တရုတ်နိုင်င်ငံက အသက် ၂၃ နှစ် အရွယ် မိန်းကလေး တယောက်က သူ့ရဲ့ချစ်သူကို ပန်းစည်း၊ အိမ်တစ်လုံး၊ BMW ကားတစ်စီးနဲ့ လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ သူတို့နှစ်ဦး ချစ်သူဖြစ်ပြီး တစ်နှစ်အကြာမှာ မိန်းကလေးက ယောက်ျားလေးဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။

Source: China Press

အဲဒီ မိန်းကလေးက သူမရဲ့ချစ်သူကို suprise ဖြစ်သွားအောင် လုပ်ပေးချင်ခဲ့တာပါ။ အဲဒါကြောင့် ရိုးရာအစဉ်အလာတွေကို ဆန့်ကျင်ပြီး လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးက ချမ်းသာပြည့်စုံတဲ့ မိသားစုကနေ ဆင်းသက်လာခဲ့သူပါ။

Source: China Press

အဲဒါကြောင့် လက်ဆောင်တွေကို ပြင်ဆင်ထားပြီး သူတို့ရဲ့နှစ်ပတ်လည်နေ့မှာ သူတို့ပထမဆုံးတွေ့ခဲ့တဲ့နေရာကို လာဖို့ ချစ်သူကောင်လေးကို ပြောခဲ့ပါတယ်။ ကောင်လေးက ချိန်းထားတဲ့နေရာကို ရောက်လာတဲ့အခါ မိန်းကလေးက မင်္ဂလာဝတ်စုံကြီးနဲ့ ထွက်လာပါတယ်။

Source: China Press

သူမရဲ့ကောင်လေးက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ရုတ်တရက် သူမကို ပွေ့ဖက်လိုက်ပါတယ်။ ပြီးတော့ " လက်ထပ်ကြမယ်" လို့ အကျယ်ကြီး အော်ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်က အလွန်ကို ချစ်ကြပြီး တစ်သက်လုံး ရှိပေးသွားမယ်လို့ ကောင်လေးက ကတိပေးခဲ့ပါတယ်။

Source: China Press

Zombie (LoveMedia)

Ref - worldofbuzz

For Zawgyi

ချစ်သူကို ပန်းစည်း အိမ်တလုံး BMW ကားတစီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေး





Zombie (LoveMedia)

Ref - worldofbuzz