အိန္ဒိယနိုင်ငံမှာ ရှေးခေတ် ကတည်းက သခွားသီးကို အစားအစာ အဖြစ်ရော၊ ရိုးရာဆေး အဖြစ်ပါ အသုံးပြုခဲ့ကြ ပါတယ်။ အိန္ဒိယနိုင်ငံ လိုမျိုး ရာသီဥတုပူတဲ့ နိုင်ငံမှာ သခွားသီးက ခန္ဓာကိုယ်မှာ ရေဓာတ် ဖြည့်ဖို့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

1. သခွားသီးက အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။

© depositphotos.com

သခွားသီးက ဦးနှောက် ကျန်းမာရေး အတွက် အလွန်အကျိုးပြုပါတယ်။ သခွားသီးမှာ ဖော့စဖောရပ်လည်း ပါဝင်တာကြောင့် ဖော့စဖောရပ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသား လည်း ဖြစ်စေ ပါတယ်။ သခွားသီးကို မှန်မှန် စားပေးရင် ဦးနှောက် ထက်မြက်လာ မှာပါ။

2. အဆီပိုတွေ ကိုလည်း ကျစေ ပါတယ်။

© depositphotos.com

သခွားသီးမှာ ရေဓာတ် ပါဝင်တာကြောင့် အစားတွေ အများကြီး မစားမိအောင် ထိန်းချုပ်ပေး ပါတယ်။ သခွားသီးမှာ အဆီလည်း မပါဝင်ပါဘူး။ ကယ်လိုရီ လည်း နည်းနည်းပဲ ပါဝင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ဖို့ စဉ်းစားနေရင် သခွားသီးကို ရွေးချယ်သင့် ပါတယ်။

3. အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို နည်းသွားစေပါတယ်။

© depositphotos.com

သခွားသီးမှာ fisetin ဒြပ်ပေါင်း ပါဝင်ပါတယ်။ Fisetin က အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါ။

4. အစာချေဖျက်မှုကို တိုးတက်စေ ပါတယ်။

© depositphotos.com

သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ပါဝင်တာကြောင့် အစာချေဖျက်မှုကို အထောက်အကူဖြစ်စေပါတယ်။ အဲဒါကြောင့် နေ့စဉ် အစားအစာထဲမှာ သခွားသီးကို ထည့်သွင်းစားသင့် ပါတယ်။

5. ခန္ဓာကိုယ်မှာ ရေဓာတ် ပိုပြည့်လာစေ ပါတယ်။

© depositphotos.com

သခွားသီးရဲ့ 95 ရာခိုင်နှုန်းမှာ ရေဓာတ် ပါဝင်ပါတယ်။ အဲဒါကြောင့် သခွားသီးကို နေ့စဉ် စားပေးရင် ခန္ဓာကိုယ်မှာ ရေဓာတ် ဖြည့်ပြီးသား ဖြစ်စေမှာပါ။

6. အသားအရေကို ပိုပြီး နူးညံ့လာစေ ပါတယ်။

© depositphotos.com

သခွားသီးမှာ ရေဓာတ် ပါဝင်တာကြောင့် အသားအရေအတွက်လည်း အကျိုးရှိပါတယ်။ ဗီတာမင် B,C နဲ့ ဇင့်ဓာတ်က အသားအရေကို လှစေတဲ့ အဓိက အာဟာရဓာတ်တွေ ပါပဲ။ သခွားသီးမှာ ပါဝင်တဲ့ caffeic အက်ဆစ်က အသားအရေ တွန့်ခြင်းကို ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် အရေးအကြောင်းတွေမဖြစ်ဖို့ ဆိုရင် သခွားသီးက အကောင်းဆုံးပါပဲ။

7. သခွားသီးက ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

© depositphotos.com

သခွားသီးမှာပါဝင်တဲ့ ဗီတာမင် B က ဦးရေပြားနဲ့ ဆံပင် ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဒါ့အပြင် Victim, ဗီတာမင် B5, B6,ဗီတာမင် Cတို့က အရွယ်မတိုင်ခင် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ဖြူခြင်းအတွက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

8. နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေပါတယ်။

© depositphotos.com

သခွားသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်Kပါဝင်ပါတယ်။ အဲဒီအာဟာရ သုံးမျိုးက နှလုံးသွေးကြောစနစ် အတွက် အရေးပါပါတယ်။ သခွားသီးက သွေးထဲက ကိုလက်စထရောlevelကိုလည်း ကျစေပါတယ်။

9. သွေးတွင်း သကြားဓာတ်က်လည်း ထိန်းညှိပေးပါတယ်။

© depositphotos.com

သုတေသနတွေအရ သခွားသီးဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သခွားသီးမှာ phenolic ဒြပ်ပေါင်းနဲ့ caffeic အက်ဆစ်ပါဝင်လို့ပါ။

10. အရိုးတွေကို ပိုသန်မာစေပါတယ်။

© depositphotos.com

အရိုးတွေအတွက် လိုအပ်တဲ့ ဗီတာမင်Kနဲ့ကယ်လ်ဆီယမ်တွေဟာ သခွားသီးထဲမှာ ပါဝင်ပါတယ်။ ဗီတာမင် K က အရိုးကျိုးခြင်း၊ အက်ခြင်းကို နည်းသွားစေပါတယ်။ အရိုးထဲကို ကယ်လ်ဆီယမ်စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် Kက အရေးပါပါတယ်။

11. ခန္ဓာကိုယ်မှာ အဆိပ်အတောက်ကင်းစေပါတယ်။

© depositphotos.com

သခွားသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သဘာဝအသီးအနှံ ဖြစ်ပါတယ်။ သခွားသီးကို ပုံမှန်စားတဲ့အခါ အသည်း၊ အူထဲက အဆိပ်တွေ ကင်းသွားပြီး ကျန်းမာရေး ပိုကောင်းလာမှာပါ။

12. သွားကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။

© depositphotos.com

သခွားသီးမှာ ဖလိုရိုက်ပါဝင်တာကြောင့် သွားပိုးစားခြင်းကို သက်သာစေ ပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်က သွားတွေကို ခိုင်မာစေ ပါတယ်။

13. ဟော်မုန်းတွေကိုလည်း ညီမျှစေပါတယ်။

© depositphotos.com

ခန္ဓာကိုယ်မှာ ဟော်မုန်းတွေညီမျှဖို့ အတွက် ဖော့စဖောရပ်က အဓိက အာဟာရဓာတ် ပါပဲ။ သခွားသီးမှာ ဖော့စဖောရပ် 4 ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် အရွယ်ရောက်ပြီး သူတွေက သခွားသီးကို နေ့စဉ်စားပေးသင့်ပါတယ်။

Zombie (LoveMedia)

For Zawgyi

သခွားသီးကို တနေ့တလုံး စားပေးရင် ရရှိလာမယ့် ကောင်းကျိုး (၁၃) ချက်




























Zombie (LoveMedia)