အောင်လပွဲကြည့်ရင်း အသက် ၆၀ ကျော် အဖိုးတစ်ယောက် သေဆုံး

အောင်လအန်ဆန်နဲ့ ရိုင်နီယာတို့ရဲ့ ONE ချန်ပီယံရှစ် မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲရဲ့ ပထမအချီမှာ အောင်လအန်ဆန်းဟာ ထိုးကွက်အသာနဲ့ ထိုးနေရင်း မထင်မှတ်ပဲ အတင်းဝင်လုံးတဲ့ ရိုင်နီယာရဲ့ ချုပ်ကွက်ကို ခံလိုက်ရပါတယ်။

အောင်လက ကြိုးစားရုန်းကန်ခဲ့ပေမယ့် ရိုင်နီယာက အောင်လကို လူချင်းမကွာအောင် ဖက်ထားကာ လည်ပင်းကိုချုပ်ပီး အနိုင်ယူသွားခဲ့ပါတယ်။

အောင်လ အရှုံးပေးသွားပြီးနောက် ပူတာအို လေယာဉ်ကွင်း ရပ်ကွက် (၃) က အသက် (၆၀) ကျော် အဖိုးဦးဆန်နိုင်ဆင် မတ်တပ်ထလိုက်ချိန်မှာ လဲကျသွားပြီး ရုတ်တရက် သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဦးဆန်နိုင်ဆင်ဟာ သွေတိုးရောဂါ အခံရှိတယ်လို့လည်း သိရှိရပါတယ်။

lovemedia

For Zawgyi





lovemedia