Chocolate milk ကို အာဟာရ မဖြစ်စေတဲ့အစားအစာ၊ အဝလွန်စေတဲ့ အစားအစာလို့ လူအများစုက ထင်ကြပါတယ်။ တကယ်တော့ ချွေးထွက်များတဲ့ အားကစားသမားတွေအတွက် chocolate milk က တကယ့်ကို ပြီးပြည့်စုံတဲ့ သောက်စရာတစ်ခုပါ။
အာဟာအပြည့်ပါဝင်ခြင်း
© Jack Irwin / unsplash
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အားကစားသမားတွေက ကြွက်သားနာတာ၊ တောင့်တာတွေကို ဖြေလျှော့ဖို့လိုအပ်တာကြောင့် ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိုက်ကို မှန်မှန်ကန်ကန် စားသုံးရပါတယ်။ သူ့ရဲ့အချိုးကတော့ ကာဗိုဟိုက်ဒရိုက် ၄ ဂရမ်မှာ ပရိုတိန်း ၁ ဂရမ်ဖြစ်ပါတယ်။ ရိုးရိုးနွားနို့ သို့မဟုတ် chocolate milk မှာ ဒီအချိူးအတိုင်း ပါဝင်ပါတယ်။
- နွားနို့မှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A, B, Dနဲ့ ပိုတက်ဆီယမ် ပါဝင်ပါတယ်။ ချောကလက်မှာ သကြားနဲ့ ကိုးကိုးမှုန့် ပါတာကြောင့် ချောကလက်နဲ့ နွားနို့ကို ဖျော်သောက်တဲ့အခါ အခြား sport drink တွေထက်ပိုပြီး အာဟာရဖြစ်တာပါ။
ပြန်လည်အားပြည့်စေခြင်း
© depositphotos.com
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပြီးတဲ့အခါမှာ ခန္ဓါကိုယ်ပြန်အားပြည့်ဖို့က အရေးကြီးပါတယ်။ Chocolate milk က ပင်ပန်းနေတဲ့ ကြွက်သားတွေကို မြန်မြန်ဆန်ဆန် အားဖြည့်ပေးပါတယ်။ အနားယူချိန်မှာ chocolate milk သောက်တဲ့ အားကစားသမားဟာ ပိုပြီး အားပြည့်လွယ်တာကို တွေ့ရပါတယ်။
ကြွက်သားတစ်ရှူးများကို ပြုပြင်ပေးခြင်း
© shutterstock.com, © depositphotos.com
Chocolate milk က အင်ဆူလင်တွေကို ချက်ချင်းမြင့်လာစေပြီး သကြားဓါတ်တွေကို ကြွက်သားတစ်ရှူးတွေဆီ ပို့ပေးပါတယ်။ တစ်ရှူးတွေကို ပြုပြင်ပေးပြီး ကြွက်သားကြီးထွားဖို့ မြန်ဆန်စေတာကြောင့် sport drink ထက် chocolate milk က ပိုကောင်းပါတယ်။ ဒါတင်မကသေးပါဘူး။ Chocolate milk မှာ ပါဝင်တဲ့ ပရိုတိန်းဓါတ်က အဆီတွေလောင်ကျွမ်းဖို့ ကူညီပေးပါသေးတယ်။
အဲဒါကြောင့် sport drink ထက် chocolate milk က ပိုပြီးသင့်တော်ပါတယ်။
Zombie (Lovemedia)
For Zawgyi
Chocolate milk သောက်သင့်လား Sport drink သောက်သင့်လား
Zombie (Lovemedia)