ဘီယာဆိုတဲ့ အသံ ကြားလိုက်တာနဲ့ အမြှုပ်လေးတွေ ပလုံစီထနေတဲ့ သောက်စရာ ရွှေအိုရောင်အရည်လေးကို ပြေးမြင်ကြပါတယ်။ ဘီယာမှာ ကောင်းကျိုးတွေ အများကြီးရှိပါတယ်နော်။

၁။ ဆံပင်ကိုကောင်းကျိုးတွေ အများကြီးရှိစေတယ်။

© pixabay

ဘီယာမှာ ဗီတာမင် B နဲ့ ဆီလီကွန်ဒြပ်စင်ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆံပင်ကိုကျန်းမာစေပြီး အရှည်မြန်စေပါတယ်။ ဘီယာတစ်ခွက်ကို ခေါင်းပေါ်လောင်းချပြီး ခေါင်းဦးရေပြားကို နှိပ်နှယ်ပေးပါ။ ငါးမိနစ်ကြာအောင် ထားလိုက်ပါ။ ပြီးရင် ရေလောင်းချလိုက်ပါ။ ဆံပင်က နဂိုထက်ပိုပြီး တောက်ပနေတာကို တွေ့ရပါလိမ့်မယ်။

၂။ အသားအရေကို ချောမွေ့စေတယ်။

© pexels

ဘီယာမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်က အရေတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း တင်းတင်းလေး ဖြစ်စေပါတယ်။ ဘီယာကို စားပွဲတင်ဇွန်း ၃ ဇွန်း၊ ကြက်ဥတစ်လုံး၊ မက်မွန်ဆီ ၃ စက်ကို ရောပြီး မျက်နှာမှာသုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာ ထားပြီး မျက်နှာသစ်လိုက်ပါ။ မျက်နှာဟာ တင်းရင်းပြီး ချောမွေ့နေပါလိမ့်မယ်။

၃။ အိပ်ပျော်စေတယ်။

© pexels

ဘီယာမှာပါဝင်တဲ့ ဗျစ်ပန်းက အိပ်ပျော်စေတဲ့ သဘာဝဆေးပါပဲ။ ဘီယာနဲ့ရေကို ဆတူများပြီး ခေါင်းအုံးစွပ်ကိုလျှော်ပါ။ ခေါင်းအုံးစွပ်ရဲ့ ချည်သားက ဗျစ်ပန်းရနံ့ကိုစုပ်ပြီး လျင်လျင်မြန်မြန် အိပ်ပျော်စေပါတယ်။

၄။ ခြေထောက်ကိုအညောင်းပြေစေတယ်။

© pexels

ဘီယာကို ဇလုံတစ်ခုထဲမှာ ထည့်ပြီး ခြေထောက်ကိုဘီယာနဲ့ မိနှစ် ၂၀ လောက် စိမ်ထားပါ။ ဘီယာရဲ့ အမြှုပ်လေးတွေက ခြေထောက်ကို အညောင်းပြေစေပြီး တစ်နေ့လုံး ပေါ့ပါးနေမှာပါ။

၅။ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။

© pexels

ဘီယာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို တောက်ပစေပါတယ်။ စတော်ဘယ်ရီလက်တစ်ဆုပ်နဲ့ ဘီယာလက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ကြေအောင် မွှေလိုက်ပါ။ မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် ဆဲလ်သေခြင်းတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေကို ဖြစ်စေပါတယ်။ သဘာဝအတိုင်း Glow နေမှာ အသေအချာပါပဲ။

၆။ အသားတွေကို နူးအိစေတယ်။

© pixabay

ဘီယာဟာ အသားတွေကို အမွှေးနံ့ မပြယ်စေဘဲ နူးအိစေပါတယ်။ ပလတ်စတစ်ဘူးထဲမှာ အသားကိုထည့်ပါ။ အဲဒီပလတ်စတစ်ဘူးကို ရေခဲသေတ္တာထဲမှာ သိမ်းထားလိုက်ပါ။ နောက်တစ်နေ့မှာတော့ အသားကို ချက်စားလို့ရပါပြီ။ နူးညံ့ပြီး မွှေးတဲ့အသားကို ရရှိနိုင်ပါတယ်။

၇။ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို တောက်ပစေတယ်။

© pixabay

အဝတ်စအနုလေးပေါ်ကို ဘီယာလောင်းချပြီး ညစ်ပတ်နေတဲ့ သစ်သားမျက်နှာပြင်တွေကို ပွတ်တိုက်ပေးပါ။ ပရိဘောဂပစ္စည်းတွေက အသစ်တွေလို တောက်ပနေမှာပါပဲ။

