ကလေးတွေကို ကလိထိုးခြင်းက သိပ်ကို အန္တရာယ် များပါတယ်။ လူကြီးတွေက ကလေးကို စနောက်ချင်လို့ ကလိထိုးတတ် ကြပါတယ်။

- ကလေးကို ကလိထိုးလို့ တခစ်ခစ် ရယ်နေခြင်းက ကလိထိုးတာကို သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။

© depositphotos.com

အချို့ ယားတတ်တဲ့ ကလေးတွေက ကလိထိုးတဲ့အခါ မကြိုက်ရင်တောင် ရယ်တာ မရပ်တော့ ပါဘူး။ တကယ်တော့ ကလေး ရယ်နေခြင်းက ပျော်လို့၊ သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။ ဟာသ တစ်ခုကို တွေ့လို့ ရယ်တာနဲ့ ကလိထိုး ခံရလို့ ရတယ်ဟာ မတူဘူးလို့ ကယ်လီဖိုးနီးယား တက္ကသိုလိရဲ့ 1997 ခုနှစ်က စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

- ကလိထိုးခြင်းက တစ်စုံတစ်ယောက် အပေါ် လွှမ်းမိုးခြင်း တစ်မျိုးပါပဲ။

© David Shankbone / Wikimedia Commons

ကလိထိုး ခံရတဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ ပါဘူး။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့ အခါ ကလေးက ရှက်သွားမှာပါ။ အရွယ်ရောက်ပြီးသား လူကြီး တစ်ယောက်က ကလေးတွေကို ကလိ ထိုးတာက ပျော်စေချင်လို့ ဖြစ်ပြီးတော့ အန္တရာယ် ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်တော့ မပါဝင်ပါဘူး။

ကလိထိုးခြင်းက သူတစ်ပါး အပေါ် လွှမ်းမိုးနိုင်အောင် ပြုလုပ်တဲ့နည်း ဖြစ်တယ်လို့ Michigan တက္ကသိုလ်က Dr Richard Alexender က ပြောပါတယ်။

- ရှေးတုန်းက လူတွေကို ညှဉ်းပန်း နှိပ်စက်ဖို့အတွက် ကလိထိုးခြင်းနည်းကို သုံးခဲ့ကြပါတယ်။

© ChrisFord585 / imgur

ရှေးတုန်းက ဆိုရင် ကလိထိုးတာဟာ နှိပ်စက်တဲ့ နည်းတစ်မျိုး ပါပဲ။ တရုတ်နိုင်ငံ၊ ဟန်မင်းဆက် လက်ထက်တုန်းက ကလိထိုးခြင်းက သက်သာတဲ့ ညှဉ်းပန်း နှိပ်စက်တဲ့ နည်းပါပဲ။ ဂျပန်နိုင်ငံ မှာလည်း ဒီလို ညှင်းပန်း နှိပ်စက်တဲ့ နည်းက ထင်ရှားပါတယ်။ ကလိထိုးတဲ့ အခါ အခန့်မသင့်ရင် အန်ခြင်း၊ အမောလွန်ပြီး နှလုံးရပ်ခြင်း၊ အသက်ရှု မရခြင်းတို့ ဖြစ်တတ်ပါတယ်။

- ကလေးတွေက ကလိမထိုးဖို့ မပြောပြတတ် ပါဘူး။

© depositphotos.com

ကလိထိုးတဲ့ အခါ အကြာကြီး ရယ်မိပြီး မောလာပါတယ်။ အဲဒီအခါ ကလေးတွေက အသက်ကောင်းကောင်း ရှူလို့ မရတော့ပါဘူး။

- ကလိထိုးခြင်းကြောင့် စိတ်လုံခြုံမှု မရနိုင်တော့ ပါဘူး။

© Mr.Robot / Universal Content Productions

ကလေး ဘဝတုန်းက ကလိထိုးပြီး စနောက် ခံရတဲ့ အခါ အိပ်ပျော်နေတဲ့ အချိန်မှာ လန့်နိုးတတ်တဲ့ အကျင့် ဖြစ်သွားစေ ပါတယ်။ နောက်ပြီး တစ်ခုခု ဆိုရင် ကြောက်လန့်တတ်တဲ့ စိတ်က စွဲသွားတတ်ပါတယ်။

- ကလိထိုးခြင်းထက် ကလေးနဲ့ ချစ်ချစ် ခင်ခင်နေတာ ပိုကောင်း ပါတယ်။

© depositphotos.com

မိဘတွေက ကလေးတွေကို ပျော်ရွှင်အောင် အမြဲ ပြုလုပ်ပေးပြီး ကလိထိုးတာကို သာမန်ကိစ္စလို့ ထင်ကြပါတယ်။ မထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ တခြားသူက ကလေးကို ကလိထိုးပြီး စနေတယ် ဆိုရင်လည်း ခွင့်မပြုသင့် ပါဘူး။

ရုပ်သံကြည့်ရန်

Zombie (LoveMedia)

For Zawgyi

ကေလးေတြကို ကလိထိုးျခင္းရဲ႕ ဆိုးက်ိဳးမ်ား

ကေလးေတြကို ကလိထိုးျခင္းက သိပ္ကို အႏၲရာယ္ မ်ားပါတယ္။ လူႀကီးေတြက ကေလးကို စေနာက္ခ်င္လို႔ ကလိထိုးတတ္ ၾကပါတယ္။

