လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ပိတ်ထားတဲ့ Redwood City ဘဏ်ထဲကို ရတ်ကွန်းဝက်ဝံလေးနှစ်ကောင်က ခိုးဝင်ခဲ့ကြပါတယ်။ ဘဏ်ထဲကို ခိုးဝင်လာကြတဲ့ ဒီဝက်ဝံလေးနှစ်ကောင်ကို ဘဏ် ATM စက် လာသုံးတဲ့ လူတစ်ယောက်က တွေ့သွားခဲ့ပါတယ်။ အဲဒီ ရတ်ကွန်းဝက်ဝံလေးနှစ်ကောင်ကိုတော့ Peninsula Humane Society နဲ့ SPCA တို့က ကယ်ဆယ်ပေးခဲ့ကြပါတယ်။

Image credits: Peninsula Humane Society and SPCA

"ဘဏ်ထဲကို ခိုးဝင်တာနဲ့ပတ်သက်ပြီး တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းတာ ရှားပါးပါတယ်။ ဒါပေမယ့် ဒီဘဏ်ဓါးပြလေးတွေကတော့ တိရစ္ဆာန်လေးတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့ ကယ်ဆယ်ပေးခဲ့ပါတယ်။

Image credits: Peninsula Humane Society and SPCA

ဘဏ်မန်နေဂျာက ကယ်ဆယ်ရေးအဖွဲ့တွေကို ဘဏ်ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဘဏ်ထဲမှာ ရတ်ကွန်လေးတွေကို ဆယ်မိနစ်လောက် လှည့်ပတ်ရှာပြီးနောက်မှာတော့ ဘေးကင်းအောင် ခေါ်နိုင်ခဲ့ပါတယ်။ ရတ်ကွန်လေးနှစ်ကောင်က ဘဏ်ထဲကနေတောင် မထွက်ချင်ကြဘူး" လို့ Peninsula Humane Society and SPCA ရဲ့ မန်နေဂျာ Buffy Martin Tarbox က ပြောပါတယ်။

Image credits: Peninsula Humane Society and SPCA

ဘဏ်ရဲ့အပြင်ဘက် သစ်ပက်ပေါ်မှာ ရွှံ့ပေနေတဲ့ ခြေရာလေးတွေကို တွေ့ပါတယ်။ အဲဒီသစ်ပင်ကနေ ဘဏ်ခေါင်မိုးပေါ်ကို ရတ်ကွန်လေးတွေ တက်သွားမယ်လို့ ကယ်ဆယ်ရေးတွေက ယူဆကြပါတယ်။ သူတို့ ယူဆတဲ့အတိုင်းပဲ ရတ်ကွန်လေးတွေက သစ်ပင်ပေါ်ကနေ ဘဏ်ခေါင်မိုးပေါ်ကို တက်သွားပါတယ်။ ဘဏ်ခေါင်မိုးပေါ်ကနေ လေပိုက်ထဲကို တွားသွားပြီးတော့ မျက်နှာကြက်ထဲ ရောက်သွားပါတယ်။

Image credits: Peninsula Humane Society and SPCA

Image credits: Peninsula Humane Society and SPCA

မျက်နှာကြက်ကို ဖြတ်ပြီးမှ ဘဏ်ထဲကို ရောက်သွားကြတာပါ။ မျက်နှာကြက် တော်တော်များများကတော့ ပျက်စီးသွားပါတယ်။ စာရွက်တွေကိုလည်း ဖွသွားပြီး ကွန်ပျူတာတစ်လုံးတောင် ပျက်သွားပါတယ်။ ဘဏ်ထဲကို ရတ်ကွန်ဝက်ဝံတောင် ဝင်နိုင်ရင် ငွေတွေ စိတ်မချရလောက်ဘူးလို့ လူအများက ထင်မြင်နေကြပါတယ်။ အချို့ကလည်း ရတ်ကွန်လေး ၂ ကောင်ကို ဘဏ်ထဲဝင်တာ လက်မဆေး၊ mask မတပ်လို့ စနောက်နေကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ဘဏ္ထဲကို ခိုးဝင္လာၾကတဲ့ ဝက္ဝံေလးႏွစ္ေကာင္

