နေ့စဉ်ကျောင်းသွားရုံးသွားတဲ့ အခါမှာ အိတ်ကို ဘယ်လိုပုံစံနဲ့ ကိုင်တတ်ပါသလဲ။ အိတ်ကိုင်ပုံ ကိုင်နည်းကနေ လူတွေရဲ့အကြောင်းကို အနည်းငယ် မှန်းဆနိုင်ပါတယ်။

1. ကျောပိုးအိတ်လွယ်သူ

ကျောပိုးအိတ်လွယ်ရတာ ကြိုက်တဲ့သူဆိုရင် စွန့်စားသွားလာရဖို့ အတွက် အမြဲအဆင်သင့်ဖြစ်နေသူပါ။ တခြားသူတွေ အတွက်လည်း ညှတာထောက်ထား ပေးတတ်ပါတယ်။ တခြားသူတွေရဲ့ ဆန္ဒကိုလည်း လိုက်လျောပေး တတ်ပါတယ်။

2. အိတ်ကို လက်ထဲတွင်ကိုင်သူ

သင့်ရဲ့အိတ်ကို လက်ထဲမှာ စွဲစွဲမြဲမြဲ ကိုင်တတ်သူဆိုရင် အရာရာကို သင့်ဆောင်ပုဒ်အတိုင်း မလွဲမသွေ လုပ်ဆောင်တတ်သူပါ။ ဆန်းသစ်တဲ့ စိတ်ကူးပိုင်ရှင်ဖြစ်လို့ တီထွင်ဖန်တီးရတာကို သဘောကျပါတယ်။ တခြားသူတွေကို ကူညီဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။

3. အိတ်ကို ပုခုံးတွင်လွယ်သူ

အိတ်ကို ပုခုံးမှာလွယ်တဲ့သူက စာဖတ်ရတာကို ဝါသနာပါသူပါ။ သဘောကျတဲ့ စာအုပ်တွေ့ပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့ စာဖတ်သူပါ။ အလွန်အကင်းပါးသူဖြစ်ပြီး သူများတွေထက် အမြဲခြေတစ်လှမ်း သာနေသူလည်း ဖြစ်ပါတယ်။

4. အိတ်ကို စလွယ်သိုင်းလွယ်သူ

အိတ်ကို စလွယ်သိုင်း လွယ်သူဆိုရင် သင်ဟာ အကြွားနည်းနည်း သန်ပါတယ်။ ဒါပေမယ့် စေတနာကောင်းပြီး အပေးအကမ်းလည်း ရက်ရောပါတယ်။ သင် စေတနာကောင်းတတ်တာကို တချို့တွေက အသုံးချပြီး လိမ်လည်လှည့်စားသွား တတ်ပါတယ်။

5. အိတ်ကို ရင်ဘတ်တွင် ပိုက်လွယ်သူ

အိတ်ကို ရင်ဘတ်မှာ ပိုက်လွယ်တတ်သူတွေရဲ့ စိတ်ကူးစိတ်သန်းတွေက အများနဲ့အတူဘဲ ထူးခြားပါတယ်။ စိတ်လည်း အလွန်မြန်ပြီး စိတ်ကူးပေါ်လာရင် နေ့မရွေးညမရွေး ထလုပ်တတ်ပါတယ်။ ထူးခြားတဲ့စိတ်ကူးနဲ့ တီထွင်မှုတွေကြောင့် လူအများကြားမှာ ပေါ်လွင်ထင်ရှားပါတယ်။

Zombie (LoveMedia)

For Zawgyi

အိတ်ကိုင်တဲ့ပုံကနေ သိနိုင်တဲ့ လူတွေရဲ့အကြောင်း


1. ကျောပိုးအိတ်လွယ်သူ










Zombie (LoveMedia)