ခြင်္သေ့၊ ကျား၊ ဝက်ဝံတို့မှာ မတူညီတဲ့နေထိုင်မှုပုံစံတွေ၊ အကျင့်စရိုက်တွေ ရှိကြပါတယ်။ ကျားနဲ့ ဝက်ဝံတို့က တစ်ကောင်တည်းနေတတ်ကြပါတယ်။ ထူးဆန်းတာတစ်ခုကတော့ ခြင်္သေ့၊ ကျားနဲ့ ဝက်ဝံတို့ဟာ တည့်တည့်ရှုရှု အတူတကွနေထိုင်နေကြတာပါ။

© The BLT - Baloo, Leo and Shere Khan/ Facebook

၂၀၀၁ ခုနှစ်တုန်းက ဂျော်ဂျီယာပြည်နယ် ရဲတပ်ဖွဲ့က မူးယစ်ကုန်သည်တစ်ယောက်ရဲ့အိမ်ကို ဝင်ရောက်လိုက်တဲ့အခါ ကြေကွဲဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ မူးယစ်ကုန်သည်အိမ်ရဲ့ မြေအောင်ခန်းထဲမှာ အကောင်ပေါက်လေး ၃ ကောင်ကို တွေ့လိုက်ရပါတယ်။ ဝက်ဝံပေါက်လေးတစ်ကောင်၊ ကျားပေါက်လေးတစ်ကောင်၊ ခြင်္သေ့ပေါက်လေးတစ်ကောင်တို့ အာဟာရချို့တဲ့နေတာကို တွေ့လိုက်ရတာပါ။

© The BLT - Baloo, Leo and Shere Khan/ Facebook

သူတို့ခန္ဓါကိုယ်ပေါ်မှာလည်း ကပ်ပါးကောင်တွေ ကပ်နေပါတယ်။ အနက်ရောင်ဝက်ဝံလေး Baloo ဟာ ထောင်ချောက်မိနေပြီး ထောင်ချောက်ဆင်ထားတဲ့ကြိုးတွေက သူ့အသားထဲကို ဖြတ်ဝင်နေတာပါ။ ကျားလေး Shere Khan ကတော့ သေလုမြောပါးဖြစ်နေပါပြီ။ အာဖရိကခြင်္သေ့လေး Leoဟာ သေတ္တာသေးသေးလေးထဲမှာ ရောက်နေပြီး သူ့မျက်နှာမှာ ဒဏ်ရာတစ်ခု ရှိနေပါတယ်။ ဒါပေမယ့် သူတို့ခံစားရတဲ့နေ့ရက်တွေ ကုန်လွန်ဖို့ ရောက်လာခဲ့ပါပြီ။

© The BLT - Baloo, Leo and Shere Khan/ Facebook

အာဏာပိုင်တွေက ဂျော်ဂျီယာပြည်နယ် သဘာဝအရင်းအမြစ်များဌာနကို ဆက်သွယ်လိုက်ပြီး Noah's Ark လို့ခေါ်တဲ့ ကယ်ဆယ်ရေးစင်တာကို သူတို့သုံးကောင်ကို ရွှေ့ပြောင်းပေးလိုက်ပါတယ်။ Baloo၊ Shere Khanနဲ့ Leo ကတော့ ကြောက်နေကြတုန်းပါပဲ။

© The BLT - Baloo, Leo and Shere Khan/ Facebook

လအနည်းငယ်ကြာမှာတော့ သူတို့သုံးကောင်ဟာ ယုံကြည်မှု ရှိလာကြပါပြီ။ သူတို့သုံးကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပွေ့ဖက်လိုက်၊ ဆော့ကစားလိုက်နဲ့ ပျော်ရွှင်နေကြပါပြီ။