လြန္ခဲ့တဲ့ရက္ အနည္းငယ္တုန္းက ကယ္လီဖိုးနီးယားျပည္နယ္မွာရွိတဲ့ ပိတ္ထားတဲ့ Redwood City ဘဏ္ထဲကို ရတ္ကြန္းဝက္ဝံေလးႏွစ္ေကာင္က ခိုးဝင္ခဲ့ၾကပါတယ္။ ဘဏ္ထဲကို ခိုးဝင္လာၾကတဲ့ ဒီဝက္ဝံေလးႏွစ္ေကာင္ကို ဘဏ္ ATM စက္ လာသုံးတဲ့ လူတစ္ေယာက္က ေတြ႕သြားခဲ့ပါတယ္။ အဲဒီ ရတ္ကြန္းဝက္ဝံေလးႏွစ္ေကာင္ကိုေတာ့ Peninsula Humane Society နဲ႔ SPCA တို႔က ကယ္ဆယ္ေပးခဲ့ၾကပါတယ္။

"ဘဏ္ထဲကို ခိုးဝင္တာနဲ႔ပတ္သက္ၿပီး တိရစာၦန္ကယ္ဆယ္ေရးအဖြဲ႕ကို အကူအညီေတာင္းတာ ရွားပါးပါတယ္။ ဒါေပမယ့္ ဒီဘဏ္ဓါးျပေလးေတြကေတာ့ တိရစာၦန္ေလးေတြ ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ ကယ္ဆယ္ေပးခဲ့ပါတယ္။

ဘဏ္မန္ေနဂ်ာက ကယ္ဆယ္ေရးအဖြဲ႕ေတြကို ဘဏ္ထဲ ဝင္ခြင့္ျပဳခဲ့ပါတယ္။ ဘဏ္ထဲမွာ ရတ္ကြန္ေလးေတြကို ဆယ္မိနစ္ေလာက္ လွည့္ပတ္ရွာၿပီးေနာက္မွာေတာ့ ေဘးကင္းေအာင္ ေခၚႏိုင္ခဲ့ပါတယ္။ ရတ္ကြန္ေလးႏွစ္ေကာင္က ဘဏ္ထဲကေနေတာင္ မထြက္ခ်င္ၾကဘူး" လို႔ Peninsula Humane Society and SPCA ရဲ႕ မန္ေနဂ်ာ Buffy Martin Tarbox က ေျပာပါတယ္။

ဘဏ္ရဲ႕အျပင္ဘက္ သစ္ပက္ေပၚမွာ ႐ႊံ႕ေပေနတဲ့ ေျခရာေလးေတြကို ေတြ႕ပါတယ္။ အဲဒီသစ္ပင္ကေန ဘဏ္ေခါင္မိုးေပၚကို ရတ္ကြန္ေလးေတြ တက္သြားမယ္လို႔ ကယ္ဆယ္ေရးေတြက ယူဆၾကပါတယ္။ သူတို႔ ယူဆတဲ့အတိုင္းပဲ ရတ္ကြန္ေလးေတြက သစ္ပင္ေပၚကေန ဘဏ္ေခါင္မိုးေပၚကို တက္သြားပါတယ္။ ဘဏ္ေခါင္မိုးေပၚကေန ေလပိုက္ထဲကို တြားသြားၿပီးေတာ့ မ်က္ႏွာၾကက္ထဲ ေရာက္သြားပါတယ္။

မ်က္ႏွာၾကက္ကို ျဖတ္ၿပီးမွ ဘဏ္ထဲကို ေရာက္သြားၾကတာပါ။ မ်က္ႏွာၾကက္ေတာ္ေတာ္မ်ားမ်ားကေတာ့ ပ်က္စီးသြားပါတယ္။ စာ႐ြက္ေတြကိုလည္း ဖြသြားၿပီး ကြန္ပ်ဴတာတစ္လုံးေတာင္ ပ်က္သြားပါတယ္။ ဘဏ္ထဲကို ရတ္ကြန္ဝက္ဝံေတာင္ ဝင္ႏိုင္ရင္ ေငြေတြ စိတ္မခ်ရေလာက္ဘူးလို႔ လူအမ်ားက ထင္ျမင္ေနၾကပါတယ္။ အခ်ိဳ႕ကလည္း ရတ္ကြန္ေလး၂ေကာင္ကို ဘဏ္ထဲဝင္တာ လက္မေဆး၊ mask မတပ္လို႔ စေနာက္ေနၾကပါတယ္။

Zombie (Lovemedia)