သြစတေးလျနိုင်ငံက သက်သက်လွတ်စားတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့အိမ်နီးနားချင်းတွေကို သြစတေးလျနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးမှာ တရားစွဲခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ ဆေးလိပ်မသောက်ဖို့နဲ့ သူတို့ရဲ့အိမ်နောက်ဖေးမှာ အသားတွေ ကင်မစားဖို့ တရားရုံးမှာလျှောက်ထားပါတယ်။ အိမ်နီးနားချင်း Toan Vu က အသားကင်၊ ငါးကင်တဲ့ အနံ့တွေကို သူမအိမ်ဘက်ကို ရောက်အောင် တမင်လေနဲ့ ပို့လွှတ်နေတယ်လို့ အနှိပ်ကုထုံးပညာရှင် Cillia Carden က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကစပြီးတော့ Cillia နဲ့ သူမအိမ်နီးနားချင်းတွေက သဘောထား ကွဲလွဲခဲ့ကြတာပါ။ အိမ်နီးနားချင်းဆီက လာတဲ့ အသားကင်နံ့တွေက အလွန်ဆိုးရွားတာကြောင့် အိမ်အပြင်ဘက်မှာ အနားယူလို့တောင် မရဘူးလို့ Cillia က ပြောပါတယ်။ Cillia က သူမအိမ်ဘက်ကို စီးကရက်နံ့တွေ ရောက်လာတာလည်း မကြိုက်ပါဘူး။

Cilla Carden wants her neighbours to stop cooking meat on the BBQ. (9News)

အိမ်နီးနားချင်းတွေရဲ့ကလေးတွေ ဘက်စ်ကတ်ဘောကစားတိုင်း သူမအိမ်နံရံကို အမြဲလာမှန်နေတာကြောင့် အိပ်လို့လည်းမရပါဘူး။ " လုံးဝကို ဝရုန်းသုန်းကားပဲ။ အကြီးအကျယ်ကို နှောင့်ယှက်နေတာ။ အိပ်လို့ကို မရနိုင်တာပါ " လို့ Cillia က ပြောပါတယ်။

အဲဒါကြောင့် Cilla က သူမရဲ့အိမ်နီးနားချင်းတွေကို ပြည်နယ်အုပ်ချုပ်ရေးခုံရုံးမှာ တရားစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် သူမရဲ့တရားစွဲဆိုမှုက ပယ်ချခံခဲ့ရပါတယ်။ အဲဒါကြောင့် သြစတေးလျအနောက်ပိုင်းက အမြင့်ဆုံးတရားရုံးမှာ တရားစွဲခဲ့ပါတယ်။ ဒါပေမယ့် ပယ်ချခံခဲ့ရပါတယ်။

" Ms.Cardenရဲ့ စွဲဆိုချက်တွေက အကြောင်းအကျိုး မခိုင်လုံပါဘူး။ တကယ်တော့ သူမက အခြားသူတွေရဲ့ အကြောင်းပြချက် ခိုင်လုံတဲ့ပျော်ရွှင်မှုတွေကို ပျက်စီးစေချင်တာပါ " လို့ အမည်မဖော်လိုတဲ့ အိမ်နီးနားချင်းတစ်ယောက်က ပြောပါတယ်။ သူမရဲ့အိမ်နီးနားချင်းတွေက သူမကို နင့်နင့်သီးသီး ပြောဆိုကြကြောင်း၊ သူမအကြောင်းကို အင်တာနက်ပေါ်လည်း တင်ကြကြောင်း Cillia က ပြောပါတယ်။

(9News)

Cilliaကို အမြင်ကတ်သူတွေက Facebookမှာ Community BBQ for Cillia Carden ဆိုတဲ့ event တစ်ခုကို လုပ်ခဲ့ပါတယ်။ သူမရဲ့အိမ်ရှေ့မှာ အသားကင်ဆိုင်ဖွင့်ဖို့ပါ ရည်ရွယ်ခဲ့ကြတာပါ။ ဒါပေမယ့် မကြာခင်မှာပဲ event ကို ဖျက်လိုက်ကြပါတယ်။ Cillia Carden က သက်သက်လွတ်တစ်ယောက် ဖြစ်နေတာကြောင့် အိမ်နီးနားချင်းတွေ အသားကင်စားတဲ့အခါ ပြဿနာဖြစ်တာလို့ အချို့တွေက ပြောကြပါတယ်။

" ကျွန်မက သက်သက်လွတ် စားတာကြောင့် အသားကင်စားသူတွေနဲ့ အဆင်မပြေတာ မဟုတ်ပါဘူး။ သူတို့ရဲ့အခွင့်အရေးကို အလေးထားပါတယ်။ အသားကင်ဆိုင်တွေနဲ့လည်း ပြဿနာမရှိပါဘူး။ တကယ်ပြဿနာရှိတာက ကျွန်မရဲ့ အိမ်နီးနားချင်းတွေနဲ့ပါ " လို့ Cillia က ပြောပါတယ်။ Securitu cameras တွေကို Cillia ရဲ့အိမ်ပတ်ဝန်းကျင်မှာ တပ်ထားလိုက်ပါပြီလို့ Cillia ရဲ့ ရှေ့နေကလည်း ပြောပါတယ်။

Zombie (Lovemedia)

