အချို့တွေက အိမ်ကို အပတ်တိုင်း သန့်ရှင်းရေးလုပ်ကြသလို အချို့ကလည်း ၁၅ ရက်တစ်ခါ သန့်ရှင်းရေး လုပ်ကြပါတယ်။ ဒါပေမယ့် အိမ်ထဲက တချို့အသုံးအဆောင်ပစ္စည်းတွေကိုတော့ နေ့စဥ်သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။

၁။ ရေပန်း

© depositphotos.com

ရေပန်းကနေ ရေကျလာပေမယ့် ရေပန်းက မသန့်ရှင်းသွားပါဘူး။ ဘက်တီးရီးယားတွေက ရေပန်းမှာ ရှင်သန်နေတတ်ပါတယ်။ ရေချိုးနေစဥ်မှာ ရေပန်းက ဘက်တီးရီးယားတွေကို ရှူရှိုက်မိပြီးတော့ အဆုတ်ပိုးဝင်တာ ဖြစ်စေနိုင်ပါတယ်။

၂။ လက်စွပ်

© Domidomidomiii / reddit

သင်က အမြဲတမ်း လက်စွပ်ဝတ်ထားသူဆိုရင် လက်စွပ်ကို နေ့စဥ်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်နော်။ လက်စွပ်မှာ ဘက်တီးရီးယားတွေ အများကြီး ကပ်ညိနေနိုင်လို့ပါ။

၃။ ကားစတီယာရင်

© Daniel3gs / reddit

ကားစတီယာရင်မှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပါတယ်။ ကားစတီယာရင်ကို မကိုင်ခင်တိုင်းမှာ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

၄။ တံခါးလက်ကိုင်

© Duce9 / imgur

အပြင်က ပြန်လာတဲ့အခါ မဆေးရသေးတဲ့လက်နဲ့ တံခါးလက်ကိုင်ကို ကိုင်တတ်ကြပါတယ်။ တံခါးလက်ကိုင်က မမြင်နိုင်တဲ့ ဘက်တီးရီးယားပေါင်းများစွာကို သယ်ဆောင်သူပါ။

၅။ Keyboard

© goblinGrog1 / reddit

Keyboard မှာ ဖုန်တွေတက်နေရင် ကြည့်ရရုပ်ဆိုးပါတယ်။ ခလုတ်ကြားတွေထဲမှာလည်း ပိုးမွှားတွေလည်း ခိုအောင်းနေတာကြောင့် နေ့စဥ်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၆။ Remote control

© marterlel420 / reddit

နေ့စဥ်ထိတွေ့နေရတဲ့အရာတွေထဲမှာ remote control လည်း တစ်ခုအပါအဝင်ပါပဲ။ မှို၊ ဘက်တီးရီးယားတွေက remote control မှာ ရာနဲ့ချီပြီး ရှိနေတာကြောင့် ညတိုင်း မိနစ်အနည်းငယ် အချိန်ပေးပြီး သန့်ရှင်းရေး လုပ်သင့်ပါတယ်။

၇။ မီးခလုတ်

© mcdswimr / reddit

မီးခလုတ်ကို သန့်ရှင်းရေးလုပ်ဖို့ လူအများစုက မေ့နေတတ်ကြပါတယ်။ ဟိုတယ်အခန်းထဲမှာ အညစ်ပတ်ဆုံး အရာက မီးခလုတ်ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။

၈။ မျက်နှာသစ်ကန်

© heyimtalking / reddit

နေ့တိုင်းနေ့တိုင်း မျက်နှာသစ်ကန်မှာ မျက်နှာသစ်၊ လက်ဆေး၊ သွားတိုက်လုပ်နေရတာကြောင့် မျက်နှာသစ်ကန်က အလွန်ကို ညစ်ပတ်ပါတယ်။ မျက်နှာသစ်ကန်မှာ ဘက်တီးရီးယားပေါင်း ၅၀၀၀၀ ခန့် ရှင်သန်နေပါတယ်။ အဲဒါကြောင့် မျက်နှာသစ်ကန်ကိုလည်း နေ့စဥ်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၉။ သွားတိုက်တံ

© T0NYdeP0NY / reddit

အစားအစာ အကြွင်းအကျန်တွေက သွားတိုက်တံမှာ ကပ်ညိနေပါတယ်။ အများစုက သွားတိုက်တံကို ရေချိုးခန်းထဲမှာ ထားကြပါတယ်။ သွားတိုက်တံကို ရေချိုးခန်းထဲထားတဲ့အခါ ဘက်တီးရီးယားတွေက သွားတိုက်တံမှာ ကပ်နေကြပါတယ်။ အဲဒါကြောင့် သွားတိုက်တံကို ပလုတ်ကျင်းဆေးနဲ့ နေ့စဥ်စိမ်ထားသင့်ပါတယ်။

၁၀။ ပြူတင်းပေါက်ခုံ

© deleted / reddit

ဖုန်အမှုန်တွေ၊ အညစ်အကြေးတွေက ပြူတင်းပေါက်ခုံမှာ ရှိနေကြပါတယ်။ ပြူတင်းပေါက်ခုံမှာ ခဏသွားအိပ်တဲ့အခါ အမှုန်တွေကြောင့် ယားယံလာပါတယ်။ အဲဒါကြောင့် ပြူတင်းပေါက်ခုံကိုလည်း နေ့စဥ်သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့သင့်ပါဘူး။

Zombie (Lovemedia)

For Zawgyi

နေ့စဉ်သန့်ရှင်းလုပ်သင့်တဲ့ အိမ်အသုံးအဆောင်ပစ္စည်း (၁၀)မျိုး


၁။ ရေပန်း


၂။ လက်စွပ်


၃။ ကားစတီယာရင်


၎။ တံခါးလက်ကိုင်


၅။ Keyboard


၆။ Remote control


၇။ မီးခလုတ်


၈။ မျက်နှာသစ်ကန်


၉။ သွားတိုက်တံ


၁၀။ ပြူတင်းပေါက်ခုံ


Zombie (Lovemedia)