ အတြက္ ဆြီဒင္ အသင္းနဲ႔ ကန္ရဖို႔ ရွိပါတယ္။ ေရာ္နယ္ဒိုဟာ ဗုဒၶဟူးေန႔မွာ ဆြီဒင္နဲ႔မကစားႏိုင္ေတာ့ေၾကာင္း ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ website မွာ ေဖာ္ျပထားပါတယ္။

အဂၤါေန႔မနက္ပိုင္း စမ္းသပ္ခ်က္မွာေတာ့ အျခားေပၚတူဂီ ေဘာလုံးကစားသမားေတြမွာ ေရာဂါပိုး negative ျဖစ္ပါတယ္။ ေရာ္နယ္ဒို က ေပၚတူဂီ ေဘာလုံးအသင္းအတြက္ ဂိုးေပါင္း ၁၀၁ ဂိုးကို သြင္းထားေပးခဲ့ပါတယ္။ ေရာ္နယ္ဒို မပါဝင္ႏိုင္ေတာ့တာေၾကာင့္ ဆြီဒင္နဲ႔ကန္တဲ့အခါ အႀကီးအက်ယ္ လစ္လပ္မႈႀကီး ျဖစ္ေနမွာပါ။ ေရာ္နယ္ဒို ေရာဂါကူးစက္ခံရတာက Juventus အသင္းအတြက္ တကယ့္အေႏွာင့္အယွက္ႀကီးပါပဲ။ ေရာ္နယ္ဒိုက ၁၀ ရက္ၾကာ သီးသန႔္ေနရမွာျဖစ္ကာ ေရာဂါပိုးေပ်ာက္ၿပီး ျပန္ကစားႏိုင္တဲ့အထိ ေဆးကုသမႈ ခံယူရမွာပါ။

အဲဒါေၾကာင့္ ေရာ္နယ္ဒိုဟာ စေနေန႔ Crotone မွာ ကစားမယ့္ Juve ရဲ႕ Serie A ပြဲကိုလည္း လြတ္သြားၿပီး Dynamo Kiev မွာ ကစားမယ့္ Italian champions' opening Champions League ပြဲကိုလည္း လြတ္သြားပါတယ္။

October 28 မွာ ကစားမယ့္ Barcelona ပြဲမွာ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ၿပိဳင္ဘက္ေဟာင္း Lionel Messi နဲ႔ ကစားရမွာပါ။ အသင္းဝန္ထမ္း ၂ေယာက္မွာ ေရာဂါပိုးေတြ႕ၿပီးေနာက္ ေရာ္နယ္ဒို နဲ႔ Juventus က အျခားကစားသမားေတြကို သီးျခားခြဲထားလိုက္တာ ျဖစ္ပါတယ္။ ေရာဂါပိုးက လူတစ္သန္းေက်ာ္ကို ေသဆုံးေစခဲ့ပါၿပီ။

Neymar၊ Paris Saint-Germain က ကစားေဖာ္ကစားဖက္ Kylian Mbappe၊ AC Milan အသင္းက Zlatan Ibrahimovic တို႔ကိုလည္း လြန္ခဲ့တဲ့ သီတင္းပတ္ေတြတုန္းက ေရာဂါပိုးစစ္တဲ့အခါ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိခဲ့ပါတယ္။ Premier League champion Liverpool အသင္းက Sadio Mane နဲ႔ စပိန္ကြင္းလယ္ကစားသမား Thiago Alcantara တို႔ကိုလည္း အရင္ သီတင္းပတ္က ပိုးေတြ႕ရွိခဲ့တာေၾကာင့္ သီးျခားခြဲထားခဲ့ပါတယ္။

အရင္အပတ္က ေရာ္နယ္ဒိုရဲ႕ အသင္းေဖာ္ျဖစ္တဲ့ ဂိုးသမား Anthony Lopes နဲ႔ ခံစစ္ကစားသမား Jose Fonte မွာလည္း ေရာဂါပိုးေတြ႕ရွိခဲ့ပါတယ္။ ကိုဗစ္ေရာဂါပိုးက အခုဆိုရင္ တကယ့္ကစားသမားႀကီးေတြကိုေတာင္ ကူးစက္ေနပါၿပီ။ အသက္ ၄၅ ႏွစ္အ႐ြယ္ ယူကရိန္းအသင္းက လက္ေထာက္နည္းျပ Oleksandr Shovkovsky မွာလည္း အရင္ပတ္က ပိုးေတြ႕ရွိခဲ့ပါတယ္။

ယူကရိန္းအသင္းမွာ ေရာဂါပိုး ၁၄ ေယာက္ေတြ႕ရွိတာေၾကာင့္ စေနေန႔မွာ ဂ်ာမနီအသင္းနဲ႔ မကစားခဲ့ရပါဘူး။ လူေပါင္း ၃၇ သန္းဟာ ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး လူတစ္သန္းေက်ာ္ ေသဆုံးသြားပါၿပီ။ ကိုဗစ္ ပထမလႈိင္းတုန္းက ေဘာလုံးအသင္းေတြက ႀကံ့ႀကံ့ခိုင္ႏိုင္ခဲ့ၿပီး အခုေရာဂါပိုး ဒုတိယလႈိင္းမွာေတာ့ ကူးစက္ခံေနရပါၿပီ။

Zombie (Lovemedia)

source - CNA