ကိုယ်အလေးချိန်ကျဖို့အတွက် အပြင်းအထန် ကြိုးစားနေရတယ် ဆိုရင် သင်ဘယ်တော့မှ မစဉ်းစားမိတဲ့ ကိုယ်အလေးချိန်ကို မထင်ထားလောက်အောင် ကျသွားစေမယ့် အရာတစ်ခုရှိပါတယ်။ အဲဒီအရာက ကိုယ်အလေးချိန်ကျစေရုံမက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ထိပ်တန်းမော်ဒယ်တွေ၊ နာမည်ကျော် အားကစားသမားတွေ၊ ကမ္ဘာ့အသိအမှတ်ပြု အဖွဲ့အစည်းတွေကတောင် အုန်းရည်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာအဖြစ် မှတ်ချက်ပေးထားပါတယ်။

8. ကိုယ်အလေးချိန်ကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ကျစေပါတယ်။

© depositphotos

ကိုယ်အလေးချိန် ကျဖို့အတွက် ကြိုးစားနေတယ်ဆိုရင် အုန်းရည်ကို သောက်သင့်ပါတယ်။အုန်းရည်မှာ ကယ်လိုရီနည်းပါးပြီး သောက်ပြီးရင် ဗိုက်ပြည့်နေတယ်လို့ အချိန်အတန်ကြာ ခံစားရစေမှာပါ။ ထမင်းမစားခင်မှာ အုန်းရည်တစ်ခွက်လောက် သောက်ကြည့်ရင် ထမင်းနည်းနည်းပဲ စားဖြစ်တော့မှာပါ။

7. ခန္ဓါကိုယ်ကို ရေဓါတ်ပြည့်စေပါတယ်။

© depositphotos

အုန်းရည်က စွမ်းအင်တွေကို ပြန်လည်သိုလှောင်ပေးပြီး ခန္ဓါကိုယ်ထဲက ရေဓါတ်တွေကို မျှတအောင် ထိန်းသိမ်းပေးပါတယ်။ အဲဒါကြောင့် အားကစားသမားတွေကို အုန်းရည်သောက်ဖို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ အားကစားမလုပ်ခင်၊ အားကစားလုပ်နေစဉ်၊ အားကစားလုပ်ပြီးအချိန်တွေမှာ အုန်းရည်သောက်လို့ ရပါတယ်။

6. အစာချေမှုနဲ့ပတ်သက်ပြီး အုန်းရည်က ပြဿနာမရှိစေပါဘူး။

© depositphotos

အုန်းရည်ထဲမှာ အမျှင်ဓါတ်တွေက ပျော်ဝင်နေတာကြောင့် အစာမကြေခြင်းကို သက်သာစေပါတယ်။ ဝမ်းလျှောတဲ့ ကလေးတွေကို အုန်းရည်တိုက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် အကြံပေးထားပါတယ်။

5. သွေးပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်စေပါတယ်။

© depositphotos

အုန်းရည်က သွေးပေါင်ချိန်အတွက် အကျိုးများစွာ ပြုပါတယ်။ သွေးတိုးသွေးကျ မမှန်တဲ့အချိန်တွေမှာ အုန်းရည်သောက်ပေးရင် သွေးပေါင်ချိန်ကို သူ့အလိုအလျောက် ထိန်းညှိပေးသွားမှာပါ။

4. အသားအရေကို တောက်ပစေပါတယ်။

© depositphotos

အုန်းရည်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုလည်း ပြည့်စေပါတယ်။ဒါ့အပြင် မျက်နှာက အမည်းစက်တွေ၊ ဝက်ခြံတွေကိုလည်း ပျောက်သွားစေမှာပါ။

3. အုန်းရည်က စိတ်ဖိစီးမှုတွေကိုလည်း နည်းသွားစေပါတယ်။

© depositphotos

အုန်းရည်မှာပါဝင်တဲ့ ဗီတာမင် B က စိတ်ဖိစီးမှုတွေကို လျော့စေပြီး စိတ်အလိုမကျတာတွေကိုလည်း လျှော့ချပေးပါတယ်။ ခန္ဓါကိုယ်ထဲမှာ မဂ္ဂနီဆီယမ်များတဲ့အခါ စိတ်ဖိစီးမှု ပိုတိုးလာစေပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုတွေ များလာပြီဆိုရင် အုန်းရည်သာ များများသောက်လိုက်ပါ။

2. အုန်းရည်က အရက်နာကျခြင်းအတွက် သဘာဝဆေးပါပဲ

© depositphotos

ညဘက်မှာ အရက်သောက်တာ များသွားရင် အုန်းရည်သောက်ဖို့ မမေ့ပါနဲ့နော်။ အုန်းရည်ထဲမှာ အာဟာရဓါတ်တွေ ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ရေဓါတ်ပြန်ဖြည့်ပေးပါတယ်။ အုန်းရည်မှာ ရေသန့် 95% ပါဝင်ပါတယ်။အဲဒါကြောင့် ရေဓါတ်ညီမျှဖို့အတွက် အကောင်းဆုံးသောက်စရာပါပဲ

1. အုန်းရည်က မျက်နှာပေါ် အရေးအကြောင်း ဖြစ်လာစေမှုကို နှေးသွားစေပါတယ်။

© depositphotos

အုန်းရည်မှာ cytokinins ဆိုတဲ့ အပင်ဟော်မုန်းပါဝင်ပြီး အဲဒီဟော်မုန်းက ကျန်းမာရေးအတွက် ကောင်းကျိုးပြုပါတယ်။ ဆဲလ်ပြိုကွဲမှုအတွက်သာမက အသက်အရွယ် အိုမင်းလာမှုကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း လျှော့ချပေးပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ သွေးကြောပိတ်ခြင်း၊ သွေးခဲဆို့ခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Zombie (LoveMedia)

For Zawgyi

14 ရက်အတွင်း ဗိုက်ချပ်သွားစေမယ့် အုန်းရည်ရဲ့အကျိုးကျေးဇူးများ


















Zombie (LoveMedia)