လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကတည်းက လူတွေက ပီကေဝါးဖို့အတွက် ဘုဇပတ်သစ်ခေါက်ကို အသုံးပြုခဲ့ကြပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးတွေကတော့ ပီကေရဲ့ အကျိုးကျေးဇူးတွေနဲ့ အတူတူပါပဲ။ ပီကေက ခန္ဓါကိုယ်အတွက် ကောင်းကျိုးတွေပေးသလို ဆိုးကျိူးတွေလည်း ပေးတတ်ပါတယ်။

၁။ သွား

© depositphotos.com

သကြားမပါတဲ့ ပီကေတွက ဘက်တီးရီးယားတွေကို သေစေပါတယ်။ သွားဖုံးနာတာ၊ သွားကိုက်တာတွေကို ကာကွယ်ပေးပြီး သွားအပေါ်ယံ ကြွေသားတွေကိုလည်း သန်မာစေပါတယ်။ သကြားပါတဲ့ ပီကေတွေက သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အချိုတွေ ပါဝင်တာကြောင့် သွားပိုးစားတာ ဖြစ်စေမှာပါ။

၂။ မှတ်ဉာဏ်

ပီကေဝါးခြင်းက နှလုံးခုန်နှုန်းကို တိုးတက်စေပါတယ်။ သွေးလည်ပတ်မှု ပေါင်းစေပြီးတော့ ဦးနှောက်ဆီကို အောက်ဆီဂျင် ပို့ပေးပါတယ်။ ပီကေ စားပြီးတဲ့အခါ ပိုပြီးတက်ကြွလာတာကို တွေ့ရမှာပါ။

၃။ ကိုယ်အလေးချိန်

© depositphotos.com

တစ်ခါတရံမှာ ပီကေက အစားစားချင်စိတ်ကို မဖြစ်ပေါ်စေပါဘူး။ မနက်ပိုင်းမှာ ပီကေစားထားရင် ဗိုက်သိပ်မဆာသလို ခံစားရစေပါတယ်။ ပီကေဝါးနေရင် အခြားအသင့်စား အစားအစာတွေကိုလည်း မစားဖြစ်တော့ပါဘူး။ ဒါပေမယ့် အချိုမပါတဲ့ ပီကေဖြစ်ဖို့တော့ လိုပါတယ်။

၄။ မေးရိုး

© depositphotos.com

အမြဲတမ်း ပီကေဝါးနေသူတွေ မေးရိုးအဆစ်နဲ့ ကြွက်သားတွေကို မူမမှန်ဖြစ်လာတတ်ပါတယ်။ ထမင်းစားရင်၊ စကားပြောရင်၊ ရယ်ရင် မေးရိုးကြွက်သားတွေ နာကျင်လာစေပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ပီကေကို အမြဲတော့ ဝါးမနေသင့်ပါဘူး။

၅။ အစာချေစနစ်

ပီကေဝါးတဲ့အခါ တံတွေးတွေ ပိုထွက်လာတာက အန်ခြင်း၊ ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်းတွေကို သက်သာစေတယ်လို့ အချို့ကပြောပါတယ်။ ဆိုးကျိူးအနေနဲ့ကတော့ သင်က ဝမ်းဗိုက်နဲ့ ပတ်သက်ပြီး ပြဿနာရှိသူဆိုရင် ပီကေဝါးတာက ဗိုက်ထဲမှာ လေပွလာစေမှာပါ။

၆။ ရင်ပူတာကို သက်သာစေခြင်း

© depositphotos.com

ပီကေဝါးတာက အစာပြွန်ထဲက အက်စစ်တွေကို နည်းသွားစေပါတယ်။ အဲဒါကြောင့် ရင်ပူတာကို သက်သာစေပါတယ်။

၇။ ဦးနှောက်

© depositphotos.com

ပီကေဝါးခြင်းရဲ့ ကောင်းကျိုးအနေနဲ့ကတော့ စိတ်ဖိစီးမှုတွေ လျော့သွားစေတာပါ။ ဆိုးကျိုးအနေနဲ့ကတော့ ပီကေဝါးပါများရင် ခေါင်းကိုက်လာတတ်ပါတယ်။ သင်က မကြာခဏ ခေါင်းကိုက်တတ်သူ ဆိုရင်တော့ ပီကေကို ရှောင်သင့်ပါတယ်။

၈။ နား

နှာခေါင်းနဲ့နားထဲကို ဘက်တီးရီးယားတွေ ဝင်တဲ့အခါ နားပိုးဝင်တတ်ပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ပီကေမှာ ပါဝင်တဲ့ xylitol က နားထဲပိုးဝင်တာကို ကာကွယ်ပေးပါတယ်။

Zombie (Lovemedia)

