အခုနောက်ပိုင်းမှာ blind date က တော်တော်ခေတ်စားလာပါတယ်။ Blind date ကနေ အဆင်ပြေသွားတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံက မိန်းကလေးတစ်ယောက်ကတော့ blind date မှာ သူမနဲ့ date မယ့် ကောင်လေးရဲ့ စေတနာ ရက်ရောမှုကြီးကို စမ်းသပ်ခဲ့ပါတယ်။

သူမရဲ့ စမ်းသပ်ခဲ့ပုံကလည်း ထွက်ပြေးချင်စရာ ကောင်းပါတယ်။ မိန်းကလေးက blind date မှာ အမျိုးတွေကိုပါ ခေါ်လာမယ့်အကြောင်း ကောင်လေးကို မပြောပြထားပါဘူး။ သူမတို့နှစ်ယောက်ရဲ့ romantic ညစာစားမယ့်ညမှာ အမျိုး ၂၃ ယောက်ကို ခေါ်လာခဲ့တာပါ။ Blind date ကို စီစဥ်ပေးသူကတော့ ကောင်လေးရဲ့အမေပါ။ သူမရဲ့သားကို လူပျိုကြီးဘဝနဲ့ အဆုံးမသတ်စေချင်လို့ပါ။

ဒါပေမယ့် ထင်ထားတာတွေက ဖြစ်မလာခဲ့ပါဘူး။ ကောင်လေးက သူမရဲ့မိသားစုတွေအပေါ် ရက်ရောမှုရှိလား ဆိုတာကို စမ်းသပ်ချင်လို့ အမျိုးတွေခေါ်လာရခြင်းဖြစ်ကြောင်း သူမက ရှင်းပြပါတယ်။ သူမ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ကောင်လေးက လူအုပ်ကြီးမြင်ပြီး ထွက်ပြေးသွားလို့ပါ။

အဲဒါကြောင့် သူမရဲ့အမျိုးတွေ မှာစားထားတဲ့ စျေးကြီးတဲ့ အစားအစာတွေ၊ စျေးကြီးတဲ့ အရက်တွေရဲ့ကုန်ကျငွေ မလေးရှားရင်းဂစ် ၁၂၀၀၀ ခန့်ကို သူမပဲ ရှင်းလိုက်ရပါတယ်။ နောက်ပိုင်းမှာတော့ ကောင်လေးက သူစားထားခဲ့တဲ့ ကုန်ကျငွေကိုတော့ ပေးဖို့ သဘောတူခဲ့ပါတယ်။

သင်လည်း တစ်ယောက်ယောက်နဲ့ date တော့မယ်ဆိုရင် အစတည်းက သေချာအောင် ကြိုတင် မေးထားသင့်ပါတယ်နော်။ စေတနာရက်ရောမှု ဆိုတာဟာ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့အရာဖြစ်တာကြောင့် စေတနာကို အခွင့်အရေးယူပြီး မစမ်းသပ်သင့်ပါဘူး။

Zombie (Lovemedia)

ref - world of buzz

For Zawgyi

Blind date မွာ ေဆြမ်ိဳး ၂၃ ေယာက္ကို ေခၚလာခဲ့တဲ့ မိန္းကေလး

အခုေနာက္ပိုင္းမွာ blind date က ေတာ္ေတာ္ေခတ္စားလာပါတယ္။ Blind date ကေန အဆင္ေျပသြားတဲ့ စုံတြဲေတြလည္း ရွိပါတယ္။ တ႐ုတ္ႏိုင္ငံက မိန္းကေလးတစ္ေယာက္ကေတာ့ blind date မွာ သူမနဲ႔ date မယ့္ ေကာင္ေလးရဲ႕ ေစတနာ ရက္ေရာမႈႀကီးကို စမ္းသပ္ခဲ့ပါတယ္။

သူမရဲ႕ စမ္းသပ္ခဲ့ပုံကလည္း ထြက္ေျပးခ်င္စရာ ေကာင္းပါတယ္။ မိန္းကေလးက blind date မွာ အမ်ိဳးေတြကိုပါ ေခၚလာမယ့္အေၾကာင္း ေကာင္ေလးကို မေျပာျပထားပါဘူး။ သူမတို႔ႏွစ္ေယာက္ရဲ႕ romantic ညစာစားမယ့္ညမွာ အမ်ိဳး ၂၃ ေယာက္ကို ေခၚလာခဲ့တာပါ။ Blind date ကို စီစဥ္ေပးသူကေတာ့ ေကာင္ေလးရဲ႕အေမပါ။ သူမရဲ႕သားကို လူပ်ိဳႀကီးဘဝနဲ႔ အဆုံးမသတ္ေစခ်င္လို႔ပါ။

ဒါေပမယ့္ ထင္ထားတာေတြက ျဖစ္မလာခဲ့ပါဘူး။ ေကာင္ေလးက သူမရဲ႕မိသားစုေတြအေပၚ ရက္ေရာမႈရွိလား ဆိုတာကို စမ္းသပ္ခ်င္လို႔ အမ်ိဳးေတြေခၚလာရျခင္းျဖစ္ေၾကာင္း သူမက ရွင္းျပပါတယ္။ သူမ ထင္ထားသလိုေတာ့ ျဖစ္မလာခဲ့ပါဘူး။ ေကာင္ေလးက လူအုပ္ႀကီးျမင္ၿပီး ထြက္ေျပးသြားလို႔ပါ။

အဲဒါေၾကာင့္ သူမရဲ႕အမ်ိဳးေတြ မွာစားထားတဲ့ ေစ်းႀကီးတဲ့ အစားအစာေတြ၊ ေစ်းႀကီးတဲ့ အရက္ေတြရဲ႕ကုန္က်ေငြ မေလးရွားရင္းဂစ္ ၁၂၀၀၀ ခန္႔ကို သူမပဲ ရွင္းလိုက္ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေကာင္ေလးက သူစားထားခဲ့တဲ့ ကုန္က်ေငြကိုေတာ့ ေပးဖို႔ သေဘာတူခဲ့ပါတယ္။

သင္လည္း တစ္ေယာက္ေယာက္နဲ႔ date ေတာ့မယ္ဆိုရင္ အစတည္းက ေသခ်ာေအာင္ ႀကိဳတင္ ေမးထားသင့္ပါတယ္ေနာ္။ ေစတနာရက္ေရာမႈ ဆိုတာဟာ ရင္ထဲက ျဖစ္ေပၚလာတဲ့ ႐ိုးသားတဲ့အရာျဖစ္တာေၾကာင့္ ေစတနာကို အခြင့္အေရးယူၿပီး မစမ္းသပ္သင့္ပါဘူး။

Zombie (Lovemedia)

ref - world of buzz