© The BLT - Baloo, Leo and Shere Khan/ Facebook

သူတို့ ၃ ကောင် ကြီးပြင်းလာတဲ့အခါမှာတော့ ကယ်ဆယ်ရေးစင်တာက တစ်ကောင်စီ ခွဲထားလိုက်ပါတယ်။ သူတို့ရဲ့သဘာဝတွေက တစ်ကောင်နဲ့တစ်ကောင် မတူကြလို့ပါ။

© The BLT - Baloo, Leo and Shere Khan/ Facebook

အမေရိကန်ဝက်ဝံ Baloo ငယ်ငယ်တုန်းက ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ခွဲစိပ်မှု ခံယူခဲ့ရပါသေးတယ်။ နေကောင်းပြီး သူ့အဖော်တွေဆီပြန်လာတဲ့အခါ သူ့အဖော်တွေက လျှာနဲ့လျက်ပြီး သူ့ကို ကြိုဆိုကြပါတယ်။ Baloo က အခုတော့ နေကောင်းပြီး ယုံကြည်မှုရှိတဲ့ ဝက်ဝံကြီးဖြစ်နေပါပြီ။

© The BLT - Baloo, Leo and Shere Khan/ Facebook

ကျား Shere Khan က သူတို့ ၃ ကောင်ထဲမှာ အသေးဆုံးဖြစ်ပြီး အစအနောက် အသန်ဆုံးပါပဲ။ ကစားတဲ့အချိန်တွေမှာ Shere Khan က Baloo နဲ့ Leoကို စနောက်တတ်ပြီး နောက်ပိုင်းမှာတော့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြပါတော့တယ်။ Shere က သူ့သူငယ်ချင်းတွေအပေါ် သူချစ်ကြောင်းကို ခေါင်းနဲ့တိုးဝှေ့ပြီး၊ ပွေ့ဖက်ပြီး ပြတတ်ပါသေးတယ်။

© The BLT - Baloo, Leo and Shere Khan/ Facebook

အာဖရိကခြင်္သေ့ Leo က သူ့ရဲ့အိမ်ထဲမှာ အိပ်ရတာကို အလွန်နှစ်သက်ပါတယ်။ သူက နေရာသစ်ရှာဖွေတာ၊ အစားအစာ၊ အရုပ်အသစ်ရှာဖွေတာတွေကို သဘောကျပါတယ်။

© The BLT - Baloo, Leo and Shere Khan/ Facebook

သူတို့ ၃ ကောင်က ၁၅ နှစ်ကြာ အတူတူ နေခဲ့ကြပါတယ်။ သူတို့တွေ အချင်းချင်း ရန်ဖြစ်တာ၊ တိုက်ခိုက်တာတွေကို မမြင်ဖူးကြောင်း သူတို့ကို စောင့်ရှောက်သူတွေက ပြောပါတယ်။

© The BLT - Baloo, Leo and Shere Khan/ Facebook

၂၀၁၆ ခုနှစ်မှာတော့ Leo က ကင်ဆာရောဂါဖြစ်ပြီး သူချစ်တဲ့ ညီအစ်ကိုတွေကို ခွဲခွာသွားခဲ့ပါတယ်။ Shere Khan က Leo နောက်ကို ၂၀၁၈ ခုနှစ်မှာ လိုက်သွားခဲ့ပြီး သူ့အစ်ကိုရဲ့ဘေးမှာပဲ မြှုပ်ထားပေးခဲ့ပါတယ်။ Baloo လေးတစ်ကောင်ပဲ ကျန်ပြီး သူတို့ညီအစ်ကိုတွေ ပြန်ဆုံမယ့်နေ့ကို အခုထိ စောင့်နေဆဲပါပဲ။

Zombie (Lovemedia)

