© Shutterstock.com, © Shutterstock.com

ယနေ့ခေတ်မှာ social media အသုံးပြုမှုကျယ်ပြန့်လာတာကြောင့် မိမိတို့ရဲ့မိသားစု၊ နေ့စဉ်ဘဝစတာတွေကို social media တွေမှာ တင်လာတတ်ကြပါတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို social media မှာတင်ကြပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ တချို့သောပုံတွေကို social media မှာ မတင်သင့်ပါဘူး။

၁။ ကလေးတက်ရောက်နေသော ကျောင်းနှင့်ပတ်သက်နေသည့် ဓါတ်ပုံ

© Shutterstock.com, © Shutterstock.com

ကျောင်းတက်စဉ်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေက တကယ့်ကို အမှတ်တရပါပဲ။ ဒါပေမယ့် အဲဒီလို ကျောင်းတံဆိပ်ပါတဲ့ ဓါတ်ပုံတွေကို social media မှာ တင်တာက အန္တရာယ်များပါတယ်။ ကလေးတက်နေတဲ့ကျောင်းကို မသမာသူတွေက ခြေရာခံလို့ ရသွားနိုင်ပါတယ်။

၂။ ကလေး၏နာမည် ပါသောဓါတ်ပုံ

© Image Source / Vetta / Getty Images

အမှတ်မထင် ရိုက်လိုက်တဲ့ပုံတွေထဲမှာ ကလေးရဲ့နာမည် ပါသွားနိုင်ပါတယ်။ တကယ်လို့ ကလေးပုံ တင်ချင်ရင် နာမည်လေးကို ဝါးပြီးတင်သင့်ပါတယ်။

၃။ တည်နေရာပါသော ဓါတ်ပုံ

© Shutterstock.com, © Shutterstock.com

တစ်ခါတရံမှာ ကိုယ်ရောက်နေတဲ့ နေရာကို အတိအကျ မတင်သင့်ပါဘူး။ Social media က ကျယ်ပြန့်တဲ့အတွက် ကိုယ့်ကို ဒုက္ခပေးမယ့်သူတွေကလည်း စောင့်ကြည့်နေနိုင်ပါတယ်။ အဲဒါကြောင့် တစ်ခါတရံမှာ location ဖွင့်ပြီး ဓါတ်ပုံတင်တာကို ရှောင်သင့်ပါတယ်။

၄။ ကလေးရဲ့အဝတ်မပါသော ဓါတ်ပုံများ

© Shutterstock.com

ဓါတ်ပုံတစ်ပုံကို social media မှာ တင်လိုက်ပြီ ဆိုတာတဲ့ ဘယ်သူတွေ မြင်လဲဆိုတာကို မသိနိုင်တော့ပါဘူး။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ အဲဒီပုံတွေမြင်ပြီး ရှက်ရွံ့စိတ်တွေ ဝင်လာနိုင်ပါတယ်။

၅။ ကလေးများ ဂျီကျနေသောဓါတ်ပုံ

© Shutterstock.com

ကလေးတွေကို နောက်ထပ်ရှက်စေမယ့် ဓါတ်ပုံအမျိုးအစား တစ်မျိုးကတော့ သူတို့ဒေါသထွက် ဂျီကျနေတဲ့ ဓါတ်ပုံပါ။ အခြားသူတွေက ဒီလိုဓါတ်ပုံမျိုးကို ရယ်စရာ၊ လှောင်စရာလို့ ထင်မြင်သွားနိုင်ပါတယ်။

၆။ အခြားကလေးများ ပါဝင်သောဓါတ်ပုံ

© Shutterstock.com

ကလေးတွေ အုပ်စုလိုက် ပါဝင်တဲ့ဓါတ်ပုံတွေ တင်တော့မယ်ဆိုရင် တခြားကလေးတွေရဲ့ လုံခြုံရေးကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးတွေ အုပ်စုလိုက်ပါဝင်တဲ့ ဓါတ်ပုံကို တင်မယ်ဆိုရင် သူတို့ရဲ့နာမည်၊ တည်နေရာတွေကို ဖျက်ပြီးမှ တင်တာက ပိုစိတ်ချရပါတယ်။

Zombie (Lovemedia)