For Zawgyi

အသားကင္စားတဲ့ အိမ္နီးနားခ်င္းေတြကို တရားစြဲလိုက္တဲ့ သက္သက္လြတ္အမ်ိဳးသမီး

ၾသစေတးလ်ႏိုင္ငံက သက္သက္လြတ္စားတဲ့ အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕အိမ္နီးနားခ်င္းေတြကို ၾသစေတးလ်ႏိုင္ငံရဲ႕အျမင့္ဆုံးတရား႐ုံးမွာ တရားစြဲခဲ့ပါတယ္။ အိမ္နီးနားခ်င္းေတြ ေဆးလိပ္မေသာက္ဖို႔နဲ႔ သူတို႔ရဲ႕အိမ္ေနာက္ေဖးမွာ အသားေတြ ကင္မစားဖို႔ တရား႐ုံးမွာေလွ်ာက္ထားပါတယ္။ အိမ္နီးနားခ်င္း Toan Vu က အသားကင္၊ ငါးကင္တဲ့ အနံ႔ေတြကို သူမအိမ္ဘက္ကို ေရာက္ေအာင္ တမင္ေလနဲ႔ ပို႔လႊတ္ေနတယ္လို႔ အႏွိပ္ကုထုံးပညာရွင္ Cillia Carden က တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ကစၿပီးေတာ့ Cillia နဲ႔ သူမအိမ္နီးနားခ်င္းေတြက သေဘာထား ကြဲလြဲခဲ့ၾကတာပါ။ အိမ္နီးနားခ်င္းဆီက လာတဲ့ အသားကင္နံ႔ေတြက အလြန္ဆိုး႐ြားတာေၾကာင့္ အိမ္အျပင္ဘက္မွာ အနားယူလို႔ေတာင္ မရဘူးလို႔ Cillia က ေျပာပါတယ္။ Cillia က သူမအိမ္ဘက္ကို စီးကရက္နံ႔ေတြ ေရာက္လာတာလည္း မႀကိဳက္ပါဘူး။

အိမ္နီးနားခ်င္းေတြရဲ႕ကေလးေတြ ဘက္စ္ကတ္ေဘာကစားတိုင္း သူမအိမ္နံရံကို အၿမဲလာမွန္ေနတာေၾကာင့္ အိပ္လို႔လည္းမရပါဘူး။ " လုံးဝကို ဝ႐ုန္းသုန္းကားပဲ။ အႀကီးအက်ယ္ကို ေႏွာင့္ယွက္ေနတာ။ အိပ္လို႔ကို မရႏိုင္တာပါ " လို႔ Cillia က ေျပာပါတယ္။

အဲဒါေၾကာင့္ Cilla က သူမရဲ႕အိမ္နီးနားခ်င္းေတြကို ျပည္နယ္အုပ္ခ်ဳပ္ေရးခုံ႐ုံးမွာ တရားစြဲဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဒါေပမယ့္ သူမရဲ႕တရားစြဲဆိုမႈက ပယ္ခ်ခံခဲ့ရပါတယ္။ အဲဒါေၾကာင့္ ၾသစေတးလ်အေနာက္ပိုင္းက အျမင့္ဆုံးတရား႐ုံးမွာ တရားစြဲခဲ့ပါတယ္။ ဒါေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

" Ms.Cardenရဲ႕ စြဲဆိုခ်က္ေတြက အေၾကာင္းအက်ိဳး မခိုင္လုံပါဘူး။ တကယ္ေတာ့ သူမက အျခားသူေတြရဲ႕ အေၾကာင္းျပခ်က္ ခိုင္လုံတဲ့ေပ်ာ္႐ႊင္မႈေတြကို ပ်က္စီးေစခ်င္တာပါ " လို႔ အမည္မေဖာ္လိုတဲ့ အိမ္နီးနားခ်င္းတစ္ေယာက္က ေျပာပါတယ္။ သူမရဲ႕အိမ္နီးနားခ်င္းေတြက သူမကို နင့္နင့္သီးသီး ေျပာဆိုၾကေၾကာင္း၊ သူမအေၾကာင္းကို အင္တာနက္ေပၚလည္း တင္ၾကေၾကာင္း Cillia က ေျပာပါတယ္။

Cilliaကို အျမင္ကတ္သူေတြက Facebookမွာ Community BBQ for Cillia Carden ဆိုတဲ့ event တစ္ခုကို လုပ္ခဲ့ပါတယ္။ သူမရဲ႕အိမ္ေရွ႕မွာ အသားကင္ဆိုင္ဖြင့္ဖို႔ပါ ရည္႐ြယ္ခဲ့ၾကတာပါ။ ဒါေပမယ့္ မၾကာခင္မွာပဲ eventကို ဖ်က္လိုက္ၾကပါတယ္။ Cillia Carden က သက္သက္လြတ္တစ္ေယာက္ ျဖစ္ေနတာေၾကာင့္ အိမ္နီးနားခ်င္းေတြ အသားကင္စားတဲ့အခါ ျပႆနာျဖစ္တာလို႔ အခ်ိဳ႕ေတြက ေျပာၾကပါတယ္။

" ကြၽန္မက သက္သက္လြတ္ စားတာေၾကာင့္ အသားကင္စားသူေတြနဲ႔ အဆင္မေျပတာ မဟုတ္ပါဘူး။ သူတို႔ရဲ႕အခြင့္အေရးကို အေလးထားပါတယ္။ အသားကင္ဆိုင္ေတြနဲ႔လည္း ျပႆနာမရွိပါဘူး။ တကယ္ျပႆနာရွိတာက ကြၽန္မရဲ႕ အိမ္နီးနားခ်င္းေတြနဲ႔ပါ " လို႔ Cillia က ေျပာပါတယ္။ Securitu cameras ေတြကို Cillia ရဲ႕အိမ္ပတ္ဝန္းက်င္မွာ တပ္ထားလိုက္ပါၿပီလို႔ Cillia ရဲ႕ ေရွ႕ေနကလည္း ေျပာပါတယ္။

Zombie (Lovemedia)