၈။ ယင်ကောင်တွေကို ထွက်ပြေးစေတယ်။

© pixabay

အစားအစာတွေပေါ် ယင်နားခြင်းကို ဘီယာက ဖယ်ရှားပေးပါတယ်။ ဖန်ခွက်တစ်ခွက်ထဲကို ဘီယာထည့်ပြီး အလူမီနီယံပြားလေးနဲ့ အုပ်ထားပါ။ ပြီးတော့ အလူမီနီယမ်ပြားကို အပေါက်သေးသေးလေးတွေ ဖြစ်အောင် ဖောက်ပါ။ ယင်ကောင်တွေက ဘီယာအနံ့ကိုရပြီး ခွက်ထဲပြုတ်ကျ သွားပါတယ်တဲ့။ ယင်ကောင်တွေက ပြုတ်ကျပြီးရင် ပြန်မထွက်နိုင်တော့ပါဘူး။ ပက်ကျိတွေ၊ ပိုးဟပ်တွေလာရင်လည်း ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။

၉။ သတ္တုပစ္စည်းတွေကို တောက်ပစေတယ်။

© pixabay

ဘီယာမှာအက်ဆစ်ပါဝင်မှုနည်းတာကြောင့် သတ္တုပစ္စည်းတွေကို ဂျေးချွတ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ အဝတ်စတစ်ခုမှာ ဘီယာကိုစွတ်ပြီး သတ္တုပစ္စည်းတွေကို ပွတ်တိုက်လို့ရပါတယ်။ ဘီယာထဲမှာ သတ္တုပစ္စည်းတွေ ပြောင်လက်နေတာကို တွေ့ရမှာပါ။

၁၀။ ဝက်အူရစ်တွေ သံချေးတက်ခြင်းကို ဖယ်ရှားပေးတယ်။

© pixabay

ဘီယာမှာပါတဲ့ အက်ဆစ်က သံချေးတွေကို ဖယ်ရှားပေးပါတယ်။ သံချေးတက်နေတဲ့ ဝက်အူရစ်ပေါ်ကို ဘီယာလောင်းချပြီး ခဏစောင့်နေပါ။ အသစ်အတိူင်း ဖြစ်နေတာကို တွေ့ရမှာပါ။

Zombie (LoveMedia)

For Zawgyi

သင္လုံးဝမသိေသးတဲ့ ဘီယာရဲ႕ ေကာင္းက်ိဳး (10) မ်ိဳး

ဘီယာဆိုတဲ့ အသံ ၾကားလိုက္တာနဲ႔ အျမႇဳပ္ေလးေတြ ပလုံစီထေနတဲ့ ေသာက္စရာ ေ႐ႊအိုေရာင္အရည္ေလးကို ေျပးျမင္ၾကပါတယ္။ ဘီယာမွာ ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိပါတယ္ေနာ္။

၁။ ဆံပင္ကိုေကာင္းက်ိဳးေတြ အမ်ားႀကီးရွိေစတယ္။

ဘီယာမွာ ဗီတာမင္ B နဲ႔ ဆီလီကြန္ျဒပ္စင္ႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္ ဆံပင္ကိုက်န္းမာေစၿပီး အရွည္ျမန္ေစပါတယ္။ ဘီယာတစ္ခြက္ကို ေခါင္းေပၚေလာင္းခ်ၿပီး ေခါင္းဦးေရျပားကို ႏွိပ္ႏွယ္ေပးပါ။ ငါးမိနစ္ၾကာေအာင္ ထားလိုက္ပါ။ ၿပီးရင္ ေရေလာင္းခ်လိုက္ပါ။ ဆံပင္က နဂိုထက္ပိုၿပီး ေတာက္ပေနတာကို ေတြ႕ရပါလိမ့္မယ္။

၂။ အသားအေရကို ေခ်ာေမြ႕ေစတယ္။

ဘီယာမွာပါဝင္တဲ့ အင္တီေအာက္ဆီဒင့္က အေရတြန႔္ျခင္းကို ကာကြယ္ေပးပါတယ္။ အသားအေရကိုလည္း တင္းတင္းေလး ျဖစ္ေစပါတယ္။ ဘီယာကို စားပြဲတင္ဇြန္း ၃ ဇြန္း၊ ၾကက္ဥတစ္လုံး၊ မက္မြန္ဆီ ၃ စက္ကို ေရာၿပီး မ်က္ႏွာမွာသုတ္လိမ္းေပးပါ။ ၁၀ မိနစ္ၾကာ ထားၿပီး မ်က္ႏွာသစ္လိုက္ပါ။ မ်က္ႏွာဟာ တင္းရင္းၿပီး ေခ်ာေမြ႕ေနပါလိမ့္မယ္။

၃။ အိပ္ေပ်ာ္ေစတယ္။

ဘီယာမွာပါဝင္တဲ့ ဗ်စ္ပန္းက အိပ္ေပ်ာ္ေစတဲ့ သဘာဝေဆးပါပဲ။ ဘီယာနဲ႔ေရကို ဆတူမ်ားၿပီး ေခါင္းအုံးစြပ္ကိုေလွ်ာ္ပါ။ ေခါင္းအုံးစြပ္ရဲ႕ ခ်ည္သားက ဗ်စ္ပန္းရနံ႔ကိုစုပ္ၿပီး လ်င္လ်င္ျမန္ျမန္ အိပ္ေပ်ာ္ေစပါတယ္။