For Zawgyi

Social media မွာ မတင္သင့္တဲ့ ကေလးေတြရဲ႕ဓါတ္ပုံ (၆)မ်ိဳး

ယေန႔ေခတ္မွာ social media အသုံးျပဳမႈက်ယ္ျပန္႔လာတာေၾကာင့္ မိမိတို႔ရဲ႕မိသားစု၊ ေန႔စဥ္ဘဝစတာေတြကို social media ေတြမွာ တင္လာတတ္ၾကပါတယ္။ မိဘေတြကလည္း သားသမီးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ ဓါတ္ပုံေလးေတြကို social media မွာတင္ၾကပါတယ္။ ဒါေပမယ့္ ကေလးေတြရဲ႕ တခ်ိဳ႕ေသာပုံေတြကို social media မွာ မတင္သင့္ပါဘူး။

၁။ ကေလးတက္ေရာက္ေနေသာ ေက်ာင္းႏွင့္ပတ္သက္ေနသည့္ ဓါတ္ပုံ

ေက်ာင္းတက္စဥ္မွာ ႐ိုက္ကူးထားတဲ့ ဓါတ္ပုံေတြက တကယ့္ကို အမွတ္တရပါပဲ။ ဒါေပမယ့္ အဲဒီလို ေက်ာင္းတံဆိပ္ပါတဲ့ ဓါတ္ပုံေတြကို social media မွာ တင္တာက အႏၲရာယ္မ်ားပါတယ္။ ကေလးတက္ေနတဲ့ေက်ာင္းကို မသမာသူေတြက ေျခရာခံလို႔ ရသြားႏိုင္ပါတယ္။

၂။ ကေလး၏နာမည္ ပါေသာဓါတ္ပုံ

အမွတ္မထင္ ႐ိုက္လိုက္တဲ့ပုံေတြထဲမွာ ကေလးရဲ႕နာမည္ ပါသြားႏိုင္ပါတယ္။ တကယ္လို႔ ကေလးပုံ တင္ခ်င္ရင္ နာမည္ေလးကို ဝါးၿပီးတင္သင့္ပါတယ္။

၃။ တည္ေနရာပါေသာ ဓါတ္ပုံ

တစ္ခါတရံမွာ ကိုယ္ေရာက္ေနတဲ့ ေနရာကို အတိအက် မတင္သင့္ပါဘူး။ Social media က က်ယ္ျပန္႔တဲ့အတြက္ ကိုယ့္ကို ဒုကၡေပးမယ့္သူေတြကလည္း ေစာင့္ၾကည့္ေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ တစ္ခါတရံမွာ location ဖြင့္ၿပီး ဓါတ္ပုံတင္တာကို ေရွာင္သင့္ပါတယ္။

၄။ ကေလးရဲ႕အဝတ္မပါေသာ ဓါတ္ပုံမ်ား

ဓါတ္ပုံတစ္ပုံကို social media မွာ တင္လိုက္ၿပီ ဆိုတာတဲ့ ဘယ္သူေတြ ျမင္လဲဆိုတာကို မသိႏိုင္ေတာ့ပါဘူး။ ကေလးေတြ ႀကီးျပင္းလာတဲ့အခါ အဲဒီပုံေတြျမင္ၿပီး ရွက္႐ြံ႕စိတ္ေတြ ဝင္လာႏိုင္ပါတယ္။

၅။ ကေလးမ်ား ဂ်ီက်ေနေသာဓါတ္ပုံ

ကေလးေတြကို ေနာက္ထပ္ရွက္ေစမယ့္ ဓါတ္ပုံအမ်ိဳးအစား တစ္မ်ိဳးကေတာ့ သူတို႔ေဒါသထြက္ ဂ်ီက်ေနတဲ့ ဓါတ္ပုံပါ။ အျခားသူေတြက ဒီလိုဓါတ္ပုံမ်ိဳးကို ရယ္စရာ၊ ေလွာင္စရာလို႔ ထင္ျမင္သြားႏိုင္ပါတယ္။

၆။ အျခားကေလးမ်ား ပါဝင္ေသာဓါတ္ပုံ

ကေလးေတြ အုပ္စုလိုက္ ပါဝင္တဲ့ဓါတ္ပုံေတြ တင္ေတာ့မယ္ဆိုရင္ တျခားကေလးေတြရဲ႕ လုံၿခဳံေရးကိုလည္း ထည့္စဥ္းစားဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ ကေလးေတြ အုပ္စုလိုက္ပါဝင္တဲ့ ဓါတ္ပုံကို တင္မယ္ဆိုရင္ သူတို႔ရဲ႕နာမည္၊ တည္ေနရာေတြကို ဖ်က္ၿပီးမွ တင္တာက ပိုစိတ္ခ်ရပါတယ္။

Zombie (Lovemedia)