For Zawgyi

ညီအစ္ကိုေတြလို ခ်စ္ခ်စ္ခင္ခင္ ေနထိုင္ခဲ့ၾကတဲ့ ျခေသၤ့၊ က်ားနဲ႔ ဝက္ဝံ

ျခေသၤ့၊ က်ား၊ ဝက္ဝံတို႔မွာ မတူညီတဲ့ေနထိုင္မႈပုံစံေတြ၊ အက်င့္စ႐ိုက္ေတြ ရွိၾကပါတယ္။ က်ားနဲ႔ ဝက္ဝံတို႔က တစ္ေကာင္တည္းေနတတ္ၾကပါတယ္။ ထူးဆန္းတာတစ္ခုကေတာ့ ျခေသၤ့၊ က်ားနဲ႔ ဝက္ဝံတို႔ဟာ တည့္တည့္ရႈရႈ အတူတကြေနထိုင္ေနၾကတာပါ။

၂၀၀၁ ခုႏွစ္တုန္းက ေဂ်ာ္ဂ်ီယာျပည္နယ္ ရဲတပ္ဖြဲ႕က မူးယစ္ကုန္သည္တစ္ေယာက္ရဲ႕အိမ္ကို ဝင္ေရာက္လိုက္တဲ့အခါ ေၾကကြဲဖြယ္ျမင္ကြင္းတစ္ခုကို ေတြ႕လိုက္ရပါတယ္။ မူးယစ္ကုန္သည္အိမ္ရဲ႕ ေျမေအာင္ခန္းထဲမွာ အေကာင္ေပါက္ေလး ၃ ေကာင္ကို ေတြ႕လိုက္ရပါတယ္။ ဝက္ဝံေပါက္ေလးတစ္ေကာင္၊ က်ားေပါက္ေလးတစ္ေကာင္၊ ျခေသၤ့ေပါက္ေလးတစ္ေကာင္တို႔ အာဟာရခ်ိဳ႕တဲ့ေနတာကို ေတြ႕လိုက္ရတာပါ။

သူတို႔ခႏၶါကိုယ္ေပၚမွာလည္း ကပ္ပါးေကာင္ေတြ ကပ္ေနပါတယ္။ အနက္ေရာင္ဝက္ဝံေလး Baloo ဟာ ေထာင္ေခ်ာက္မိေနၿပီး ေထာင္ေခ်ာက္ဆင္ထားတဲ့ႀကိဳးေတြက သူ႔အသားထဲကို ျဖတ္ဝင္ေနတာပါ။ က်ားေလး Shere Khan ကေတာ့ ေသလုေျမာပါးျဖစ္ေနပါၿပီ။ အာဖရိကျခေသၤ့ေလး Leoဟာ ေသတၱာေသးေသးေလးထဲမွာ ေရာက္ေနၿပီး သူ႔မ်က္ႏွာမွာ ဒဏ္ရာတစ္ခု ရွိေနပါတယ္။ ဒါေပမယ့္ သူတို႔ခံစားရတဲ့ေန႔ရက္ေတြ ကုန္လြန္ဖို႔ ေရာက္လာခဲ့ပါၿပီ။

အာဏာပိုင္ေတြက ေဂ်ာ္ဂ်ီယာျပည္နယ္ သဘာဝအရင္းအျမစ္မ်ားဌာနကို ဆက္သြယ္လိုက္ၿပီး Noah's Ark လို႔ေခၚတဲ့ ကယ္ဆယ္ေရးစင္တာကို သူတို႔သုံးေကာင္ကို ေ႐ႊ႕ေျပာင္းေပးလိုက္ပါတယ္။ Baloo၊ Shere Khanနဲ႔ Leo ကေတာ့ ေၾကာက္ေနၾကတုန္းပါပဲ။

လအနည္းငယ္ၾကာမွာေတာ့ သူတို႔သုံးေကာင္ဟာ ယုံၾကည္မႈ ရွိလာၾကပါၿပီ။ သူတို႔သုံးေကာင္ဟာ တစ္ေကာင္နဲ႔တစ္ေကာင္ ေပြ႕ဖက္လိုက္၊ ေဆာ့ကစားလိုက္နဲ႔ ေပ်ာ္႐ႊင္ေနၾကပါၿပီ။

