အရောင်တွေက လူတွေအပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အင်္ကျီအရောင်တွေက ကိုယ့်ရဲ့ထူးခြားတဲ့ ပင်ကိုအရည်အသွေးတွေကို ပြောပြပေးနိုင်ပါတယ်။

၁။ အပြာရောင် - တည်ငြိမ်ခြင်း

© Darko Mitev / Unsplash, © Miley Cyrus / Instagram

အပြာရောင်မှာ တည်ငြိမ်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အလုပ်အင်တာဗျူး သွားတဲ့အခါ အပြာရောင်ဝတ်ဖို့ ဖက်ရှင်အကြံပေးတွေက အကြံပြုထားပါတယ်။ အပြာရောင်က သစ္စာရှိမှုကိုလည်း ဖော်ပြပေးပါတယ်။

၂။ အဝါရောင် - ဖန်တီးခြင်း

© Greeicy / Instagram, © Demi Lovato / Instagram

အဝါရောင်က စွမ်းအားကြီးတဲ့အရောင်ပါ။ အဝါရောင်က စိတ်ခံစားမှု၊ ဖန်တီးနိုင်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့နဲ့ ဆက်စပ်နေပါတယ်။ အဝါရောင်က စိတ်ပျော်ရွှင်စေတဲ့ အရောင်လို့ ဆိုပါတယ်။

၃။ ပန်းရောင် - အပြစ်ကင်းခြင်း

© Ijiequn / Pixabay, © Danna Paola / Instagram

ပန်းရောင်ကလည်း စိတ်ခံစားချက်တွေကို လွှမ်းမိုးမှု ရှိပါတယ်။ စီးပွားရေးမှာဆိုရင် ပန်းရောင်က အစွန်းမရောက်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အချို့ကတော့ ပန်းရောင်ကို အပြစ်ကင်းခြင်း၊ ချစ်ခြင်းမေ တ္တာ၊ စူးစိုက်ခြင်း၊ စေတနာကောင်းခြင်းလို့ မှတ်ယူကြပါတယ်။

၄။ အဖြူရောင် - ရိုးသားခြင်း

© Anastasia Gepp / Pixabay, © Carmen Villalobos / Instagram

အနောက်နိုင်ငံယဥ်ကျေးမှုတွေမှာ အဖြူရောင်ကို ပြီးပြည့်စုံခြင်းလို့ ယူဆကြပါတယ်။ အဖြူရောင်က တောက်ပခြင်း၊ လန်းဆန်းခြင်း၊ သန့်ရှင်းခြင်း၊ တည်ငြိမ်ခြင်း၊ အပြစ်ကင်းခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

၅။ အစိမ်းရောင် - လန်းဆန်းခြင်း

© Chí Nguyển Quốc / Pixabay, © Atonement / Universal Pictures

အစိမ်းရောင်ကို မြင်လိုက်တာနဲ့ စိတ်ကို လန်းဆန်းသွားစေပါတယ်။ သဟဇာတဖြစ်ခြင်း၊ ဘက်မလိုက်ခြင်းကို အစိမ်းရောင်က ဖော်ကျူးပေးပါတယ်။

၆။ အနီရောင် - တက်ကြွခြင်း

© Vlad Karpukhin / Pixabay, © Selena Gomez / Instagram

ရဲရင့်ခြင်း၊ ခိုင်မာခြင်း၊ တက်ကြွခြင်း၊ အန္တရာယ်ရှိခြင်းတွေကို ဖော်ညွှန်းပေးတဲ့ အနီရောင်က လူကြိုက်များတဲ့ အရောင်ပါပဲ။ အနီရောင်ဝတ်စုံတွေကို ဝတ်တဲ့အခါ စိတ်တက်ကြွနေတာကို ခံစားရမှာပါ။

၇။ ပန်းဆီရောင် - ပျော်ရွှင်ခြင်း

© Lali / Instagram, © Elianis Garrido / Instagram

ပန်းဆီရောင် အဝတ်အစားတွေက စွမ်းအားရှိခြင်းနဲ့ ပျော်ရွှင်ခြင်းကို ဖော်ပြပေးပါတယ်။ အေရိုးဗစ်ကတဲ့အခါ၊ gym သွားတဲ့အခါ ပန်းဆီရောင် အဝတ်အစားတွေက အားအင်တွေ တက်ကြွစေပါတယ်။

၈။ ခရမ်းရောင် - ခေတ်မီခြင်း

© Andre Furtado / Pexels, © Enchanted / Walt Disney Pictures

ခရမ်းရောင်ကို တော်ဝင်ရောင်လို့ သတ်မှတ်ထားကြပါတယ်။ ဇိမ်ခံခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ခေတ်မီခြင်းတို့ကို ဖော်ပြလိုတဲ့အခါမှာ ခရမ်းရောင် အဝတ်အစားတွေကို ဝတ်ဆင်ကြပါတယ်။