၄။ ေျခေထာက္ကိုအေညာင္းေျပေစတယ္။

ဘီယာကို ဇလုံတစ္ခုထဲမွာ ထည့္ၿပီး ေျခေထာက္ကိုဘီယာနဲ႔ မိႏွစ္ ၂၀ ေလာက္ စိမ္ထားပါ။ ဘီယာရဲ႕ အျမႇဳပ္ေလးေတြက ေျခေထာက္ကို အေညာင္းေျပေစၿပီး တစ္ေန႔လုံး ေပါ့ပါးေနမွာပါ။

၅။ ဆဲလ္ေသေတြကို ဖယ္ရွားေပးတယ္။

ဘီယာက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေတာက္ပေစပါတယ္။ စေတာ္ဘယ္ရီလက္တစ္ဆုပ္နဲ႔ ဘီယာလက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေၾကေအာင္ ေမႊလိုက္ပါ။ မ်က္ႏွာျပင္ေပၚမွာ သုတ္လိမ္းေပးျခင္းျဖင့္ ဆဲလ္ေသျခင္းေတြကို ဖယ္ရွားေပးၿပီး ဆဲလ္အသစ္ေတြကို ျဖစ္ေစပါတယ္။ သဘာဝအတိုင္း Glow ေနမွာ အေသအခ်ာပါပဲ။

၆။ အသားေတြကို ႏူးအိေစတယ္။

ဘီယာဟာ အသားေတြကို အေမႊးနံ႔ မျပယ္ေစဘဲ ႏူးအိေစပါတယ္။ ပလတ္စတစ္ဘူးထဲမွာ အသားကိုထည့္ပါ။ အဲဒီပလတ္စတစ္ဘူးကို ေရခဲေသတၱာထဲမွာ သိမ္းထားလိုက္ပါ။ ေနာက္တစ္ေန႔မွာေတာ့ အသားကို ခ်က္စားလို႔ရပါၿပီ။ ႏူးညံ့ၿပီး ေမႊးတဲ့အသားကို ရရွိႏိုင္ပါတယ္။

၇။ သစ္သားနဲ႔ျပဳလုပ္ထားတဲ့ ပရိေဘာဂေတြကို ေတာက္ပေစတယ္။

အဝတ္စအႏုေလးေပၚကို ဘီယာေလာင္းခ်ၿပီး ညစ္ပတ္ေနတဲ့ သစ္သားမ်က္ႏွာျပင္ေတြကို ပြတ္တိုက္ေပးပါ။ ပရိေဘာဂပစၥည္းေတြက အသစ္ေတြလို ေတာက္ပေနမွာပါပဲ။

၈။ ယင္ေကာင္ေတြကို ထြက္ေျပးေစတယ္။

အစားအစာေတြေပၚ ယင္နားျခင္းကို ဘီယာက ဖယ္ရွားေပးပါတယ္။ ဖန္ခြက္တစ္ခြက္ထဲကို ဘီယာထည့္ၿပီး အလူမီနီယံျပားေလးနဲ႔ အုပ္ထားပါ။ ၿပီးေတာ့ အလူမီနီယမ္ျပားကို အေပါက္ေသးေသးေလးေတြ ျဖစ္ေအာင္ ေဖာက္ပါ။ ယင္ေကာင္ေတြက ဘီယာအနံ႔ကိုရၿပီး ခြက္ထဲျပဳတ္က် သြားပါတယ္တဲ့။ ယင္ေကာင္ေတြက ျပဳတ္က်ၿပီးရင္ ျပန္မထြက္ႏိုင္ေတာ့ပါဘူး။ ပက္က်ိေတြ၊ ပိုးဟပ္ေတြလာရင္လည္း ဒီနည္းလမ္းကိုသုံးလို႔ရပါတယ္။

၉။ သတၱဳပစၥည္းေတြကို ေတာက္ပေစတယ္။

ဘီယာမွာအက္ဆစ္ပါဝင္မႈနည္းတာေၾကာင့္ သတၱဳပစၥည္းေတြကို ေဂ်းခြၽတ္တဲ့ေနရာမွာ အသုံးဝင္ပါတယ္။ အဝတ္စတစ္ခုမွာ ဘီယာကိုစြတ္ၿပီး သတၱဳပစၥည္းေတြကို ပြတ္တိုက္လို႔ရပါတယ္။ ဘီယာထဲမွာ သတၱဳပစၥည္းေတြ ေျပာင္လက္ေနတာကို ေတြ႕ရမွာပါ။

၁၀။ ဝက္အူရစ္ေတြ သံေခ်းတက္ျခင္းကို ဖယ္ရွားေပးတယ္။

ဘီယာမွာပါတဲ့ အက္ဆစ္က သံေခ်းေတြကို ဖယ္ရွားေပးပါတယ္။ သံေခ်းတက္ေနတဲ့ ဝက္အူရစ္ေပၚကို ဘီယာေလာင္းခ်ၿပီး ခဏေစာင့္ေနပါ။ အသစ္အတိူင္း ျဖစ္ေနတာကို ေတြ႕ရမွာပါ။

Zombie (LoveMedia)