သူတို႔ ၃ ေကာင္ ႀကီးျပင္းလာတဲ့အခါမွာေတာ့ ကယ္ဆယ္ေရးစင္တာက တစ္ေကာင္စီ ခြဲထားလိုက္ပါတယ္။ သူတို႔ရဲ႕သဘာဝေတြက တစ္ေကာင္နဲ႔တစ္ေကာင္ မတူၾကလို႔ပါ။

အေမရိကန္ဝက္ဝံ Baloo ငယ္ငယ္တုန္းက ညႇင္းပန္းႏွိပ္စက္ခံရတဲ့ ဒဏ္ေတြေၾကာင့္ ခြဲစိပ္မႈ ခံယူခဲ့ရပါေသးတယ္။ ေနေကာင္းၿပီး သူ႔အေဖာ္ေတြဆီျပန္လာတဲ့အခါ သူ႔အေဖာ္ေတြက လွ်ာနဲ႔လ်က္ၿပီး သူ႔ကို ႀကိဳဆိုၾကပါတယ္။ Baloo က အခုေတာ့ ေနေကာင္းၿပီး ယုံၾကည္မႈရွိတဲ့ ဝက္ဝံႀကီးျဖစ္ေနပါၿပီ။

က်ား Shere Khan က သူတို႔ ၃ ေကာင္ထဲမွာ အေသးဆုံးျဖစ္ၿပီး အစအေနာက္ အသန္ဆုံးပါပဲ။ ကစားတဲ့အခ်ိန္ေတြမွာ Shere Khan က Baloo နဲ႔ Leoကို စေနာက္တတ္ၿပီး ေနာက္ပိုင္းမွာေတာ့ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္သြားၾကပါေတာ့တယ္။ Shere က သူ႔သူငယ္ခ်င္းေတြအေပၚ သူခ်စ္ေၾကာင္းကို ေခါင္းနဲ႔တိုးေဝွ႔ၿပီး၊ ေပြ႕ဖက္ၿပီး ျပတတ္ပါေသးတယ္။

အာဖရိကျခေသၤ့ Leo က သူ႔ရဲ႕အိမ္ထဲမွာ အိပ္ရတာကို အလြန္ႏွစ္သက္ပါတယ္။ သူက ေနရာသစ္ရွာေဖြတာ၊ အစားအစာ၊ အ႐ုပ္အသစ္ရွာေဖြတာေတြကို သေဘာက်ပါတယ္။

သူတို႔ ၃ ေကာင္က ၁၅ ႏွစ္ၾကာ အတူတူ ေနခဲ့ၾကပါတယ္။ သူတို႔ေတြ အခ်င္းခ်င္း ရန္ျဖစ္တာ၊ တိုက္ခိုက္တာေတြကို မျမင္ဖူးေၾကာင္း သူတို႔ကို ေစာင့္ေရွာက္သူေတြက ေျပာပါတယ္။

၂၀၁၆ ခုႏွစ္မွာေတာ့ Leo က ကင္ဆာေရာဂါျဖစ္ၿပီး သူခ်စ္တဲ့ ညီအစ္ကိုေတြကို ခြဲခြာသြားခဲ့ပါတယ္။ Shere Khan က Leo ေနာက္ကို ၂၀၁၈ ခုႏွစ္မွာ လိုက္သြားခဲ့ၿပီး သူ႔အစ္ကိုရဲ႕ေဘးမွာပဲ ျမႇဳပ္ထားေပးခဲ့ပါတယ္။ Baloo ေလးတစ္ေကာင္ပဲ က်န္ၿပီး သူတို႔ညီအစ္ကိုေတြ ျပန္ဆုံမယ့္ေန႔ကို အခုထိ ေစာင့္ေနဆဲပါပဲ။

Zombie (Lovemedia)