- ကေလးကို ကလိထိုးလို႔ တခစ္ခစ္ ရယ္ေနျခင္းက ကလိထိုးတာကို သေဘာက်လို႔ ရယ္တာ မဟုတ္ပါဘူး။

အခ်ိဳ႕ ယားတတ္တဲ့ ကေလးေတြက ကလိထိုးတဲ့အခါ မႀကိဳက္ရင္ေတာင္ ရယ္တာ မရပ္ေတာ့ ပါဘူး။ တကယ္ေတာ့ ကေလး ရယ္ေနျခင္းက ေပ်ာ္လို႔၊ သေဘာက်လို႔ ရယ္တာ မဟုတ္ပါဘူး။ ဟာသ တစ္ခုကို ေတြ႕လို႔ ရယ္တာနဲ႔ ကလိထိုး ခံရလို႔ ရတယ္ဟာ မတူဘူးလို႔ ကယ္လီဖိုးနီးယား တကၠသိုလိရဲ႕ 1997 ခုႏွစ္က စာတမ္းတစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။

- ကလိထိုးျခင္းက တစ္စုံတစ္ေယာက္ အေပၚ လႊမ္းမိုးျခင္း တစ္မ်ိဳးပါပဲ။

ကလိထိုး ခံရတဲ့ လူတစ္ေယာက္က ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ ပါဘူး။ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္တဲ့ အခါ ကေလးက ရွက္သြားမွာပါ။ အ႐ြယ္ေရာက္ၿပီးသား လူႀကီး တစ္ေယာက္က ကေလးေတြကို ကလိ ထိုးတာက ေပ်ာ္ေစခ်င္လို႔ ျဖစ္ၿပီးေတာ့ အႏၲရာယ္ ျဖစ္ေစလိုတဲ့ ရည္႐ြယ္ခ်က္ေတာ့ မပါဝင္ပါဘူး။

ကလိထိုးျခင္းက သူတစ္ပါး အေပၚ လႊမ္းမိုးႏိုင္ေအာင္ ျပဳလုပ္တဲ့နည္း ျဖစ္တယ္လို႔ Michigan တကၠသိုလ္က Dr Richard Alexender က ေျပာပါတယ္။

- ေရွးတုန္းက လူေတြကို ညႇဥ္းပန္း ႏွိပ္စက္ဖို႔အတြက္ ကလိထိုးျခင္းနည္းကို သုံးခဲ့ၾကပါတယ္။

ေရွးတုန္းက ဆိုရင္ ကလိထိုးတာဟာ ႏွိပ္စက္တဲ့ နည္းတစ္မ်ိဳး ပါပဲ။ တ႐ုတ္ႏိုင္ငံ၊ ဟန္မင္းဆက္ လက္ထက္တုန္းက ကလိထိုးျခင္းက သက္သာတဲ့ ညႇဥ္းပန္း ႏွိပ္စက္တဲ့ နည္းပါပဲ။ ဂ်ပန္ႏိုင္ငံ မွာလည္း ဒီလို ညႇင္းပန္း ႏွိပ္စက္တဲ့ နည္းက ထင္ရွားပါတယ္။ ကလိထိုးတဲ့ အခါ အခန႔္မသင့္ရင္ အန္ျခင္း၊ အေမာလြန္ၿပီး ႏွလုံးရပ္ျခင္း၊ အသက္ရႈ မရျခင္းတို႔ ျဖစ္တတ္ပါတယ္။

- ကေလးေတြက ကလိမထိုးဖို႔ မေျပာျပတတ္ ပါဘူး။

ကလိထိုးတဲ့ အခါ အၾကာႀကီး ရယ္မိၿပီး ေမာလာပါတယ္။ အဲဒီအခါ ကေလးေတြက အသက္ေကာင္းေကာင္း ရႉလို႔ မရေတာ့ပါဘူး။

- ကလိထိုးျခင္းေၾကာင့္ စိတ္လုံၿခဳံမႈ မရႏိုင္ေတာ့ ပါဘူး။

ကေလး ဘဝတုန္းက ကလိထိုးၿပီး စေနာက္ ခံရတဲ့ အခါ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္မွာ လန႔္ႏိုးတတ္တဲ့ အက်င့္ ျဖစ္သြားေစ ပါတယ္။ ေနာက္ၿပီး တစ္ခုခု ဆိုရင္ ေၾကာက္လန႔္တတ္တဲ့ စိတ္က စြဲသြားတတ္ပါတယ္။

- ကလိထိုးျခင္းထက္ ကေလးနဲ႔ ခ်စ္ခ်စ္ ခင္ခင္ေနတာ ပိုေကာင္း ပါတယ္။

မိဘေတြက ကေလးေတြကို ေပ်ာ္႐ႊင္ေအာင္ အၿမဲ ျပဳလုပ္ေပးၿပီး ကလိထိုးတာကို သာမန္ကိစၥလို႔ ထင္ၾကပါတယ္။ မထင္မွတ္ဘဲ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိပါတယ္။ ၿပီးေတာ့ တျခားသူက ကေလးကို ကလိထိုးၿပီး စေနတယ္ ဆိုရင္လည္း ခြင့္မျပဳသင့္ ပါဘူး။

Zombie (LoveMedia)