၉။ လိမ္မော်ရောင် - အမှီအခိုကင်းခြင်း

© Alex Iby / Unsplash, © Maite Perroni / Instagram

ကိုယ့်ကိုယ်ကိုယ် စိတ်ဓါတ်တက်ကြွလိုတဲ့အခါ၊ အားတက်လိုတဲ့အခါမှာ လိမ္မော်ရောင် အဝတ်အစားတွေကို ဝတ်ဆင်ကြပါတယ်။ စိတ်စွမ်းအင်ကြီးမားပုံကို ဖော်ပြလိုတဲ့အခါမှာလည်း လိမ္မော်ရောင်ကို အသုံးပြုကြပါတယ်။

၁၀။ အညိုရောင် - ရင့်ကျက်ခြင်း

© Andrea Yurko / Unsplash, © Yuya / Instagram

အညိုရောင် ရင့်ကျက်ခြင်း၊ လူအများ လက်ခံလေးစားနိုင်ခြင်းကို ဖော်ညွှန်းပါတယ်။ အညိုရောင် အဝတ်အစားတွေက အခုနောက်ပိုင်းမှာ အလွန် ခေတ်စားလာပါတယ်။

၁၁။ မီးခိုးရောင် - ဘက်မလိုက်ခြင်း

© Anastasia Gepp / Pixabay, © The Tourist / Sony Pictures

အပြာရောင်ပြီးရင် မီးခိုးရောင်က ဒုတိယလူကြိုက်အများဆုံး အရောင်ပါပဲ။ အင်တာဗျူးရှိတဲ့အခါ မီးခိုးရောင်ဝတ်ဖို့ ဖက်ရှင်ဒီဇိုင်နာတွေက အကြံပေးပါတယ်၊

၁၂။ အနက်ရောင် - သပ်ရပ်ကြော့မော့ခြင်း

© Erfran Amiri / Unsplash, © Beli / Instagram

အနက်ရောင်ကို လူကြီးလူငယ်မရွေး နှစ်သက်ကြပါတယ်။ ဒီဇိုင်နာတွေကလည်း အနက်ရောင်ကို သဘောကျကြပါတယ်။ အနက်ရောင်အဝတ်အစားတွေက လူအများကြားမှာ ထင်းကနဲဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုတိုးစေပါတယ်။

Zombie (Lovemedia)

For Zawgyi

သင္ေ႐ြးခ်ယ္လိုက္တဲ့ အဝတ္အစားအေရာင္ကေန ေျပာျပတဲ့ ပင္ကိုအရည္အေသြး

အေရာင္ေတြက လူေတြအေပၚ လႊမ္းမိုးမႈ ရွိပါတယ္။ ကိုယ္ေ႐ြးခ်ယ္လိုက္တဲ့ အက်ႌအေရာင္ေတြက ကိုယ့္ရဲ႕ထူးျခားတဲ့ ပင္ကိုအရည္အေသြးေတြကို ေျပာျပေပးႏိုင္ပါတယ္။

၁။ အျပာေရာင္ - တည္ၿငိမ္ျခင္း

အျပာေရာင္မွာ တည္ၿငိမ္တဲ့ အစြမ္းသတၱိ ရွိပါတယ္။ အလုပ္အင္တာဗ်ဴး သြားတဲ့အခါ အျပာေရာင္ဝတ္ဖို႔ ဖက္ရွင္အႀကံေပးေတြက အႀကံျပဳထားပါတယ္။ အျပာေရာင္က သစၥာရွိမႈကိုလည္း ေဖာ္ျပေပးပါတယ္။

၂။ အဝါေရာင္ - ဖန္တီးျခင္း

အဝါေရာင္က စြမ္းအားႀကီးတဲ့အေရာင္ပါ။ အဝါေရာင္က စိတ္ခံစားမႈ၊ ဖန္တီးႏိုင္မႈ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈတို႔နဲ႔ ဆက္စပ္ေနပါတယ္။ အဝါေရာင္က စိတ္ေပ်ာ္႐ႊင္ေစတဲ့ အေရာင္လို႔ ဆိုပါတယ္။

၃။ ပန္းေရာင္ - အျပစ္ကင္းျခင္း

ပန္းေရာင္ကလည္း စိတ္ခံစားခ်က္ေတြကို လႊမ္းမိုးမႈ ရွိပါတယ္။ စီးပြားေရးမွာဆိုရင္ ပန္းေရာင္က အစြန္းမေရာက္ျခင္း ဆိုတဲ့ အဓိပၸါယ္ပါပဲ။ အခ်ိဳ႕ကေတာ့ ပန္းေရာင္ကို အျပစ္ကင္းျခင္း၊ ခ်စ္ျခင္းေမ တၱာ၊ စူးစိုက္ျခင္း၊ ေစတနာေကာင္းျခင္းလို႔ မွတ္ယူၾကပါတယ္။