For Zawgyi

ပီေကႀကိဳက္သူတိုင္း သိထားသင့္အခ်က္မ်ား

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၅၀၀၀ ကတည္းက လူေတြက ပီေကဝါးဖို႔အတြက္ ဘုဇပတ္သစ္ေခါက္ကို အသုံးျပဳခဲ့ၾကပါတယ္။ သူ႔ရဲ႕အက်ိဳးေက်းဇူးေတြကေတာ့ ပီေကရဲ႕ အက်ိဳးေက်းဇူးေတြနဲ႔ အတူတူပါပဲ။ ပီေကက ခႏၶါကိုယ္အတြက္ ေကာင္းက်ိဳးေတြေပးသလို ဆိုးက်ိဴးေတြလည္း ေပးတတ္ပါတယ္။

၁။ သြား

သၾကားမပါတဲ့ ပီေကတြက ဘက္တီးရီးယားေတြကို ေသေစပါတယ္။ သြားဖုံးနာတာ၊ သြားကိုက္တာေတြကို ကာကြယ္ေပးၿပီး သြားအေပၚယံ ေႂကြသားေတြကိုလည္း သန္မာေစပါတယ္။ သၾကားပါတဲ့ ပီေကေတြက သြားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ အခ်ိဳေတြ ပါဝင္တာေၾကာင့္ သြားပိုးစားတာ ျဖစ္ေစမွာပါ။

၂။ မွတ္ဥာဏ္

ပီေကဝါးျခင္းက ႏွလုံးခုန္ႏႈန္းကို တိုးတက္ေစပါတယ္။ ေသြးလည္ပတ္မႈ ေပါင္းေစၿပီးေတာ့ ဦးေႏွာက္ဆီကို ေအာက္ဆီဂ်င္ ပို႔ေပးပါတယ္။ ပီေက စားၿပီးတဲ့အခါ ပိုၿပီးတက္ႂကြလာတာကို ေတြ႕ရမွာပါ။

၃။ ကိုယ္အေလးခ်ိန္

တစ္ခါတရံမွာ ပီေကက အစားစားခ်င္စိတ္ကို မျဖစ္ေပၚေစပါဘူး။ မနက္ပိုင္းမွာ ပီေကစားထားရင္ ဗိုက္သိပ္မဆာသလို ခံစားရေစပါတယ္။ ပီေကဝါးေနရင္ အျခားအသင့္စား အစားအစာေတြကိုလည္း မစားျဖစ္ေတာ့ပါဘူး။ ဒါေပမယ့္ အခ်ိဳမပါတဲ့ ပီေကျဖစ္ဖို႔ေတာ့ လိုပါတယ္။

၄။ ေမး႐ိုး

အၿမဲတမ္း ပီေကဝါးေနသူေတြ ေမး႐ိုးအဆစ္နဲ႔ ႂကြက္သားေတြကို မူမမွန္ျဖစ္လာတတ္ပါတယ္။ ထမင္းစားရင္၊ စကားေျပာရင္၊ ရယ္ရင္ ေမး႐ိုးႂကြက္သားေတြ နာက်င္လာေစပါတယ္။ တန္ေဆးလြန္ေဘး ဆိုတဲ့အတိုင္း ပီေကကို အၿမဲေတာ့ ဝါးမေနသင့္ပါဘူး။

၅။ အစာေခ်စနစ္

ပီေကဝါးတဲ့အခါ တံေတြးေတြ ပိုထြက္လာတာက အန္ျခင္း၊ ဗိုက္နာျခင္း၊ မအီမသာျဖစ္ျခင္းေတြကို သက္သာေစတယ္လို႔ အခ်ိဳ႕ကေျပာပါတယ္။ ဆိုးက်ိဴးအေနနဲ႔ကေတာ့ သင္က ဝမ္းဗိုက္နဲ႔ ပတ္သက္ၿပီး ျပႆနာရွိသူဆိုရင္ ပီေကဝါးတာက ဗိုက္ထဲမွာ ေလပြလာေစမွာပါ။

၆။ ရင္ပူတာကို သက္သာေစျခင္း

ပီေကဝါးတာက အစာႁပြန္ထဲက အက္စစ္ေတြကို နည္းသြားေစပါတယ္။ အဲဒါေၾကာင့္ ရင္ပူတာကို သက္သာေစပါတယ္။

၇။ ဦးေႏွာက္

ပီေကဝါးျခင္းရဲ႕ ေကာင္းက်ိဳးအေနနဲ႔ကေတာ့ စိတ္ဖိစီးမႈေတြ ေလ်ာ့သြားေစတာပါ။ ဆိုးက်ိဳးအေနနဲ႔ကေတာ့ ပီေကဝါးပါမ်ားရင္ ေခါင္းကိုက္လာတတ္ပါတယ္။ သင္က မၾကာခဏ ေခါင္းကိုက္တတ္သူ ဆိုရင္ေတာ့ ပီေကကို ေရွာင္သင့္ပါတယ္။

၈။ နား

ႏွာေခါင္းနဲ႔နားထဲကို ဘက္တီးရီးယားေတြ ဝင္တဲ့အခါ နားပိုးဝင္တတ္ပါတယ္။ ကေလးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ပီေကမွာ ပါဝင္တဲ့ xylitol က နားထဲပိုးဝင္တာကို ကာကြယ္ေပးပါတယ္။

Zombie (Lovemedia)