၄။ အျဖဴေရာင္ - ႐ိုးသားျခင္း

အေနာက္ႏိုင္ငံယဥ္ေက်းမႈေတြမွာ အျဖဴေရာင္ကို ၿပီးျပည့္စုံျခင္းလို႔ ယူဆၾကပါတယ္။ အျဖဴေရာင္က ေတာက္ပျခင္း၊ လန္းဆန္းျခင္း၊ သန္႔ရွင္းျခင္း၊ တည္ၿငိမ္ျခင္း၊ အျပစ္ကင္းျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။

၅။ အစိမ္းေရာင္ - လန္းဆန္းျခင္း

အစိမ္းေရာင္ကို ျမင္လိုက္တာနဲ႔ စိတ္ကို လန္းဆန္းသြားေစပါတယ္။ သဟဇာတျဖစ္ျခင္း၊ ဘက္မလိုက္ျခင္းကို အစိမ္းေရာင္က ေဖာ္က်ဴးေပးပါတယ္။

၆။ အနီေရာင္ - တက္ႂကြျခင္း

ရဲရင့္ျခင္း၊ ခိုင္မာျခင္း၊ တက္ႂကြျခင္း၊ အႏၲရာယ္ရွိျခင္းေတြကို ေဖာ္ၫႊန္းေပးတဲ့ အနီေရာင္က လူႀကိဳက္မ်ားတဲ့ အေရာင္ပါပဲ။ အနီေရာင္ဝတ္စုံေတြကို ဝတ္တဲ့အခါ စိတ္တက္ႂကြေနတာကို ခံစားရမွာပါ။

၇။ ပန္းဆီေရာင္ - ေပ်ာ္႐ႊင္ျခင္း

ပန္းဆီေရာင္ အဝတ္အစားေတြက စြမ္းအားရွိျခင္းနဲ႔ ေပ်ာ္႐ႊင္ျခင္းကို ေဖာ္ျပေပးပါတယ္။ ေအ႐ိုးဗစ္ကတဲ့အခါ၊ gym သြားတဲ့အခါ ပန္းဆီေရာင္ အဝတ္အစားေတြက အားအင္ေတြ တက္ႂကြေစပါတယ္။

၈။ ခရမ္းေရာင္ - ေခတ္မီျခင္း

ခရမ္းေရာင္ကို ေတာ္ဝင္ေရာင္လို႔ သတ္မွတ္ထားၾကပါတယ္။ ဇိမ္ခံျခင္း၊ ခ်မ္းသာႂကြယ္ဝျခင္း၊ ေခတ္မီျခင္းတို႔ကို ေဖာ္ျပလိုတဲ့အခါမွာ ခရမ္းေရာင္ အဝတ္အစားေတြကို ဝတ္ဆင္ၾကပါတယ္။

၉။ လိေမၼာ္ေရာင္ - အမွီအခိုကင္းျခင္း

ကိုယ့္ကိုယ္ကိုယ္ စိတ္ဓါတ္တက္ႂကြလိုတဲ့အခါ၊ အားတက္လိုတဲ့အခါမွာ လိေမၼာ္ေရာင္ အဝတ္အစားေတြကို ဝတ္ဆင္ၾကပါတယ္။ စိတ္စြမ္းအင္ႀကီးမားပုံကို ေဖာ္ျပလိုတဲ့အခါမွာလည္း လိေမၼာ္ေရာင္ကို အသုံးျပဳၾကပါတယ္။

၁၀။ အညိဳေရာင္ - ရင့္က်က္ျခင္း

အညိဳေရာင္ ရင့္က်က္ျခင္း၊ လူအမ်ား လက္ခံေလးစားႏိုင္ျခင္းကို ေဖာ္ၫႊန္းပါတယ္။ အညိဳေရာင္ အဝတ္အစားေတြက အခုေနာက္ပိုင္းမွာ အလြန္ ေခတ္စားလာပါတယ္။

၁၁။ မီးခိုးေရာင္ - ဘက္မလိုက္ျခင္း

အျပာေရာင္ၿပီးရင္ မီးခိုးေရာင္က ဒုတိယလူႀကိဳက္အမ်ားဆုံး အေရာင္ပါပဲ။ အင္တာဗ်ဴးရွိတဲ့အခါ မီးခိုးေရာင္ဝတ္ဖို႔ ဖက္ရွင္ဒီဇိုင္နာေတြက အႀကံေပးပါတယ္၊

၁၂။ အနက္ေရာင္ - သပ္ရပ္ေၾကာ့ေမာ့ျခင္း

အနက္ေရာင္ကို လူႀကီးလူငယ္မေ႐ြး ႏွစ္သက္ၾကပါတယ္။ ဒီဇိုင္နာေတြကလည္း အနက္ေရာင္ကို သေဘာက်ၾကပါတယ္။ အနက္ေရာင္အဝတ္အစားေတြက လူအမ်ားၾကားမွာ ထင္းကနဲျဖစ္ေစၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း ပိုတိုးေစပါတယ္။

Zombie (Lovemedia)